ဆူဒန်နိုင်ငံတွင် ပဋိပက္ခဖြစ်ပွားမှု အရှိန်မြင့်တက်လာခြင်းကြောင့် ကုလသမဂ္ဂ၏မစ်ရှင်ကို (၆)လသက်တမ်းတိုးခဲ့ဟုဆို

 446

Pika (NP News) - ဇွန် ၃

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဆူဒန်နိုင်ငံသို့စေလွှတ်ထားသော ကုလသမဂ္ဂနိုင်ငံရေးမစ်ရှင်ကို နောက်ထပ်ခြောက်လ သက်တမ်းတိုးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂအထူးသံတမန် Volker Perthes သည် ဆူဒန်ပဋိပက္ခကို ပိုမိုဆိုးရွားအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဆူဒန်စစ်တပ်အကြီးအကဲက စွပ်စွဲပြောဆိုခဲ့ပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ယင်းကဲ့သို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဆူဒန်နိုင်ငံ၏ လက်ရှိအခြေအနေများကို ပိုမိုကောင်းမွန်ရန်ရည်ရွယ်ပြီး ကုလသမဂ္ဂ၏ ဘက်ပေါင်းစုံ အသွင်ကူးပြောင်းရေးမစ်ရှင် (UNITAMS)ကို (၂ဝ၂၃)ခုနှစ် ဒီဇင်ဘာလ(၃)ရက်အထိသက်တမ်းတိုးရန် သဘောတူညီခဲ့ကြောင်းကုလသမဂ္ဂလုံခြုံ ရေးကောင်စီက သတင်းထုတ်ပြန်ထားသည်။

ဆူဒန်စစ်တပ်အကြီးအကဲ Abdel Fattah al-Burhan က ကုလသမဂ္ဂအထူးသံတမန် Volker Perthes သည် ပဋိပက္ခကို ပိုမိုဆိုးရွားလာအောင် တွန်းအားပေးနေကြောင်း ပြီးခဲ့သည့်သီတင်းပတ်ကစွပ်စွဲပြောဆိုခဲ့သည်။ ဆူဒန်စစ်တပ်အကြီးအကဲ Abdel Fattah al-Burhan က ကုလသမဂ္ဂအထူးသံတမန် Volker Perthes သည် ဆူဒန်နိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးဖြစ်စဉ်ကို ကူညီဆောင်ရွက်ပေးရာ တွင် လိမ်လည်မှုနှင့်မဟုတ်မမှန်သော သတင်းများကို ထုတ်ပြန်ခဲ့ခြင်းကြောင့် ၎င်း၏နေရာတွင် အစားထိုးပေးရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဂူတာရက်စ်ကို တောင်းဆိုခဲ့ကြောင်းသိရသည်။

သို့သော်လည်း ဂူတာရက်စ်က ၎င်းသည် အထူးသံတမန် Volker Perthes ကို ယုံကြည်ကြောင်း ပြော ဆိုခဲ့ပြီး အခြားကောင်စီအဖွဲ့ဝင်အများအပြားကလည်း ၎င်းကို ထောက်ခံအားပေးခဲ့ကြကြောင်းသိရသည်။ လာမည့် ခြောက်လသည် UNITAM မစ်ရှင်၏ စွမ်းဆောင်မှုများကို အကဲဖြတ်ရန်လုံလောက်သော အချိန်တစ်ခုဖြစ်ကြောင်း ဗြိတိန်လက်ထောက်သံအမတ် James Kariuki က ပြောကြားခဲ့သည်။အမေရိကန်လက်ထောက်သံအမတ်ကြီးရောဘတ်ဝုဒ်က"ပဋိပက္ခအဆုံးသတ်ရေး၊ လူ့အခွင့်အရေးကာကွယ်မှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပိုမိုထောက်ပံ့ပေးနိုင်မယ့် မစ်ရှင်ကို လာမယ့်လတွေအတွင်းမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက သဘောတူလိမ့်မယ်လို့ မျှော်လင့်မိပါတယ်"ဟုပြောဆိုခဲ့သည်။

ဇွန်လ(၂)ရက်က ချမှတ်ခဲ့သော ဆုံးဖြတ်ချက်တွင် ဆူဒန်နိုင်ငံရှိ ကုလသမဂ္ဂမစ်ရှင်နှင့်ပတ်သက်ပြီး သုံးလတစ်ကြိမ် အစီရင်ခံစာတင်ပြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တောင်းဆိုထားသည်။

zawgyi version
ဆူဒန္ႏိုင္ငံတြင္ ပဋိပကၡျဖစ္ပြားမႈ အရွိန္ျမင့္တက္လာျခင္းေၾကာင့္ ကုလသမဂၢ၏မစ္ရွင္ကို (၆)လသက္တမ္းတိုးခဲ့ဟုဆို
Pika (NP News) - ဇြန္ ၃

ကုလသမဂၢလုံၿခဳံေရးေကာင္စီသည္ ဆူဒန္ႏိုင္ငံသို႔ေစလႊတ္ထားေသာ ကုလသမဂၢႏိုင္ငံေရးမစ္ရွင္ကို ေနာက္ထပ္ေျခာက္လ သက္တမ္းတိုးခဲ့ေၾကာင္း သတင္းထုတ္ျပန္ခဲ့သည္။

ကုလသမဂၢအထူးသံတမန္ Volker Perthes သည္ ဆူဒန္ပဋိပကၡကို ပိုမိုဆိုး႐ြားေအာင္ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ဆူဒန္စစ္တပ္အႀကီးအကဲက စြပ္စြဲေျပာဆိုခဲ့ၿပီးေနာက္ ကုလသမဂၢလုံၿခဳံေရးေကာင္စီက ယင္းကဲ့သို႔လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ဆူဒန္ႏိုင္ငံ၏ လက္ရွိအေျခအေနမ်ားကို ပိုမိုေကာင္းမြန္ရန္ရည္႐ြယ္ၿပီး ကုလသမဂၢ၏ ဘက္ေပါင္းစုံ အသြင္ကူးေျပာင္းေရးမစ္ရွင္ (UNITAMS)ကို (၂ဝ၂၃)ခုႏွစ္ ဒီဇင္ဘာလ(၃)ရက္အထိသက္တမ္းတိုးရန္ သေဘာတူညီခဲ့ေၾကာင္းကုလသမဂၢလုံၿခဳံ ေရးေကာင္စီက သတင္းထုတ္ျပန္ထားသည္။

ဆူဒန္စစ္တပ္အႀကီးအကဲ Abdel Fattah al-Burhan က ကုလသမဂၢအထူးသံတမန္ Volker Perthes သည္ ပဋိပကၡကို ပိုမိုဆိုး႐ြားလာေအာင္ တြန္းအားေပးေနေၾကာင္း ၿပီးခဲ့သည့္သီတင္းပတ္ကစြပ္စြဲေျပာဆိုခဲ့သည္။ ဆူဒန္စစ္တပ္အႀကီးအကဲ Abdel Fattah al-Burhan က ကုလသမဂၢအထူးသံတမန္ Volker Perthes သည္ ဆူဒန္ႏိုင္ငံတြင္ ျဖစ္ပြားေနေသာ ႏိုင္ငံေရးျဖစ္စဥ္ကို ကူညီေဆာင္႐ြက္ေပးရာ တြင္ လိမ္လည္မႈႏွင့္မဟုတ္မမွန္ေသာ သတင္းမ်ားကို ထုတ္ျပန္ခဲ့ျခင္းေၾကာင့္ ၎၏ေနရာတြင္ အစားထိုးေပးရန္ ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ဂူတာရက္စ္ကို ေတာင္းဆိုခဲ့ေၾကာင္းသိရသည္။

သို႔ေသာ္လည္း ဂူတာရက္စ္က ၎သည္ အထူးသံတမန္ Volker Perthes ကို ယုံၾကည္ေၾကာင္း ေျပာ ဆိုခဲ့ၿပီး အျခားေကာင္စီအဖြဲ႕ဝင္အမ်ားအျပားကလည္း ၎ကို ေထာက္ခံအားေပးခဲ့ၾကေၾကာင္းသိရသည္။ လာမည့္ ေျခာက္လသည္ UNITAM မစ္ရွင္၏ စြမ္းေဆာင္မႈမ်ားကို အကဲျဖတ္ရန္လုံေလာက္ေသာ အခ်ိန္တစ္ခုျဖစ္ေၾကာင္း ၿဗိတိန္လက္ေထာက္သံအမတ္ James Kariuki က ေျပာၾကားခဲ့သည္။အေမရိကန္လက္ေထာက္သံအမတ္ႀကီးေရာဘတ္ဝုဒ္က"ပဋိပကၡအဆုံးသတ္ေရး၊ လူ႔အခြင့္အေရးကာကြယ္မႈနဲ႔ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေတြ ပိုမိုေထာက္ပံ့ေပးႏိုင္မယ့္ မစ္ရွင္ကို လာမယ့္လေတြအတြင္းမွာ ကုလသမဂၢလုံၿခဳံေရးေကာင္စီက သေဘာတူလိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္"ဟုေျပာဆိုခဲ့သည္။

ဇြန္လ(၂)ရက္က ခ်မွတ္ခဲ့ေသာ ဆုံးျဖတ္ခ်က္တြင္ ဆူဒန္ႏိုင္ငံရွိ ကုလသမဂၢမစ္ရွင္ႏွင့္ပတ္သက္ၿပီး သုံးလတစ္ႀကိမ္ အစီရင္ခံစာတင္ျပရန္ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္က ေတာင္းဆိုထားသည္။

Related news

© 2021. All rights reserved.