မြောက်ကိုရီးယား၏ ဥပဒေမဲ့သော လုပ်ရပ်များကို နိုင်ငံအချို့က လျစ်လျူရှုနေကြောင်း တောင်ကိုရီးယားစစ်ဘက်ဝေဖန်

 726

Pika (NP News) - ဇွန် ၃

မြောက်ကိုရီးယားနိုင်ငံ၏ ဥပဒေမဲ့ အပြုအမူကို နိုင်ငံအချို့က လျစ်လျူရှုနေခြင်းကြောင့် ၎င်း၏ ဒုံးကျည်နှင့်နျူကလီးယားအစီအစဉ်များအပေါ် ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုကို ပိုမိုအားနည်းသွားစေကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

မကြာသေးမီက ဂြိုလ်တုလွှတ်တင်ခဲ့သော မြောက်ကိုရီးယား၏လုပ်ရပ်များကို ပြစ်တင်ရှုတ်ချရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများကို ရုရှားနှင့်တရုတ်တို့က လျစ်လျူရှုခဲ့ကြောင်းသိရသည်။ သို့သော်လည်း ရုရှားနှင့်တရုတ်တို့က ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများဖြစ်အောင် အမေရိကန်က လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့သည်။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးလီဂျွန်ဆပ်က"ရုရှားနဲ့တရုတ်တို့ရဲ့ လျစ်လျူရှုမှုက မြောက်ကိုရီးယားအပေါ်ချမှတ်ထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပိုမိုအားနည်းစေပါတယ်။ မြောက်ကိုရီးယားရဲ့ ဥပဒေမဲ့တဲ့ အပြုအမူတွေကို လျစ်လျူရှုတာက ကိုရီးယားကျွန်းဆွယ်တင်မဟုတ်ဘဲ ပစိဖိတ်ဒေသတွင်းကိုရောကမ္ဘာတစ်ခုလုံးရဲ့ လုံခြုံရေးကိုပါ ဆိုးရွားစေပါတယ်"ဟု ပြောဆိုခဲ့သည်။

မြောက်ကိုရီးယား၏ လုပ်ရပ်များကို ဟန့်တားရန်အတွက် အမေရိကန်၊ တောင်ကိုရီးယား နှင့် ဂျပန်နိုင်ငံတို့ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း လီဂျွန်ဆပ်ကပြောကြားခဲ့သည်။ အမေရိကန်၊ တောင်ကိုရီးယား နှင့် ဂျပန်နိုင်ငံတို့သည် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှု အချက်အ လက်များကို ယခုနှစ်အတွင်း အချိန်နှင့်တစ်ပြေးညီမျှဝေသွားမည်ဖြစ်သလို ပြန်လည်ပျက်ကျခဲ့သော ဂြိုလ်တု၏ အစိတ်အပိုင်းများ စစ်ဆေးမှုများ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း လီဂျွန်ဆပ်ကပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်များစမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် အမေရိကန်၊တောင်ကိုရီးယား နှင့် ဂျပန်တို့သည် ဒုံးကျည်ခြေရာခံခြင်းဒေတာအချက်အလက်များအပါအဝင် သတင်းအချက်အလက်မျှဝေခြင်းကို ပိုမိုလုပ်ဆောင်ရန် သဘောတူညီခဲ့ကြောင်းသိရသည်။

zawgyi version
ေျမာက္ကိုရီးယား၏ ဥပေဒမဲ့ေသာ လုပ္ရပ္မ်ားကို ႏိုင္ငံအခ်ိဳ႕က လ်စ္လ်ဴရႈေနေၾကာင္း ေတာင္ကိုရီးယားစစ္ဘက္ေဝဖန္
Pika (NP News) - ဇြန္ ၃

ေျမာက္ကိုရီးယားႏိုင္ငံ၏ ဥပေဒမဲ့ အျပဳအမူကို ႏိုင္ငံအခ်ိဳ႕က လ်စ္လ်ဴရႈေနျခင္းေၾကာင့္ ၎၏ ဒုံးက်ည္ႏွင့္န်ဴကလီးယားအစီအစဥ္မ်ားအေပၚ ကုလသမဂၢ၏ ပိတ္ဆို႔အေရးယူမႈကို ပိုမိုအားနည္းသြားေစေၾကာင္း ေတာင္ကိုရီးယားကာကြယ္ေရးဝန္ႀကီးက ေျပာၾကားခဲ့သည္။

မၾကာေသးမီက ၿဂိဳလ္တုလႊတ္တင္ခဲ့ေသာ ေျမာက္ကိုရီးယား၏လုပ္ရပ္မ်ားကို ျပစ္တင္ရႈတ္ခ်ရန္ ကုလသမဂၢလုံၿခဳံေရးေကာင္စီ၏ ေတာင္းဆိုမႈမ်ားကို ႐ုရွားႏွင့္တ႐ုတ္တို႔က လ်စ္လ်ဴရႈခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း ႐ုရွားႏွင့္တ႐ုတ္တို႔က ကိုရီးယားကြၽန္းဆြယ္တြင္ တင္းမာမႈမ်ားျဖစ္ေအာင္ အေမရိကန္က လုပ္ေဆာင္ေနျခင္းျဖစ္သည္ဟု ေဝဖန္ခဲ့သည္။ ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးလီဂြၽန္ဆပ္က"႐ုရွားနဲ႔တ႐ုတ္တို႔ရဲ႕ လ်စ္လ်ဴရႈမႈက ေျမာက္ကိုရီးယားအေပၚခ်မွတ္ထားတဲ့ ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ ပိတ္ဆို႔အေရးယူမႈေတြကို ပိုမိုအားနည္းေစပါတယ္။ ေျမာက္ကိုရီးယားရဲ႕ ဥပေဒမဲ့တဲ့ အျပဳအမူေတြကို လ်စ္လ်ဴရႈတာက ကိုရီးယားကြၽန္းဆြယ္တင္မဟုတ္ဘဲ ပစိဖိတ္ေဒသတြင္းကိုေရာကမာၻတစ္ခုလုံးရဲ႕ လုံၿခဳံေရးကိုပါ ဆိုး႐ြားေစပါတယ္"ဟု ေျပာဆိုခဲ့သည္။

ေျမာက္ကိုရီးယား၏ လုပ္ရပ္မ်ားကို ဟန႔္တားရန္အတြက္ အေမရိကန္၊ ေတာင္ကိုရီးယား ႏွင့္ ဂ်ပန္ႏိုင္ငံတို႔ သုံးႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္ရန္ အေရးႀကီးေၾကာင္း လီဂြၽန္ဆပ္ကေျပာၾကားခဲ့သည္။ အေမရိကန္၊ ေတာင္ကိုရီးယား ႏွင့္ ဂ်ပန္ႏိုင္ငံတို႔သည္ ေျမာက္ကိုရီးယား၏ ဒုံးက်ည္ပစ္လႊတ္မႈ အခ်က္အ လက္မ်ားကို ယခုႏွစ္အတြင္း အခ်ိန္ႏွင့္တစ္ေျပးညီမွ်ေဝသြားမည္ျဖစ္သလို ျပန္လည္ပ်က္က်ခဲ့ေသာ ၿဂိဳလ္တု၏ အစိတ္အပိုင္းမ်ား စစ္ေဆးမႈမ်ား ပူးေပါင္းလုပ္ေဆာင္မည္ျဖစ္ေၾကာင္း လီဂြၽန္ဆပ္ကေျပာၾကားခဲ့သည္။

ၿပီးခဲ့သည့္ႏွစ္တြင္ ေျမာက္ကိုရီးယားက ပဲ့ထိန္းဒုံးက်ည္မ်ားစမ္းသပ္ပစ္လႊတ္ခဲ့ၿပီးေနာက္ အေမရိကန္၊ေတာင္ကိုရီးယား ႏွင့္ ဂ်ပန္တို႔သည္ ဒုံးက်ည္ေျခရာခံျခင္းေဒတာအခ်က္အလက္မ်ားအပါအဝင္ သတင္းအခ်က္အလက္မွ်ေဝျခင္းကို ပိုမိုလုပ္ေဆာင္ရန္ သေဘာတူညီခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.