ထားဝယ်-မြိတ်ကားလမ်းတွင် အကြမ်းဖက်သမားများမှ မော်တော်ယာဉ်အား လက်နက်ငယ်များဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

 938

Pearl (NP News) - ဇွန် ၃

ထားဝယ်-မြိတ်ကားလမ်းတွင် အကြမ်းဖက်သမားများမှ မော်တော်ယာဉ်အား လက်နက်ငယ်များဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၂ရက်)၊ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်တွင် တနင်္သာရီတိုင်း ၊ သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားကျေးရွာ၊ ထားဝယ်-မြိတ် ကားလမ်း၊ မိုင်တိုင်အမှတ် ၃၃ မိုင် ၄ ဖာလုံအနီး၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာနေ ဦးစန်နီ (ခ)မြတ်သူမောင်းနှင်ပြီး ကျောက်ဖြူကျေးရွာနေသူများဖြစ်ကြသည့် ဦးစိုးသိန်း ၊ မယုဝတီလှိုင် နှင့် မနွယ်နီဝင်းတို့ စီးနင်းလိုက်ပါလျက် ဖရဲသီးများတင်ဆောင်လာသည့် Light Truck အမျိုးအစား မော်တော်ယာဉ်သည် ထားဝယ်မြို့မှ မြိတ်မြို့သို့ထွက်ခွာလာခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ခွာလာစဉ် အခင်းဖြစ်နေရာ အရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား (၅)ဦးခန့်က လက်နက်ငယ်များဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးစန်နီ(ခ)မြတ်သူတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
ထားဝယ္-ၿမိတ္ကားလမ္းတြင္ အၾကမ္းဖက္သမားမ်ားမွ ေမာ္ေတာ္ယာဥ္အား လက္နက္ငယ္မ်ားျဖင့္ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသားတစ္ဦး ေသဆုံး
Pearl (NP News) - ဇြန္ ၃

ထားဝယ္-ၿမိတ္ကားလမ္းတြင္ အၾကမ္းဖက္သမားမ်ားမွ ေမာ္ေတာ္ယာဥ္အား လက္နက္ငယ္မ်ားျဖင့္ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသားတစ္ဦးေသဆုံးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဇြန္လ ၂ရက္)၊ နံနက္ ၆ နာရီ ၄၅ မိနစ္အခ်ိန္တြင္ တနသၤာရီတိုင္း ၊ သရက္ေခ်ာင္းၿမိဳ႕နယ္၊ စုံစင္ဖ်ားေက်း႐ြာ၊ ထားဝယ္-ၿမိတ္ ကားလမ္း၊ မိုင္တိုင္အမွတ္ ၃၃ မိုင္ ၄ ဖာလုံအနီး၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ၿမိတ္ၿမိဳ႕နယ္၊ စႏၵဝတ္ေက်း႐ြာေန ဦးစန္နီ (ခ)ျမတ္သူေမာင္းႏွင္ၿပီး ေက်ာက္ျဖဴေက်း႐ြာေနသူမ်ားျဖစ္ၾကသည့္ ဦးစိုးသိန္း ၊ မယုဝတီလႈိင္ ႏွင့္ မႏြယ္နီဝင္းတို႔ စီးနင္းလိုက္ပါလ်က္ ဖရဲသီးမ်ားတင္ေဆာင္လာသည့္ Light Truck အမ်ိဳးအစား ေမာ္ေတာ္ယာဥ္သည္ ထားဝယ္ၿမိဳ႕မွ ၿမိတ္ၿမိဳ႕သို႔ထြက္ခြာလာခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ထြက္ခြာလာစဥ္ အခင္းျဖစ္ေနရာ အေရာက္၌ PDF အမည္ခံ အၾကမ္းဖက္အဖြဲ႕အင္အား (၅)ဦးခန႔္က လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ထြက္ေျပးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

ပစ္ခတ္ခံရမႈေၾကာင့္ ဦးစန္နီ(ခ)ျမတ္သူတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးခဲ့ေၾကာင္း သိရသည္။

အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.