ပြင်သစ်အမှတ်ပေးနောက်ဆုံးပွဲစဉ်ကို ပါဝင်ကစားပြီးနောက် ဆာဂျီရိုရာမို့စ်က အသင်းမှ ထွက်ခွါတော့မည်

 561

Pika (NP News) - ‌ဇွန် ၃

စပိန်ဂန္တဝင်ကစားသမားတစ်ဦးဖြစ်သကဲ့သို့ ပီအက်စ်ဂျီအသင်း၏ နောက်တန်းကစားသမားဖြစ်သည့် ဆာဂျီရိုရာမို့စ်သည် ဇွန်လ(၃)ရက်ညတွင် Clermont Foot အသင်းနှင့်ကစားမည့် ပြင်သစ်အမှတ်ပေးဖလား ပြိုင်ပွဲ၏ ရာသီနောက်ဆုံးပွဲစဉ်ကို ပါဝင်ကစားပြီးနောက် အသင်းမှထွက်ခွါမည်ဖြစ်ကြောင်း ကစားသမားနှင့် အသင်းတို့ကအတည်ပြုခဲ့သည်။

ဆာဂျီရိုရာမို့စ်နှင့် ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားသော စာချုပ်သက်တမ်းသည် ယခုနွေရာသီတွင် ကုန်ဆုံးမည်ဖြစ်သော်လည်း စာချုပ်သက်တမ်းတိုးခြင်းမျိုးမရှိသောကြောင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ခွင့်ရမည်ဖြစ်ကြောင်းသိရသည်။ ဆာဂျီရိုရာမို့စ်က"တကယ်ကို ထူးခြားတဲ့နေ့တစ်နေ့ဖြစ်လာမှာပါ။ ပီအက်စ်ဂျီအသင်းကလူတွေအားလုံးကို နှုတ်ဆက်ရတော့မှာပါ။ ပြိုင်ပွဲတိုင်းကို ကစားခွင့်ပေးခဲ့တဲ့အားလုံးကို ကျေးဇူးတင်ပါတယ်။ အခြားအရောင်တစ်ရောင်နဲ့ ဂျာစီအသစ်ကိုဝတ်ပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရဦးမှာပါ"ဟုပြောဆိုခဲ့သည်။

ပီအက်စ်ဂျီအသင်း ဥက္ကဋ္ဌ နှင့် စီအီးအို Nasser Al-Khelaifi က"ကျွန်တော်တို့နဲ့အချိန်(၂)နှစ် အတူတူကုန် ဆုံးခဲ့တဲ့ ဆာဂျီရိုရာမို့စ်ကို ကျေးဇူးတင်ပါတယ်။ သူ့ရဲ့အတွေ့အကြုံတွေကို အသင်းအတွက် ပြန်လည် မျှဝေပေးနိုင်ခဲ့တာကလည်း စစ်မှန်တဲ့ ဘောလုံးဂန္တဝင်တစ်ဦးဖြစ်စေခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းမှာ သူ့ကိုရထားခဲ့တာ တကယ်ကို ဂုဏ်ယူစရာပါပဲ။ အသင်းမှာရှိတဲ့လူတိုင်းက သူ့အတွက် အကောင်းဆုံး ဆုမွန်ကောင်းတွေ တောင်းပေးလိုက်ပါတယ်"ဟုပြောဆိုခဲ့သည်။

ဆာဂျီရိုရာမို့စ်သည် ရီးရဲလ်မက်ဒရစ်အသင်းတွင် (၁၆)နှစ်ကြာ ကစားခဲ့ချိန်အတွင်း လာလီဂါဆုဖလား (၅)ကြိမ်နှင့် ချန်ပီယံလိဂ်ဆုဖလား(၄)ကြိမ်ဆွတ်ခူးနိုင်ခဲ့ပြီးနောက် (၂ဝ၂၁)ခုနှစ်တွင် ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့လာခြင်းဖြစ်သည်။

zawgyi version
ျပင္သစ္အမွတ္ေပးေနာက္ဆုံးပြဲစဥ္ကို ပါဝင္ကစားၿပီးေနာက္ ဆာဂ်ီ႐ိုရာမို႔စ္က အသင္းမွ ထြက္ခြါေတာ့မည္
Pika (NP News) - ‌ဇြန္ ၃

စပိန္ဂႏၲဝင္ကစားသမားတစ္ဦးျဖစ္သကဲ့သို႔ ပီအက္စ္ဂ်ီအသင္း၏ ေနာက္တန္းကစားသမားျဖစ္သည့္ ဆာဂ်ီ႐ိုရာမို႔စ္သည္ ဇြန္လ(၃)ရက္ညတြင္ Clermont Foot အသင္းႏွင့္ကစားမည့္ ျပင္သစ္အမွတ္ေပးဖလား ၿပိဳင္ပြဲ၏ ရာသီေနာက္ဆုံးပြဲစဥ္ကို ပါဝင္ကစားၿပီးေနာက္ အသင္းမွထြက္ခြါမည္ျဖစ္ေၾကာင္း ကစားသမားႏွင့္ အသင္းတို႔ကအတည္ျပဳခဲ့သည္။

ဆာဂ်ီ႐ိုရာမို႔စ္ႏွင့္ ပီအက္စ္ဂ်ီအသင္းတို႔ ခ်ဳပ္ဆိုထားေသာ စာခ်ဳပ္သက္တမ္းသည္ ယခုေႏြရာသီတြင္ ကုန္ဆုံးမည္ျဖစ္ေသာ္လည္း စာခ်ဳပ္သက္တမ္းတိုးျခင္းမ်ိဳးမရွိေသာေၾကာင့္ အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ေျပာင္းေ႐ႊ႕ခြင့္ရမည္ျဖစ္ေၾကာင္းသိရသည္။ ဆာဂ်ီ႐ိုရာမို႔စ္က"တကယ္ကို ထူးျခားတဲ့ေန႔တစ္ေန႔ျဖစ္လာမွာပါ။ ပီအက္စ္ဂ်ီအသင္းကလူေတြအားလုံးကို ႏႈတ္ဆက္ရေတာ့မွာပါ။ ၿပိဳင္ပြဲတိုင္းကို ကစားခြင့္ေပးခဲ့တဲ့အားလုံးကို ေက်းဇူးတင္ပါတယ္။ အျခားအေရာင္တစ္ေရာင္နဲ႔ ဂ်ာစီအသစ္ကိုဝတ္ၿပီး စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ရဦးမွာပါ"ဟုေျပာဆိုခဲ့သည္။

ပီအက္စ္ဂ်ီအသင္း ဥကၠ႒ ႏွင့္ စီအီးအို Nasser Al-Khelaifi က"ကြၽန္ေတာ္တို႔နဲ႔အခ်ိန္(၂)ႏွစ္ အတူတူကုန္ ဆုံးခဲ့တဲ့ ဆာဂ်ီ႐ိုရာမို႔စ္ကို ေက်းဇူးတင္ပါတယ္။ သူ႔ရဲ႕အေတြ႕အႀကဳံေတြကို အသင္းအတြက္ ျပန္လည္ မွ်ေဝေပးႏိုင္ခဲ့တာကလည္း စစ္မွန္တဲ့ ေဘာလုံးဂႏၲဝင္တစ္ဦးျဖစ္ေစခဲ့ပါတယ္။ ပီအက္စ္ဂ်ီအသင္းမွာ သူ႔ကိုရထားခဲ့တာ တကယ္ကို ဂုဏ္ယူစရာပါပဲ။ အသင္းမွာရွိတဲ့လူတိုင္းက သူ႔အတြက္ အေကာင္းဆုံး ဆုမြန္ေကာင္းေတြ ေတာင္းေပးလိုက္ပါတယ္"ဟုေျပာဆိုခဲ့သည္။

ဆာဂ်ီ႐ိုရာမို႔စ္သည္ ရီးရဲလ္မက္ဒရစ္အသင္းတြင္ (၁၆)ႏွစ္ၾကာ ကစားခဲ့ခ်ိန္အတြင္း လာလီဂါဆုဖလား (၅)ႀကိမ္ႏွင့္ ခ်န္ပီယံလိဂ္ဆုဖလား(၄)ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ၿပီးေနာက္ (၂ဝ၂၁)ခုႏွစ္တြင္ ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေ႐ႊ႕လာျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.