ပြင်သစ်၊ ဗြိတိန်၊ တရုတ်၊ ရုရှားတို့နှင့်အတူ နျူကလီးယားလက်နက်ထိန်းချုပ်ရေး သဘောတူညီစာချုပ်တွင် ပါဝင်ရန်ဆန္ဒရှိကြောင်း အမေရိကန်အစိုးရပြော

 2029

Pika (NP News) - ဇွန် ၃

အမေရိကန်သည် တရုတ်၊ ရုရှား၊ ပြင်သစ်၊ ဗြိတိန်တို့နှင့်အတူ ဘက်စုံလက်နက်ထိန်းချုပ်ရေး ကြိုးပမ်းမှုများတွင် ပါဝင်ရန် ဆန္ဒရှိကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောကြားခဲ့သည်။

ဂျိတ်ဆူလီဗန်က"ကြိုတင်သတ်မှတ်ချက်တွေမရှိဘဲ ရုရှား၊ တရုတ်တို့နဲ့ လက်နက်ထိန်းချုပ်ရေး ဆွေးနွေးမှုတွေမှာပါဝင်ဖို့ ကျွန်တော်တို့ဘက်က ဆန္ဒရှိတယ်ဆိုတာကို ပြောကြားခဲ့ပါတယ်။ ပြီးတော့ အမေရိကန်ဟာ ရုရှား၊ တရုတ်တို့နဲ့အတူ အဏုမြူဗုံးပြဿနာကို ခွဲခြမ်းစိတ်ဖြာဖို့ စိတ်အားထက်သန်နေပါတယ်"ဟုပြောဆိုခဲ့သည်။

အမေရိကန်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံဖြစ်သော P5 နှင့်အတူ ဘက်စုံအစီအစဉ်များကို ပူးပေါင်းလုပ်ဆောင်ရန်ကြိုးပမ်းနေကြောင်းသိရသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံဖြစ်သော P5 တွင် အမေရိကန်၊ တရုတ်၊ ရုရှား၊ ပြင်သစ် နှင့် ဗြိတိန်တို့ပါဝင်သည်။ ဂျိတ်ဆူလီဗန်က" P5 အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ဒုံးကျည်ပစ်လွှတ်မှု သတိပေးချက်စနစ်ကို တရားဝင်လုပ်ဆောင်ခြင်းဟာ ရိုးရှင်းတဲ့ လုပ်ဆောင်မှုတစ်ခုသာဖြစ်ပါတယ်"ဟုပြောဆိုခဲ့သည်။

အဆိုပါခြေလှမ်းသည် အကျပ်အတည်းကာလတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများကြား အထင်အမြင်လွဲမှားမှုနှင့် တွက်ချက်မှုမှားယွင်းခြင်းကဲ့သို့သော အန္တရာယ်များကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ဂျိတ်ဆူလီဗန်ကပြောကြားခဲ့သည်။ ထို့ပြင် P5 နိုင်ငံများကြားတွင် အကျပ်အတည်းနှင့်ပတ်သက်သည့် ဆက်သွယ်ရေးလမ်းကြောင်းများထူထောင်ခြင်းနှင့် နျူကလီးယားအရေးကိစ္စများတွင် ပွင့်လင်းမြင်သာမှုရှိရန် ကတိပြုခြင်းတို့ကဲ့သို့သော နောက်ထပ်အစီအစဉ်များကိုလည်း လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အမေရိကန်နှင့် လက်နက်ထိန်းချုပ်ရေးဆွေးနွေးပွဲများတွင် ပါဝင်ခြင်းမရှိသည့်အတွက် စိတ်ပျက်မိကြောင်း၊ (၂ဝ၃၅)ခုနှစ်တွင် တရုတ်သည် နျူကလီးယားထိပ်ဖူးပေါင်း(၁၅ဝဝ)ရှိရန်လုပ်ဆောင်နေကြောင်း ဂျိတ်ဆူလီဗန်ကပြောကြားခဲ့သည်။ အမေရိကန်သည် New START စာချုပ်တွင်ပါဝင်သော အချက်အလက်များကို လိုက်နာရန်ဆန္ဒရှိသကဲ့သို့ နျူကလီးယားလက်နက်များနှင့်ပတ်သက်ပြီး သီးခြားဆွေးနွေးမှုများလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ဂျိတ်ဆူလီဗန်ကပြောကြားခဲ့သည်။

zawgyi version
ျပင္သစ္၊ ၿဗိတိန္၊ တ႐ုတ္၊ ႐ုရွားတို႔ႏွင့္အတူ န်ဴကလီးယားလက္နက္ထိန္းခ်ဳပ္ေရး သေဘာတူညီစာခ်ဳပ္တြင္ ပါဝင္ရန္ဆႏၵရွိေၾကာင္း အေမရိကန္အစိုးရေျပာ
Pika (NP News) - ဇြန္ ၃

အေမရိကန္သည္ တ႐ုတ္၊ ႐ုရွား၊ ျပင္သစ္၊ ၿဗိတိန္တို႔ႏွင့္အတူ ဘက္စုံလက္နက္ထိန္းခ်ဳပ္ေရး ႀကိဳးပမ္းမႈမ်ားတြင္ ပါဝင္ရန္ ဆႏၵရွိေၾကာင္း အေမရိကန္အမ်ိဳးသားလုံၿခဳံေရးအႀကံေပး ဂ်ိတ္ဆူလီဗန္က ေျပာၾကားခဲ့သည္။

ဂ်ိတ္ဆူလီဗန္က"ႀကိဳတင္သတ္မွတ္ခ်က္ေတြမရွိဘဲ ႐ုရွား၊ တ႐ုတ္တို႔နဲ႔ လက္နက္ထိန္းခ်ဳပ္ေရး ေဆြးေႏြးမႈေတြမွာပါဝင္ဖို႔ ကြၽန္ေတာ္တို႔ဘက္က ဆႏၵရွိတယ္ဆိုတာကို ေျပာၾကားခဲ့ပါတယ္။ ၿပီးေတာ့ အေမရိကန္ဟာ ႐ုရွား၊ တ႐ုတ္တို႔နဲ႔အတူ အဏုျမဴဗုံးျပႆနာကို ခြဲျခမ္းစိတ္ျဖာဖို႔ စိတ္အားထက္သန္ေနပါတယ္"ဟုေျပာဆိုခဲ့သည္။

အေမရိကန္သည္ ကုလသမဂၢလုံၿခဳံေရးေကာင္စီ၏ အၿမဲတမ္းအဖြဲ႕ဝင္ငါးႏိုင္ငံျဖစ္ေသာ P5 ႏွင့္အတူ ဘက္စုံအစီအစဥ္မ်ားကို ပူးေပါင္းလုပ္ေဆာင္ရန္ႀကိဳးပမ္းေနေၾကာင္းသိရသည္။ ကုလသမဂၢလုံၿခဳံေရးေကာင္စီ၏ အၿမဲတမ္းအဖြဲ႕ဝင္ငါးႏိုင္ငံျဖစ္ေသာ P5 တြင္ အေမရိကန္၊ တ႐ုတ္၊ ႐ုရွား၊ ျပင္သစ္ ႏွင့္ ၿဗိတိန္တို႔ပါဝင္သည္။ ဂ်ိတ္ဆူလီဗန္က" P5 အဖြဲ႕ဝင္ႏိုင္ငံေတြနဲ႔အတူ ဒုံးက်ည္ပစ္လႊတ္မႈ သတိေပးခ်က္စနစ္ကို တရားဝင္လုပ္ေဆာင္ျခင္းဟာ ႐ိုးရွင္းတဲ့ လုပ္ေဆာင္မႈတစ္ခုသာျဖစ္ပါတယ္"ဟုေျပာဆိုခဲ့သည္။

အဆိုပါေျခလွမ္းသည္ အက်ပ္အတည္းကာလတြင္ ကုလသမဂၢလုံၿခဳံေရးေကာင္စီ၏ အၿမဲတမ္းအဖြဲ႕ဝင္ႏိုင္ငံမ်ားၾကား အထင္အျမင္လြဲမွားမႈႏွင့္ တြက္ခ်က္မႈမွားယြင္းျခင္းကဲ့သို႔ေသာ အႏၲရာယ္မ်ားကို ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္း ဂ်ိတ္ဆူလီဗန္ကေျပာၾကားခဲ့သည္။ ထို႔ျပင္ P5 ႏိုင္ငံမ်ားၾကားတြင္ အက်ပ္အတည္းႏွင့္ပတ္သက္သည့္ ဆက္သြယ္ေရးလမ္းေၾကာင္းမ်ားထူေထာင္ျခင္းႏွင့္ န်ဴကလီးယားအေရးကိစၥမ်ားတြင္ ပြင့္လင္းျမင္သာမႈရွိရန္ ကတိျပဳျခင္းတို႔ကဲ့သို႔ေသာ ေနာက္ထပ္အစီအစဥ္မ်ားကိုလည္း လုပ္ေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း ၎ကေျပာၾကားခဲ့သည္။

တ႐ုတ္ႏိုင္ငံသည္ အေမရိကန္ႏွင့္ လက္နက္ထိန္းခ်ဳပ္ေရးေဆြးေႏြးပြဲမ်ားတြင္ ပါဝင္ျခင္းမရွိသည့္အတြက္ စိတ္ပ်က္မိေၾကာင္း၊ (၂ဝ၃၅)ခုႏွစ္တြင္ တ႐ုတ္သည္ န်ဴကလီးယားထိပ္ဖူးေပါင္း(၁၅ဝဝ)ရွိရန္လုပ္ေဆာင္ေနေၾကာင္း ဂ်ိတ္ဆူလီဗန္ကေျပာၾကားခဲ့သည္။ အေမရိကန္သည္ New START စာခ်ဳပ္တြင္ပါဝင္ေသာ အခ်က္အလက္မ်ားကို လိုက္နာရန္ဆႏၵရွိသကဲ့သို႔ န်ဴကလီးယားလက္နက္မ်ားႏွင့္ပတ္သက္ၿပီး သီးျခားေဆြးေႏြးမႈမ်ားလုပ္ေဆာင္ရန္ ဆႏၵရွိေၾကာင္း ဂ်ိတ္ဆူလီဗန္ကေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.