မလေးရှားနိုင်ငံရှိ သံမဏိစက်ရုံတွင် လူကုန်ကူးခိုင်းစေခံနေရသော မြန်မာနိုင်ငံသားများကို ပြန်ကယ်တင်နိုင်ခဲ့ဟု မလေးရှားရဲတပ်ဖွဲ့ပြော

 934

ဂျန်ဇက် (NP News) - ‌ဇွန် ၃

မလေးရှားရဲတပ်ဖွဲ့သည် Puchong ဒေသ သံမဏိစက်ရုံတွင် အတင်းအကြပ်လုပ်အားပေးခိုင်းစေခံနေရသော မြန်မာနိုင်ငံသား(၁၇)ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

ပြန်လည်ကယ်တင်နိုင်ခဲ့သော မြန်မာနိုင်ငံသား(၁၇)ဦးထဲတွင် အသက်(၁၆)နှစ် နှင့် အသက်(၁၇)နှစ်အရွယ်ရှိဆယ်ကျော်သက်(၄)ဦး ပါဝင်ခဲ့ကြောင်းမလေးရှားရဲတပ်ဖွဲ့ကဆိုသည်။ အဆိုပါသံမဏိစက်ရုံတွင် အလုပ်သမားများ လူကုန်ကူးခံနေရကြောင်း သတင်းကို လက်ခံရရှိခဲ့ပြီးနောက် မလေးရှားရဲတပ်ဖွဲ့၊ မလေးရှားအလုပ်သမားဝန်ကြီးဌာန၊ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန မှတာဝန်ရှိသူများသည် ဇွန်လ ၃ ရက်တွင် စီးနင်းရှာဖွေခဲ့ပြီး မြန်မာနိုင်ငံသားများကို ကယ်တင်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။သံမဏိစက်ရုံတွင် လူကုန်ကူးခံထားရပြီး ပြန်လည်ကယ်တင်ပေးခဲ့သော နိုင်ငံခြားသားများထဲတွင်အသက်အကြီးဆုံးအရွယ်က အသက် (၄၈)နှစ်အရွယ်ဖြစ်ကြောင်းသိရသည်။

မလေးရှားရဲတပ်ဖွဲ့ နှင့်နီးစပ်သူတစ်ဦးက "ကနဦးစုံစမ်းစစ်ဆေးမှုတွေအရဆိုရင် သံမဏိစက်ရုံမှာ အတင်းအကြပ်အလုပ်ခိုင်းစေခံနေရသူတွေကို အလုပ်ရှင်က နိုင်ငံကူးလက်မှတ်သိမ်းဆည်းထားတယ်။
အဲဒီသူတွေဟာ ဆင်းဆင်းရဲရဲနေထိုင်နေရတယ်။ အန္တရာယ်ရှိတဲ့လုပ်ငန်းတွေမှာအသက်မပြည့်သေးတဲ့လူတွေလည်း ပါဝင်လုပ်ကိုင်နေရတယ်" ဟုပြောသည်။

မလေးရှားရဲတပ်ဖွဲ့သည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံသား(၃၄)ဦးအပြင် ဘင်္ဂလားဒေရှ့်၊ ပါကစ္စတန် နိုင်ငံသားတို့ကို လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုဖြင့်ဖမ်းဆီးထားကြောင်းသိရသည်။ အဆိုပါသံမဏိစက်ရုံတွင် မန်နေဂျာအဖြစ်လုပ်ကိုင်နေသူသည် အသက်(၄၃)နှစ်အရွယ်ရှိ မလေးရှားနိုင်ငံသားတစ်ဦးဖြစ်ပြီး ၎င်းကိုလည်း လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးထားကြောင်း မလေးရှားရဲတပ်ဖွဲ့ကပြောသည်။ မလေးရှားလူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးဖာဒီမာဆက်က လူကုန်ကူးမှုနှင့် ဆက်နွယ်ပြီးဖမ်းဆီးထားသူအားလုံးကို လက်ရှိအချိန်တွင် ဆာဒန်ပြည်နယ်ရဲတပ်ဖွဲ့ ရုံးသို့ ပို့ဆောင်စစ်ဆေးနေကြောင်း ပြောသည်။

၎င်းက " မ်းဆီးထားသူအားလုံးကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုအပြင် အခြားပြစ်မှုများနဲ့ စွဲချက်တင်ထားတယ်" ဟုပြောသည်။

zawgyi version
မေလးရွားႏိုင္ငံရွိ သံမဏိစက္႐ုံတြင္ လူကုန္ကူးခိုင္းေစခံေနရေသာ ျမန္မာႏိုင္ငံသားမ်ားကို ျပန္ကယ္တင္ႏိုင္ခဲ့ဟု မေလးရွားရဲတပ္ဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - ‌ဇြန္ ၃

မေလးရွားရဲတပ္ဖြဲ႕သည္ Puchong ေဒသ သံမဏိစက္႐ုံတြင္ အတင္းအၾကပ္လုပ္အားေပးခိုင္းေစခံေနရေသာ ျမန္မာႏိုင္ငံသား(၁၇)ဦးကို ျပန္လည္ကယ္တင္ႏိုင္ခဲ့ေၾကာင္း သတင္းထုတ္ျပန္လိုက္သည္။

ျပန္လည္ကယ္တင္ႏိုင္ခဲ့ေသာ ျမန္မာႏိုင္ငံသား(၁၇)ဦးထဲတြင္ အသက္(၁၆)ႏွစ္ ႏွင့္ အသက္(၁၇)ႏွစ္အ႐ြယ္ရွိဆယ္ေက်ာ္သက္(၄)ဦး ပါဝင္ခဲ့ေၾကာင္းမေလးရွားရဲတပ္ဖြဲ႕ကဆိုသည္။ အဆိုပါသံမဏိစက္႐ုံတြင္ အလုပ္သမားမ်ား လူကုန္ကူးခံေနရေၾကာင္း သတင္းကို လက္ခံရရွိခဲ့ၿပီးေနာက္ မေလးရွားရဲတပ္ဖြဲ႕၊ မေလးရွားအလုပ္သမားဝန္ႀကီးဌာန၊ မေလးရွားလူဝင္မႈႀကီးၾကပ္ေရးဌာန မွတာဝန္ရွိသူမ်ားသည္ ဇြန္လ ၃ ရက္တြင္ စီးနင္းရွာေဖြခဲ့ၿပီး ျမန္မာႏိုင္ငံသားမ်ားကို ကယ္တင္ေပးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။သံမဏိစက္႐ုံတြင္ လူကုန္ကူးခံထားရၿပီး ျပန္လည္ကယ္တင္ေပးခဲ့ေသာ ႏိုင္ငံျခားသားမ်ားထဲတြင္အသက္အႀကီးဆုံးအ႐ြယ္က အသက္ (၄၈)ႏွစ္အ႐ြယ္ျဖစ္ေၾကာင္းသိရသည္။

မေလးရွားရဲတပ္ဖြဲ႕ ႏွင့္နီးစပ္သူတစ္ဦးက "ကနဦးစုံစမ္းစစ္ေဆးမႈေတြအရဆိုရင္ သံမဏိစက္႐ုံမွာ အတင္းအၾကပ္အလုပ္ခိုင္းေစခံေနရသူေတြကို အလုပ္ရွင္က ႏိုင္ငံကူးလက္မွတ္သိမ္းဆည္းထားတယ္။
အဲဒီသူေတြဟာ ဆင္းဆင္းရဲရဲေနထိုင္ေနရတယ္။ အႏၲရာယ္ရွိတဲ့လုပ္ငန္းေတြမွာအသက္မျပည့္ေသးတဲ့လူေတြလည္း ပါဝင္လုပ္ကိုင္ေနရတယ္" ဟုေျပာသည္။

မေလးရွားရဲတပ္ဖြဲ႕သည္ လက္ရွိအခ်ိန္တြင္ ျမန္မာႏိုင္ငံသား(၃၄)ဦးအျပင္ ဘဂၤလားေဒရွ႕္၊ ပါကစၥတန္ ႏိုင္ငံသားတို႔ကို လူဝင္မႈႀကီးၾကပ္ေရးဥပေဒခ်ိဳးေဖာက္မႈျဖင့္ဖမ္းဆီးထားေၾကာင္းသိရသည္။ အဆိုပါသံမဏိစက္႐ုံတြင္ မန္ေနဂ်ာအျဖစ္လုပ္ကိုင္ေနသူသည္ အသက္(၄၃)ႏွစ္အ႐ြယ္ရွိ မေလးရွားႏိုင္ငံသားတစ္ဦးျဖစ္ၿပီး ၎ကိုလည္း လူကုန္ကူးမႈတားဆီးတိုက္ဖ်က္ေရးဥပေဒျဖင့္ ဖမ္းဆီးထားေၾကာင္း မေလးရွားရဲတပ္ဖြဲ႕ကေျပာသည္။ မေလးရွားလူကုန္ကူးမႈတိုက္ဖ်က္ေရး ရဲတပ္ဖြဲ႕ ၫႊန္ၾကားေရးမႉးဖာဒီမာဆက္က လူကုန္ကူးမႈႏွင့္ ဆက္ႏြယ္ၿပီးဖမ္းဆီးထားသူအားလုံးကို လက္ရွိအခ်ိန္တြင္ ဆာဒန္ျပည္နယ္ရဲတပ္ဖြဲ႕ ႐ုံးသို႔ ပို႔ေဆာင္စစ္ေဆးေနေၾကာင္း ေျပာသည္။

၎က " မ္းဆီးထားသူအားလုံးကို မေလးရွားလူဝင္မႈႀကီးၾကပ္ေရးဥပေဒခ်ိဳးေဖာက္မႈအျပင္ အျခားျပစ္မႈမ်ားနဲ႔ စြဲခ်က္တင္ထားတယ္" ဟုေျပာသည္။

Related news

© 2021. All rights reserved.