ဟောင်ကောင်မှာ ကုန်တိုက်တစ်ခုအတွင်း အမျိုးသမီး(၂)ဦးကို အမျိုးသားတစ်ဦးက ဓားနဲ့အကြိမ်ပေါင်းများစွား ထိုးသတ်မှုဖြစ်ပွား
2773
ရောင်နီ (NP News) - ဇွန် ၃
ဟောင်ကောင်မှာ သောကြာနေ့(ဇွန်လ ၂ ရက်)က Diamond Hill ရှိ Plaza Hollywood ကုန်တိုက် အတွင်း အမျိုးသမီးနှစ်ဦး ဓားနဲ့အကြိမ်ပေါင်းများစွာ ထိုးသတ်ခံခဲ့ရပါတယ်။
တစ်ချိန်ထဲမှာပဲ ရဲတွေရောက်ရှိလာခြင်းကြောင့် တိုက်ခိုက်သူကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ South China Morning Post (SCMP) မှ ပြောကြားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဒေသစံတော်ချိန် ညနေ ၅ နာရီကျော်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး စီစီတီဗွီတွေမှာဖော်ပြချက်အရ တိုက်ခိုက်မှုကို ပြတ်ပြတ်သားသား မြင်တွေ့ရပါတယ်။ တိုက်ခိုက်မှုဟာ တစ်မိနစ်နီးပါးကြာမြင့်ပြီး အမျိုးသမီးနှစ်ဦးထဲက တစ်ဦးကို တိုက်ခိုက်သူက ဓားနဲ့ အချက်ပေါင်းများစွာ ထိုးခဲ့တာမြင်တွေ့ရပါတယ်။ ၎င်းရဲ့တိုက်ခိုက်မှုကြောင့် ဘေးက အမျိုး သမီးက ကြားဝင်ဖြန်ဖြေဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် သူမဟာလည်း တိုက်ခိုက်ခံရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အဆိုပါ အမျိုးသမီးနှစ်ဦးဟာ အသက် ၂၂ နှစ်နဲ့ အသက် ၂၆ နှစ်အရွယ်ရှိကြတယ်လို့သိရပါတယ်။ ပထမအမျိုးသမီးဟာ နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဝင်ရောက်ဖြန်ဖြေတဲ့ အမျိုးသမီးကတော့ ဆေးရုံကို ပို့ဆောင်စဉ် သတိလစ်သွားခဲ့ပြီး ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။
တိုက်ခိုက်သူက အဆိုပါ အမျိုးသမီး နှစ်ဦးကို သိရှိခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ အသက် ၃၉ နှစ်အရွယ် တိုက်ခိုက်သူဟာ သောင်းကျန်းမှု မပြုလုပ်ခင် ၁ဝ၀ မိနစ်ခန့်အလိုက ဆိုင်တစ်ဆိုင်မှ အရှည် ၁၅ စင်တီမီတာရှိ ဓားတစ်လက်ဝယ်သွားတာကို တွေ့ရပါတယ်။ နောက်ထပ် ဗီဒီယိုဖိုင်တစ်ခုမှာတော့ ရဲအရာရှိတစ်ဖွဲ့က တိုက်ခိုက်သူကို ဓားပစ်ချဖို့ အမိန့်ပေးခဲ့တာကို တွေ့ရပါတယ်။ နောက်ဆုံးမှာတော့ အရာရှိတွေက တိုက်ခိုက်သူကို အလျင်စလို တွန်းထုတ်ပြီး ကြမ်းပြင်ပေါ် ကပ်ကာ လက်ထိတ်ခတ်လိုက်တာကို တွေ့ရပါတယ်။ အာဏာပိုင်တွေက ဒီအမှုကို လူသတ်မှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။
zawgyi version
ေဟာင္ေကာင္မွာ ကုန္တိုက္တစ္ခုအတြင္း အမ်ိဳးသမီး(၂)ဦးကို အမ်ိဳးသားတစ္ဦးက ဓားနဲ႔အႀကိမ္ေပါင္းမ်ားစြား ထိုးသတ္မႈျဖစ္ပြား
ေရာင္နီ (NP News) - ဇြန္ ၃
ေဟာင္ေကာင္မွာ ေသာၾကာေန႔(ဇြန္လ ၂ ရက္)က Diamond Hill ရွိ Plaza Hollywood ကုန္တိုက္ အတြင္း အမ်ိဳးသမီးႏွစ္ဦး ဓားနဲ႔အႀကိမ္ေပါင္းမ်ားစြာ ထိုးသတ္ခံခဲ့ရပါတယ္။
တစ္ခ်ိန္ထဲမွာပဲ ရဲေတြေရာက္ရွိလာျခင္းေၾကာင့္ တိုက္ခိုက္သူကို ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ South China Morning Post (SCMP) မွ ေျပာၾကားခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ဟာ ေဒသစံေတာ္ခ်ိန္ ညေန ၅ နာရီေက်ာ္ခန္႔က ျဖစ္ပြားခဲ့တာျဖစ္ၿပီး စီစီတီဗြီေတြမွာေဖာ္ျပခ်က္အရ တိုက္ခိုက္မႈကို ျပတ္ျပတ္သားသား ျမင္ေတြ႕ရပါတယ္။ တိုက္ခိုက္မႈဟာ တစ္မိနစ္နီးပါးၾကာျမင့္ၿပီး အမ်ိဳးသမီးႏွစ္ဦးထဲက တစ္ဦးကို တိုက္ခိုက္သူက ဓားနဲ႔ အခ်က္ေပါင္းမ်ားစြာ ထိုးခဲ့တာျမင္ေတြ႕ရပါတယ္။ ၎ရဲ႕တိုက္ခိုက္မႈေၾကာင့္ ေဘးက အမ်ိဳး သမီးက ၾကားဝင္ျဖန္ေျဖဖို႔ အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့ေပမယ့္ သူမဟာလည္း တိုက္ခိုက္ခံရပါတယ္။
ရဲတပ္ဖြဲ႕ရဲ႕ ေျပာၾကားခ်က္အရ အဆိုပါ အမ်ိဳးသမီးႏွစ္ဦးဟာ အသက္ ၂၂ ႏွစ္နဲ႔ အသက္ ၂၆ ႏွစ္အ႐ြယ္ရွိၾကတယ္လို႔သိရပါတယ္။ ပထမအမ်ိဳးသမီးဟာ ေနရာမွာတင္ ပြဲခ်င္းၿပီးေသဆုံးခဲ့ၿပီး ဝင္ေရာက္ျဖန္ေျဖတဲ့ အမ်ိဳးသမီးကေတာ့ ေဆး႐ုံကို ပို႔ေဆာင္စဥ္ သတိလစ္သြားခဲ့ၿပီး ဒဏ္ရာေတြနဲ႔ ေသဆုံးသြားခဲ့ပါတယ္။
တိုက္ခိုက္သူက အဆိုပါ အမ်ိဳးသမီး ႏွစ္ဦးကို သိရွိျခင္း ရွိ၊ မရွိ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ေနတဲ့ ဗီဒီယိုဖိုင္တစ္ခုမွာ အသက္ ၃၉ ႏွစ္အ႐ြယ္ တိုက္ခိုက္သူဟာ ေသာင္းက်န္းမႈ မျပဳလုပ္ခင္ ၁ဝ၀ မိနစ္ခန႔္အလိုက ဆိုင္တစ္ဆိုင္မွ အရွည္ ၁၅ စင္တီမီတာရွိ ဓားတစ္လက္ဝယ္သြားတာကို ေတြ႕ရပါတယ္။ ေနာက္ထပ္ ဗီဒီယိုဖိုင္တစ္ခုမွာေတာ့ ရဲအရာရွိတစ္ဖြဲ႕က တိုက္ခိုက္သူကို ဓားပစ္ခ်ဖို႔ အမိန႔္ေပးခဲ့တာကို ေတြ႕ရပါတယ္။ ေနာက္ဆုံးမွာေတာ့ အရာရွိေတြက တိုက္ခိုက္သူကို အလ်င္စလို တြန္းထုတ္ၿပီး ၾကမ္းျပင္ေပၚ ကပ္ကာ လက္ထိတ္ခတ္လိုက္တာကို ေတြ႕ရပါတယ္။ အာဏာပိုင္ေတြက ဒီအမႈကို လူသတ္မႈအျဖစ္ သတ္မွတ္ခဲ့ပါတယ္။