တောင်ကြီး-အေးသာယာအဆင်းလမ်းတွင် (၆)ဘီးကားတစ်စီးတိမ်းမှောက်ခဲ့ရာ အမျိုးသား(၁)ဦးသေဆုံး

 1201

Pearl (NP News) - ဇွန် ၅

တောင်ကြီး-အေးသာယာအဆင်းလမ်းတွင်(၆)ဘီးကားတစ်စီးတိမ်းမှောက်မှုကြောင့် အမျိုးသား(၁)ဦး သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၅ ရက်)၊ ညနေ (၄)နာရီအချိန်ခန့်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-အေးသာယာအဆင်းလမ်း၊ မိုင်တိုင်အမှတ်(၁၁၁/၃)တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်မောင်းအပါအဝင် အမျိုးသား(၂)ဦး လိုက်ပါလာသည့် (၆)ဘီးကားတစ်စီးသည် အခင်းဖြစ်နေရာ အရောက်၌ ဘေးဘက်ခြမ်းရှိ ကမ်းပါးအားတိုက်မိကာ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

" တောင်ကြီးကနေ အေးသာယာဘက်ကိုသွားတဲ့ ခေါက်တိုကားပေါ့။ ဘေးဘက်ခြမ်းက ကမ်းပါးကိုတိုက် တာ။ ကားပေါ်မှာ (၂)ဦးပါတာ။ တစ်ဦးက ဆုံးသွားတယ်။ တစ်ဦးက သတိလစ်သွားတယ်။ အခုတော့ သတိပြန်ရပါပြီ။ အကြမ်းဖျင်းကတော့ သူတို့က အေးသာယာမှာနေတယ်လို့သိရတယ်။ (၂)ယောက်လုံး အသက် (၃ဝ) ဝန်းကျင်အရွယ်တွေပါ"ဟု တောင်ကြီးမြို့နယ် မီးသတ်စခန်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ အမျိုးသား (၂)ဦးအနက် တစ်ဦးသေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးမှာ စိုးရိမ်ဖွယ်အခြေအနေမရှိကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့အား တောင်ကြီးကြက်ခြေနီလူနာတင်ယာဉ်ဖြင့် စပ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးထား ကြောင်း သိရသည်။

zawgyi version
ေတာင္ႀကီး-ေအးသာယာအဆင္းလမ္းတြင္ (၆)ဘီးကားတစ္စီးတိမ္းေမွာက္ခဲ့ရာ အမ်ိဳးသား(၁)ဦးေသဆုံး
Pearl (NP News) - ဇြန္ ၅

ေတာင္ႀကီး-ေအးသာယာအဆင္းလမ္းတြင္(၆)ဘီးကားတစ္စီးတိမ္းေမွာက္မႈေၾကာင့္ အမ်ိဳးသား(၁)ဦး ေသဆုံးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ဇြန္လ ၅ ရက္)၊ ညေန (၄)နာရီအခ်ိန္ခန႔္တြင္ ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ေတာင္ႀကီး-ေအးသာယာအဆင္းလမ္း၊ မိုင္တိုင္အမွတ္(၁၁၁/၃)တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ယာဥ္ေမာင္းအပါအဝင္ အမ်ိဳးသား(၂)ဦး လိုက္ပါလာသည့္ (၆)ဘီးကားတစ္စီးသည္ အခင္းျဖစ္ေနရာ အေရာက္၌ ေဘးဘက္ျခမ္းရွိ ကမ္းပါးအားတိုက္မိကာ တိမ္းေမွာက္သြားခဲ့ေၾကာင္း သိရသည္။

" ေတာင္ႀကီးကေန ေအးသာယာဘက္ကိုသြားတဲ့ ေခါက္တိုကားေပါ့။ ေဘးဘက္ျခမ္းက ကမ္းပါးကိုတိုက္ တာ။ ကားေပၚမွာ (၂)ဦးပါတာ။ တစ္ဦးက ဆုံးသြားတယ္။ တစ္ဦးက သတိလစ္သြားတယ္။ အခုေတာ့ သတိျပန္ရပါၿပီ။ အၾကမ္းဖ်င္းကေတာ့ သူတို႔က ေအးသာယာမွာေနတယ္လို႔သိရတယ္။ (၂)ေယာက္လုံး အသက္ (၃ဝ) ဝန္းက်င္အ႐ြယ္ေတြပါ"ဟု ေတာင္ႀကီးၿမိဳ႕နယ္ မီးသတ္စခန္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။

ျဖစ္စဥ္ေၾကာင့္ ယာဥ္ေပၚတြင္ လိုက္ပါလာသူ အမ်ိဳးသား (၂)ဦးအနက္ တစ္ဦးေသဆုံးသြားခဲ့ၿပီး က်န္တစ္ဦးမွာ စိုးရိမ္ဖြယ္အေျခအေနမရွိေၾကာင္း သိရသည္။

လက္ရွိတြင္ ၎တို႔အား ေတာင္ႀကီးၾကက္ေျခနီလူနာတင္ယာဥ္ျဖင့္ စပ္စံထြန္းေဆး႐ုံသို႔ ပို႔ေဆာင္ေပးထား ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.