အသက်(၃၂)နှစ်ပြည့်သွားပြီဖြစ်တဲ့ ဗြိတိန်နိုင်ငံက ကမ္ဘာ့အသက်အကြီးဆုံး ကြောင်လေး ရိုစီ

 670

Pika (NP News) - ဇွန် ၅

ရိုစီဟု အမည်ပေးထားသော ဗြိတိန်နိုင်ငံမှကြောင်လေးသည် ၎င်း၏ အသက်(၃၂)နှစ်ပြည့်မွေးနေ့ကို ဇွန်လ(၁)ရက် တွင် ကျင်းပခဲ့ပြီး ကမ္ဘာ့အသက်အကြီးဆုံး ကြောင် အဖြစ် အသိအမှတ်ပြုခံခဲ့ရကြောင်း သိရသည်။

အင်္ဂလန်နိုင်ငံ Norwich မြို့တွင် နေထိုင်သော အသက်(၇၁)နှစ်အရွယ်ရှိ Lila Brissett က ၎င်း၏ ကြောင်လေး ရိုစီသည် (၁၉၉၁)ခုနှစ် ဇွန်လ(၁)ရက်တွင် မွေးဖွားခဲ့ပြီး (၃၂)နှစ်မြောက်မွေးနေ့ကို ကော်ဖီဆိုင်ပိုင်ရှင်တစ်ဦးက ပြင်ဆင်ထားသော ဆော်လမွန်ငါးကိတ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Lila Brissett က "ရိုစီက ဆော်လမွန်ငါးကိတ်ကို တစ်ဝက်စားပြီးနေပြီ။ နေ့လည်စာစားချိန်ကြရင် ထပြီး ကျန်တာ ကို စားမယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ နေ့လည်စာ စားချိန်ပြီးရင် ဘာမှကျန်တော့မှာ မဟုတ်ပါဘူး" ဟု ပြောဆိုခဲ့သည်။

ကြောင်လေး ရိုစီကို မွေးစားခဲ့ပြီးနောက် တိရစ္ဆာန်ကုဆေးခန်းကို နှစ်ကြိမ်သာ ရောက်ဖူးကြောင်း Lila Brissett က ပြောကြားခဲ့သည်။ ကြောင်လေး ရိုစီ သည် (၁၉၉၁)ခုနှစ်တွင် တိရစ္ဆာန်ကုဆေးခန်းသို့ တစ်ကြိမ်သွားရောက်ခဲ့ရပြီး ပြီးခဲ့သည့်(၅)နှစ်ခန့်က ဆီးအိတ်တည်ခြင်းအတွက် ဒုတိယအကြိမ် သွားရောက်ပြသခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကြောင်လေး ရိုစီ သည် ကမ္ဘာ့အသက်အကြီးဆုံး ကြောင်တစ်ကောင် အဖြစ် အသိအမှတ်ပြုခံရခြင်းနှင့်ပတ်သက်ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သတ်မှတ်ရေးအဖွဲ့ထံ တင်ပြထားကြောင်း Lila Brissett က ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ကမ္ဘာ့အသက်အကြီးဆုံး ကြောင် အဖြစ် ဂင်းနစ်စံချိန်တင်ထားသည့် ကြောင်လေးမှာ အင်္ဂလန်မှ Flossie ဟု အမည်ပေးထားသော ကြောင်လေးဖြစ်ပြီး (၂ဝ၂၂) ခုနှစ် နိုဝင်ဘာလတွင် ဂင်းနစ်စံချိန်လက်မှတ်ရရှိခဲ့ ကြောင်း သိရသည်။ ကြောင်လေး Flossie ၏ အသက်သည် (၂၆)နှစ် နှင့် (၃၁၆)ရက်သာ ရှိသေးကြောင်း သိရသည်။

Zawgyi Version;
အသက္(၃၂)ႏွစ္ျပည့္သြားၿပီျဖစ္တဲ့ ၿဗိတိန္ႏိုင္ငံက ကမာၻ႔အသက္အႀကီးဆုံး ေၾကာင္ေလး ႐ိုစီ
Pika (NP News) - ဇြန္ ၅

႐ိုစီဟု အမည္ေပးထားေသာ ၿဗိတိန္ႏိုင္ငံမွေၾကာင္ေလးသည္ ၎၏ အသက္(၃၂)ႏွစ္ျပည့္ေမြးေန႔ကို ဇြန္လ(၁)ရက္ တြင္ က်င္းပခဲ့ၿပီး ကမာၻ႔အသက္အႀကီးဆုံး ေၾကာင္ အျဖစ္ အသိအမွတ္ျပဳခံခဲ့ရေၾကာင္း သိရသည္။

အဂၤလန္ႏိုင္ငံ Norwich ၿမိဳ႕တြင္ ေနထိုင္ေသာ အသက္(၇၁)ႏွစ္အ႐ြယ္ရွိ Lila Brissett က ၎၏ ေၾကာင္ေလး ႐ိုစီသည္ (၁၉၉၁)ခုႏွစ္ ဇြန္လ(၁)ရက္တြင္ ေမြးဖြားခဲ့ၿပီး (၃၂)ႏွစ္ေျမာက္ေမြးေန႔ကို ေကာ္ဖီဆိုင္ပိုင္ရွင္တစ္ဦးက ျပင္ဆင္ထားေသာ ေဆာ္လမြန္ငါးကိတ္ျဖင့္ က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

Lila Brissett က "႐ိုစီက ေဆာ္လမြန္ငါးကိတ္ကို တစ္ဝက္စားၿပီးေနၿပီ။ ေန႔လည္စာစားခ်ိန္ၾကရင္ ထၿပီး က်န္တာ ကို စားမယ္လို႔ ကြၽန္မေမွ်ာ္လင့္ပါတယ္။ ေန႔လည္စာ စားခ်ိန္ၿပီးရင္ ဘာမွက်န္ေတာ့မွာ မဟုတ္ပါဘူး" ဟု ေျပာဆိုခဲ့သည္။

ေၾကာင္ေလး ႐ိုစီကို ေမြးစားခဲ့ၿပီးေနာက္ တိရစာၦန္ကုေဆးခန္းကို ႏွစ္ႀကိမ္သာ ေရာက္ဖူးေၾကာင္း Lila Brissett က ေျပာၾကားခဲ့သည္။ ေၾကာင္ေလး ႐ိုစီ သည္ (၁၉၉၁)ခုႏွစ္တြင္ တိရစာၦန္ကုေဆးခန္းသို႔ တစ္ႀကိမ္သြားေရာက္ခဲ့ရၿပီး ၿပီးခဲ့သည့္(၅)ႏွစ္ခန႔္က ဆီးအိတ္တည္ျခင္းအတြက္ ဒုတိယအႀကိမ္ သြားေရာက္ျပသခဲ့ရေၾကာင္း ၎က ေျပာၾကားခဲ့သည္။

ေၾကာင္ေလး ႐ိုစီ သည္ ကမာၻ႔အသက္အႀကီးဆုံး ေၾကာင္တစ္ေကာင္ အျဖစ္ အသိအမွတ္ျပဳခံရျခင္းႏွင့္ပတ္သက္ၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္သတ္မွတ္ေရးအဖြဲ႕ထံ တင္ျပထားေၾကာင္း Lila Brissett က ေျပာၾကားခဲ့သည္။

လက္ရွိအခ်ိန္တြင္ ကမာၻ႔အသက္အႀကီးဆုံး ေၾကာင္ အျဖစ္ ဂင္းနစ္စံခ်ိန္တင္ထားသည့္ ေၾကာင္ေလးမွာ အဂၤလန္မွ Flossie ဟု အမည္ေပးထားေသာ ေၾကာင္ေလးျဖစ္ၿပီး (၂ဝ၂၂) ခုႏွစ္ ႏိုဝင္ဘာလတြင္ ဂင္းနစ္စံခ်ိန္လက္မွတ္ရရွိခဲ့ ေၾကာင္း သိရသည္။ ေၾကာင္ေလး Flossie ၏ အသက္သည္ (၂၆)ႏွစ္ ႏွင့္ (၃၁၆)ရက္သာ ရွိေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.