နတ်သံကွင်းမြစ်ကူးတံတားရှိ လုံခြုံရေးအဖွဲ့ကို PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီး/ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မြစ်ကူးတံတားကို မိုင်းခွဲဖျက်ဆီးခဲ့

 2514

NP News - ဇွန် ၆

ပဲခူးတိုင်း၊ နတ်သံကွင်းမြို့၊ နတ်သံကွင်းမြစ်ကူးတံတားရှိ လုံခြုံရေးအဖွဲ့ကို PDF ပူးပေါင်းအဖွဲ့က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(ဇွန်လ ၆ ရက်)၊ နံနက် ၆ နာရီအချိန်ခန့်တွင် PDF ပူးပေါင်းအဖွဲ့သည် နတ်သံကွင်းစစ်တောင်းမြစ်ကူးတံတား၌ လုံခြုံရေးယူနေသည့်အဖွဲ့ကို လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အကြမ်းဖက်အဖွဲ့ တစ်ဖွဲ့သည် နတ်သံကွင်းမြို့ လူနေအိမ်များကို အကာအကွယ်ပြုကာ တံတားလုံခြုံ ရေးအဖွဲ့အား လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၍ တံတားအား ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း မီဒီယာများကို အသိပေးဖြေဆိုထားသည်။

ထိုသို့ ဖျက်ဆီးခံရမှုကြောင့် မြစ်ကူးတံတားကမ်းကပ်ခုံနှင့် ကပ်လျက်အခန်း ၆၅ ပေခန့်သည် ပြိုကျပျက်စီးသွားခဲ့ကြောင်းလည်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုထားသည်။

“ဖြစ်တာကတော့ ဒီနေ့မနက်ပိုင်းမှာ ဖြစ်သွားတာ။ မြစ်ကူးတံတားရဲ့ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းမှာ လုံခြုံရေးကင်းတွေရှိတယ်။ အဲဒီလုံခြုံရေးကင်းတွေကို ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ပြီးတော့မှ ဒီမြစ်ကူးတံတားကြီးကို မိုင်းထောင်ချိုးသွားတာပေါ့”ဟု နတ်သံကွင်းမြို့ခံတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။

PDF ပူးပေါင်းအဖွဲ့သည် နတ်သံကွင်းမြစ်ကူးတံတားပေါ်ရှိ လုံခြုံရေးအဖွဲ့အား လာရောက်ပစ်ခတ်တိုက် ခိုက်စဉ် နှစ်ဖက်အကြား၌ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကာ ထိခိုက်သေဆုံးသူများလည်း ရှိခဲ့ကြောင်း ဒေသခံများက ဆိုထားသည်။

ကနဦးသတင်းအချက်အလက်များအရ လုံခြုံရေးအဖွဲ့ဘက်မှ (၂)ဦးသေဆုံးခဲ့သည်ဟု ဒေသခံသတင်းအရင်းအမြစ်များက NP News ကို ပြောဆိုထားသော်လည်း နစကဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုအခြေ အနေများကို ထည့်သွင်းပြောဆိုထားခြင်း မရှိသေးပေ။

ထို့ပြင် မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရသည့် နတ်သံကွင်းစစ်တောင်းမြစ်ကူးတံတားသည် နတ်သံကွင်းမြို့နှင့် ကျောက်ကြီးမြို့ကို ဆက်သွယ်ထားသော တံတားတစ်စင်းဖြစ်ပြီး လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေးအပိုင်း၌ လုံးဝပြတ်တောက်သွားပြီဖြစ်ကြောင်း သိရသည်။

“အခုကတော့ လမ်းပန်းက ပြတ်သွားပြီပေါ့။ ကားတွေ၊ ဘာတွေ သွားလို့မရတော့ဘူးလေ။ အဲဒီတံတားက ဒေသခံတွေအတွက် အရေးကြီးပါတယ်။ အခုတော့ အဆက်အသွယ်ပြတ်သွားပြီပေါ့။ ကျောက်ကြီးဘက်ကတော့ ပိုပြီးတော့ ဒုက္ခရောက်နိုင်တယ်။ ဓါတ်ဆီတွေကတော့ မနက်ကတည်းက ထွက်ဝယ်နေကြတော့ ပြတ်သလောက်ဖြစ်သွားပြီ။ နောက်ကုန်ဈေးနှုန်းတွေလည်း ကြီးလာတယ်”ဟု ကျောက်ကြီးမြို့ခံတစ်ဦးက NP News ကို အသိပေးပြောဆိုထားသည်။

ပြီးခဲ့သော ကာလများအတွင်းကလည်း နတ်သံကွင်းမြို့နှင့် ကျောက်ကြီးမြို့သို့ ဆက်သွယ်ထားသည့် လမ်းပိုင်းများတွင်လည်း အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးသည့်ဖြစ်စဉ် အများအပြားရှိခဲ့ဖူး
သည်။

zawgyi version
နတ္သံကြင္းျမစ္ကူးတံတားရွိ လုံၿခဳံေရးအဖြဲ႕ကို PDF ပူးေပါင္းအဖြဲ႕က လက္နက္ႀကီး/ငယ္မ်ားျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီးေနာက္ ျမစ္ကူးတံတားကို မိုင္းခြဲဖ်က္ဆီးခဲ့
NP News - ဇြန္ ၆

ပဲခူးတိုင္း၊ နတ္သံကြင္းၿမိဳ႕၊ နတ္သံကြင္းျမစ္ကူးတံတားရွိ လုံၿခဳံေရးအဖြဲ႕ကို PDF ပူးေပါင္းအဖြဲ႕က လက္ နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ လာေရာက္ပစ္ခတ္တိုက္ခိုက္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ဇြန္လ ၆ ရက္)၊ နံနက္ ၆ နာရီအခ်ိန္ခန႔္တြင္ PDF ပူးေပါင္းအဖြဲ႕သည္ နတ္သံကြင္းစစ္ေတာင္းျမစ္ကူးတံတား၌ လုံၿခဳံေရးယူေနသည့္အဖြဲ႕ကို လာေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

အၾကမ္းဖက္အဖြဲ႕ တစ္ဖြဲ႕သည္ နတ္သံကြင္းၿမိဳ႕ လူေနအိမ္မ်ားကို အကာအကြယ္ျပဳကာ တံတားလုံၿခဳံ ေရးအဖြဲ႕အား လက္နက္ႀကီး/ငယ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္၍ တံတားအား ေဖာက္ခြဲဖ်က္ဆီးသြားခဲ့ေၾကာင္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕ကလည္း မီဒီယာမ်ားကို အသိေပးေျဖဆိုထားသည္။

ထိုသို႔ ဖ်က္ဆီးခံရမႈေၾကာင့္ ျမစ္ကူးတံတားကမ္းကပ္ခုံႏွင့္ ကပ္လ်က္အခန္း ၆၅ ေပခန႔္သည္ ၿပိဳက်ပ်က္စီးသြားခဲ့ေၾကာင္းလည္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕က ဆိုထားသည္။

“ျဖစ္တာကေတာ့ ဒီေန႔မနက္ပိုင္းမွာ ျဖစ္သြားတာ။ ျမစ္ကူးတံတားရဲ႕ ဟိုဘက္ကမ္းနဲ႔ ဒီဘက္ကမ္းမွာ လုံၿခဳံေရးကင္းေတြရွိတယ္။ အဲဒီလုံၿခဳံေရးကင္းေတြကို ပစ္ခတ္တိုက္ခိုက္တာေတြ လုပ္ၿပီးေတာ့မွ ဒီျမစ္ကူးတံတားႀကီးကို မိုင္းေထာင္ခ်ိဳးသြားတာေပါ့”ဟု နတ္သံကြင္းၿမိဳ႕ခံတစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။

PDF ပူးေပါင္းအဖြဲ႕သည္ နတ္သံကြင္းျမစ္ကူးတံတားေပၚရွိ လုံၿခဳံေရးအဖြဲ႕အား လာေရာက္ပစ္ခတ္တိုက္ ခိုက္စဥ္ ႏွစ္ဖက္အၾကား၌ အျပန္အလွန္ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ကာ ထိခိုက္ေသဆုံးသူမ်ားလည္း ရွိခဲ့ေၾကာင္း ေဒသခံမ်ားက ဆိုထားသည္။

ကနဦးသတင္းအခ်က္အလက္မ်ားအရ လုံၿခဳံေရးအဖြဲ႕ဘက္မွ (၂)ဦးေသဆုံးခဲ့သည္ဟု ေဒသခံသတင္းအရင္းအျမစ္မ်ားက NP News ကို ေျပာဆိုထားေသာ္လည္း နစကဘက္မွ ထိခိုက္ဒဏ္ရာရရွိမႈအေျခ အေနမ်ားကို ထည့္သြင္းေျပာဆိုထားျခင္း မရွိေသးေပ။

ထို႔ျပင္ မိုင္းခြဲဖ်က္ဆီးျခင္းခံခဲ့ရသည့္ နတ္သံကြင္းစစ္ေတာင္းျမစ္ကူးတံတားသည္ နတ္သံကြင္းၿမိဳ႕ႏွင့္ ေက်ာက္ႀကီးၿမိဳ႕ကို ဆက္သြယ္ထားေသာ တံတားတစ္စင္းျဖစ္ၿပီး လက္ရွိတြင္ လမ္းပန္းဆက္သြယ္ေရးအပိုင္း၌ လုံးဝျပတ္ေတာက္သြားၿပီျဖစ္ေၾကာင္း သိရသည္။

“အခုကေတာ့ လမ္းပန္းက ျပတ္သြားၿပီေပါ့။ ကားေတြ၊ ဘာေတြ သြားလို႔မရေတာ့ဘူးေလ။ အဲဒီတံတားက ေဒသခံေတြအတြက္ အေရးႀကီးပါတယ္။ အခုေတာ့ အဆက္အသြယ္ျပတ္သြားၿပီေပါ့။ ေက်ာက္ႀကီးဘက္ကေတာ့ ပိုၿပီးေတာ့ ဒုကၡေရာက္ႏိုင္တယ္။ ဓါတ္ဆီေတြကေတာ့ မနက္ကတည္းက ထြက္ဝယ္ေနၾကေတာ့ ျပတ္သေလာက္ျဖစ္သြားၿပီ။ ေနာက္ကုန္ေဈးႏႈန္းေတြလည္း ႀကီးလာတယ္”ဟု ေက်ာက္ႀကီးၿမိဳ႕ခံတစ္ဦးက NP News ကို အသိေပးေျပာဆိုထားသည္။

ၿပီးခဲ့ေသာ ကာလမ်ားအတြင္းကလည္း နတ္သံကြင္းၿမိဳ႕ႏွင့္ ေက်ာက္ႀကီးၿမိဳ႕သို႔ ဆက္သြယ္ထားသည့္ လမ္းပိုင္းမ်ားတြင္လည္း အၾကမ္းဖက္သမားမ်ားက မိုင္းခြဲဖ်က္ဆီးသည့္ျဖစ္စဥ္ အမ်ားအျပားရွိခဲ့ဖူး
သည္။

Picture

saibo bobo

06/06/2023 18:09

PDFတေွကိုမရှင်နိင်သေးဘူးလားမရှင်နိင်လည်းပြန်သာပေးလိုက်ပါ

Picture

L Mone

08/06/2023 06:54

Saibo bobo ကိုပြောစရာရှိပါတယ် pdf ရော KNU ရော ပါနေတာမို့ အဓိက ကို သေချာစဥ်းစားစရာပါ..

Related news

© 2021. All rights reserved.