ဗန်းမော်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနကို မန္တလေး၌ စတင်ကျင်းပလျက်ရှိပြီး ပုပ်ရဟန်းမင်းကြီး အပါအဝင် နိုင်ငံတကာအဖွဲ့များက ဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့

 5720

NP News - ‌ဇွန် ၆

နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားကို မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်၌ ယနေ့(ဇွန်လ ၆ ရက်)၊ နေ့လည်(၂) နာရီအချိန်တွင် စတင်ကျင်းလျက်ရှိသည်။

အဆိုပါ အခမ်းအနားကို နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တာဝန်ရှိသူများက တက်ရောက်ကာ ဖူးမြော်ကြည်ညိုလျက်ရှိ‌ကြောင်း သိရသည်။

ထို့ပြင် အခမ်းအနားတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ် အပါအဝင် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာစသည့်နိုင်ငံများမှ ဘာသာရေးအဖွဲ့အစည်းများကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ကာ အခမ်းအနား၌ ဖတ်ကြားမှုများပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။

ဗန်းမော်ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ခြင်းသည် မြန်မာနိုင်ငံနှင့် ဗုဒ္ဓသာသနာတော်အတွက် ကြီးမား သော ဆုံးရှုံးမှုတစ်ခုပင်ဖြစ်ကြောင်း ပေးပို့သည့်ဝမ်းနည်းကြောင်း သဝဏ်လွှာများ၌ ဖော်ပြထားသည်။

လက်ရှိတွင် ဗန်းမော်ကျောင်းတိုက်၌ အန္တိမအဂ္ဂိဈာပန သာဓုကီဠန အခမ်းအနားကို ကျင်းပလျက်ရှိပြီး မကြာခင်အချိန်တွင် ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်မှ ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ ပင့်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် အဆိုပါလေဆိပ်ဟောင်း၌ ဆရာတော်ကြီး၏ ရုပ်ကလာပ်အား တေဇောဓာတ်မီးပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

မနက်ဖြန် (ဇွန် ၇ ရက်‌) နံနက်(၅)နာရီအချိန်ခန့်တွင် ဗန်းမော်ဆရာတော်ကြီး၏ ကြွင်းကျန်ရစ်ခဲ့သော အရိုးဓာတ်ပြာတော်များကို မန္တလေးမြို့ရှိ မရမ်းခြံဆိပ်ကမ်းမှတဆင့် ဧရာဝတီမြစ်အတွင်းသို့ ရေမျှောပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဒေါက် တာဘဒ္ဒန္တကုမာရာဘိဝံသ ကျေးဇူးတော်ရှင် နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီးသည် ပြီးခဲ့သည့် (မေလ ၂၅ ရက်)၊ ည ၁၁ နာရီ ၁၁ မိနစ်အချိန်တွင် ဘဝနတ်နန်းစံမြန်းတော်မူခဲ့ခြင်းဖြစ်သည်။

အရှင်ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသသည် မန္တလေးမြို့ရှိ ဗန်းမော်ကျောင်းတိုက်တွင် ပျံလွန်မူခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ပျံလွန်တော်မူချိန်၌ သက်တော်သည် (၉၄)နှစ်ရှိပြီဖြစ်ကာ ဝါတော်သည် (၇၄)ဝါရှိပြီဖြစ်သည်။

ဗန်းမော်ဆရာတော်ကြီးသည် သက်တော်ရှည် ဆရာတော်ကြီးဖြစ်သည့်အပြင် (၂ဝ၁ဝ) ပြည့်နှစ်မှစ၍ ပျံလွန်တော်မူသည့်တိုင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ဥက္ကဋ္ဌအဖြစ် (၁၃)နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ တာဝန်ထမ်းဆောင်ခဲ့ချိန်၌ ဆရာတော်ကြီးသည် သာသနာ့အကျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ပြီး ယခုကဲ့သို့ ပျံလွန်တော်မူခဲ့ခြင်းသည် သာသနာတော်နှင့် နိုင်ငံတော်အတွက် ကြီးမားသည့် ဆုံးရှုံးမှုကြီးလည်း ဖြစ်သည်။

ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်ကုမာရာဘိဝံသအလောင်းလျာကို မြန်မာသက္ကရာဇ် ၁၂၉၁ ခုနှစ်၊ တော်သလင်းလဆန်း(၁၄)ရက်တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရဘဲကျေးရွာ၌ ခမည်းတော်ဦးဘိုးသစ်၊ မယ်တော်ဒေါ် အေးသိုက်တို့က ဖွားမြင်တော်မူခဲ့ကြောင်း သိရသည်။

ထို့နောက် ဗန်းမော်ဆရာတော်အလောင်းလျာသည် ၁၃ဝ၄ ခုနှစ် ဝါဆိုလဆန်း(၈)ရက်တွင် တောင်သာမြို့နယ်၊ ဆင်မင်းကျေးရွာ၊ ဆင်မင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စကို ဥပဇ္ဈာယ်ပြုကာ မိဘနှစ်ပါးတို့၏ ပစ္စယာနဂ္ဂဟကိုခံယူပြီး ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ၁၃၁ဝ ပြည့်နှစ်၊ တပို့တွဲလဆန်း(၁ဝ)ရက်တွင် မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။

ထို့နောက် ဆရာတော်ဘုရားကြီးသည် ပရိယတ္တိစာပေများကို သင်ယူဆည်းပူးခဲ့ပြီး ပရိယတ္တိသာသနဟိတဓမ္မာစရိယဘွဲ့၊ သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့၊ ဂုဏ်ထူးဆောင် ဓမ္မပါရဂူ (D.Litt) ဘွဲ့၊ Doctor of Letters (D.Litt) ဘွဲ့၊ ကိုးရီးယားနိုင်ငံ Sehan University မှ ဆက်ကပ်သော ဘာသာရေးအတွေ းအခေါ်ဘာသာရပ်ဂုဏ်ထူးဆောင် (Ph.D) ပါရဂူဘွဲ့တို့ကို ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့စသော သံဃာ့အဖွဲ့အစည်း ဖွဲ့စည်းနိုင်ရန် မူလသံဃာ့ဝန်ဆောင်(၆၆) ပါးအဖွဲ့၌ ပါဝင်ကာ မန္တလေးတိုင်းအတွင်း လှည့်လည်ဟောပြောမှုပြု၍ သာသ နာပြုတာဝန်များကို ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဒေါက်တာအရှင်ကုမာရာဘိဝံသည် ၂ဝ၁ဝ ပြည့်နှစ်၊ ဇူလိုင်လမှ လက်ရှိအချိန်အထိ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိအဖြစ် လည်း သာသနာ့တာဝန်များကို ထပ်မံဆောင်ရွက်တော်မူခဲ့သည်။

ထိုကဲ့သို့ ဗုဒ္ဓသာသနာတော်အကျိုးကို ဆောင်ရွက်တော်မူခဲ့ခြင်းကြောင့် နိုင်ငံတော်အစိုးရက အဘိဓဇအဂ္ဂမဟာသဒ္ဓ မ္မဇောတိကဘွဲ့ တံဆိပ်တော်၊ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

zawgyi version
ဗန္းေမာ္ဆရာေတာ္ႀကီး၏ အႏၲိမအဂၢိဈာပနကို မႏၲေလး၌ စတင္က်င္းပလ်က္ရွိၿပီး ပုပ္ရဟန္းမင္းႀကီး အပါအဝင္ ႏိုင္ငံတကာအဖြဲ႕မ်ားက ဝမ္းနည္းေၾကာင္း သဝဏ္လႊာမ်ားေပးပို႔

NP News - ‌ဇြန္ ၆

ႏိုင္ငံေတာ္သံဃမဟာနာယကဥကၠ႒ ဗန္းေမာ္ဆရာေတာ္ႀကီး၏ အႏၲိမအဂၢိဈာပန အခမ္းအနားကို မႏၲေလးတိုင္း၊ မဟာေအာင္ေျမၿမိဳ႕နယ္ ဗန္းေမာ္ေက်ာင္းတိုက္၌ ယေန႔(ဇြန္လ ၆ ရက္)၊ ေန႔လည္(၂) နာရီအခ်ိန္တြင္ စတင္က်င္းလ်က္ရွိသည္။

အဆိုပါ အခမ္းအနားကို နစကဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ တာဝန္ရွိသူမ်ားက တက္ေရာက္ကာ ဖူးေျမာ္ၾကည္ညိဳလ်က္ရွိ‌ေၾကာင္း သိရသည္။

ထို႔ျပင္ အခမ္းအနားတြင္ ပုပ္ရဟန္းမင္းႀကီးဖရန္စစ္ အပါအဝင္ တ႐ုတ္၊ ထိုင္း၊ အိႏၵိယ၊ သီရိလကၤာစသည့္ႏိုင္ငံမ်ားမွ ဘာသာေရးအဖြဲ႕အစည္းမ်ားကလည္း ဝမ္းနည္းေၾကာင္း သဝဏ္လႊာေပးပို႔ကာ အခမ္းအနား၌ ဖတ္ၾကားမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း ေတြ႕ရသည္။

ဗန္းေမာ္ဆရာေတာ္ႀကီး ပ်ံလြန္ေတာ္မူခဲ့ျခင္းသည္ ျမန္မာႏိုင္ငံႏွင့္ ဗုဒၶသာသနာေတာ္အတြက္ ႀကီးမား ေသာ ဆုံးရႈံးမႈတစ္ခုပင္ျဖစ္ေၾကာင္း ေပးပို႔သည့္ဝမ္းနည္းေၾကာင္း သဝဏ္လႊာမ်ား၌ ေဖာ္ျပထားသည္။

လက္ရွိတြင္ ဗန္းေမာ္ေက်ာင္းတိုက္၌ အႏၲိမအဂၢိဈာပန သာဓုကီဠန အခမ္းအနားကို က်င္းပလ်က္ရွိၿပီး မၾကာခင္အခ်ိန္တြင္ ဗန္းေမာ္ေက်ာင္းတိုက္ရွိ ယာယီစံေက်ာင္းေတာ္မွ ခ်မ္းျမသာစည္ေလဆိပ္ေဟာင္းသို႔ ပင့္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေနာက္ အဆိုပါေလဆိပ္ေဟာင္း၌ ဆရာေတာ္ႀကီး၏ ႐ုပ္ကလာပ္အား ေတေဇာဓာတ္မီးပူေဇာ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

မနက္ျဖန္ (ဇြန္ ၇ ရက္‌) နံနက္(၅)နာရီအခ်ိန္ခန႔္တြင္ ဗန္းေမာ္ဆရာေတာ္ႀကီး၏ ႂကြင္းက်န္ရစ္ခဲ့ေသာ အ႐ိုးဓာတ္ျပာေတာ္မ်ားကို မႏၲေလးၿမိဳ႕ရွိ မရမ္းၿခံဆိပ္ကမ္းမွတဆင့္ ဧရာဝတီျမစ္အတြင္းသို႔ ေရေမွ်ာပူေဇာ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္သံဃနာယကအဖြဲ႕ဥကၠ႒ အဘိဓဇမဟာရ႒ဂု႐ု၊ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက၊ ေဒါက္ တာဘဒၵႏၲကုမာရာဘိဝံသ ေက်းဇူးေတာ္ရွင္ နဝမေျမာက္ ဗန္းေမာ္ဆရာေတာ္ဘုရားႀကီးသည္ ၿပီးခဲ့သည့္ (ေမလ ၂၅ ရက္)၊ ည ၁၁ နာရီ ၁၁ မိနစ္အခ်ိန္တြင္ ဘဝနတ္နန္းစံျမန္းေတာ္မူခဲ့ျခင္းျဖစ္သည္။

အရွင္ေဒါက္တာဘဒၵႏၲကုမာရာဘိဝံသသည္ မႏၲေလးၿမိဳ႕ရွိ ဗန္းေမာ္ေက်ာင္းတိုက္တြင္ ပ်ံလြန္မူခဲ့ျခင္းျဖစ္ေၾကာင္းသိရၿပီး ပ်ံလြန္ေတာ္မူခ်ိန္၌ သက္ေတာ္သည္ (၉၄)ႏွစ္ရွိၿပီျဖစ္ကာ ဝါေတာ္သည္ (၇၄)ဝါရွိၿပီျဖစ္သည္။

ဗန္းေမာ္ဆရာေတာ္ႀကီးသည္ သက္ေတာ္ရွည္ ဆရာေတာ္ႀကီးျဖစ္သည့္အျပင္ (၂ဝ၁ဝ) ျပည့္ႏွစ္မွစ၍ ပ်ံလြန္ေတာ္မူသည့္တိုင္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ဥကၠ႒ႏွင့္ ႏိုင္ငံေတာ္ဗဟိုသံဃာ့ဝန္ေဆာင္ အဖြဲ႕ဥကၠ႒အျဖစ္ (၁၃)ႏွစ္နီးပါး တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ တာဝန္ထမ္းေဆာင္ခဲ့ခ်ိန္၌ ဆရာေတာ္ႀကီးသည္ သာသနာ့အက်ိဳးကို စြမ္းစြမ္းတမံ ထမ္းေဆာင္ခဲ့ၿပီး ယခုကဲ့သို႔ ပ်ံလြန္ေတာ္မူခဲ့ျခင္းသည္ သာသနာေတာ္ႏွင့္ ႏိုင္ငံေတာ္အတြက္ ႀကီးမားသည့္ ဆုံးရႈံးမႈႀကီးလည္း ျဖစ္သည္။

ဗန္းေမာ္ဆရာေတာ္ဘုရားႀကီး ေဒါက္တာအရွင္ကုမာရာဘိဝံသအေလာင္းလ်ာကို ျမန္မာသကၠရာဇ္ ၁၂၉၁ ခုႏွစ္၊ ေတာ္သလင္းလဆန္း(၁၄)ရက္တြင္ မႏၲေလးတိုင္း၊ ေတာင္သာၿမိဳ႕နယ္၊ ရဘဲေက်း႐ြာ၌ ခမည္းေတာ္ဦးဘိုးသစ္၊ မယ္ေတာ္ေဒၚ ေအးသိုက္တို႔က ဖြားျမင္ေတာ္မူခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ဗန္းေမာ္ဆရာေတာ္အေလာင္းလ်ာသည္ ၁၃ဝ၄ ခုႏွစ္ ဝါဆိုလဆန္း(၈)ရက္တြင္ ေတာင္သာၿမိဳ႕နယ္၊ ဆင္မင္းေက်း႐ြာ၊ ဆင္မင္းေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၲပ႑ိစၥကို ဥပဇၩာယ္ျပဳကာ မိဘႏွစ္ပါးတို႔၏ ပစၥယာနဂၢဟကိုခံယူၿပီး ရွင္သာမေဏအျဖစ္သို႔ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။

ဆက္လက္ၿပီး ၁၃၁ဝ ျပည့္ႏွစ္၊ တပို႔တြဲလဆန္း(၁ဝ)ရက္တြင္ ျမင့္ျမတ္ေသာရဟန္းအျဖစ္သို႔ ေရာက္ရွိေတာ္မူခဲ့သည္။

ထို႔ေနာက္ ဆရာေတာ္ဘုရားႀကီးသည္ ပရိယတၱိစာေပမ်ားကို သင္ယူဆည္းပူးခဲ့ၿပီး ပရိယတၱိသာသနဟိတဓမၼာစရိယဘြဲ႕၊ သာသနဓဇသိရီပဝရဓမၼာစရိယဘြဲ႕၊ ဂုဏ္ထူးေဆာင္ ဓမၼပါရဂူ (D.Litt) ဘြဲ႕၊ Doctor of Letters (D.Litt) ဘြဲ႕၊ ကိုးရီးယားႏိုင္ငံ Sehan University မွ ဆက္ကပ္ေသာ ဘာသာေရးအေတြ းအေခၚဘာသာရပ္ဂုဏ္ထူးေဆာင္ (Ph.D) ပါရဂူဘြဲ႕တို႔ကို ရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ၎သည္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕စေသာ သံဃာ့အဖြဲ႕အစည္း ဖြဲ႕စည္းႏိုင္ရန္ မူလသံဃာ့ဝန္ေဆာင္(၆၆) ပါးအဖြဲ႕၌ ပါဝင္ကာ မႏၲေလးတိုင္းအတြင္း လွည့္လည္ေဟာေျပာမႈျပဳ၍ သာသ နာျပဳတာဝန္မ်ားကို ထမ္းေဆာင္ခဲ့ေၾကာင္း သိရသည္။

ဆက္လက္ၿပီး ေဒါက္တာအရွင္ကုမာရာဘိဝံသည္ ၂ဝ၁ဝ ျပည့္ႏွစ္၊ ဇူလိုင္လမွ လက္ရွိအခ်ိန္အထိ ႏိုင္ငံေတာ္သံဃမဟာ နာယကအဖြဲ႕ဥကၠ႒၊ ႏိုင္ငံေတာ္ဗဟိုသံဃာ့ဝန္ေဆာင္အဖြဲ႕ဥကၠ႒ႏွင့္ ႏိုင္ငံေတာ္ပရိယတၱိသာသနာ့တကၠသိုလ္မ်ား၏ အဓိပတိအျဖစ္ လည္း သာသနာ့တာဝန္မ်ားကို ထပ္မံေဆာင္႐ြက္ေတာ္မူခဲ့သည္။

ထိုကဲ့သို႔ ဗုဒၶသာသနာေတာ္အက်ိဳးကို ေဆာင္႐ြက္ေတာ္မူခဲ့ျခင္းေၾကာင့္ ႏိုင္ငံေတာ္အစိုးရက အဘိဓဇအဂၢမဟာသဒၶ မၼေဇာတိကဘြဲ႕ တံဆိပ္ေတာ္၊ အဘိဓဇမဟာရ႒ဂု႐ုဘြဲ႕တံဆိပ္ေတာ္တို႔ကို ဆက္ကပ္လႉဒါန္းခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.