အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် မအူပင်မြို့၌ အဆောက်အအုံများထိခိုက်ပျက်စီးမှုရှိခဲ့သည့်အပြင် (၂)ဦးထက်မနည်းသေဆုံးခဲ့

 1883

NP News - ဇွန် ၇

ကမ္ဘာအေးမြေငလျင်စခန်း အနောက်-အနောက်မြောက်ဘက် ၃၃ မိုင်ခန့်အကွာ၊ ညောင်တုန်းမြို့ တောင်-အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ ၊ အနက် ၁ဝ ကီလိုမီတာကို ဗဟိုပြုပြီး၊ အင်အားရစ်ချ်တာစကေး (၄ ဒသမ ၈) အဆင့်ရှိ ငလျင်သည် ယနေ့ (ဇွန်လ ၇ ရက်)၊ ညနေ ၄ နာရီ ၊ ၂၃ မိနစ်၊ ၅၁ စက္ကန့်အချိန်တွင် လှုပ်ခတ်ခဲ့ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုအား ညောင်တုန်းမြို့၊ မအူပင်မြို့ နှင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများအပြားတွင် သိသိသာသာ ခံစားခဲ့ရကြောင်းလည်း သိရသည်။

"ငလျင်ဒါဏ်က သိသိသာသာခံစားရတယ်။ ဆိုင်ထဲမှာရှိတဲ့ပစ္စည်းတွေလဲအကုန်ပြန့်ကျဲကုန်တာပဲ။ မြို့ထဲမှာတော့ အဆောက်အအုံတွေပြိုကျပျက်စီးတာတွေရှိပါတယ်"ဟု မအူပင်ဒေသခံတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် မအူပင်မြို့နယ်၊ ရွှေဘုန်းမြင့်စေတီမြတ်ကြီး ထီးတော်ယိုင်နဲ့မှုဖြစ်ပွားခဲ့ပြီး ရွှေဘုန်းမြင့်ဘုရားဘေးရှိ မိုးကုတ်ရိပ်သာတွင် ငလျင်ကြောင့် သီလရှင်တစ်ပါးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည့်အပြင် မအူပင် တက္ကသိုလ်ရှိ အဆောက်အဦးအချို့လည်း ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

လူသေဆုံးခဲ့သည့်မိုးကုတ်တရားရိပ်သာနေရာသည် ရွှေဘုန်းမြင့်ဘုရားအနီးတွင်တည်ရှိပြီး ငလျင်ဒါဏ်ကြောင့် အဆောက်အဦးနံရံပြိုကျကာ အပြင်ဘက်တွင်ထိုင်နေသည့် သီလရှင်နှင့် အမျိုးသမီးအပေါ် ကွန်ကရစ်အပိုင်းအစများပိမိ၍ သေးဆုံးသွားရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေရာကိုလက်ရှိအချိန်၌ ကယ်ဆယ်ရေးအသင်းများနှင့်သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။

ငလျင်ဒါဏ်၏သက်ရောက်မှုကို ရန်ကုန်တိုင်းအတွင်းရှိမြို့နယ် အတော်များများကခံစားရသော်လည်း ထိခိုက်ဆုံးရှုံးမှု ပမာဏကို လတ်တလော၌ အတိအကျထုတ်ပြန်ခြင်းမျိုးမရှိသေးပေ။

zawgyi version
အင္အားအသင့္အတင့္ရွိ ငလ်င္လႈပ္ခတ္မႈေၾကာင့္ မအူပင္ၿမိဳ႕၌ အေဆာက္အအုံမ်ားထိခိုက္ပ်က္စီးမႈရွိခဲ့ သည့္အျပင္ (၂)ဦးထက္မနည္းေသဆုံးခဲ့
NP News - ဇြန္ ၇

ကမာၻေအးေျမငလ်င္စခန္း အေနာက္-အေနာက္ေျမာက္ဘက္ ၃၃ မိုင္ခန႔္အကြာ၊ ေညာင္တုန္းၿမိဳ႕ ေတာင္-အေရွ႕ေတာင္ဘက္ ၅ မိုင္ခန႔္အကြာ ၊ အနက္ ၁ဝ ကီလိုမီတာကို ဗဟိုျပဳၿပီး၊ အင္အားရစ္ခ်္တာစေကး (၄ ဒသမ ၈) အဆင့္ရွိ ငလ်င္သည္ ယေန႔ (ဇြန္လ ၇ ရက္)၊ ညေန ၄ နာရီ ၊ ၂၃ မိနစ္၊ ၅၁ စကၠန႔္အခ်ိန္တြင္ လႈပ္ခတ္ခဲ့ေၾကာင္း မိုးဇလက ထုတ္ျပန္ထားသည္။

အဆိုပါ ငလ်င္လႈပ္ခတ္မႈအား ေညာင္တုန္းၿမိဳ႕၊ မအူပင္ၿမိဳ႕ ႏွင့္ ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္အမ်ားအျပားတြင္ သိသိသာသာ ခံစားခဲ့ရေၾကာင္းလည္း သိရသည္။

"ငလ်င္ဒါဏ္က သိသိသာသာခံစားရတယ္။ ဆိုင္ထဲမွာရွိတဲ့ပစၥည္းေတြလဲအကုန္ျပန႔္က်ဲကုန္တာပဲ။ ၿမိဳ႕ထဲမွာေတာ့ အေဆာက္အအုံေတြၿပိဳက်ပ်က္စီးတာေတြရွိပါတယ္"ဟု မအူပင္ေဒသခံတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ငလ်င္လႈပ္ခတ္မႈေၾကာင့္ မအူပင္ၿမိဳ႕နယ္၊ ေ႐ႊဘုန္းျမင့္ေစတီျမတ္ႀကီး ထီးေတာ္ယိုင္နဲ႔မႈျဖစ္ပြားခဲ့ၿပီး ေ႐ႊဘုန္းျမင့္ဘုရားေဘးရွိ မိုးကုတ္ရိပ္သာတြင္ ငလ်င္ေၾကာင့္ သီလရွင္တစ္ပါးႏွင့္ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့သည့္အျပင္ မအူပင္ တကၠသိုလ္ရွိ အေဆာက္အဦးအခ်ိဳ႕လည္း ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း ေဒသခံမ်ားထံမွ စုံစမ္းသိရွိရသည္။

လူေသဆုံးခဲ့သည့္မိုးကုတ္တရားရိပ္သာေနရာသည္ ေ႐ႊဘုန္းျမင့္ဘုရားအနီးတြင္တည္ရွိၿပီး ငလ်င္ဒါဏ္ေၾကာင့္ အေဆာက္အဦးနံရံၿပိဳက်ကာ အျပင္ဘက္တြင္ထိုင္ေနသည့္ သီလရွင္ႏွင့္ အမ်ိဳးသမီးအေပၚ ကြန္ကရစ္အပိုင္းအစမ်ားပိမိ၍ ေသးဆုံးသြားရျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနရာကိုလက္ရွိအခ်ိန္၌ ကယ္ဆယ္ေရးအသင္းမ်ားႏွင့္သက္ဆိုင္ရာတာဝန္ရွိသူမ်ားက လာေရာက္စစ္ေဆးေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ငလ်င္ဒါဏ္၏သက္ေရာက္မႈကို ရန္ကုန္တိုင္းအတြင္းရွိၿမိဳ႕နယ္ အေတာ္မ်ားမ်ားကခံစားရေသာ္လည္း ထိခိုက္ဆုံးရႈံးမႈ ပမာဏကို လတ္တေလာ၌ အတိအက်ထုတ္ျပန္ျခင္းမ်ိဳးမရွိေသးေပ။

Related news

© 2021. All rights reserved.