၂ဝ၂၃ ခုနှစ်မှာ နျူကလီးယားနဲ့ပတ်သက်ပြီး ဘေးဒုက္ခများ ဖြစ်လာဖွယ်ရှိနေကြောင်း ကမ္ဘာကျော် မျက်မမြင်အကြားမြင်ပညာရှင် ကြိုတင်ဟောကိန်းထုတ်ထား

7184

ဂျန်ဇက် (NP News) - ဇွန် ၈
လာမယ့် ၂ဝ၂၃ ခုနှစ်အကုန်မှာ နျူကလီးယားနဲ့ပတ်သက်ပြီး ဘေးဒုက္ခဆိုးများ တွေ့ကြုံရဖွယ်ရှိနေတယ်လို့ ကမ္ဘာကျော်မျက်မမြင်အကြားမြင်ပညာရှင် ဘာဘာဗန်ဂါ က ခန့်မှန်းပြောဆိုထားကြောင်း သိရပါတယ်။
ဘာဘာဗန်ဂါဟာ ၁၉၉၆ ခုနှစ်မှာ သေဆုံးသွားပြီဖြစ်ပေမယ့် သူရဲ့ကြိုတင်ခန့်မှန်းပြောဆိုချက်တွေဟာ မှန်ကန်မှု များ ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။ ဘာဘာဗန်ဂါဟာ ၉/၁၁ တိုက်ခိုက်ခံရမယ့်အကြောင်း၊ အစ္စလာမ်စ်အစွန်း ရောက်အဖွဲ့ ISIS ထွက်ပေါ်လာမယ့်အကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမယ့်အကြောင်းတွေကို ကြိုတင်ခန့်မှန်းခဲ့ရာ ခန့်မှန်းမှုအားလုံး မှန်ကန်လျက်ရှိနေကြောင်း သိရပါတယ်။ ဘာဘာဗန်ဂါက ၂ဝ၂၃ ခုနှစ် အကုန်မှာ အာရှတိုက်အတွင်း အဆိပ်သင့်တဲ့တိမ်တိုက်မှုများဖြစ်လာဖွယ်ရှိနေတဲ့ နျူကလီးယားဘေးအန္တရာယ် ဖြစ်လာဖွယ်ရှိနေတယ်လို့ ကြိုတင်ခန့်မှန်းထားကြောင်း ဘာဘာဗန်ဂါရဲ့နောက်လိုက်တွေ က ပြောပါတယ်။
ဒါ့အပြင် ဘာဘာဗန်ဂါက ၂ဝ၂၃ ခုနှစ်အတွင်းမှာ ရာသီဥတု ပြောင်းလဲမှုများနဲ့အတူ အင်အားပြင်း ဆိုလာမုန်တိုင်း တိုက်ခတ်ဖွယ်ရှိတယ်လို့ ကြိုတင်ခန့်မှန်းထားကြောင်း သိရပါတယ်။ ဘာဘာဗန်ဂါက သဘာဝအတိုင်း ကိုယ်ဝန် ဆောင်ခြင်းကို ပိတ်ပင်ဖွယ်ရှိနေပြီး ၂ဝ၂၃ ခုနှစ်အတွင်းမှာ ကလေးငယ်တွေကို ဓါတ်ခွဲခန်းများအတွင်း ပိုမိုမွေးဖွား လာရဖွယ်ရှိနေတယ်လို့ ကြိုတင်ဟောကိန်းထုတ်ခဲ့ပါတယ်။ ဘာဘာဗန်ဂါဟာ အသက် ၁၂ နှစ်အရွယ်မှာ ရိုမေးနီးယားနိုင်ငံအတွင်း တိုက်ခတ်ခဲ့တဲ့သဲမုန်တိုင်းကြောင့် မျက်လုံးကွယ်ခဲ့ရကြောင်း သိရပါတယ်။
ဘာဘာဗန်ဂါ ခန့်မှန်းချက်များထဲ ကအချို့ကိစ္စများဟာ မှန်ကန်မှုမရှိခဲ့ကြောင်း ဝေဖန်သူအချို့က တုံ့ပြန်ပြောဆို ထားပါတယ်။ ဘာဘာဗန်ဂါက ၂ဝ၁ဝ ပြည့်နှစ်ကနေ ၂ဝ၁၄ ခုနှစ်အတွင်း နျူကလီးယားစစ်ပွဲဖြစ်ပွားမယ့် အကြောင်း နဲ့ ၂ဝ၁၆ ခုနှစ်မှာ ဥရောပတိုက် အဆုံးသတ်မယ်ဆိုတဲ့အကြောင်းတွေ ကြိုတင်ဟောကိန်းထုတ်ခဲ့ ပေမယ့် အမှန်တကယ်ဖြစ်လာခြင်းမျိုးမရှိခဲ့ကြောင်း တုံ့ပြန်ဝေဖန်မှုများလည်း ရှိနေပါတယ်။ ဒါပေမယ့် ဘာဘာဗန်ဂါဟာ ဗြိတိန်မင်းသမီး ဒိုင်ယာနာသေဆုံးမယ့်အကြောင်း၊ အိုဘားမား အမေရိကန်သမ္မတ ဖြစ်လာမယ့် အကြောင်းတွေကို ကြိုတင်ဟောကိန်းထုတ်ခဲ့ရာ မှန်ကန်မှုများရှိခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
၂ဝ၂၃ ခုႏွစ္မွာ န်ဴကလီးယားနဲ႔ပတ္သက္ၿပီး ေဘးဒုကၡမ်ား ျဖစ္လာဖြယ္ရွိေနေၾကာင္း ကမာၻေက်ာ္ မ်က္မျမင္ အၾကားျမင္ပညာရွင္ ႀကိဳတင္ေဟာကိန္းထုတ္ထား
ဂ်န္ဇက္ (NP News) - ဇြန္ ၈
လာမယ့္ ၂ဝ၂၃ ခုႏွစ္အကုန္မွာ န်ဴကလီးယားနဲ႔ပတ္သက္ၿပီး ေဘးဒုကၡဆိုးမ်ား ေတြ႕ႀကဳံရဖြယ္ရွိေနတယ္လို႔ ကမာၻေက်ာ္မ်က္မျမင္အၾကားျမင္ပညာရွင္ ဘာဘာဗန္ဂါ က ခန႔္မွန္းေျပာဆိုထားေၾကာင္း သိရပါတယ္။
ဘာဘာဗန္ဂါဟာ ၁၉၉၆ ခုႏွစ္မွာ ေသဆုံးသြားၿပီျဖစ္ေပမယ့္ သူရဲ႕ႀကိဳတင္ခန႔္မွန္းေျပာဆိုခ်က္ေတြဟာ မွန္ကန္မႈ မ်ား ရွိေနဆဲျဖစ္ေၾကာင္း သိရပါတယ္။ ဘာဘာဗန္ဂါဟာ ၉/၁၁ တိုက္ခိုက္ခံရမယ့္အေၾကာင္း၊ အစၥလာမ္စ္အစြန္း ေရာက္အဖြဲ႕ ISIS ထြက္ေပၚလာမယ့္အေၾကာင္း၊ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါျဖစ္ပြားမယ့္အေၾကာင္းေတြကို ႀကိဳတင္ခန႔္မွန္းခဲ့ရာ ခန႔္မွန္းမႈအားလုံး မွန္ကန္လ်က္ရွိေနေၾကာင္း သိရပါတယ္။ ဘာဘာဗန္ဂါက ၂ဝ၂၃ ခုႏွစ္ အကုန္မွာ အာရွတိုက္အတြင္း အဆိပ္သင့္တဲ့တိမ္တိုက္မႈမ်ားျဖစ္လာဖြယ္ရွိေနတဲ့ န်ဴကလီးယားေဘးအႏၲရာယ္ ျဖစ္လာဖြယ္ရွိေနတယ္လို႔ ႀကိဳတင္ခန႔္မွန္းထားေၾကာင္း ဘာဘာဗန္ဂါရဲ႕ေနာက္လိုက္ေတြ က ေျပာပါတယ္။
ဒါ့အျပင္ ဘာဘာဗန္ဂါက ၂ဝ၂၃ ခုႏွစ္အတြင္းမွာ ရာသီဥတု ေျပာင္းလဲမႈမ်ားနဲ႔အတူ အင္အားျပင္း ဆိုလာမုန္တိုင္း တိုက္ခတ္ဖြယ္ရွိတယ္လို႔ ႀကိဳတင္ခန႔္မွန္းထားေၾကာင္း သိရပါတယ္။ ဘာဘာဗန္ဂါက သဘာဝအတိုင္း ကိုယ္ဝန္ ေဆာင္ျခင္းကို ပိတ္ပင္ဖြယ္ရွိေနၿပီး ၂ဝ၂၃ ခုႏွစ္အတြင္းမွာ ကေလးငယ္ေတြကို ဓါတ္ခြဲခန္းမ်ားအတြင္း ပိုမိုေမြးဖြား လာရဖြယ္ရွိေနတယ္လို႔ ႀကိဳတင္ေဟာကိန္းထုတ္ခဲ့ပါတယ္။ ဘာဘာဗန္ဂါဟာ အသက္ ၁၂ ႏွစ္အ႐ြယ္မွာ ႐ိုေမးနီးယားႏိုင္ငံအတြင္း တိုက္ခတ္ခဲ့တဲ့သဲမုန္တိုင္းေၾကာင့္ မ်က္လုံးကြယ္ခဲ့ရေၾကာင္း သိရပါတယ္။
ဘာဘာဗန္ဂါ ခန႔္မွန္းခ်က္မ်ားထဲ ကအခ်ိဳ႕ကိစၥမ်ားဟာ မွန္ကန္မႈမရွိခဲ့ေၾကာင္း ေဝဖန္သူအခ်ိဳ႕က တုံ႔ျပန္ေျပာဆို ထားပါတယ္။ ဘာဘာဗန္ဂါက ၂ဝ၁ဝ ျပည့္ႏွစ္ကေန ၂ဝ၁၄ ခုႏွစ္အတြင္း န်ဴကလီးယားစစ္ပြဲျဖစ္ပြားမယ့္ အေၾကာင္း နဲ႔ ၂ဝ၁၆ ခုႏွစ္မွာ ဥေရာပတိုက္ အဆုံးသတ္မယ္ဆိုတဲ့အေၾကာင္းေတြ ႀကိဳတင္ေဟာကိန္းထုတ္ခဲ့ ေပမယ့္ အမွန္တကယ္ျဖစ္လာျခင္းမ်ိဳးမရွိခဲ့ေၾကာင္း တုံ႔ျပန္ေဝဖန္မႈမ်ားလည္း ရွိေနပါတယ္။ ဒါေပမယ့္ ဘာဘာဗန္ဂါဟာ ၿဗိတိန္မင္းသမီး ဒိုင္ယာနာေသဆုံးမယ့္အေၾကာင္း၊ အိုဘားမား အေမရိကန္သမၼတ ျဖစ္လာမယ့္ အေၾကာင္းေတြကို ႀကိဳတင္ေဟာကိန္းထုတ္ခဲ့ရာ မွန္ကန္မႈမ်ားရွိခဲ့ေၾကာင္း သိရပါတယ္။