မြန်မာ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး ပူးတွဲစစ်ရေးလေကျင့်သွားမည်ဟု အင်ဒိုနီးရှားရေတပ်အကြီးအကဲပြော

1720

ဂျန်ဇက် (NP News) - ဇွန် ၈
အင်ဒိုနီးရှားနိုင်ငံ Riau ကျွန်းစုများ၏ North Natuna ပင်လယ်ပြင်တွင် ကျင်းပမည့် အာဆီယံနိုင်ငံများ၏ စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်ကို မြန်မာစစ်တပ် အပါအဝင် အာဆီယံနိုင်ငံများ၏ စစ်တပ်များ ပူးပေါင်းလေ့ကျင့်သွားဖွယ်ရှိနေကြောင်း အင်ဒိုနီးရှားရေတပ်ဦးစီးချုပ် Admiral Yudo Margono က ထုတ်ဖော်ပြောဆိုလိုက်သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် အာဆီယံအဖွဲ့ဝင်ငံအားလုံး၏ ပထမဆုံးအကြိမ် ပူးပေါင်းပြုလုပ်သော စစ်ရေး လေ့ကျင့်ခန်းဖြစ်လာဖွယ်ရှိနေကြောင်း ၎င်းက ပြောသည်။
၎င်းက "ကျွန်တော်တို့ဟာ ASEAN Solidity Exercise (ENatuna) (or) Asec01N အမည်ရှိ အာဆီယံနိုင်ငံများ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေကို North Natuna ပင်လယ်ပြင်မှာ လေ့ကျင့်သွားမှာပါ" ဟု ပြောသည်။ အရှေ့တီမော အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ စစ်တပ်အကြီးအကဲ ၁၁ ဦးစလုံးသည် လာမည့် စက်တင်ဘာလတွင် အာဆီယံ၏ ပထမဆုံးအကြိမ် ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ရန် သဘောတူညီ ခဲ့ကြောင်း Admiral Yudo Margono က ပြောသည်။
အဆိုပါ စစ်ရေးလေ့ကျင့်ခန်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကြည်း၊ ရေ၊ လေတပ်ဖွဲ့များ ပူးပေါင်းပါဝင်မည် ဖြစ်ပြီး တိုက်ခိုက်ရေး၊ စစ်ရေးရည်ရွယ်ချက်ဖြင့် ပြုလုပ်သော လေ့ကျင့်ခန်းများပါဝင်မည် မဟုတ်ကြောင်း အင်ဒိုနီးရှားရေတပ်ဗိုလ်ချုပ်ကြီး က ပြောသည်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ကျင်းပသော အကြိမ် ၂ဝ မြောက် အာဆီယံကာကွယ်ရေးဦးစီးချုပ်များ အစည်း အဝေးကို မြန်မာနိုင်ငံမှ လွှဲပြီး အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ ကာကွယ်ရေးဦးစီးချုပ်များ တက်ရောက်ခဲ့ကြောင်း၊ မြန်မာစစ်တပ်ကိုယ်စားပြုအဖြစ် ဗိုလ်ချုပ်ဖြိူးဇော်စိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှား ရေတပ် ဦးစီးချုပ် Admiral Yudo Margono က" ကျွန်တော်တို့ဟာ မြန်မာ စစ်တပ်အကြီးအကဲကို အစည်းအဝေးတက်ရောက်ဖို့ အတင်းအကြပ်လုပ်လို့မရဘူး။ ကျွန်တော်တို့ဟာ မြန်မာစစ်တပ်အကြီးအကဲကို ဖိတ်ကြားခဲ့ပေမယ့် အခြားကိုယ်စားလှယ်တစ်ဦးကိုသာ တက်ရောက်ဖို့ စေလွှတ်ခဲ့တယ်" ဟု ပြောသည်။

Zawgyi Version;
ျမန္မာ အပါအဝင္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအားလုံး ပူးတြဲစစ္ေရးေလက်င့္သြားမည္ဟု အင္ဒိုနီးရွားေရတပ္အႀကီးအကဲေျပာ
ဂ်န္ဇက္ (NP News) - ဇြန္ ၈
အင္ဒိုနီးရွားႏိုင္ငံ Riau ကြၽန္းစုမ်ား၏ North Natuna ပင္လယ္ျပင္တြင္ က်င္းပမည့္ အာဆီယံႏိုင္ငံမ်ား၏ စစ္ေရးေလ့က်င့္ခန္းအစီအစဥ္ကို ျမန္မာစစ္တပ္ အပါအဝင္ အာဆီယံႏိုင္ငံမ်ား၏ စစ္တပ္မ်ား ပူးေပါင္းေလ့က်င့္သြားဖြယ္ရွိေနေၾကာင္း အင္ဒိုနီးရွားေရတပ္ဦးစီးခ်ဳပ္ Admiral Yudo Margono က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
အဆိုပါ စစ္ေရးေလ့က်င့္မႈသည္ အာဆီယံအဖြဲ႕ဝင္ငံအားလုံး၏ ပထမဆုံးအႀကိမ္ ပူးေပါင္းျပဳလုပ္ေသာ စစ္ေရး ေလ့က်င့္ခန္းျဖစ္လာဖြယ္ရွိေနေၾကာင္း ၎က ေျပာသည္။
၎က "ကြၽန္ေတာ္တို႔ဟာ ASEAN Solidity Exercise (ENatuna) (or) Asec01N အမည္ရွိ အာဆီယံႏိုင္ငံမ်ား ပူးေပါင္းစစ္ေရးေလ့က်င့္မႈေတြကို North Natuna ပင္လယ္ျပင္မွာ ေလ့က်င့္သြားမွာပါ" ဟု ေျပာသည္။ အေရွ႕တီေမာ အပါအဝင္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအားလုံး၏ စစ္တပ္အႀကီးအကဲ ၁၁ ဦးစလုံးသည္ လာမည့္ စက္တင္ဘာလတြင္ အာဆီယံ၏ ပထမဆုံးအႀကိမ္ ပူးေပါင္းစစ္ေရးေလ့က်င့္ခန္းမ်ား လုပ္ေဆာင္ရန္ သေဘာတူညီ ခဲ့ေၾကာင္း Admiral Yudo Margono က ေျပာသည္။
အဆိုပါ စစ္ေရးေလ့က်င့္ခန္းတြင္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ ၾကည္း၊ ေရ၊ ေလတပ္ဖြဲ႕မ်ား ပူးေပါင္းပါဝင္မည္ ျဖစ္ၿပီး တိုက္ခိုက္ေရး၊ စစ္ေရးရည္႐ြယ္ခ်က္ျဖင့္ ျပဳလုပ္ေသာ ေလ့က်င့္ခန္းမ်ားပါဝင္မည္ မဟုတ္ေၾကာင္း အင္ဒိုနီးရွားေရတပ္ဗိုလ္ခ်ဳပ္ႀကီး က ေျပာသည္။
အင္ဒိုနီးရွားႏိုင္ငံ ဘာလီၿမိဳ႕တြင္ က်င္းပေသာ အႀကိမ္ ၂ဝ ေျမာက္ အာဆီယံကာကြယ္ေရးဦးစီးခ်ဳပ္မ်ား အစည္း အေဝးကို ျမန္မာႏိုင္ငံမွ လႊဲၿပီး အျခားအာဆီယံအဖြဲ႕ဝင္ႏိုင္ငံအားလုံး၏ ကာကြယ္ေရးဦးစီးခ်ဳပ္မ်ား တက္ေရာက္ခဲ့ေၾကာင္း၊ ျမန္မာစစ္တပ္ကိုယ္စားျပဳအျဖစ္ ဗိုလ္ခ်ဳပ္ၿဖိဴးေဇာ္စိုး ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
အင္ဒိုနီးရွား ေရတပ္ ဦးစီးခ်ဳပ္ Admiral Yudo Margono က" ကြၽန္ေတာ္တို႔ဟာ ျမန္မာ စစ္တပ္အႀကီးအကဲကို အစည္းအေဝးတက္ေရာက္ဖို႔ အတင္းအၾကပ္လုပ္လို႔မရဘူး။ ကြၽန္ေတာ္တို႔ဟာ ျမန္မာစစ္တပ္အႀကီးအကဲကို ဖိတ္ၾကားခဲ့ေပမယ့္ အျခားကိုယ္စားလွယ္တစ္ဦးကိုသာ တက္ေရာက္ဖို႔ ေစလႊတ္ခဲ့တယ္" ဟု ေျပာသည္။