ပြင်ဦးလွင်မြို့ပတ်လမ်းတွင် အမျိုးသမီးတစ်ဦး ကားပေါ်မှပြုတ်ကျပြီး သေဆုံးမှုဖြစ်ပွား

6747
Pearl (NP News) - ဇွန် ၈
ပြင်ဦးလွင်မြို့ပတ်လမ်းတွင် အမျိုးသမီးတစ်ဦး ကားပေါ်မှပြုတ်ကျပြီး သေဆုံးခဲ့ကြောင်း သန္တိသုခအခမဲ့ လူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၈ရက်)၊ နံနက် (၈)နာရီ (၃ဝ)မိနစ်အချိန်ခန့်တွင် ပြင်ဦးလွင်မြို့၊ မန္တလေး-လာရှိုးလမ်း၊ ပြင်ဦးလွင်မြို့ပတ်လမ်း၊ ထိပ်တန်း ထမင်းဆိုင်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နေ အသက် (၄ဝ)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် အခင်းဖြစ်နေရာတွင် ကားပေါ်မှ နောက်ပြန်ပြုတ်ကျခဲ့ကြောင်း သိရသည်။
"ဘယ်လို ပြုတ်ကျလဲတော့မသိဘူး၊၊ ကားကတော့ သူတို့အိမ်ကကားပဲ။ နောက်ပြန်ပြုတ်ကျတာ။ ခေါင်းပွင့်သွားတယ်။ နေရာမှာပဲ ဆုံးသွားတယ်" ဟု သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
ဖြစ်စဉ်ကြောင့် အဆိုပါအမျိုးသမီးတွင် ဦးခေါင်းပွင့်ထွက် ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းရုပ်အလောင်းအား ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
zawgyi version
ျပင္ဦးလြင္ၿမိဳ႕ပတ္လမ္းတြင္ အမ်ိဳးသမီးတစ္ဦး ကားေပၚမွျပဳတ္က်ၿပီး ေသဆုံးမႈျဖစ္ပြား
Pearl (NP News) - ဇြန္ ၈
ျပင္ဦးလြင္ၿမိဳ႕ပတ္လမ္းတြင္ အမ်ိဳးသမီးတစ္ဦး ကားေပၚမွျပဳတ္က်ၿပီး ေသဆုံးခဲ့ေၾကာင္း သႏၲိသုခအခမဲ့ လူမႈကူညီေရးအသင္းထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (ဇြန္လ ၈ရက္)၊ နံနက္ (၈)နာရီ (၃ဝ)မိနစ္အခ်ိန္ခန႔္တြင္ ျပင္ဦးလြင္ၿမိဳ႕၊ မႏၲေလး-လာရႈိးလမ္း၊ ျပင္ဦးလြင္ၿမိဳ႕ပတ္လမ္း၊ ထိပ္တန္း ထမင္းဆိုင္အနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျပင္ဦးလြင္ၿမိဳ႕ေန အသက္ (၄ဝ)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးသည္ အခင္းျဖစ္ေနရာတြင္ ကားေပၚမွ ေနာက္ျပန္ျပဳတ္က်ခဲ့ေၾကာင္း သိရသည္။
"ဘယ္လို ျပဳတ္က်လဲေတာ့မသိဘူး၊၊ ကားကေတာ့ သူတို႔အိမ္ကကားပဲ။ ေနာက္ျပန္ျပဳတ္က်တာ။ ေခါင္းပြင့္သြားတယ္။ ေနရာမွာပဲ ဆုံးသြားတယ္" ဟု သႏၲိသုခ အခမဲ့လူမႈကူညီေရးအသင္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။
ျဖစ္စဥ္ေၾကာင့္ အဆိုပါအမ်ိဳးသမီးတြင္ ဦးေခါင္းပြင့္ထြက္ ဒဏ္ရာရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎႐ုပ္အေလာင္းအား ျပင္ဦးလြင္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။