တောင်ဒဂုံတွင် ကား(၃)စီးဆင့်တိုက်မှုဖြစ်ပွားရာ ယာဉ်မောင်းအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

 1333

စော (NP News) - ဇွန် ၈

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်တွင် ကား(၃)စီးဆင့်တိုက်မှုဖြစ်ပွားရာ ယာဉ်မောင်းအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဇွန်လ ၈ ရက်)၊ မွန်းလွဲ(၁)နာရီဝန်းကျင်အချိန်တွင်တောင်ဒဂုံမြို့နယ်၊ အမှတ်(၆၅)၊ ဧရာဝဏ်လမ်းမကြီး၌ အထက်ပါကဲ့သိုဖြစ်ပွားခဲ့ကြောင်း ဒဂုံတောင်မြို့နယ်မီးသတ်စခန်းဦးစီးဌာနထံမှ သိရသည်။

ဒိုင်နာကားသည် မောင်းမကန်ကမ်းသာလမ်းဘက်မှ ပြည်ထောင်စုလမ်းဘက်သို့ ဧရာဝဏ်လမ်းအတိုင်းမောင်းနှင်လာကြောင်း သိရသည်။

“ဒိုင်နာကားက အရှိန်မထိန်းနိုင်ဘဲ TOYOTA ကားကိုဝင်တိုက်မိတော့ TOYOTA ကားက သူ့ရှေ့က တွဲကားကို ဝင်တိုက်မိတယ်။ နောက်ပြီး ဒိုင်နာကားကပဲ အဲဒီတွဲကားကို ထပ်ပြီးဝင်တိုက်ခဲ့တာပါ”ဟု ဒဂုံတောင်မြို့နယ်မီးသတ်စခန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ယာဉ်တိုက်မှုကြောင့် ဒိုင်နာကားမှ ယာဉ်မောင်းအမျိုးသားသည် စတီယာတိုင်နှင့် ထိုင်ခုံကြားညှပ်နေခဲ့ရာ မွန်းလွဲ(၁)နာရီခွဲဝန်းကျင်အချိန်တွင် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသားသည် အသက်(၃၆)နှစ်အရွယ်ရှိ ဦးသန်းစိန်ဖြစ်ပြီး ထိခိုက်ဒဏ်ရာမှာ မစိုးရိမ်ရကြောင်း သိရသည်။

zawgyi version
ေတာင္ဒဂုံတြင္ ကား(၃)စီးဆင့္တိုက္မႈျဖစ္ပြားရာ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိ
ေစာ (NP News) - ဇြန္ ၈

ရန္ကုန္တိုင္း၊ ေတာင္ဒဂုံၿမိဳ႕နယ္တြင္ ကား(၃)စီးဆင့္တိုက္မႈျဖစ္ပြားရာ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ဇြန္လ ၈ ရက္)၊ မြန္းလြဲ(၁)နာရီဝန္းက်င္အခ်ိန္တြင္ေတာင္ဒဂုံၿမိဳ႕နယ္၊ အမွတ္(၆၅)၊ ဧရာဝဏ္လမ္းမႀကီး၌ အထက္ပါကဲ့သိုျဖစ္ပြားခဲ့ေၾကာင္း ဒဂုံေတာင္ၿမိဳ႕နယ္မီးသတ္စခန္းဦးစီးဌာနထံမွ သိရသည္။

ဒိုင္နာကားသည္ ေမာင္းမကန္ကမ္းသာလမ္းဘက္မွ ျပည္ေထာင္စုလမ္းဘက္သို႔ ဧရာဝဏ္လမ္းအတိုင္းေမာင္းႏွင္လာေၾကာင္း သိရသည္။

“ဒိုင္နာကားက အရွိန္မထိန္းႏိုင္ဘဲ TOYOTA ကားကိုဝင္တိုက္မိေတာ့ TOYOTA ကားက သူ႔ေရွ႕က တြဲကားကို ဝင္တိုက္မိတယ္။ ေနာက္ၿပီး ဒိုင္နာကားကပဲ အဲဒီတြဲကားကို ထပ္ၿပီးဝင္တိုက္ခဲ့တာပါ”ဟု ဒဂုံေတာင္ၿမိဳ႕နယ္မီးသတ္စခန္းဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ယာဥ္တိုက္မႈေၾကာင့္ ဒိုင္နာကားမွ ယာဥ္ေမာင္းအမ်ိဳးသားသည္ စတီယာတိုင္ႏွင့္ ထိုင္ခုံၾကားညႇပ္ေနခဲ့ရာ မြန္းလြဲ(၁)နာရီခြဲဝန္းက်င္အခ်ိန္တြင္ ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါအမ်ိဳးသားသည္ အသက္(၃၆)ႏွစ္အ႐ြယ္ရွိ ဦးသန္းစိန္ျဖစ္ၿပီး ထိခိုက္ဒဏ္ရာမွာ မစိုးရိမ္ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.