မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၏ ကိုယ်စားလှယ်ရွေးချယ်ပွဲကို သုံးလအတွင်း ကျင်းပမည်

1473

ယွန်း (NP News) - ဇွန် ၈
လာမည့် သုံးလအတွင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၏ ဥက္ကဋ္ဌ အပါအဝင် အလုပ်အမှုဆောင်ကိုယ်စားလှယ်သစ်များကို ပြန်လည်ရွေးချယ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း၏ အထွေထွေအတွင်းရေးမှူးချုပ်က ဆိုသည်။
အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ဒေါ်မို့မို့အောင်က ယနေ့(ဇွန်လ ၈ ရက်)တွင် UMFCCI ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၏ အထူးအစည်းအဝေးတွင် အထက်ပါကဲ့သို့ ဆိုခဲ့ခြင်းဖြစ်သည်။
“ဒီ(၃)လအတွင်းမှာ တိုင်းနဲ့ပြည်နယ်တွေကို ရွေးချယ်ခွင့်ပေးပါမယ်။ တိုင်းနဲ့ပြည်နယ်တွေ ရွေးချယ်လို့ပြီးရင် ဗဟိုကနေပြီးတော့ ရွေးချယ်ပါမယ်။ ဘယ်သူတတ်မယ်ဆိုတာမသိပါဘူး။ အသင်းအဖွဲ့စည်းမျဥ်းထဲကအတိုင်းပဲ လျှို့ဝှက်မဲစနစ်နဲ့သွားမယ်။ အမှတ်အများဆုံးရတဲ့သူကနေပြီးတော့မှ EC/CEC အဖွဲ့ကို ရွေး ချယ်မယ်။ အဲဒီကနေပြီးတော့မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးချုပ်၊ အတွင်းရေးမှူးတွေကို ပြန်ပြီးတော့ အသင်းသားတွေက ရွေးချယ်မှာပါ”ဟု ဒေါ်မို့မို့အောင်ကဆိုသည်။
မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်းဗဟို၏ အသင်းဖွဲ့စည်းပုံအခြေခံစည်းမျဥ်း အပိုဒ်(၃၅)အရ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် အလုပ်အမှုဆောင်ကော်မတီတို့၏ သက်တမ်းသည်(၃)နှစ်ဖြစ်သည်ဟု ပြဋ္ဌာန်းထားပြီး အပိုဒ်(၃၆)တွင်လည်း အသင်းဥက္ကဋ္ဌ၏ သက်တမ်းသည် တစ်ဆက်တည်း(၂)ကြိမ် (စုစု ပေါင်း ၆ နှစ်)အထိသာလျှင် ရွေးကောက်တင်မြှောက်ပိုင်ခွင့်ရှိကြောင်းကိုလည်း ပြဋ္ဌာန်းသတ်မှတ်ထား ကြောင်း အစည်းအဝေးမှ သိရသည်။
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၏ ဥက္ကဋ္ဌ ဦးခင်မောင်သန်းအား ပြီးခဲ့သည့် ဧပြီလ(၂၆)ရက်တွင် CEC/EC ၏ ဆုံးဖြတ်ချက်အပိုဒ် (ဃ)အရ (၆)နှစ်သက်တမ်းကျော်လွန်နေခြင်းကြောင့် အသင်းမှထုတ် ပယ်ခဲ့ကြောင်း နိုင်ငံတော်ပိုင်သတင်းစာတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
၎င်းသည် ဥက္ကဋ္ဌ တာဝန်ကို (၂ဝ၁၂)ခုနှစ်မှ (၂ဝ၁၄)ခုနှစ်အထိ (၂)နှစ်တာတာဝန်ထမ်းဆောင်ခဲ့ပြီးနောက် (၂ဝ၁၄)ခုနှစ်မှ (၂ဝ၁၇)ခုနှစ်တွင်လည်း (၃)နှစ်တာထပ်မံ၍ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် (၂ဝ၁၇)ခုနှစ်မှ (၂ဝ၂ဝ)ခုနှစ်တွင်လည်း ဒုတိယသက်တမ်းကာလကို (၃)နှစ်ထပ်မံရယူခဲ့ပြီး (၂ဝ၂ဝ) ခုနှစ်မှ (၂ဝ၂၃)ခုနှစ်တွင်လည်း တတိယသက်တမ်းကာလ(၃)နှစ်ကို ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ခြင်းကြောင့် စုစုပေါင်း(၁၁)နှစ်တိုင်တိုင် ဥက္ကဋ္ဌ သက်တမ်းတာဝန်ကို ရယူခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ ဥက္ကဋ္ဌသက်တမ်းတာဝန်ကို(၁၁)နှစ်တိုင်တိုင် ရယူခဲ့သည့် ဦးခင်မောင်သန်းအား လူမှုရေးဖောက် ဖျက်ကျူးလွန်ခဲ့သဖြင့် သင်းဖွဲ့စည်းမျဥ်းအပိုဒ်-၈(ဃ)အရ အသင်းမှထုတ်ပယ်ပြီး ဥက္ကဋ္ဌတာဝန်မှ ရပ်ဆိုင်းလိုက်ကြောင်းကို မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် လာမည့်(၃)လတာကာလအတွင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၏ ဥက္ကဋ္ဌ အပါ အဝင် အလုပ်အမှုဆောင် ကိုယ်စားလှယ်သစ်များကို ပြန်လည်ရွေးချယ်သွားမည်ဖြစ်ကြောင်း အစည်း အဝေးတွင် အသင်း၏အထွေထွေအတွင်းရေးမှူးချုပ်က ပြောကြားထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်းအား ၂ဝ၁၂ ခုနှစ်၊ ဇွန်လ(၂၈)ရက်တွင် အသင်းလုပ်ငန်းလုပ် ကိုင်ခွင့်ရှိသည့် လိုင်စင်နှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ဖွဲ့စည်းမှတ်ပုံတင်ခဲ့ပြီး ယခုအချိန်၌ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် အသင်းဝင်အရေအတွက် (၇ဝဝဝ)ကျော်ခန့်ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းနှင့်ပတ်သက်သည့် စီမံခန့်ခွဲမှုများကို လက်ရှိဥက္ကဋ္ဌ နှင့် အမှုဆောင်ကော်မတီဝင်များအကြား အငြင်းပွားမှုများရှိနေပြီး တစ်ဖက်နှင့်တစ်ဖက် လုပ် ပိုင်ခွင့်အပေါ် အပြန်အလှန်ကန့်ကွက်မှုများရှိနေသည်။

zawgyi version
ျမန္မာႏိုင္ငံအိမ္ၿခံေျမဝန္ေဆာင္မႈအသင္း၏ ကိုယ္စားလွယ္ေ႐ြးခ်ယ္ပြဲကို သုံးလအတြင္း က်င္းပမည္
ယြန္း (NP News) - ဇြန္ ၈
လာမည့္ သုံးလအတြင္း ျမန္မာႏိုင္ငံအိမ္ၿခံေျမဝန္ေဆာင္မႈအသင္း၏ ဥကၠ႒ အပါအဝင္ အလုပ္အမႈေဆာင္ကိုယ္စားလွယ္သစ္မ်ားကို ျပန္လည္ေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံအိမ္ၿခံေျမ ဝန္ေဆာင္မႈအသင္း၏ အေထြေထြအတြင္းေရးမႉးခ်ဳပ္က ဆိုသည္။
အေထြေထြအတြင္းေရးမႉးခ်ဳပ္ျဖစ္သူ ေဒၚမို႔မို႔ေအာင္က ယေန႔(ဇြန္လ ၈ ရက္)တြင္ UMFCCI ၌ က်င္းပျပဳလုပ္ခဲ့သည့္ ျမန္မာႏိုင္ငံအိမ္ၿခံေျမဝန္ေဆာင္မႈအသင္း၏ အထူးအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ဆိုခဲ့ျခင္းျဖစ္သည္။
“ဒီ(၃)လအတြင္းမွာ တိုင္းနဲ႔ျပည္နယ္ေတြကို ေ႐ြးခ်ယ္ခြင့္ေပးပါမယ္။ တိုင္းနဲ႔ျပည္နယ္ေတြ ေ႐ြးခ်ယ္လို႔ၿပီးရင္ ဗဟိုကေနၿပီးေတာ့ ေ႐ြးခ်ယ္ပါမယ္။ ဘယ္သူတတ္မယ္ဆိုတာမသိပါဘူး။ အသင္းအဖြဲ႕စည္းမ်ဥ္းထဲကအတိုင္းပဲ လွ်ိဳ႕ဝွက္မဲစနစ္နဲ႔သြားမယ္။ အမွတ္အမ်ားဆုံးရတဲ့သူကေနၿပီးေတာ့မွ EC/CEC အဖြဲ႕ကို ေ႐ြး ခ်ယ္မယ္။ အဲဒီကေနၿပီးေတာ့မွ ဥကၠ႒၊ ဒုဥကၠ႒၊ အတြင္းေရးမႉးခ်ဳပ္၊ အတြင္းေရးမႉးေတြကို ျပန္ၿပီးေတာ့ အသင္းသားေတြက ေ႐ြးခ်ယ္မွာပါ”ဟု ေဒၚမို႔မို႔ေအာင္ကဆိုသည္။
ျမန္မာႏိုင္ငံအိမ္ၿခံေျမ ဝန္ေဆာင္မႈအသင္းဗဟို၏ အသင္းဖြဲ႕စည္းပုံအေျခခံစည္းမ်ဥ္း အပိုဒ္(၃၅)အရ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီႏွင့္ အလုပ္အမႈေဆာင္ေကာ္မတီတို႔၏ သက္တမ္းသည္(၃)ႏွစ္ျဖစ္သည္ဟု ျပ႒ာန္းထားၿပီး အပိုဒ္(၃၆)တြင္လည္း အသင္းဥကၠ႒၏ သက္တမ္းသည္ တစ္ဆက္တည္း(၂)ႀကိမ္ (စုစု ေပါင္း ၆ ႏွစ္)အထိသာလွ်င္ ေ႐ြးေကာက္တင္ေျမႇာက္ပိုင္ခြင့္ရွိေၾကာင္းကိုလည္း ျပ႒ာန္းသတ္မွတ္ထား ေၾကာင္း အစည္းအေဝးမွ သိရသည္။
ျမန္မာႏိုင္ငံအိမ္ၿခံေျမဝန္ေဆာင္မႈအသင္း၏ ဥကၠ႒ ဦးခင္ေမာင္သန္းအား ၿပီးခဲ့သည့္ ဧၿပီလ(၂၆)ရက္တြင္ CEC/EC ၏ ဆုံးျဖတ္ခ်က္အပိုဒ္ (ဃ)အရ (၆)ႏွစ္သက္တမ္းေက်ာ္လြန္ေနျခင္းေၾကာင့္ အသင္းမွထုတ္ ပယ္ခဲ့ေၾကာင္း ႏိုင္ငံေတာ္ပိုင္သတင္းစာတြင္ ထုတ္ျပန္ခဲ့ၿပီးျဖစ္သည္။
၎သည္ ဥကၠ႒ တာဝန္ကို (၂ဝ၁၂)ခုႏွစ္မွ (၂ဝ၁၄)ခုႏွစ္အထိ (၂)ႏွစ္တာတာဝန္ထမ္းေဆာင္ခဲ့ၿပီးေနာက္ (၂ဝ၁၄)ခုႏွစ္မွ (၂ဝ၁၇)ခုႏွစ္တြင္လည္း (၃)ႏွစ္တာထပ္မံ၍ တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ (၂ဝ၁၇)ခုႏွစ္မွ (၂ဝ၂ဝ)ခုႏွစ္တြင္လည္း ဒုတိယသက္တမ္းကာလကို (၃)ႏွစ္ထပ္မံရယူခဲ့ၿပီး (၂ဝ၂ဝ) ခုႏွစ္မွ (၂ဝ၂၃)ခုႏွစ္တြင္လည္း တတိယသက္တမ္းကာလ(၃)ႏွစ္ကို ဆက္လက္တာဝန္ထမ္းေဆာင္ခဲ့ျခင္းေၾကာင့္ စုစုေပါင္း(၁၁)ႏွစ္တိုင္တိုင္ ဥကၠ႒ သက္တမ္းတာဝန္ကို ရယူခဲ့ေၾကာင္း သိရသည္။
သို႔ျဖစ္၍ ဥကၠ႒သက္တမ္းတာဝန္ကို(၁၁)ႏွစ္တိုင္တိုင္ ရယူခဲ့သည့္ ဦးခင္ေမာင္သန္းအား လူမႈေရးေဖာက္ ဖ်က္က်ဴးလြန္ခဲ့သျဖင့္ သင္းဖြဲ႕စည္းမ်ဥ္းအပိုဒ္-၈(ဃ)အရ အသင္းမွထုတ္ပယ္ၿပီး ဥကၠ႒တာဝန္မွ ရပ္ဆိုင္းလိုက္ေၾကာင္းကို ျမန္မာႏိုင္ငံအိမ္ၿခံေျမဝန္ေဆာင္မႈအသင္းမွ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ ထုတ္ျပန္ခဲ့သည္။
ထို႔ေၾကာင့္ လာမည့္(၃)လတာကာလအတြင္း ျမန္မာႏိုင္ငံအိမ္ၿခံေျမဝန္ေဆာင္မႈအသင္း၏ ဥကၠ႒ အပါ အဝင္ အလုပ္အမႈေဆာင္ ကိုယ္စားလွယ္သစ္မ်ားကို ျပန္လည္ေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္း အစည္း အေဝးတြင္ အသင္း၏အေထြေထြအတြင္းေရးမႉးခ်ဳပ္က ေျပာၾကားထားျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံအိမ္ၿခံေျမ ဝန္ေဆာင္မႈအသင္းအား ၂ဝ၁၂ ခုႏွစ္၊ ဇြန္လ(၂၈)ရက္တြင္ အသင္းလုပ္ငန္းလုပ္ ကိုင္ခြင့္ရွိသည့္ လိုင္စင္ႏွင့္အတူ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနတြင္ ဖြဲ႕စည္းမွတ္ပုံတင္ခဲ့ၿပီး ယခုအခ်ိန္၌ ျမန္မာႏိုင္ငံ တစ္ဝွမ္းလုံးတြင္ အသင္းဝင္အေရအတြက္ (၇ဝဝဝ)ေက်ာ္ခန႔္ရွိေၾကာင္း သိရသည္။
လက္ရွိအခ်ိန္တြင္ ျမန္မာႏိုင္ငံအိမ္ၿခံေျမဝန္ေဆာင္မႈအသင္းႏွင့္ပတ္သက္သည့္ စီမံခန႔္ခြဲမႈမ်ားကို လက္ရွိဥကၠ႒ ႏွင့္ အမႈေဆာင္ေကာ္မတီဝင္မ်ားအၾကား အျငင္းပြားမႈမ်ားရွိေနၿပီး တစ္ဖက္ႏွင့္တစ္ဖက္ လုပ္ ပိုင္ခြင့္အေပၚ အျပန္အလွန္ကန႔္ကြက္မႈမ်ားရွိေနသည္။