ကမ္ဘာ့အကြီးဆုံးမိကျောင်း၏ အသက်(၁၂ဝ)နှစ်ပြည့် မွေးနေ့ကို ဩစတြေးလျနိုင်ငံတွင် ကျင်းပ

 934

Pika (NP News) - ဇွန် ၉

သြစတြေးလျနိုင်ငံ Marineland Crocodileပန်းခြံတွင် ကမ္ဘာ့အကြီးဆုံးမိကျောင်း Cassius ၏ အသက်(၁၂ဝ)နှစ် ပြည့်မွေးနေ့ကို ကျင်းပခဲ့ကြောင်း သိရသည်။

အရှည်(၅ ဒသမ ၄၈) မီတာရှိသော Cassius သည် (၁၉၈၄)ခုနှစ်တည်းက Queensland ပြည်နယ် Great Barrier Reef ရှိ Green Island ကျွန်းရှိ ပန်းခြံတစ်ခုတွင် ရှိနေခဲ့ကြောင်း သိရသည်။ Cassius သည် မြောက်ပိုင်းနယ်မြေ၏ Finniss မြစ်တွင် ကျွဲ၊ နွား အများအပြားကို စားသောက်ပစ်ခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့ပြီးနာက် ဖမ်းဆီးခဲ့ပြီး အဆိုပါပန်းခြံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အကြီးဆုံးမိကျောင်းအဖြစ် ဂင်းနစ်စံချိန်တင်ထားသော Cassius သည် အသက်ကြီးလာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ လျင်လျင်မြန်မြန် တုံ့ပြန်မှုများရှိနေဆဲဖြစ်ကြောင်း သိရသည်။ ပုံမှန်အားဖြင့် တွားသွားသတ္တဝါ များသည် အသက်ကြီးလာချိန်တွင် ထုံထိုင်းလာပြီး ၎င်းတို့၏ ပတ်ဝန်းကျင်ကို တုံ့ပြန်မှုများ နည်းပါးကြောင်း သိရသည်။

ပန်းခြံပိုင်ရှင် George Craig က "Cassius ဟာ မိကျောင်းတွေ အားလုံးထဲမှာ တုံ့ပြန်မှုအမြန်ဆုံးတစ်ကောင် ဖြစ်ပါတယ်။ Cassius ရဲ့ အရေပြားပေါ်မှာ ငယ်ငယ်တုန်းက တိုက်ခိုက်ထားတဲ့တိုက်ပွဲတွေကြောင့် အမာရွတ်တွေ အများကြီးရှိပါတယ်" ဟု ပြောဆိုခဲ့သည်။

Cassius ကို ဖမ်းဆီးချိန်အတွင်း ပါဝင်ခဲ့သော သိပ္ပံပညာရှင်တစ်ဦးဖြစ်သည့် Graeme Webb သည် Cassius ၏ အရွယ်အစားကို ပြန်လည်ပြောပြခဲ့သည်။ Graeme Webb က "အဲဒီအချိန်တုန်းက Cassius ဟာ (၁၆)ပေရှည်ပြီး အရွယ်အစား(၁ဝ) လက်မ ရှိပါတယ်။ ပြီးတော့ သူ့အမြီးမှာ(၆)လက်မလောက်က ပြတ်နေပြီး နှုတ်သီးကလည်း အနည်းငယ်ပြတ်နေပါတယ်" ဟု ပြောဆိုခဲ့သည်။

Cassius သည် ၎င်းကို ဖမ်းဆီးရမိသည့်နေရာမှ ကီလိုမီတာ(၃ဝဝဝ) ကျော်အကွာတွင်ရှိသော Cairns မြို့သို့ သင်္ဘောဖြင့် ခေါ်ဆောင်သွားခံရပြီးနောက် Green Island ကျွန်းသို့ ပြောင်းရွှေ့ခံခဲ့ရခြင်းဖြစ်သည်။Marineland Crocodile ပန်းခြံကို (၁၉၇၁)ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး Papua New Guinea နိုင်ငံ Daru မြို့မှ မိကျောင်း အကောင်(၃ဝ)ကျော်ကို အဆိုပါပန်းခြံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ကမာၻ႔အႀကီးဆုံးမိေက်ာင္း၏ အသက္(၁၂ဝ)ႏွစ္ျပည့္ ေမြးေန႔ကို ဩစေၾတးလ်ႏိုင္ငံတြင္ က်င္းပ
Pika (NP News) - ဇြန္ ၉

ၾသစေၾတးလ်ႏိုင္ငံ Marineland Crocodileပန္းၿခံတြင္ ကမာၻ႔အႀကီးဆုံးမိေက်ာင္း Cassius ၏ အသက္(၁၂ဝ)ႏွစ္ ျပည့္ေမြးေန႔ကို က်င္းပခဲ့ေၾကာင္း သိရသည္။

အရွည္(၅ ဒသမ ၄၈) မီတာရွိေသာ Cassius သည္ (၁၉၈၄)ခုႏွစ္တည္းက Queensland ျပည္နယ္ Great Barrier Reef ရွိ Green Island ကြၽန္းရွိ ပန္းၿခံတစ္ခုတြင္ ရွိေနခဲ့ေၾကာင္း သိရသည္။ Cassius သည္ ေျမာက္ပိုင္းနယ္ေျမ၏ Finniss ျမစ္တြင္ ကြၽဲ၊ ႏြား အမ်ားအျပားကို စားေသာက္ပစ္ခဲ့သည္ဟု အာဏာပိုင္မ်ားက ေျပာၾကားခဲ့ၿပီးနာက္ ဖမ္းဆီးခဲ့ၿပီး အဆိုပါပန္းၿခံသို႔ ပို႔ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ကမာၻ႔အႀကီးဆုံးမိေက်ာင္းအျဖစ္ ဂင္းနစ္စံခ်ိန္တင္ထားေသာ Cassius သည္ အသက္ႀကီးလာၿပီျဖစ္ေသာ္လည္း လက္ရွိအခ်ိန္ထိ လ်င္လ်င္ျမန္ျမန္ တုံ႔ျပန္မႈမ်ားရွိေနဆဲျဖစ္ေၾကာင္း သိရသည္။ ပုံမွန္အားျဖင့္ တြားသြားသတၱဝါ မ်ားသည္ အသက္ႀကီးလာခ်ိန္တြင္ ထုံထိုင္းလာၿပီး ၎တို႔၏ ပတ္ဝန္းက်င္ကို တုံ႔ျပန္မႈမ်ား နည္းပါးေၾကာင္း သိရသည္။

ပန္းၿခံပိုင္ရွင္ George Craig က "Cassius ဟာ မိေက်ာင္းေတြ အားလုံးထဲမွာ တုံ႔ျပန္မႈအျမန္ဆုံးတစ္ေကာင္ ျဖစ္ပါတယ္။ Cassius ရဲ႕ အေရျပားေပၚမွာ ငယ္ငယ္တုန္းက တိုက္ခိုက္ထားတဲ့တိုက္ပြဲေတြေၾကာင့္ အမာ႐ြတ္ေတြ အမ်ားႀကီးရွိပါတယ္" ဟု ေျပာဆိုခဲ့သည္။

Cassius ကို ဖမ္းဆီးခ်ိန္အတြင္း ပါဝင္ခဲ့ေသာ သိပၸံပညာရွင္တစ္ဦးျဖစ္သည့္ Graeme Webb သည္ Cassius ၏ အ႐ြယ္အစားကို ျပန္လည္ေျပာျပခဲ့သည္။ Graeme Webb က "အဲဒီအခ်ိန္တုန္းက Cassius ဟာ (၁၆)ေပရွည္ၿပီး အ႐ြယ္အစား(၁ဝ) လက္မ ရွိပါတယ္။ ၿပီးေတာ့ သူ႔အၿမီးမွာ(၆)လက္မေလာက္က ျပတ္ေနၿပီး ႏႈတ္သီးကလည္း အနည္းငယ္ျပတ္ေနပါတယ္" ဟု ေျပာဆိုခဲ့သည္။

Cassius သည္ ၎ကို ဖမ္းဆီးရမိသည့္ေနရာမွ ကီလိုမီတာ(၃ဝဝဝ) ေက်ာ္အကြာတြင္ရွိေသာ Cairns ၿမိဳ႕သို႔ သေဘၤာျဖင့္ ေခၚေဆာင္သြားခံရၿပီးေနာက္ Green Island ကြၽန္းသို႔ ေျပာင္းေ႐ႊ႕ခံခဲ့ရျခင္းျဖစ္သည္။Marineland Crocodile ပန္းၿခံကို (၁၉၇၁)ခုႏွစ္တြင္ စတင္ဖြင့္လွစ္ခဲ့ၿပီး Papua New Guinea ႏိုင္ငံ Daru ၿမိဳ႕မွ မိေက်ာင္း အေကာင္(၃ဝ)ေက်ာ္ကို အဆိုပါပန္းၿခံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.