အီဂျစ်နိုင်ငံရှိ အပန်းဖြေကမ်းခြေတစ်ခုတွင် ရုရှားနိုင်ငံသားတစ်ဦးကို ငါးမန်းတစ်ကောင်က ကိုက်သတ်ပြီး စားပစ်ခဲ့ဟုဆို

817

Pika (NP News) - ဇွန် ၉
အီဂျစ်နိုင်ငံ၏ အကျော်ကြားဆုံးအပန်းဖြေကမ်းခြေတစ်ခုဖြစ်သော 'Dream Beach' ကမ်းခြေတွင် ရုရှားနိုင်ငံသား တစ်ဦးကို ငါးမန်းတစ်ကောင်က ကိုက်သတ်ပြီးနောက် စားပစ်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများ က ဖော်ပြခဲ့သည်။
အဆိုပါ ရုရှားနိုင်ငံသားအား ငါးမန်းကိုက်သတ်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခုကို ကမ်းခြေတွင်ရှိနေသူတစ်ဦးက ရိုက်ကူး ထားနိုင်ခဲ့ကြောင်းလည်းသိရသည်။ Hurghada မြို့ရှိ ရုရှားကောင်စစ်ဝန်ရုံးသည် အကျော်ကြားဆုံး 'Dream Beach' ကမ်းခြေတွင် လူငယ်တစ်ဦးသေဆုံးခဲ့ကြောင်း ဇွန်လ(၈)ရက်တွင် အတည်ပြုခဲ့သည်။
အဆိုပါဖြစ်ရပ်ကြောင့် သမုဒ္ဒရာထဲတွင် ရေကူးနေစဉ်သတိရှိရှိနေကြရန်နှင့် အီဂျစ်အာဏာပိုင်များက ချမှတ်ထား သောကန့်သတ်ချက်များကို လိုက်နာကြရန် ရုရှားသံတမန်များက အကြံပြုခဲ့ကြောင်း သိရသည်။
'Dream Beach' ကမ်းခြေတွင် ဇွန်လ(၈)ရက် ညနေ(၃)နာရီအချိန်က အသက်(၂၃)နှစ်အရွယ် ရုရှားနိုင်ငံသား တစ်ဦး ငါးမန်းတစ်ကောင်၏ ကိုက်သတ်ခြင်းကိုခံခဲ့ရကြောင်း ကောင်စစ်ဝန်ချုပ် Viktor Voropaev က ပြောကြားခဲ့သည်။ ငါးမန်းကိုက်သတ်ခြင်းကိုခံခဲ့ရသော အမျိုးသားသည် ခရီးသွားတစ်ဦးမဟုတ်ကြောင်း နှင့် အီဂျစ်တွင် အချိန်အတော်ကြာနေထိုင်ခဲ့သည့် ရုရှားနိုင်ငံသားဖြစ်ကြောင်း တာဝန်ရှိသူများ က ပြောကြားခဲ့သည်။ ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသော ဗီဒီယိုဖိုင်တစ်ခုတွင် အမျိုးသားတစ်ဦးသည် ကမ်းခြေနှင့် အလှမ်းဝေးသော ရေထဲတွင် ငါးမန်း၏ကိုက်သတ်မှုအား ခံနေရသည်ကိုတွေ့မြင်ခဲ့ရသည်။
ထို့အပြင် အနီရောင်ပြောင်းသွားသော ရေမျက်နှာပြင်နှင့် ငါးမန်းဆူးတောင်နှင့် အမြီးတို့ကိုလည်း အဆိုပါဗီဒီယိုထဲ တွင် တွေ့ခဲ့ရသည်။ ငါးမန်းတိုက်ခိုက်မှုကို ခံနေရချိန်အတွင်း အဆိုပါအမျိုးသား၏ ဦးခေါင်းသည် ရေပြင်ပေါ်သို့ နောက်ဆုံးတစ်ကြိမ်ပေါ်လာခဲ့ပြီးနောက် ရေအောက်ထဲသို့ ဆွဲခေါ်ခံရကာ ငါးမန်း၏ကိုက်စားခြင်းကိုခံခဲ့ရပုံပေါ် ကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့သည်။
၎င်း က "ငါးမန်းက သူ့ရဲ့ခန္ဓာကိုယ်အကြွင်းအကျန်တွေကို စားနေလောက်ပါပြီ။ ကျွန်တော့်မျက်စိရှေ့မှာတင် ကိုက်စားနေတာကိုတွေ့ခဲ့ရပြီး သူ့ကောင်မလေးက လွတ်မြောက်အောင် ရုန်းထွက်နိုင်ခဲ့ပါတယ်" ဟု ပြောဆိုခဲ့သည်။
အဆိုပါနေ့နှောင်းပိုင်းတွင် လူသတ်ငါးမန်းဟု ယူဆရသောငါးမန်းကို ဖမ်းမိကာ သင်္ဘောပေါ်တွင် တင်ထားသည့် ဗီဒီယိုဖိုင်တစ်ခုလည်းထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

Zawgyi Version;
အီဂ်စ္ႏိုင္ငံရွိ အပန္းေျဖကမ္းေျခတစ္ခုတြင္ ႐ုရွားႏိုင္ငံသားတစ္ဦးကို ငါးမန္းတစ္ေကာင္က ကိုက္သတ္ၿပီး စားပစ္ခဲ့ဟုဆို
Pika (NP News) - ဇြန္ ၉
အီဂ်စ္ႏိုင္ငံ၏ အေက်ာ္ၾကားဆုံးအပန္းေျဖကမ္းေျခတစ္ခုျဖစ္ေသာ 'Dream Beach' ကမ္းေျခတြင္ ႐ုရွားႏိုင္ငံသား တစ္ဦးကို ငါးမန္းတစ္ေကာင္က ကိုက္သတ္ၿပီးေနာက္ စားပစ္ခဲ့ေၾကာင္း ေဒသတြင္းမီဒီယာမ်ား က ေဖာ္ျပခဲ့သည္။
အဆိုပါ ႐ုရွားႏိုင္ငံသားအား ငါးမန္းကိုက္သတ္ခဲ့သည့္ ဗီဒီယိုဖိုင္တစ္ခုကို ကမ္းေျခတြင္ရွိေနသူတစ္ဦးက ႐ိုက္ကူး ထားႏိုင္ခဲ့ေၾကာင္းလည္းသိရသည္။ Hurghada ၿမိဳ႕ရွိ ႐ုရွားေကာင္စစ္ဝန္႐ုံးသည္ အေက်ာ္ၾကားဆုံး 'Dream Beach' ကမ္းေျခတြင္ လူငယ္တစ္ဦးေသဆုံးခဲ့ေၾကာင္း ဇြန္လ(၈)ရက္တြင္ အတည္ျပဳခဲ့သည္။
အဆိုပါျဖစ္ရပ္ေၾကာင့္ သမုဒၵရာထဲတြင္ ေရကူးေနစဥ္သတိရွိရွိေနၾကရန္ႏွင့္ အီဂ်စ္အာဏာပိုင္မ်ားက ခ်မွတ္ထား ေသာကန႔္သတ္ခ်က္မ်ားကို လိုက္နာၾကရန္ ႐ုရွားသံတမန္မ်ားက အႀကံျပဳခဲ့ေၾကာင္း သိရသည္။
'Dream Beach' ကမ္းေျခတြင္ ဇြန္လ(၈)ရက္ ညေန(၃)နာရီအခ်ိန္က အသက္(၂၃)ႏွစ္အ႐ြယ္ ႐ုရွားႏိုင္ငံသား တစ္ဦး ငါးမန္းတစ္ေကာင္၏ ကိုက္သတ္ျခင္းကိုခံခဲ့ရေၾကာင္း ေကာင္စစ္ဝန္ခ်ဳပ္ Viktor Voropaev က ေျပာၾကားခဲ့သည္။ ငါးမန္းကိုက္သတ္ျခင္းကိုခံခဲ့ရေသာ အမ်ိဳးသားသည္ ခရီးသြားတစ္ဦးမဟုတ္ေၾကာင္း ႏွင့္ အီဂ်စ္တြင္ အခ်ိန္အေတာ္ၾကာေနထိုင္ခဲ့သည့္ ႐ုရွားႏိုင္ငံသားျဖစ္ေၾကာင္း တာဝန္ရွိသူမ်ား က ေျပာၾကားခဲ့သည္။ ဆိုရွယ္မီဒီယာေပၚတြင္ တင္ထားေသာ ဗီဒီယိုဖိုင္တစ္ခုတြင္ အမ်ိဳးသားတစ္ဦးသည္ ကမ္းေျခႏွင့္ အလွမ္းေဝးေသာ ေရထဲတြင္ ငါးမန္း၏ကိုက္သတ္မႈအား ခံေနရသည္ကိုေတြ႕ျမင္ခဲ့ရသည္။
ထို႔အျပင္ အနီေရာင္ေျပာင္းသြားေသာ ေရမ်က္ႏွာျပင္ႏွင့္ ငါးမန္းဆူးေတာင္ႏွင့္ အၿမီးတို႔ကိုလည္း အဆိုပါဗီဒီယိုထဲ တြင္ ေတြ႕ခဲ့ရသည္။ ငါးမန္းတိုက္ခိုက္မႈကို ခံေနရခ်ိန္အတြင္း အဆိုပါအမ်ိဳးသား၏ ဦးေခါင္းသည္ ေရျပင္ေပၚသို႔ ေနာက္ဆုံးတစ္ႀကိမ္ေပၚလာခဲ့ၿပီးေနာက္ ေရေအာက္ထဲသို႔ ဆြဲေခၚခံရကာ ငါးမန္း၏ကိုက္စားျခင္းကိုခံခဲ့ရပုံေပၚ ေၾကာင္း မ်က္ျမင္သက္ေသတစ္ဦးက ေျပာၾကားခဲ့သည္။
၎ က "ငါးမန္းက သူ႔ရဲ႕ခႏၶာကိုယ္အႂကြင္းအက်န္ေတြကို စားေနေလာက္ပါၿပီ။ ကြၽန္ေတာ့္မ်က္စိေရွ႕မွာတင္ ကိုက္စားေနတာကိုေတြ႕ခဲ့ရၿပီး သူ႔ေကာင္မေလးက လြတ္ေျမာက္ေအာင္ ႐ုန္းထြက္ႏိုင္ခဲ့ပါတယ္" ဟု ေျပာဆိုခဲ့သည္။
အဆိုပါေန႔ေႏွာင္းပိုင္းတြင္ လူသတ္ငါးမန္းဟု ယူဆရေသာငါးမန္းကို ဖမ္းမိကာ သေဘၤာေပၚတြင္ တင္ထားသည့္ ဗီဒီယိုဖိုင္တစ္ခုလည္းထြက္ေပၚလာခဲ့ေၾကာင္း သိရသည္။