ပါးကိုက်၍ နားပြန်ကိုက်ခြင်း (ဘာသာပြန်ဆောင်းပါး)

 1675

မောင်သံလွင် (NP News) - ဇွန် ၁ဝ

အင်္ဂလိပ်စကားမှာ tit for tat ဆိုတာ၊ ကိုယ့်အပေါ်မကောင်းတာ လုပ်ထားသူကို ရည်ရွယ်ချက်ရှိရှိ ပြန်လည် တုန့်ပြန်တာ၊ လက်စားချေတာကို ခေါ်တာပါ။ မြန်မာလိုတော့ ပါးကိုက်လို့ နားပြန်ကိုက် လို့ပြောရင် ကြက်ခေါင်း ဆိတ်မခံ၊ ချက်ခြင်းလက်တုန့်ပြန်တဲ့ အဓိပ္ပာယ်ဖြစ်လို့၊ အဲဒီလို ဘာသာပြန်ရင် အဆင်ပြေမယ်ထင်ပါတယ်။

အခုလည်း တရုတ်နဲ့အမေရိကန် ကုန်သွယ်ရေးမှာ တရုတ်က အမေရိကန်ကို Tit for Tat လက်တုန့်ပြန်လိုက်ပါပြီ။ အမေရိကန်က တရုတ်ကုမ္ပဏီကြီးတွေကို ပိတ်ပင်တားမြစ်မှုတွေ လုပ်တာတွေက တော်တော့်ကိုကြာပါပြီ။ ၂ဝ၂၂ ခုနှစ် အောက်တိုဘာလကတည်းကစပြီး အဆင့်မြင့် ချစ်ပ်ပြားတွေနဲ့ ချစ်ပ်လုပ်တဲ့ ကရိယာတွေ တရုတ်ကို တင်ပို့တာကို ကန့်သတ်ပိတ်ပင်ခဲ့ပါတယ်။ တရုတ်ရဲ့ စစ်ဘက်ရေးရာမှာ အရေးပါတဲ့ နည်းပညာအသုံးချမှု မပြုနိုင်အောင်လို့၊ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးအတွက်လို့ အကြောင်းပြပါတယ်။

အမေရိကန်အစိုးရက သူတို့မြေပေါ်မှာ တရုတ်ကုမ္ပဏီတွေကို ပိတ်ပင်တားမြစ်တာဟာ သူတို့နိုင်ငံရဲ့အခွင့်အရေးလို့လည်းပြောပါတယ်။ လွန်ခဲ့တဲ့နှစ်တွေမှာ တရုတ်ချစ်ပ်ထုတ်လုပ်ရေးဖွံ့ ဖြိုးတိုးတက်မှုကို ပိတ်ဆို့ဖို့ရည်ရွယ်ပြီး အမေရိကန်က ချစ်ပ်ပြားရောင်းဝယ်မှုတွေမှာ ကန့်သတ်ချက်တွေတိုးတက်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလို တားမြစ်ကန့်သတ်ခံရမှုနဲ့ အကျုံးဝင်တဲ့ တရုတ်ကုမ္ပဏီစုစုပေါင်းဟာ (၆ဝဝ) ကျော်ရှိပါတယ်။ ပြီးခဲ့တဲ့မတ်လမှာတော့ အမေရိကန်က ဂျပန်နဲ့ နယ်သာလန်နိုင်ငံကိုပါစည်းရုံးပြီး တရုတ်ကို ဆီမီးကွန်ဒတ်တာ ပစ္စည်းတင်ပို့မှုကို ပူးတွဲ ကန့်သတ် တားမြစ်တာ လုပ်လာခဲ့ပါတယ်။ ယခုနောက်ဆုံး မေလထဲက ဂျပန်နိုင်ငံ ဟီရိုးရှီးမားမှာ ကျင်းပတဲ့ ဂျီ-ဆဲဗင်း ထိပ်သီးအစည်းအဝေးမှာ အဖွဲ့ဝင် ခုနှစ်နိုင်ငံက တရုတ်အပေါ်စိုးရိမ်မှုနဲ့ပတ်သက်ပြီးတသံထဲ ထွက်ခဲ့ ကြကာ၊ De-risk, Not Decouple တွဲဖြုတ်မဟုတ်-အန္တရာယ်ရှောင် ပေါ်လစီကို အတည်ပြုခဲ့ကြပါတယ်။

ဒါကြောင့် တရုတ်ကလည်း လက်တုန့်ပြန်တဲ့အနေနဲ့ အမေရိကန် Micron Technology ကုမ္ပဏီ ရဲ့ ချစ်ပ်တွေကို မဝယ်ဖို့ ပိတ်ပင်တားမြစ်လိုက်ပါပြီ။ ဒါက ပထဆုံးအကြိမ်တရုတ်ရဲ့ တုန့်ပြန်မှုဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံးကတော့ အမျိုးသားလုံခြုံရေးကို အကြောင်းပြကြပါတယ်။

တရုတ်နဲ့ အမေရိကန်အကြား စီးပွားကုန်သွယ်ရေးကဏ္ဍမှာ ပဋိပက္ခဖြစ်နေတာ နှစ်အတော်ကြာခဲ့ ပါပြီ။ တခါတရံမှာ လေတိုက်ပွဲဆင်နွှဲ၊ တခါတလေမှာတော့ အပြန်အလှန် အရေးယူပိတ်ဆို့မှု တွေလုပ်ခဲ့ကြပါတယ်။ ဒီနှစ်နိုင်ငံဟာ ကမ္ဘာ့အင်အား အကြီးဆုံးစီးပွားရေးနိုင်ငံတွေဖြစ်ကြတဲ့အတွက် ဒီပဋိပက္ခတွေက ကမ္ဘာကိုရော၊ သူတို့နှစ်နိုင်ငံလုံးကိုပါ အခက်အခဲဖြစ်စေပြီး ရိုက်ခတ်မှုတွေဖြစ်ပါတယ်။

အမေရိကန်က တရုတ်နဲ့ Decouple လုပ်ချင်သလား။ အဓိပ္ပာယ်က တရုတ်နဲ့ ဘာကူးသန်းရောင်းဝယ်မှုမှ မလုပ်ဘူး။ ဘာပစ္စည်းမှမဝယ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ အားလုံးသိကြတဲ့အတိုင်းပဲ၊ အမေရိကန်က တရုတ်ကုန်ပစ္စည်းတွေ အပေါ်မှာ မှီခိုနေရတာပါ။ အလားတူဘဲ တရုတ်ကလည်း သူ့ရဲ့ထုတ်ကုန်တွေအတွက် ကြီးမားတဲ့ အမေရိကန် စျေးကွက်ကို အားထားနေရတော့ အမေရိကန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထား လိုပါတယ်။ ဒါပေမဲ့ အမေရိကန်က ဟွဝေလို တရုတ်ကုမ္ပဏီတွေကို တားမြစ်တာတွေလုပ်တော့ တရုတ်ကုမ္ပဏီ တွေ အနေနဲ့ သူ့ရဲ့ ‌ဖေါက်သယ်တွေ ဆုံးရှုံးရပါတယ်။

တကယ်လို့ အမေရိကန်က တရုတ်ကုမ္ပဏီအားလုံးကို တားမြစ်ပိတ်ပင်မယ်၊ တရုတ်ကုန်ပစ္စည်းအားလုံးကို မဝယ်တော့ဘူးဆိုရင် တရုတ်အနေနဲ့ တခြားစျေးကွက်သစ်ကိုရှာဖွေရမှာပါ။ အမေရိကန်စျေးကွက်ရဲ့ ဝယ်လိုအား နဲ့ ညီမျှတဲ့ စျေးကွက်မတွေ့မချင်းတော့ အခက်အခဲရှိမှာဖြစ်ပါတယ်။

တဖက်မှာတော့ အမေရိကန်အနေနဲ့ တရုတ်ကုန်ပစ္စည်းတွေအစား အမေရိကန်လုပ်ကုန်ပစ္စည်းတွေနဲ့ တခြား နိုင်ငံခြားလုပ် ကုန်ပစ္စည်းတွေနဲ့အစားထိုးရမှာပါ။ ဒါပေမဲ့ အဲဒီကုန်ပစ္စည်းတွေက တရုတ်ကုန်ပစ္စည်းတွေကို စျေးနှုန်းနဲ့ အရည်အသွေးအရ ယှဉ်ပြိုင်ဖို့ခက်ခဲပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ တချို့နည်းပညာဆိုင်ရာ ကိစ္စတွေမှာ အမေရိကန်က တရုတ်ထက်နောက်ကျတဲ့အတွက် အမေရိကန်ပြည်သူလူထုလိုအပ်တဲ့ ထုတ်ကုန်တွေ ကို လုံလောက်အောင်ထုတ်လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း အမေရိကန်ပြည်သူလူထု လိုအပ်တဲ့ ကုန်ပစ္စည်း အများအပြားကို တရုတ်ကနေဝယ်ယူတင်သွင်းနေခဲ့ရတာဖြစ်ပါတယ်။ တရုတ်ဟာ ကမ္ဘာ့အကြီးဆုံး ကုန်ပစ္စည်းထုတ်လုပ်သူပါ။ ကုန်ပစ္စည်းထုတ်လုပ်ရာမှာ အသုံးပြုတဲ့ သယံဇာတ ကုန်ကြမ်းပစ္စည်းနဲ့ လုပ်အားခ သက်သာတဲ့အတွက် အမေရိကန်တွေ ကိုယ့်ဘာသာထုတ်လုပ် သုံးစွဲတာထက် တရုတ်ပြည်ကနေဝယ်သုံးတာက ပိုလို့တွက်ချေကိုက်ပါတယ်။ တရုတ်ပြည်က ထုတ်တဲ့ကု န်ပစ္စည်းဟာ ကုန်ကျစားရိတ် အလွန်သက်သာပါတယ်။

ဒါကြောင့် အမေရိကန်က တရုတ်နဲ့ တွဲဖြုတ်မယ်ဆိုရင်၊ အဲဒီ ကုန်ပစ္စည်းတွေနေရာမှာ ပိုစျေးကြီးတဲ့ တခြား နိုင်ငံလုပ်ကုန်ပစ္စည်းတွေအစားထိုးချင်ထိုး၊ ဒါမှမဟုတ် ကိုယ့်ဘာသာ စျေးကြီးကြီးနဲ့ထုတ်လုပ်ရ တော့မှာ ဖြစ်ပါတယ်။ အမေရိကန်မှာ လုပ်အားခက တရုတ်ထက်အများကြီးစျေး ပိုကြီးပါတယ်။ ဒါကြောင့် တရုတ်နဲ့ တွဲဖြုတ်မယ်ဆိုရင် အမေရိကန်အတွက် ဆိုးကျိုးတွေသက်ရောက်ပါလိမ့်မယ်။ ဒါကြောင့်လည်း သမ္မတ ဂျိုးဘိုင်ဒန်က “ကျွန်တော်တို့က တရုတ်နဲ့ လက်တွဲဖြုတ်ဖို့ စဉ်းစားနေတာ မဟုတ်ပါဘူး။ ကျနော်တို့က အန္တရာယ်ရှောင်ဘို့နဲ့ တရုတ်ကို ပုံစံအမျိုးမျိုးနဲ့ ဆက်ဆံဖို့ ကြိုးစားနေခြင်း သာဖြစ်တယ်” လို့ပြောတာဖြစ်ပါတယ်။ လိုတမျိုး မလိုတမျိုး ဆက်ဆံမယ်ဆိုတဲ့သဘောပါ။

တရုတ်ပြည်အနေနဲ့ကတော့ မိမိကိုယ်ကိုဖူလုံရေးကို အခြေခံပြီးစီးပွားတက်လာတဲ့ တိုင်းပြည်ဖြစ် တာကြောင့် ပြည်ပအကူအညီသိပ်မလိုအပ်ပါဘူး။ တရုတ်ပြည်တွင်းမှာ Made in China ပစ္စည်းတွေကိုဘဲ အသုံးပြုတာ အများစုပါ။ တရုတ်လုပ်ကုန်ပစ္စည်းကို အသုံးပြုတာက တရုတ်နဲ့ အမေရိကန်မှာသာမက တစ်ကမ္ဘာလုံးလိုလို အသုံးပြုကြတာပါ။ တရုတ်က တစ်ကမ္ဘာလုံးက နိုင်ငံတိုင်းနီးပါးနဲ့ ကုန်သွယ်ရေး ဆက်ဆံမှုရှိပါတယ်။ တရုတ်ကုန် ပစ္စည်းကို တစ်ကမ္ဘာလုံးလိုလိုက အသုံးပြုရတာက စျေးသက်သာတာတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ တရုတ်ဟာ တစ်ကမ္ဘာလုံးက ကဏ္ဍတိုင်းလိုလိုမှာ ဦးဆောင်တဲ့နိုင်ငံဖြစ်လာတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ ဒါကြောင့်လည်း ကမ္ဘာမှာ တရုတ်နဲ့ အတူလက်တွဲပြီး စီးပွားကုန်သွယ်ရေးလုပ်ချင်တဲ့ နိုင်ငံတွေ ပိုမိုများပြားလာပါ တယ်။ ဒါကြောင့် အမေရိကန်က တရုတ်နဲ့ တွဲဖြုတ်မယ်ဆိုရင် တရုတ်အနေနဲ့ သိပ်ပူပန်စရာမလိုပါဘူး။

တရုတ်က ဦးဆောင်ပြီးဆောင်ရွက်နေတဲ့ Belt and Road Initiatives စီမံကိန်းကလည်း တရုတ်ထုတ်ကုန်တွေ စျေးကွက်သစ်တွေထဲကို စျေးနှုန်းချိုသာစွာနဲ့ ရောက်ဖို့ အထောက်အကူပြုမှာဖြစ်သလို၊ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ထုတ်ကုန်တွေ တရုတ်စျေးကွက်ကို လျင်လျင်မြန် စျေးနှုန်းချိုသာစွာနဲ့ ရောက်ဖို့ အထောက်အကူဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်အနေနဲ့ တရုတ်နဲ့ တွဲဖြုတ်မယ်ဆိုရင် အမေရိကန်သာ ပိုမိုနစ်နာမှာဖြစ်ပြီး တရုတ်အနေနဲ့က သိပ်ထူးထူးခြား ခြားနစ်နာစရာ မရှိပါဘူး။ ၂ဝ၂၁ ခုနှစ်က အမေရိကန်သွင်းကုန်အားလုံးရဲ့ (၁၇ ဒသမ ၉) ရာခိုင်နှုန်းဟာ တရုတ်ကုန်ပစ္စည်းတွေဖြစ်ပြီး အမေရိကန်ဒေါ်လာ (၂ ဒသမ ၈) ထရီလျံ တန်ဖိုးရှိပါတယ်။ ဒီလောက် ပမာဏများပြားတဲ့ ကုန်ပစ္စည်းတွေ ရုတ်တရက်မတင်သွင်းတော့ဘဲ ဖြတ်ချလိုက်မယ်ဆိုရင် အမေရိကန် စျေးကွက်အတွင်းမှာ အကြီးအကျယ်စျေးတက်တာနဲ့ ကုန်ပစ္စည်းရှားပါးတာဖြစ်လာပါလိမ့်မယ်။

အမေရိကန်ရဲ့ ပိတ်ပင်တားမြစ်ခြင်း စတင်တာက တရုတ်နည်းပညာကုမ္ပဏီတွေအပေါ်မှာပါ။ ဒီလုပ်ရပ်အပေါ်မှာ တရုတ်လူထုက စော်ကားတာလို့ ခံစားရပါတယ်။ ဒါကြောင့်တရုတ်ထိပ်တန်း ဆာဗာလုပ်တဲ့ကုမ္ပဏီတွေက အမေရိကန် မိုက်ကရွန်ကုမ္ပဏီတွေရဲ့ ချစ်ပ်ပြားမှာယူမှုတွေကို ရပ်ဆိုင်းလိုက်တဲ့အခါ တရုတ်လူထုက ထောက်ခံကြပါတယ်။ မိုက်ကရွန်ချစ်ပ်ပြားတွေပါဝင်တဲ့ ဘယ်ပစ္စည်းကိုမဆို တရုတ်ကုမ္ပဏီတွေက သုံးမှာ မဟုတ်ပါဘူး။ ဒီချစ်ပ်ပြားတွေက တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိလို့ ပိတ်ပင်တားမြစ် ရတာဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ ဟီရိုးရှီးမားမှာကျင်းပတဲ့ ဂျီ-ဆဲဗင်း ထိပ်သီးအစည်းအဝေးအပြီး မေလ ၂၁ ရက်က တရုတ်ကထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါတယ်။

တကယ်တော့ အမေရိကန်က တရုတ်နည်းပညာကုမ္ပဏီတွေကို ပိတ်ပင်တားမြစ်တုံးကလည်း အလားတူ အကြောင်းပြခဲ့တာပါ။ အဲဒီတုံးက ဒီလိုပိတ်ပင်တားမြစ်တာဟာ သူတို့နိုင်ငံအတွင်း သူတို့လုပ်ချင်တာလုပ်တာဟာ သူတို့ရဲ့ အခွင့်အရေးဘဲလို့ အမေရိကန်က ဆိုခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်က အခုလက်တုန့်ပြန်တဲ့အခါမှာတော့ အငိုက်မိသွားတဲ့အမေရိကန်ဟာ မကျေမနပ်နဲ့ တရစပ် ငြီးတွားငြင်း ခုန်ပါတော့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ မိုက်ကရွန်ကုမ္ပဏီက တရုတ်ကို ချစ်ပ်ပြားရောင်းရငွေအပေါ်က အစိုးရအခွန်ရငွေဟာ ၂ဝ၂၁ ခုနှစ်တစ်နှစ်ထဲမှာဘဲ ၃ ဒသမ ၃ ဘီလျံဒေါ်လာရှိလို့ပါ။ ဒီကုမ္ပဏီဟာ ကမ္ဘာ့အကြီးဆုံး ချစ်ပ် ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေထဲမှာ တခုအပါ အဝင်ဖြစ်ပြီး၊ သူ့ရဲ့ချစ်ပ်ပြားတွေအများစုကို တရုတ်ကုန်ပစ္စည်းတွေမှာ အသုံးပြုကြရလို့၊ တရုတ်က ဒီလိုလုပ် လိမ့်မယ်လို့ လုံးဝထင်မထားပါဘူး။

ဒီလိုပိတ်ပင်လိုက်တဲ့အတွက် အမေရိကန် မိုက်ကရွန်ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးက မေလ ၂၂ ရက်မှာ (၃) ရာခိုင်နှုန်းကျဆင်းသွားပါတယ်။ သူ့ရဲ့ ပြိုင်ဘက် အာရှကုမ္ပဏီတွေရဲ့ ရှယ်ယာတန်ဖိုးတွေ ကမြင့်တက်လာပါတယ်။ တရုတ် မမ်မိုရီချစ်ကုမ္ပဏီ Ingenic Semiconductor ရဲ့ ရှယ်ယာက ၂ ဒသမ ၈ ရာခိုင်နှုန်း၊ တရုတ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Shenzhen Techwinsemi Technology ရဲ့ရှယ်ယာက ၆ ဒသမ ၃ ရာခိုင်နှုန်း ထိုးတက်သွားပါတယ်။

တရုတ်အနေနဲ့က မိုက်ခရွန်ဆီက ချစ်ပ်တွေမဝယ်တော့ရင်၊ မိမိပြည်တွင်းထုတ် ချစ်ပ်တွေနဲ့ အာရှနိုင်ငံ ချစ်ပ်ကုမ္ပဏီတွေဆီကသာ ဝယ်ယူရတော့မှာပါ။ ပြီးတော့ မိမိဖာသာ ဖူလုံဖို့ ကြိုးစားရတော့မှာဖြစ်ပါတယ်။ ဒီလို မှမဟုတ်ရင် တရုတ်အနေနဲ့ ချစ်ပ်စစ်ပွဲမှာ ရှင်သန်ကျန်ရစ်ဖို့ ခက်ခဲမှာပါ။ သိပ်မကြာသေးမီအချိန်က တရုတ်က လစ်သိုဂရပ်ဖီ စက်တွေကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီစက်တွေက အဆင့်မြင့် ချစ်ပ်တွေကို ထုတ်လုပ်နှိုင်ပါတယ်။ ဒါကြောင့် အမေရိကန် မိုက်ကရွန်ရဲ့ ချစ်ပ်တွေကို ပိတ်ပင်တားမြစ်လိုက်ခြင်းက တရုတ်အပေါ်မှာ ထိခိုက်မှုရှိမှာ မဟုတ်ပါ။

အနာဂါတ်ကာလမှာ ဒီနှစ်နိုင်ငံရဲ့ ဖက်ပြိုင်တိုက်ခိုက်မှုက အဆုံးသတ်ဖွယ်မရှိပါဘူး။ အမေရိကန်က သူ့ရဲ့ ကမ္ဘာ့ ထိပ်တန်းနေရာကို တရုတ်ကိုဖယ်မပေးလိုပါဘူး။ ပြိုင်ဆိုင်မှုရှိတာဟာ ကောင်းပါတယ်။ အပြိုင်အဆိုင်ရှိမှ တိုးတက်မှုဆိုတာရှိတာပါ။ ဒါပေမဲ့ အမေရိကန်က အဲဒီလိုပြိုင်ဆိုင်မှုကို မလိုလားဘဲ၊ ယှဉ်လာမဲ့ပြိုင်ဖက်ကို ဖိနှိပ်ထားလိုပါတယ်။ အဆင့်မြင့်နည်းပညာတွေ မပြန့်ပွားအောင် ပိတ်ပင်တားမြစ်တဲ့နည်းတွေသုံးပြီး၊ တရုတ်ရဲ့ တိုးတက်မှုကို ရပ်တန့်ပစ်လိုတာပါ။

ဒါပေမယ့် အမေရိကန်ရဲ့ နည်းဗျူဟာဟာ အလုပ်မဖြစ်ဘဲ၊ တရုတ်ကို ပိတ်ဆို့တားမြစ်လို့ မရကြောင်း မကြာမီ တွေ့ရတော့မှာဖြစ်ပါတယ်။

ကိုးကား- Micron was kicked out of Chinese market! The latest blow in the US-China tech war.
- Game Over for Micron Tech! Chinese Server Giants Enforce Ban on Their Chips丨Sanctions Micron
- Micron warns of lost revenue after China slaps it with sanctions

zawgyi version
ပါးကိုက္၍ နားျပန္ကိုက္ျခင္း (ဘာသာျပန္ေဆာင္းပါး)
ေမာင္သံလြင္ (NP News) - ဇြန္ ၁ဝ

အဂၤလိပ္စကားမွာ tit for tat ဆိုတာ၊ ကိုယ့္အေပၚမေကာင္းတာ လုပ္ထားသူကို ရည္႐ြယ္ခ်က္ရွိရွိ ျပန္လည္ တုန႔္ျပန္တာ၊ လက္စားေခ်တာကို ေခၚတာပါ။ ျမန္မာလိုေတာ့ ပါးကိုက္လို႔ နားျပန္ကိုက္ လို႔ေျပာရင္ ၾကက္ေခါင္း ဆိတ္မခံ၊ ခ်က္ျခင္းလက္တုန႔္ျပန္တဲ့ အဓိပၸာယ္ျဖစ္လို႔၊ အဲဒီလို ဘာသာျပန္ရင္ အဆင္ေျပမယ္ထင္ပါတယ္။

အခုလည္း တ႐ုတ္နဲ႔အေမရိကန္ ကုန္သြယ္ေရးမွာ တ႐ုတ္က အေမရိကန္ကို Tit for Tat လက္တုန႔္ျပန္လိုက္ပါၿပီ။ အေမရိကန္က တ႐ုတ္ကုမၸဏီႀကီးေတြကို ပိတ္ပင္တားျမစ္မႈေတြ လုပ္တာေတြက ေတာ္ေတာ့္ကိုၾကာပါၿပီ။ ၂ဝ၂၂ ခုႏွစ္ ေအာက္တိုဘာလကတည္းကစၿပီး အဆင့္ျမင့္ ခ်စ္ပ္ျပားေတြနဲ႔ ခ်စ္ပ္လုပ္တဲ့ ကရိယာေတြ တ႐ုတ္ကို တင္ပို႔တာကို ကန႔္သတ္ပိတ္ပင္ခဲ့ပါတယ္။ တ႐ုတ္ရဲ႕ စစ္ဘက္ေရးရာမွာ အေရးပါတဲ့ နည္းပညာအသုံးခ်မႈ မျပဳႏိုင္ေအာင္လို႔၊ အေမရိကန္ရဲ႕ အမ်ိဳးသားလုံၿခဳံေရးအတြက္လို႔ အေၾကာင္းျပပါတယ္။

အေမရိကန္အစိုးရက သူတို႔ေျမေပၚမွာ တ႐ုတ္ကုမၸဏီေတြကို ပိတ္ပင္တားျမစ္တာဟာ သူတို႔ႏိုင္ငံရဲ႕အခြင့္အေရးလို႔လည္းေျပာပါတယ္။ လြန္ခဲ့တဲ့ႏွစ္ေတြမွာ တ႐ုတ္ခ်စ္ပ္ထုတ္လုပ္ေရးဖြံ႕ ၿဖိဳးတိုးတက္မႈကို ပိတ္ဆို႔ဖို႔ရည္႐ြယ္ၿပီး အေမရိကန္က ခ်စ္ပ္ျပားေရာင္းဝယ္မႈေတြမွာ ကန႔္သတ္ခ်က္ေတြတိုးတက္လုပ္ေဆာင္ခဲ့ပါတယ္။ အဲဒီလို တားျမစ္ကန႔္သတ္ခံရမႈနဲ႔ အက်ဳံးဝင္တဲ့ တ႐ုတ္ကုမၸဏီစုစုေပါင္းဟာ (၆ဝဝ) ေက်ာ္ရွိပါတယ္။ ၿပီးခဲ့တဲ့မတ္လမွာေတာ့ အေမရိကန္က ဂ်ပန္နဲ႔ နယ္သာလန္ႏိုင္ငံကိုပါစည္း႐ုံးၿပီး တ႐ုတ္ကို ဆီမီးကြန္ဒတ္တာ ပစၥည္းတင္ပို႔မႈကို ပူးတြဲ ကန႔္သတ္ တားျမစ္တာ လုပ္လာခဲ့ပါတယ္။ ယခုေနာက္ဆုံး ေမလထဲက ဂ်ပန္ႏိုင္ငံ ဟီ႐ိုးရွီးမားမွာ က်င္းပတဲ့ ဂ်ီ-ဆဲဗင္း ထိပ္သီးအစည္းအေဝးမွာ အဖြဲ႕ဝင္ ခုႏွစ္ႏိုင္ငံက တ႐ုတ္အေပၚစိုးရိမ္မႈနဲ႔ပတ္သက္ၿပီးတသံထဲ ထြက္ခဲ့ ၾကကာ၊ De-risk, Not Decouple တြဲျဖဳတ္မဟုတ္-အႏၲရာယ္ေရွာင္ ေပၚလစီကို အတည္ျပဳခဲ့ၾကပါတယ္။

ဒါေၾကာင့္ တ႐ုတ္ကလည္း လက္တုန႔္ျပန္တဲ့အေနနဲ႔ အေမရိကန္ Micron Technology ကုမၸဏီ ရဲ႕ ခ်စ္ပ္ေတြကို မဝယ္ဖို႔ ပိတ္ပင္တားျမစ္လိုက္ပါၿပီ။ ဒါက ပထဆုံးအႀကိမ္တ႐ုတ္ရဲ႕ တုန႔္ျပန္မႈျဖစ္ပါတယ္။ ႏွစ္ႏိုင္ငံစလုံးကေတာ့ အမ်ိဳးသားလုံၿခဳံေရးကို အေၾကာင္းျပၾကပါတယ္။

တ႐ုတ္နဲ႔ အေမရိကန္အၾကား စီးပြားကုန္သြယ္ေရးက႑မွာ ပဋိပကၡျဖစ္ေနတာ ႏွစ္အေတာ္ၾကာခဲ့ ပါၿပီ။ တခါတရံမွာ ေလတိုက္ပြဲဆင္ႏႊဲ၊ တခါတေလမွာေတာ့ အျပန္အလွန္ အေရးယူပိတ္ဆို႔မႈ ေတြလုပ္ခဲ့ၾကပါတယ္။ ဒီႏွစ္ႏိုင္ငံဟာ ကမာၻ႔အင္အား အႀကီးဆုံးစီးပြားေရးႏိုင္ငံေတြျဖစ္ၾကတဲ့အတြက္ ဒီပဋိပကၡေတြက ကမာၻကိုေရာ၊ သူတို႔ႏွစ္ႏိုင္ငံလုံးကိုပါ အခက္အခဲျဖစ္ေစၿပီး ႐ိုက္ခတ္မႈေတြျဖစ္ပါတယ္။

အေမရိကန္က တ႐ုတ္နဲ႔ Decouple လုပ္ခ်င္သလား။ အဓိပၸာယ္က တ႐ုတ္နဲ႔ ဘာကူးသန္းေရာင္းဝယ္မႈမွ မလုပ္ဘူး။ ဘာပစၥည္းမွမဝယ္ေတာ့ဘူးဆိုတဲ့ အဓိပၸာယ္ပါ။ အားလုံးသိၾကတဲ့အတိုင္းပဲ၊ အေမရိကန္က တ႐ုတ္ကုန္ပစၥည္းေတြ အေပၚမွာ မွီခိုေနရတာပါ။ အလားတူဘဲ တ႐ုတ္ကလည္း သူ႔ရဲ႕ထုတ္ကုန္ေတြအတြက္ ႀကီးမားတဲ့ အေမရိကန္ ေစ်းကြက္ကို အားထားေနရေတာ့ အေမရိကန္နဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးကို ထိန္းသိမ္းထား လိုပါတယ္။ ဒါေပမဲ့ အေမရိကန္က ဟြေဝလို တ႐ုတ္ကုမၸဏီေတြကို တားျမစ္တာေတြလုပ္ေတာ့ တ႐ုတ္ကုမၸဏီ ေတြ အေနနဲ႔ သူ႔ရဲ႕ ‌ေဖါက္သယ္ေတြ ဆုံးရႈံးရပါတယ္။

တကယ္လို႔ အေမရိကန္က တ႐ုတ္ကုမၸဏီအားလုံးကို တားျမစ္ပိတ္ပင္မယ္၊ တ႐ုတ္ကုန္ပစၥည္းအားလုံးကို မဝယ္ေတာ့ဘူးဆိုရင္ တ႐ုတ္အေနနဲ႔ တျခားေစ်းကြက္သစ္ကိုရွာေဖြရမွာပါ။ အေမရိကန္ေစ်းကြက္ရဲ႕ ဝယ္လိုအား နဲ႔ ညီမွ်တဲ့ ေစ်းကြက္မေတြ႕မခ်င္းေတာ့ အခက္အခဲရွိမွာျဖစ္ပါတယ္။

တဖက္မွာေတာ့ အေမရိကန္အေနနဲ႔ တ႐ုတ္ကုန္ပစၥည္းေတြအစား အေမရိကန္လုပ္ကုန္ပစၥည္းေတြနဲ႔ တျခား ႏိုင္ငံျခားလုပ္ ကုန္ပစၥည္းေတြနဲ႔အစားထိုးရမွာပါ။ ဒါေပမဲ့ အဲဒီကုန္ပစၥည္းေတြက တ႐ုတ္ကုန္ပစၥည္းေတြကို ေစ်းႏႈန္းနဲ႔ အရည္အေသြးအရ ယွဥ္ၿပိဳင္ဖို႔ခက္ခဲပါလိမ့္မယ္။ ဘာေၾကာင့္လည္းဆိုေတာ့ တခ်ိဳ႕နည္းပညာဆိုင္ရာ ကိစၥေတြမွာ အေမရိကန္က တ႐ုတ္ထက္ေနာက္က်တဲ့အတြက္ အေမရိကန္ျပည္သူလူထုလိုအပ္တဲ့ ထုတ္ကုန္ေတြ ကို လုံေလာက္ေအာင္ထုတ္လုပ္ေပးႏိုင္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္လည္း အေမရိကန္ျပည္သူလူထု လိုအပ္တဲ့ ကုန္ပစၥည္း အမ်ားအျပားကို တ႐ုတ္ကေနဝယ္ယူတင္သြင္းေနခဲ့ရတာျဖစ္ပါတယ္။ တ႐ုတ္ဟာ ကမာၻ႔အႀကီးဆုံး ကုန္ပစၥည္းထုတ္လုပ္သူပါ။ ကုန္ပစၥည္းထုတ္လုပ္ရာမွာ အသုံးျပဳတဲ့ သယံဇာတ ကုန္ၾကမ္းပစၥည္းနဲ႔ လုပ္အားခ သက္သာတဲ့အတြက္ အေမရိကန္ေတြ ကိုယ့္ဘာသာထုတ္လုပ္ သုံးစြဲတာထက္ တ႐ုတ္ျပည္ကေနဝယ္သုံးတာက ပိုလို႔တြက္ေခ်ကိုက္ပါတယ္။ တ႐ုတ္ျပည္က ထုတ္တဲ့ကု န္ပစၥည္းဟာ ကုန္က်စားရိတ္ အလြန္သက္သာပါတယ္။

ဒါေၾကာင့္ အေမရိကန္က တ႐ုတ္နဲ႔ တြဲျဖဳတ္မယ္ဆိုရင္၊ အဲဒီ ကုန္ပစၥည္းေတြေနရာမွာ ပိုေစ်းႀကီးတဲ့ တျခား ႏိုင္ငံလုပ္ကုန္ပစၥည္းေတြအစားထိုးခ်င္ထိုး၊ ဒါမွမဟုတ္ ကိုယ့္ဘာသာ ေစ်းႀကီးႀကီးနဲ႔ထုတ္လုပ္ရ ေတာ့မွာ ျဖစ္ပါတယ္။ အေမရိကန္မွာ လုပ္အားခက တ႐ုတ္ထက္အမ်ားႀကီးေစ်း ပိုႀကီးပါတယ္။ ဒါေၾကာင့္ တ႐ုတ္နဲ႔ တြဲျဖဳတ္မယ္ဆိုရင္ အေမရိကန္အတြက္ ဆိုးက်ိဳးေတြသက္ေရာက္ပါလိမ့္မယ္။ ဒါေၾကာင့္လည္း သမၼတ ဂ်ိဳးဘိုင္ဒန္က “ကြၽန္ေတာ္တို႔က တ႐ုတ္နဲ႔ လက္တြဲျဖဳတ္ဖို႔ စဥ္းစားေနတာ မဟုတ္ပါဘူး။ က်ေနာ္တို႔က အႏၲရာယ္ေရွာင္ဘို႔နဲ႔ တ႐ုတ္ကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ ဆက္ဆံဖို႔ ႀကိဳးစားေနျခင္း သာျဖစ္တယ္” လို႔ေျပာတာျဖစ္ပါတယ္။ လိုတမ်ိဳး မလိုတမ်ိဳး ဆက္ဆံမယ္ဆိုတဲ့သေဘာပါ။

တ႐ုတ္ျပည္အေနနဲ႔ကေတာ့ မိမိကိုယ္ကိုဖူလုံေရးကို အေျခခံၿပီးစီးပြားတက္လာတဲ့ တိုင္းျပည္ျဖစ္ တာေၾကာင့္ ျပည္ပအကူအညီသိပ္မလိုအပ္ပါဘူး။ တ႐ုတ္ျပည္တြင္းမွာ Made in China ပစၥည္းေတြကိုဘဲ အသုံးျပဳတာ အမ်ားစုပါ။ တ႐ုတ္လုပ္ကုန္ပစၥည္းကို အသုံးျပဳတာက တ႐ုတ္နဲ႔ အေမရိကန္မွာသာမက တစ္ကမာၻလုံးလိုလို အသုံးျပဳၾကတာပါ။ တ႐ုတ္က တစ္ကမာၻလုံးက ႏိုင္ငံတိုင္းနီးပါးနဲ႔ ကုန္သြယ္ေရး ဆက္ဆံမႈရွိပါတယ္။ တ႐ုတ္ကုန္ ပစၥည္းကို တစ္ကမာၻလုံးလိုလိုက အသုံးျပဳရတာက ေစ်းသက္သာတာတစ္ခုတည္းေၾကာင့္ မဟုတ္ပါဘူး။ တ႐ုတ္ဟာ တစ္ကမာၻလုံးက က႑တိုင္းလိုလိုမွာ ဦးေဆာင္တဲ့ႏိုင္ငံျဖစ္လာတယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာၾကပါတယ္။ ဒါေၾကာင့္လည္း ကမာၻမွာ တ႐ုတ္နဲ႔ အတူလက္တြဲၿပီး စီးပြားကုန္သြယ္ေရးလုပ္ခ်င္တဲ့ ႏိုင္ငံေတြ ပိုမိုမ်ားျပားလာပါ တယ္။ ဒါေၾကာင့္ အေမရိကန္က တ႐ုတ္နဲ႔ တြဲျဖဳတ္မယ္ဆိုရင္ တ႐ုတ္အေနနဲ႔ သိပ္ပူပန္စရာမလိုပါဘူး။

တ႐ုတ္က ဦးေဆာင္ၿပီးေဆာင္႐ြက္ေနတဲ့ Belt and Road Initiatives စီမံကိန္းကလည္း တ႐ုတ္ထုတ္ကုန္ေတြ ေစ်းကြက္သစ္ေတြထဲကို ေစ်းႏႈန္းခ်ိဳသာစြာနဲ႔ ေရာက္ဖို႔ အေထာက္အကူျပဳမွာျဖစ္သလို၊ သက္ဆိုင္ရာႏိုင္ငံေတြရဲ႕ ထုတ္ကုန္ေတြ တ႐ုတ္ေစ်းကြက္ကို လ်င္လ်င္ျမန္ ေစ်းႏႈန္းခ်ိဳသာစြာနဲ႔ ေရာက္ဖို႔ အေထာက္အကူျဖစ္ပါတယ္။ ဒါေၾကာင့္ အေမရိကန္အေနနဲ႔ တ႐ုတ္နဲ႔ တြဲျဖဳတ္မယ္ဆိုရင္ အေမရိကန္သာ ပိုမိုနစ္နာမွာျဖစ္ၿပီး တ႐ုတ္အေနနဲ႔က သိပ္ထူးထူးျခား ျခားနစ္နာစရာ မရွိပါဘူး။ ၂ဝ၂၁ ခုႏွစ္က အေမရိကန္သြင္းကုန္အားလုံးရဲ႕ (၁၇ ဒသမ ၉) ရာခိုင္ႏႈန္းဟာ တ႐ုတ္ကုန္ပစၥည္းေတြျဖစ္ၿပီး အေမရိကန္ေဒၚလာ (၂ ဒသမ ၈) ထရီလ်ံ တန္ဖိုးရွိပါတယ္။ ဒီေလာက္ ပမာဏမ်ားျပားတဲ့ ကုန္ပစၥည္းေတြ ႐ုတ္တရက္မတင္သြင္းေတာ့ဘဲ ျဖတ္ခ်လိုက္မယ္ဆိုရင္ အေမရိကန္ ေစ်းကြက္အတြင္းမွာ အႀကီးအက်ယ္ေစ်းတက္တာနဲ႔ ကုန္ပစၥည္းရွားပါးတာျဖစ္လာပါလိမ့္မယ္။

အေမရိကန္ရဲ႕ ပိတ္ပင္တားျမစ္ျခင္း စတင္တာက တ႐ုတ္နည္းပညာကုမၸဏီေတြအေပၚမွာပါ။ ဒီလုပ္ရပ္အေပၚမွာ တ႐ုတ္လူထုက ေစာ္ကားတာလို႔ ခံစားရပါတယ္။ ဒါေၾကာင့္တ႐ုတ္ထိပ္တန္း ဆာဗာလုပ္တဲ့ကုမၸဏီေတြက အေမရိကန္ မိုက္က႐ြန္ကုမၸဏီေတြရဲ႕ ခ်စ္ပ္ျပားမွာယူမႈေတြကို ရပ္ဆိုင္းလိုက္တဲ့အခါ တ႐ုတ္လူထုက ေထာက္ခံၾကပါတယ္။ မိုက္က႐ြန္ခ်စ္ပ္ျပားေတြပါဝင္တဲ့ ဘယ္ပစၥည္းကိုမဆို တ႐ုတ္ကုမၸဏီေတြက သုံးမွာ မဟုတ္ပါဘူး။ ဒီခ်စ္ပ္ျပားေတြက တ႐ုတ္ႏိုင္ငံရဲ႕ အမ်ိဳးသားလုံၿခဳံေရးအတြက္ အႏၲရာယ္ရွိလို႔ ပိတ္ပင္တားျမစ္ ရတာျဖစ္ေၾကာင္း၊ ဂ်ပန္ႏိုင္ငံ ဟီ႐ိုးရွီးမားမွာက်င္းပတဲ့ ဂ်ီ-ဆဲဗင္း ထိပ္သီးအစည္းအေဝးအၿပီး ေမလ ၂၁ ရက္က တ႐ုတ္ကထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္ပါတယ္။

တကယ္ေတာ့ အေမရိကန္က တ႐ုတ္နည္းပညာကုမၸဏီေတြကို ပိတ္ပင္တားျမစ္တုံးကလည္း အလားတူ အေၾကာင္းျပခဲ့တာပါ။ အဲဒီတုံးက ဒီလိုပိတ္ပင္တားျမစ္တာဟာ သူတို႔ႏိုင္ငံအတြင္း သူတို႔လုပ္ခ်င္တာလုပ္တာဟာ သူတို႔ရဲ႕ အခြင့္အေရးဘဲလို႔ အေမရိကန္က ဆိုခဲ့ပါတယ္။ ဒါေပမဲ့ တ႐ုတ္က အခုလက္တုန႔္ျပန္တဲ့အခါမွာေတာ့ အငိုက္မိသြားတဲ့အေမရိကန္ဟာ မေက်မနပ္နဲ႔ တရစပ္ ၿငီးတြားျငင္း ခုန္ပါေတာ့တယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ မိုက္က႐ြန္ကုမၸဏီက တ႐ုတ္ကို ခ်စ္ပ္ျပားေရာင္းရေငြအေပၚက အစိုးရအခြန္ရေငြဟာ ၂ဝ၂၁ ခုႏွစ္တစ္ႏွစ္ထဲမွာဘဲ ၃ ဒသမ ၃ ဘီလ်ံေဒၚလာရွိလို႔ပါ။ ဒီကုမၸဏီဟာ ကမာၻ႔အႀကီးဆုံး ခ်စ္ပ္ ထုတ္လုပ္တဲ့ ကုမၸဏီႀကီးေတြထဲမွာ တခုအပါ အဝင္ျဖစ္ၿပီး၊ သူ႔ရဲ႕ခ်စ္ပ္ျပားေတြအမ်ားစုကို တ႐ုတ္ကုန္ပစၥည္းေတြမွာ အသုံးျပဳၾကရလို႔၊ တ႐ုတ္က ဒီလိုလုပ္ လိမ့္မယ္လို႔ လုံးဝထင္မထားပါဘူး။

ဒီလိုပိတ္ပင္လိုက္တဲ့အတြက္ အေမရိကန္ မိုက္က႐ြန္ကုမၸဏီရဲ႕ ရွယ္ယာတန္ဖိုးက ေမလ ၂၂ ရက္မွာ (၃) ရာခိုင္ႏႈန္းက်ဆင္းသြားပါတယ္။ သူ႔ရဲ႕ ၿပိဳင္ဘက္ အာရွကုမၸဏီေတြရဲ႕ ရွယ္ယာတန္ဖိုးေတြ ကျမင့္တက္လာပါတယ္။ တ႐ုတ္ မမ္မိုရီခ်စ္ကုမၸဏီ Ingenic Semiconductor ရဲ႕ ရွယ္ယာက ၂ ဒသမ ၈ ရာခိုင္ႏႈန္း၊ တ႐ုတ္ကုမၸဏီ တစ္ခုျဖစ္တဲ့ Shenzhen Techwinsemi Technology ရဲ႕ရွယ္ယာက ၆ ဒသမ ၃ ရာခိုင္ႏႈန္း ထိုးတက္သြားပါတယ္။

တ႐ုတ္အေနနဲ႔က မိုက္ခ႐ြန္ဆီက ခ်စ္ပ္ေတြမဝယ္ေတာ့ရင္၊ မိမိျပည္တြင္းထုတ္ ခ်စ္ပ္ေတြနဲ႔ အာရွႏိုင္ငံ ခ်စ္ပ္ကုမၸဏီေတြဆီကသာ ဝယ္ယူရေတာ့မွာပါ။ ၿပီးေတာ့ မိမိဖာသာ ဖူလုံဖို႔ ႀကိဳးစားရေတာ့မွာျဖစ္ပါတယ္။ ဒီလို မွမဟုတ္ရင္ တ႐ုတ္အေနနဲ႔ ခ်စ္ပ္စစ္ပြဲမွာ ရွင္သန္က်န္ရစ္ဖို႔ ခက္ခဲမွာပါ။ သိပ္မၾကာေသးမီအခ်ိန္က တ႐ုတ္က လစ္သိုဂရပ္ဖီ စက္ေတြကို ထုတ္လုပ္ခဲ့ပါတယ္။ ဒီစက္ေတြက အဆင့္ျမင့္ ခ်စ္ပ္ေတြကို ထုတ္လုပ္ႏႈိင္ပါတယ္။ ဒါေၾကာင့္ အေမရိကန္ မိုက္က႐ြန္ရဲ႕ ခ်စ္ပ္ေတြကို ပိတ္ပင္တားျမစ္လိုက္ျခင္းက တ႐ုတ္အေပၚမွာ ထိခိုက္မႈရွိမွာ မဟုတ္ပါ။

အနာဂါတ္ကာလမွာ ဒီႏွစ္ႏိုင္ငံရဲ႕ ဖက္ၿပိဳင္တိုက္ခိုက္မႈက အဆုံးသတ္ဖြယ္မရွိပါဘူး။ အေမရိကန္က သူ႔ရဲ႕ ကမာၻ႔ ထိပ္တန္းေနရာကို တ႐ုတ္ကိုဖယ္မေပးလိုပါဘူး။ ၿပိဳင္ဆိုင္မႈရွိတာဟာ ေကာင္းပါတယ္။ အၿပိဳင္အဆိုင္ရွိမွ တိုးတက္မႈဆိုတာရွိတာပါ။ ဒါေပမဲ့ အေမရိကန္က အဲဒီလိုၿပိဳင္ဆိုင္မႈကို မလိုလားဘဲ၊ ယွဥ္လာမဲ့ၿပိဳင္ဖက္ကို ဖိႏွိပ္ထားလိုပါတယ္။ အဆင့္ျမင့္နည္းပညာေတြ မျပန႔္ပြားေအာင္ ပိတ္ပင္တားျမစ္တဲ့နည္းေတြသုံးၿပီး၊ တ႐ုတ္ရဲ႕ တိုးတက္မႈကို ရပ္တန႔္ပစ္လိုတာပါ။

ဒါေပမယ့္ အေမရိကန္ရဲ႕ နည္းဗ်ဴဟာဟာ အလုပ္မျဖစ္ဘဲ၊ တ႐ုတ္ကို ပိတ္ဆို႔တားျမစ္လို႔ မရေၾကာင္း မၾကာမီ ေတြ႕ရေတာ့မွာျဖစ္ပါတယ္။

ကိုးကား- Micron was kicked out of Chinese market! The latest blow in the US-China tech war.
- Game Over for Micron Tech! Chinese Server Giants Enforce Ban on Their Chips丨Sanctions Micron
- Micron warns of lost revenue after China slaps it with sanctions

Picture

L Mone

11/06/2023 06:38

ဘာမှ မမြင်တဲ့..လူယုတ်တွေက ယုတ်မာနေတာ သူတို့အကျိူးစီးပွားအတွက် ပြည်သူသန်းငါးဆယ် ကျော်ရဲ့ ဘဝကို လည်ပင်းတက်နင်းနေကြတာ...မညှာနဲ့နော်...သောက်ဂရုကို မစိုက်နဲ့ အဲတာ ပြည်ပအားကိုးတွေ ပြည်ကို သတ်တဲ့သူတွေပ္ပါ.. အစအဆုံးလေ့လာကြည့်ကြပါ...စစ်တပ်က လုပ်ချက်လိုနေကြတာ...ရပ်ကွက်တိုင်းက ထောင်ထောင်..လုပ်ဖူးသူ..လုပ်နေသူတွေကို အများဆုံးဖမ်းပြစ်ပါ...ပြီးရင် အနုအချောအပါအဝင် ကြိုက်ရာသုံး....ပါတီတွေ ဘာတွေမပြောနဲ့ ကျော်စောမှူ့ပဲ ကိုင်တာကိုင်...လွှတ်ချင်တဲ့အချိန်မှလွှတ်...ကုသိုလ်မယူနဲ့ အကန်းတွေ က ဖမ်းထားလည်း အတူတူပဲ မဖမ်းထားလည်း...အတူတူ.ပဲ ဘာမှသာ မသိတာ ဟောင်ဖွာဖွာရယ်..ပိုဆိုးနေတယ်..တချိူ့က ခံရမှာကို မခံရဘူးကွဆိုပြီး ပြောနေကြတာ.....ထောင်စရိတ်သာ တိုးပေးထားလိုက်ကြပါ...မနည်းဘူးနော်..မိသားစုထဲ ဘိုကျနေသူ ရပ်ကွက်ထဲမှာ လူလည်ကျနေသူမှန်သမျှ ဖမ်းသာဖမ်း...အကုန်ရှာတွေ့ကြလိမ့်မယ်...ဘိုကျ နေတဲ့ မိန်းမတွေသာ ရွေးဖမ်းကြပါ..။အကန်းက အနီးကန်းတွေရယ်...ဘာအဝေးမှ မမြင် ကြပဲ ငါတော်တယ် ငါသိတယ်.ဆိုသူတွေပဲ ဖြစ်ကြပါ.၏..ထောင်ထဲသာထည့်ကြပါ..ယောကျ်ားတွေကို သိပ်မဆိုးရိမ်ကြပါနဲ့ ရပ်ကွက်ထဲ ရွာထဲမှာ ငါ့မိသားစုက ငါလုပ်လို့ တိုးတက်တာဆိုပြီ..ဘိုကျတဲ့ မိန်းမတွေကို ပြောနေတာနော်...

Related news

© 2021. All rights reserved.