သရုပ်ဆောင် မေပန်းချီ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅(က)ဖြင့် ထောင်ဒဏ် (၃)နှစ် ချမှတ်ခံရ

8308

NP News - ဇွန် ၁၁
သရုပ်ဆောင် မေပန်းချီသည် ရာဇသတ်ကြီးပုဒ်မ ၅ဝ၅(က)ဖြင့် ထောင်ဒဏ်(၃)နှစ် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရကြောင်း သတင်းရရှိသည်။
မေပန်းချီကို ပြီးခဲ့သော ဇွန်လ ၇ ရက်တွင် စစ်ခုံရုံးက ထောင်ဒဏ်(၃)နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း လုံခြုံ ရေးအဖွဲ့ဝင်များနှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို အသိပေးပြောဆိုထားသည်။
“ထောင်(၃)နှစ် ကျသွားတယ်ဆိုတာ မှန်ပါတယ်။ စစ်ခုံရုံးက ဇွန်လ ၇ ရက်မှာ အမိန့်ချမှတ်လိုက်တာပါ” ဟု အထက်ပါ သတင်းအရင်းအမြစ်က ပြောသည်။
၂ဝ၂၃ ခုနှစ် ဧပြီလ ၁၁ ရက်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့၊ ပဇီကြီးကျေးရွာ၌ NUG ရုံးဖွင့်ပွဲ ပြုလုပ်နေစဉ် လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အပေါ် သရုပ်ဆောင်မေပန်းချီက ၎င်း၏ လူမှုကွန်ယက်စာမျက် နှာ၌ ရေးသားဖြန့်ဝေခဲ့မှုများနှင့်ပတ်သက်၍ အမှုဖွင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပဇီကြီးကျေးရွာ အကြောင်းအရာနှင့်ပတ်သက်၍ သရုပ်ဆောင်မေပန်းချီသည် ဧပြီလ ၁၁ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်းမြို့နယ်)ရှိ သူမ၏နေအိမ်၌ ဖမ်းဆီးခံခဲ့ရပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၅ဝ၅(က)ဖြင့် အမှုဖွင့်ခံခဲ့ရခြင်းလည်း ဖြစ်သည်။
ထို့ပြင် သရုပ်ဆောင် မေပန်းချီအပါအဝင် အဆိုတော်ရွှေရည်သိန်းတန်၊ လူငယ်အဆိုတော် မေလသံစဉ်နှင့် The Voice ဂျာနယ်အယ်ဒီတာချုပ်ဟောင်း ဦးကျော်မင်းဆွေတို့သည်လည်း ပဇီကြီးကျေးရွာဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးအမှုဖွင့်ခြင်းခံခဲ့ရသည်။
zawgyi version
သ႐ုပ္ေဆာင္ ေမပန္းခ်ီ ရာဇသတ္ႀကီးပုဒ္မ ၅ဝ၅(က)ျဖင့္ ေထာင္ဒဏ္ (၃)ႏွစ္ ခ်မွတ္ခံရ
NP News - ဇြန္ ၁၁
သ႐ုပ္ေဆာင္ ေမပန္းခ်ီသည္ ရာဇသတ္ႀကီးပုဒ္မ ၅ဝ၅(က)ျဖင့္ ေထာင္ဒဏ္(၃)ႏွစ္ ျပစ္ဒဏ္ခ်မွတ္ျခင္း ခံခဲ့ရေၾကာင္း သတင္းရရွိသည္။
ေမပန္းခ်ီကို ၿပီးခဲ့ေသာ ဇြန္လ ၇ ရက္တြင္ စစ္ခုံ႐ုံးက ေထာင္ဒဏ္(၃)ႏွစ္ ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း လုံၿခဳံ ေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္က NP News ကို အသိေပးေျပာဆိုထားသည္။
“ေထာင္(၃)ႏွစ္ က်သြားတယ္ဆိုတာ မွန္ပါတယ္။ စစ္ခုံ႐ုံးက ဇြန္လ ၇ ရက္မွာ အမိန႔္ခ်မွတ္လိုက္တာပါ” ဟု အထက္ပါ သတင္းအရင္းအျမစ္က ေျပာသည္။
၂ဝ၂၃ ခုႏွစ္ ဧၿပီလ ၁၁ ရက္တြင္ စစ္ကိုင္းတိုင္း၊ ကန႔္ဘလူၿမိဳ႕၊ ပဇီႀကီးေက်း႐ြာ၌ NUG ႐ုံးဖြင့္ပြဲ ျပဳလုပ္ေနစဥ္ ေလေၾကာင္းတိုက္ခိုက္ခံရမႈျဖစ္စဥ္အေပၚ သ႐ုပ္ေဆာင္ေမပန္းခ်ီက ၎၏ လူမႈကြန္ယက္စာမ်က္ ႏွာ၌ ေရးသားျဖန႔္ေဝခဲ့မႈမ်ားႏွင့္ပတ္သက္၍ အမႈဖြင့္ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ပဇီႀကီးေက်း႐ြာ အေၾကာင္းအရာႏွင့္ပတ္သက္၍ သ႐ုပ္ေဆာင္ေမပန္းခ်ီသည္ ဧၿပီလ ၁၁ ရက္တြင္ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္းၿမိဳ႕နယ္)ရွိ သူမ၏ေနအိမ္၌ ဖမ္းဆီးခံခဲ့ရၿပီးေနာက္ ရာဇသတ္ႀကီးပုဒ္မ ၅ဝ၅(က)ျဖင့္ အမႈဖြင့္ခံခဲ့ရျခင္းလည္း ျဖစ္သည္။
ထို႔ျပင္ သ႐ုပ္ေဆာင္ ေမပန္းခ်ီအပါအဝင္ အဆိုေတာ္ေ႐ႊရည္သိန္းတန္၊ လူငယ္အဆိုေတာ္ ေမလသံစဥ္ႏွင့္ The Voice ဂ်ာနယ္အယ္ဒီတာခ်ဳပ္ေဟာင္း ဦးေက်ာ္မင္းေဆြတို႔သည္လည္း ပဇီႀကီးေက်း႐ြာျဖစ္စဥ္ႏွင့္ပတ္သက္၍ ဖမ္းဆီးအမႈဖြင့္ျခင္းခံခဲ့ရသည္။