လူစိတ်ဝင်စားမှုများပြားခဲ့တဲ့ လိင်ဆက်ဆံရေး အားကစားပြိုင်ပွဲ (ဘာသာပြန်ဆောင်းပါး)

 28902

မောင်သံလွင် (NP News) - ဇွန် ၁၂

မကြာသေးခင်က အင်တာနက်မှာ ထူးထူးဆန်းဆန်း သတင်းတစ်ခုကို ဆူညံပွက်လောရိုက် ပြောဆိုလာကြပါတယ်။ အဲဒီသတင်းကတော့ ဆွီဒင်နိုင်ငံက “လိင်ဆက်ဆံ” တာကို အားကစားနည်း တစ်မျိုးလို့သတ်မှတ်လိုက်ပြီး ပြိုင်ပွဲတစ်ရပ်ကို ဇွန်လ ၈ ရက်ကစပြီး ရက်သတ္တပတ်ပေါင်းများစွာ ကျင်းပသွားဖို့ရှိတယ်လို့ ကြေညာလိုက်တယ်ဆိုတဲ့ သတင်းပါ။ DW ဂျာမန်သတင်းဌာနက ဒီကိစ္စကို စုံစမ်းမေးမြန်းပြီး ပြန်လည်တင်ပြထားပါတယ်။

အိန္ဒိယနိုင်ငံရဲ့ လူကြိုက်အများဆုံးနဲ့ ဂုဏ်သိက္ခာရှိ သတင်းစာကြီးတစ်စောင်ဖြစ်တဲ့ The Times of India ရဲ့ ဝက်ဘ်ဆိုက်ပေါ်က ခေါင်းကြီးပိုင်းမှာ “ မကြာခင် ဆွီဒင်နိုင်ငံဟာ လိင်ဆက်ဆံခြင်း ဥရောပ ချန်ပီယံ လုပွဲကြီးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ်” ဆိုတဲ့ သတင်းတက်လာပါတယ်။ သတင်းရဲ့ အဆိုအရ ဆွီဒင်နိုင်ငံဟာ လိင်ဆက်ဆံခြင်းကို အားကစားတစ်ရပ်အနေနဲ့ တရားဝင် အသိအမှတ်ပြု လိုက်ပြီး ဘယ်သူအတော်ဆုံးလဲဆိုတာ ဆုံးဖြတ်တဲ့ ပြိုင်ပွဲတစ်ရပ်ကို လက်ခံကျင်းပပေးသွားမယ်။ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူတွေက နေ့စဉ် ၆ နာရီ အထိကြာမြင့်တဲ့ အဆန်းတကြယ်ယှဉ်ပြိုင်မှု တွေမှာ ပါဝင်ရမှာဖြစ်တယ်လို့ဆိုပါတယ်။

တခြား သတင်းမီဒီယာတွေနဲ့ ဆိုရှယ်မီဒီယာတွေမှာလည်း ဒီသတင်းကိုဖော်ပြခဲ့ကြပါတယ်။
တချို့ ပါကစ္စတန်သတင်းဝက်ဘ်ဆိုက်တွေကလည်း ဒီသတင်းကိုဖော်ပြခဲ့ကြပါတယ်။ This Greek သတင်းဌာနကတော့ ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်မယ့် ဂရိပြိုင်ပွဲဝင်တွေကိုတောင် ဖေါ်ပြလိုက်ပါသေး တယ်။ ဂုဏ်သိက္ခာရှိ တောင်အာဖရိက သတင်းဌာန IOL နဲ့ နိုက်ဂျီးရီးယန်း ဝက်ဘ်ဆိုက်တစ်ခုတို့မှာလည်း ဒီသတင်းကိုဖော်ပြခဲ့ကြပါတယ်။

နာမည်ကျော် ဂျာမန် သတင်းမီဒီယာ RTL က ကြည့်ရှုသူတွေကို မေးခွန်းတစ်ခုမေးပြီး စစ်တမ်း ကောက်ယူပါသေးတယ်။ မေးခွန်းက “လိင်ဆက်ဆံတာကို အားကစားတစ်ရပ်အဖြစ် အသိအမှတ်ပြုတဲ့ အပေါ် သင်ဘယ်လိုထင်ပါသလဲ”တဲ့။

စီအန်ဘီစီ CNBC နဲ့ ချိတ်ဆက်ထားတဲ့ အိန္ဒိယသတင်းမီဒီယာဌာနကြီးတစ်ခုကဆိုရင်၊ ပြိုင်ပွဲမှာ ဘယ်လို ပါဝင်ယှဉ်ပြိုင်ရမယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုပါ ဖော်ပြခဲ့ပါတယ်။ အဲဒီသတင်း မှာ ဆွီဒင် လိင်ဆက်ဆံ‌ရေးအဖွဲ့ "Swedish Sex Federation" ဆိုတာနဲ့ချိတ်ဆက်ထားတဲ့ အီးမေးလ် လိပ်စာတစ်ခုလည်း ပါဝင်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက အဲဒီ ဝက်ဆိုက်လိပ်စာက တကယ်ရှိပါ တယ်။ ဒါပေမဲ့ URL မတူတဲ့ ညစ်ညမ်းဝက်ဘ်ဆိုက်တစ်ခုဆီကို ဦးတည်သွားပါတယ်။ အဲဒီမှာ ပြိုင်ပွဲ စတင်မယ့်အချိန်ကျဖို့ အချိန်မှတ်ပေး running a countdown နေတာကိုတွေ့ရပါတယ်။ နောက်ပြီး ပြိုင်ပွဲကို အဲဒီဝက်ဘ်ဆိုက်ကနေ လိုက်ဖ်ရှိုးလွှင့်မှာလို့လည်း ကြေညာထားပါတယ်။

ဒီသတင်းက အမှန်အကန်ဖြစ်ဖို့ သိပ်ကိုစိတ်လှုပ်ရှားဖို့ ကောင်းလွန်းနေပါတယ်။ တစ်ချက်လောက် စေ့စေ့စပ်စပ်စုံစမ်းကြည့်ကြပါစို့။

ကြေငြာချက်- ဆွီဒင်နိုင်ငံက လိင်ဆက်ဆံခြင်းကို အားကစားတစ်ရပ်အနေနဲ့ အသိအမှတ်ပြုလိုက်ပြီး နောက် ဒီသီတင်းပတ်ထဲမှာ လိင်ဆက်ဆံခြင်း ပြိုင်ပွဲတစ်ရပ် ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်ပါ လိမ့်မယ်။

အချက်အလက်စစ်ဆေးချက်
“ဒီသတင်းအချက်အလက်အားလုံးက မှားပါတယ်” လို့ စတော့ဟုမ်းမှာရှိတဲ့ ဆွီဒင်အားကစားအဖွဲ့ ချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် အန်နာဆက်ဇ်မန်း Anna Setzman ကစာနဲ့ရေးပြီး DW သတင်းဌာနကို ဖြေကြား ပါတယ်။ “အခုဆိုရင်၊ ဆွီဒင်နိုင်ငံနဲ့ ဆွီဒင်အားကစားနဲ့ပတ်သက်တဲ့ သတင်းအမှားတစ်ခုဟာ တချို့သော နိုင်ငံတကာသတင်း မီဒီယာတွေမှာ ပြန့်နှံ့နေပါတယ်။ ဒါတွေဟာ မမှန်ဘူးလို့ ပြင်းပြင်း ထန်ထန်ငြင်းဆို ပါတယ်”လို့ သူမက ပြောလိုက်ပါတယ်။

ဒီသတင်း ဘယ်လိုစဖြစ်လာတာလဲ
ဆွီဒင် နေ့စဉ်သတင်းစာကြီးတစ်စောင်ဖြစ်တဲ့ Göteborgs-Posten ကဖေါ်ပြတဲ့ သတင်းအဆိုအရ ဒီ ဇတ်လမ်းတစုံလုံးဟာ Dragan Bratic ဒရာဂန်ဘရာ့တစ်ဆိုတဲ့ ဆွီဒင်အမျိုးသားတစ်ယောက်က စတင်ခဲ့တာလို့ သိရပါတယ်။

သတင်းစာမှာဖော်ပြထားချက်အရ ဘရာ့တစ်ဟာ ဖေါ်ချွတ်ကပွဲရုံပေါင်းများစွာပိုင်ဆိုင်ပြီး လိင်ဆက် ဆံခြင်းကိုလည်း အားကစားတစ်ရပ်အဖြစ် သတ်မှတ်ပေးစေလိုသူဖြစ်ပါတယ်။ သူက ဒီနှစ် ဇန်နဝါရီလ တုန်းက အားကစားအဖွဲ့ချုပ် အဖွဲ့ဝင်အဖြစ် ဝင်ခွင့်ရဖို့လျှောက်ထားခဲ့ပါတယ်။ ဆွီဒင်အားကစား အဖွဲ့ချုပ်ကို DW သတင်းဌာနက စုံစမ်းမေးမြန်းတဲ့အခါ လိင်ဆက်ဆံရေး အဖွဲ့တစ်ခုရှိပါတယ်လို့ဆိုတဲ့ လူတစ်ယောက်က အဖွဲ့ဝင်အဖြစ်လျှောက်ထားလာခဲ့တာရှိကြောင်း၊ ဒါပေမယ့် အဲဒီလျှောက်ထားချက်ကို မေလထဲတုန်းကပယ်ချခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။

“တချို့နိုင်ငံတကာ မီဒီယာတွေရဲ့ သတင်းတွေမှာ၊ လိင်ဆက်ဆံရေးအဖွဲ့ဟာ ဆွီဒင်အား ကစားအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်ဖြစ်သွားပြီလို့ ဆိုတဲ့သတင်းကြောင့်၊ ဆွီဒင် အားကစားအဖွဲ့ချုပ်အနေနဲ့ အများရဲ့အာရုံစိုက်တာကို ခံလာရပါတယ်”လို့ ဆက်ဇ်မန်းက သူမရဲ့ကြေငြာချက်မှာပြောပါတယ်။“ဒါဟာ ဆွီဒင် အားကစားနဲ့ ဆွီဒင်နိုင်ငံကို အိုးမဲသုတ်ဖို့ ရည်ရွယ်တဲ့သတင်းအတုပါ”လို့ဆိုပါတယ်။

အားကစားအဖွဲ့ချုပ်ကတော့ လိင်ဆက်ဆံရေးအဖွဲ့ဆိုတာနဲ့ မည်သည့်ပူးပေါင်းဆောင်ရွက်မှုမှ မရှိပါဘူးလို့ ပြတ်ပြတ်သားသားငြင်းဆိုပါတယ်။ မည်သည့် လိင်ဆက်ဆံရေးအဖွဲ့မှ ဆွီဒင် အားကစား အဖွဲ့ချုပ်မှာ အဖွဲ့ဝင်အဖြစ်ပါဝင်တာမရှိပါဘူး”လို့ ဆက်ဇ်မန်းက ပြောပါတယ်။

လိင်ဆက်ဆံရေးဆိုတာ မဖွယ်မရာ
လိင်ဆက်ဆံတယ်ဆိုတဲ့ကိစ္စဟာ နိုင်ငံအတော်များများမှာ မဖွယ်မရာ ကိစ္စပါ။ နော့ဒစ်နိုင်ငံတွေမှာ တော့ တမူထူးခြားတဲ့ ပြိုင်ပွဲတွေကျင်းပရာမှာ ထင်ရှားကျော်ကြားပါတယ်။ ဥပမာ ဇနီးမယားကို ချီပွေ့ပြေးရတဲ့ပြိုင်ပွဲ၊ ကမ္ဘာ့ပေါင်းခံချွေးထုတ် ချန်ပီယံလုပွဲ (ပါဝင်ယှဉ်ပြိုင်သူတစ်ယောက် သေဆုံးသွား တဲ့ ၂ဝ၁ဝ ခုနှစ်ပြိုင်ပွဲပြီးတဲ့နောက် အဲဒီပြိုင်ပွဲမကျင်းပတော့ပါ)၊ အသက် ၂၅ နှစ်ပြည့်လို့မှ အိမ်ထောင်မပြုသေးသူကို သစ်ကြံပိုးခေါက်မှုံ့တွေနဲ့ ဖြန်းပက်တဲ့ဓလေ့ စသဖြင့်ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် လိင်ဆက်ဆံမှု ပြိုင်ပွဲဆိုတာကတော့ အဲဒီမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါ။

တောင်အာရှဒေသက သတင်းမီဒီယာတချို့က အချက်အလက်မှန်-မမှန်မစစ်ဆေးဘဲ အဲဒီအကြောင်း ကို စိတ်ဝင်တစားဖော်ပြခဲ့ကြတာတွေ့ရပါတယ်။

တခြား မီဒီယာတွေမှာလည်း တလွဲဦးတည်သွားစေတဲ့ ဆောင်းပါးတွေဖော်ပြခဲ့ပါတယ်။ ရမက်နှိုးဆွမှုနဲ့ လိင်ဆက်ဆံမှုတို့နဲ့ ပတ်သက်တဲ့ ရှေးဟောင်း သံသကရိုက်ကျမ်း တစ်ခုဖြစ်တဲ့ ကာမသျှတ္တရဆိုင်ရာ ဗဟုသုတက ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သူတွေကို ဘယ်လိုအထောက်အကူပြု လိမ့်မယ်ဆိုတာကို ဆောင်းပါးတစောင်ကရှင်းပြထားပြီး နောက်ဆုံး စာပိုဒ်ရောက်တော့မှ ဒီချန်ပီယံရှစ်ပြိုင်ပွဲ သတင်းက အတုကြီးပါလို့ ရေးသားထားပါတယ်။

အချုပ်ပြောရရင် ဒီသတင်းဟာ သတင်းဌာနတွေကရော၊ ဖတ်ရှု နားထောင်ကြသူတွေပါ အလွန်စိတ်ဝင် စားတဲ့ အလိမ်အညာ သတင်းတု တစ်ခုသာဖြစ်ပါကြောင်း။

Ref: Fact check: No, Sweden is not holding a 'sex championship'
- Why singles in Denmark get covered in cinnamon
- Fact Check: Examining Reports on Sweden’s Alleged First-ever Sex Championship

zawgyi version
လူစိတ္ဝင္စားမႈမ်ားျပားခဲ့တဲ့ လိင္ဆက္ဆံေရး အားကစားၿပိဳင္ပြဲ (ဘာသာျပန္ေဆာင္းပါး)
ေမာင္သံလြင္ (NP News) - ဇြန္ ၁၂

မၾကာေသးခင္က အင္တာနက္မွာ ထူးထူးဆန္းဆန္း သတင္းတစ္ခုကို ဆူညံပြက္ေလာ႐ိုက္ ေျပာဆိုလာၾကပါတယ္။ အဲဒီသတင္းကေတာ့ ဆြီဒင္ႏိုင္ငံက “လိင္ဆက္ဆံ” တာကို အားကစားနည္း တစ္မ်ိဳးလို႔သတ္မွတ္လိုက္ၿပီး ၿပိဳင္ပြဲတစ္ရပ္ကို ဇြန္လ ၈ ရက္ကစၿပီး ရက္သတၱပတ္ေပါင္းမ်ားစြာ က်င္းပသြားဖို႔ရွိတယ္လို႔ ေၾကညာလိုက္တယ္ဆိုတဲ့ သတင္းပါ။ DW ဂ်ာမန္သတင္းဌာနက ဒီကိစၥကို စုံစမ္းေမးျမန္းၿပီး ျပန္လည္တင္ျပထားပါတယ္။

အိႏၵိယႏိုင္ငံရဲ႕ လူႀကိဳက္အမ်ားဆုံးနဲ႔ ဂုဏ္သိကၡာရွိ သတင္းစာႀကီးတစ္ေစာင္ျဖစ္တဲ့ The Times of India ရဲ႕ ဝက္ဘ္ဆိုက္ေပၚက ေခါင္းႀကီးပိုင္းမွာ “ မၾကာခင္ ဆြီဒင္ႏိုင္ငံဟာ လိင္ဆက္ဆံျခင္း ဥေရာပ ခ်န္ပီယံ လုပြဲႀကီးကို အိမ္ရွင္အျဖစ္လက္ခံက်င္းပမယ္” ဆိုတဲ့ သတင္းတက္လာပါတယ္။ သတင္းရဲ႕ အဆိုအရ ဆြီဒင္ႏိုင္ငံဟာ လိင္ဆက္ဆံျခင္းကို အားကစားတစ္ရပ္အေနနဲ႔ တရားဝင္ အသိအမွတ္ျပဳ လိုက္ၿပီး ဘယ္သူအေတာ္ဆုံးလဲဆိုတာ ဆုံးျဖတ္တဲ့ ၿပိဳင္ပြဲတစ္ရပ္ကို လက္ခံက်င္းပေပးသြားမယ္။ ဒီၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္သူေတြက ေန႔စဥ္ ၆ နာရီ အထိၾကာျမင့္တဲ့ အဆန္းတၾကယ္ယွဥ္ၿပိဳင္မႈ ေတြမွာ ပါဝင္ရမွာျဖစ္တယ္လို႔ဆိုပါတယ္။

တျခား သတင္းမီဒီယာေတြနဲ႔ ဆိုရွယ္မီဒီယာေတြမွာလည္း ဒီသတင္းကိုေဖာ္ျပခဲ့ၾကပါတယ္။
တခ်ိဳ႕ ပါကစၥတန္သတင္းဝက္ဘ္ဆိုက္ေတြကလည္း ဒီသတင္းကိုေဖာ္ျပခဲ့ၾကပါတယ္။ This Greek သတင္းဌာနကေတာ့ ၿပိဳင္ပြဲမွာဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ဂရိၿပိဳင္ပြဲဝင္ေတြကိုေတာင္ ေဖၚျပလိုက္ပါေသး တယ္။ ဂုဏ္သိကၡာရွိ ေတာင္အာဖရိက သတင္းဌာန IOL နဲ႔ ႏိုက္ဂ်ီးရီးယန္း ဝက္ဘ္ဆိုက္တစ္ခုတို႔မွာလည္း ဒီသတင္းကိုေဖာ္ျပခဲ့ၾကပါတယ္။

နာမည္ေက်ာ္ ဂ်ာမန္ သတင္းမီဒီယာ RTL က ၾကည့္ရႈသူေတြကို ေမးခြန္းတစ္ခုေမးၿပီး စစ္တမ္း ေကာက္ယူပါေသးတယ္။ ေမးခြန္းက “လိင္ဆက္ဆံတာကို အားကစားတစ္ရပ္အျဖစ္ အသိအမွတ္ျပဳတဲ့ အေပၚ သင္ဘယ္လိုထင္ပါသလဲ”တဲ့။

စီအန္ဘီစီ CNBC နဲ႔ ခ်ိတ္ဆက္ထားတဲ့ အိႏၵိယသတင္းမီဒီယာဌာနႀကီးတစ္ခုကဆိုရင္၊ ၿပိဳင္ပြဲမွာ ဘယ္လို ပါဝင္ယွဥ္ၿပိဳင္ရမယ္ဆိုတဲ့ အေသးစိတ္အခ်က္အလက္ေတြကိုပါ ေဖာ္ျပခဲ့ပါတယ္။ အဲဒီသတင္း မွာ ဆြီဒင္ လိင္ဆက္ဆံ‌ေရးအဖြဲ႕ "Swedish Sex Federation" ဆိုတာနဲ႔ခ်ိတ္ဆက္ထားတဲ့ အီးေမးလ္ လိပ္စာတစ္ခုလည္း ပါဝင္ပါတယ္။ စိတ္ဝင္စားဖို႔ေကာင္းတာက အဲဒီ ဝက္ဆိုက္လိပ္စာက တကယ္ရွိပါ တယ္။ ဒါေပမဲ့ URL မတူတဲ့ ညစ္ညမ္းဝက္ဘ္ဆိုက္တစ္ခုဆီကို ဦးတည္သြားပါတယ္။ အဲဒီမွာ ၿပိဳင္ပြဲ စတင္မယ့္အခ်ိန္က်ဖို႔ အခ်ိန္မွတ္ေပး running a countdown ေနတာကိုေတြ႕ရပါတယ္။ ေနာက္ၿပီး ၿပိဳင္ပြဲကို အဲဒီဝက္ဘ္ဆိုက္ကေန လိုက္ဖ္ရႈိးလႊင့္မွာလို႔လည္း ေၾကညာထားပါတယ္။

ဒီသတင္းက အမွန္အကန္ျဖစ္ဖို႔ သိပ္ကိုစိတ္လႈပ္ရွားဖို႔ ေကာင္းလြန္းေနပါတယ္။ တစ္ခ်က္ေလာက္ ေစ့ေစ့စပ္စပ္စုံစမ္းၾကည့္ၾကပါစို႔။

ေၾကျငာခ်က္- ဆြီဒင္ႏိုင္ငံက လိင္ဆက္ဆံျခင္းကို အားကစားတစ္ရပ္အေနနဲ႔ အသိအမွတ္ျပဳလိုက္ၿပီး ေနာက္ ဒီသီတင္းပတ္ထဲမွာ လိင္ဆက္ဆံျခင္း ၿပိဳင္ပြဲတစ္ရပ္ ပထမဆုံးအႀကိမ္အျဖစ္ က်င္းပျပဳလုပ္ပါ လိမ့္မယ္။

အခ်က္အလက္စစ္ေဆးခ်က္
“ဒီသတင္းအခ်က္အလက္အားလုံးက မွားပါတယ္” လို႔ စေတာ့ဟုမ္းမွာရွိတဲ့ ဆြီဒင္အားကစားအဖြဲ႕ ခ်ဳပ္ရဲ႕ေျပာခြင့္ရပုဂၢိဳလ္ အန္နာဆက္ဇ္မန္း Anna Setzman ကစာနဲ႔ေရးၿပီး DW သတင္းဌာနကို ေျဖၾကား ပါတယ္။ “အခုဆိုရင္၊ ဆြီဒင္ႏိုင္ငံနဲ႔ ဆြီဒင္အားကစားနဲ႔ပတ္သက္တဲ့ သတင္းအမွားတစ္ခုဟာ တခ်ိဳ႕ေသာ ႏိုင္ငံတကာသတင္း မီဒီယာေတြမွာ ျပန႔္ႏွံ႔ေနပါတယ္။ ဒါေတြဟာ မမွန္ဘူးလို႔ ျပင္းျပင္း ထန္ထန္ျငင္းဆို ပါတယ္”လို႔ သူမက ေျပာလိုက္ပါတယ္။

ဒီသတင္း ဘယ္လိုစျဖစ္လာတာလဲ
ဆြီဒင္ ေန႔စဥ္သတင္းစာႀကီးတစ္ေစာင္ျဖစ္တဲ့ Göteborgs-Posten ကေဖၚျပတဲ့ သတင္းအဆိုအရ ဒီ ဇတ္လမ္းတစုံလုံးဟာ Dragan Bratic ဒရာဂန္ဘရာ့တစ္ဆိုတဲ့ ဆြီဒင္အမ်ိဳးသားတစ္ေယာက္က စတင္ခဲ့တာလို႔ သိရပါတယ္။

သတင္းစာမွာေဖာ္ျပထားခ်က္အရ ဘရာ့တစ္ဟာ ေဖၚခြၽတ္ကပြဲ႐ုံေပါင္းမ်ားစြာပိုင္ဆိုင္ၿပီး လိင္ဆက္ ဆံျခင္းကိုလည္း အားကစားတစ္ရပ္အျဖစ္ သတ္မွတ္ေပးေစလိုသူျဖစ္ပါတယ္။ သူက ဒီႏွစ္ ဇန္နဝါရီလ တုန္းက အားကစားအဖြဲ႕ခ်ဳပ္ အဖြဲ႕ဝင္အျဖစ္ ဝင္ခြင့္ရဖို႔ေလွ်ာက္ထားခဲ့ပါတယ္။ ဆြီဒင္အားကစား အဖြဲ႕ခ်ဳပ္ကို DW သတင္းဌာနက စုံစမ္းေမးျမန္းတဲ့အခါ လိင္ဆက္ဆံေရး အဖြဲ႕တစ္ခုရွိပါတယ္လို႔ဆိုတဲ့ လူတစ္ေယာက္က အဖြဲ႕ဝင္အျဖစ္ေလွ်ာက္ထားလာခဲ့တာရွိေၾကာင္း၊ ဒါေပမယ့္ အဲဒီေလွ်ာက္ထားခ်က္ကို ေမလထဲတုန္းကပယ္ခ်ခဲ့ၿပီး ျဖစ္တယ္လို႔ဆိုပါတယ္။

“တခ်ိဳ႕ႏိုင္ငံတကာ မီဒီယာေတြရဲ႕ သတင္းေတြမွာ၊ လိင္ဆက္ဆံေရးအဖြဲ႕ဟာ ဆြီဒင္အား ကစားအဖြဲ႕ခ်ဳပ္ရဲ႕ အဖြဲ႕ဝင္ျဖစ္သြားၿပီလို႔ ဆိုတဲ့သတင္းေၾကာင့္၊ ဆြီဒင္ အားကစားအဖြဲ႕ခ်ဳပ္အေနနဲ႔ အမ်ားရဲ႕အာ႐ုံစိုက္တာကို ခံလာရပါတယ္”လို႔ ဆက္ဇ္မန္းက သူမရဲ႕ေၾကျငာခ်က္မွာေျပာပါတယ္။“ဒါဟာ ဆြီဒင္ အားကစားနဲ႔ ဆြီဒင္ႏိုင္ငံကို အိုးမဲသုတ္ဖို႔ ရည္႐ြယ္တဲ့သတင္းအတုပါ”လို႔ဆိုပါတယ္။

အားကစားအဖြဲ႕ခ်ဳပ္ကေတာ့ လိင္ဆက္ဆံေရးအဖြဲ႕ဆိုတာနဲ႔ မည္သည့္ပူးေပါင္းေဆာင္႐ြက္မႈမွ မရွိပါဘူးလို႔ ျပတ္ျပတ္သားသားျငင္းဆိုပါတယ္။ မည္သည့္ လိင္ဆက္ဆံေရးအဖြဲ႕မွ ဆြီဒင္ အားကစား အဖြဲ႕ခ်ဳပ္မွာ အဖြဲ႕ဝင္အျဖစ္ပါဝင္တာမရွိပါဘူး”လို႔ ဆက္ဇ္မန္းက ေျပာပါတယ္။

လိင္ဆက္ဆံေရးဆိုတာ မဖြယ္မရာ
လိင္ဆက္ဆံတယ္ဆိုတဲ့ကိစၥဟာ ႏိုင္ငံအေတာ္မ်ားမ်ားမွာ မဖြယ္မရာ ကိစၥပါ။ ေနာ့ဒစ္ႏိုင္ငံေတြမွာ ေတာ့ တမူထူးျခားတဲ့ ၿပိဳင္ပြဲေတြက်င္းပရာမွာ ထင္ရွားေက်ာ္ၾကားပါတယ္။ ဥပမာ ဇနီးမယားကို ခ်ီေပြ႕ေျပးရတဲ့ၿပိဳင္ပြဲ၊ ကမာၻ႔ေပါင္းခံေခြၽးထုတ္ ခ်န္ပီယံလုပြဲ (ပါဝင္ယွဥ္ၿပိဳင္သူတစ္ေယာက္ ေသဆုံးသြား တဲ့ ၂ဝ၁ဝ ခုႏွစ္ၿပိဳင္ပြဲၿပီးတဲ့ေနာက္ အဲဒီၿပိဳင္ပြဲမက်င္းပေတာ့ပါ)၊ အသက္ ၂၅ ႏွစ္ျပည့္လို႔မွ အိမ္ေထာင္မျပဳေသးသူကို သစ္ႀကံပိုးေခါက္မႈံ႕ေတြနဲ႔ ျဖန္းပက္တဲ့ဓေလ့ စသျဖင့္ရွိပါတယ္။ ဘာပဲျဖစ္ျဖစ္ လိင္ဆက္ဆံမႈ ၿပိဳင္ပြဲဆိုတာကေတာ့ အဲဒီမွာ ဘယ္တုန္းကမွ မရွိခဲ့ဖူးပါ။

ေတာင္အာရွေဒသက သတင္းမီဒီယာတခ်ိဳ႕က အခ်က္အလက္မွန္-မမွန္မစစ္ေဆးဘဲ အဲဒီအေၾကာင္း ကို စိတ္ဝင္တစားေဖာ္ျပခဲ့ၾကတာေတြ႕ရပါတယ္။

တျခား မီဒီယာေတြမွာလည္း တလြဲဦးတည္သြားေစတဲ့ ေဆာင္းပါးေတြေဖာ္ျပခဲ့ပါတယ္။ ရမက္ႏႈိးဆြမႈနဲ႔ လိင္ဆက္ဆံမႈတို႔နဲ႔ ပတ္သက္တဲ့ ေရွးေဟာင္း သံသက႐ိုက္က်မ္း တစ္ခုျဖစ္တဲ့ ကာမသွ်တၱရဆိုင္ရာ ဗဟုသုတက ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္သူေတြကို ဘယ္လိုအေထာက္အကူျပဳ လိမ့္မယ္ဆိုတာကို ေဆာင္းပါးတေစာင္ကရွင္းျပထားၿပီး ေနာက္ဆုံး စာပိုဒ္ေရာက္ေတာ့မွ ဒီခ်န္ပီယံရွစ္ၿပိဳင္ပြဲ သတင္းက အတုႀကီးပါလို႔ ေရးသားထားပါတယ္။

အခ်ဳပ္ေျပာရရင္ ဒီသတင္းဟာ သတင္းဌာနေတြကေရာ၊ ဖတ္ရႈ နားေထာင္ၾကသူေတြပါ အလြန္စိတ္ဝင္ စားတဲ့ အလိမ္အညာ သတင္းတု တစ္ခုသာျဖစ္ပါေၾကာင္း။

Ref: Fact check: No, Sweden is not holding a 'sex championship'
- Why singles in Denmark get covered in cinnamon
- Fact Check: Examining Reports on Sweden’s Alleged First-ever Sex Championship

Related news

© 2021. All rights reserved.