သာကေတရှိ တိုင်းရင်းသားကျေးရွာကို အဆင့်မြှင့်တင်မည်

 1251

NP News - ဇွန် ၁၃

ရန်ကုန်တိုင်း သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို အဆင့်မြှင့်တင်ရန်အတွက် နိုင်ငံသားလုပ်ငန်းရှင်များကို အိတ်ဖွင့်တင်ဒါခေါ်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှသိရသည် ။

၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်အတွင်း တိုင်းရင်းသားကျေးရွာကို အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး တိုင်းရင်းသားကျေးရွာအတွင်းရှိ သမင်ခြံနေရာတွင် ဝင်္ကပါပတ်လမ်း၊ ဝါးရုံတောလျှောက်လမ်းများပြုပြင်ခြင်းနှင့် ရေပန်းအလှတပ်ဆင်သည့်လုပ်ငန်း‌များ၊ ဆိပ်ခံဗောတံတားအနီး သောင်တူးဖော်သည့်လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ ငွေလုံးငွေရင်းအသုံးစရိတ်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသားလုပ်ငန်းရှင်များကို တင်ဒါဖိတ်ခေါ်ထားကြောင်းသိရသည်။

တင်ဒါအဆိုပြုလွှာများကို ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ဇွန်လ ၁၂ ရက်မှစတင်ကာရောင်းချပေးနေပြီး ဇွန်လ ၂၇ ရက် နောက်ဆုံးထားကာ ပြန်လည်ပေးပို့တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသို့ အပတ်စဉ်ရုံးဖွင့်ရက်များတွင် လူဦးရေ ၄ဝဝ မှ ၅ဝဝ အထိလာရောက်လည်ပတ်ကြပြီး ရုံးပိတ်ရက်များတွင် လူဦးရေ ၂ဝဝဝ ဝန်းကျင်အထိ လာရောက်ကြကြောင်းသိရသည်။

zawgyi version
သာေကတရွိ တိုင္းရင္းသားေက်း႐ြာကို အဆင့္ျမႇင့္တင္မည္

NP News - ဇြန္ ၁၃

ရန္ကုန္တိုင္း သာေကတၿမိဳ႕နယ္ရွိ ျပည္ေထာင္စုတိုင္းရင္းသားေက်း႐ြာကို အဆင့္ျမႇင့္တင္ရန္အတြက္ ႏိုင္ငံသားလုပ္ငန္းရွင္မ်ားကို အိတ္ဖြင့္တင္ဒါေခၚသြားမည္ျဖစ္ေၾကာင္း တိုင္းရင္းသားစာေပႏွင့္ယဥ္ေက်းမႈဦးစီးဌာနမွသိရသည္ ။

၂ဝ၂၃-၂ဝ၂၄ ဘ႑ာႏွစ္အတြင္း တိုင္းရင္းသားေက်း႐ြာကို အဆင့္ျမႇင့္တင္သြားမည္ျဖစ္ၿပီး တိုင္းရင္းသားေက်း႐ြာအတြင္းရွိ သမင္ၿခံေနရာတြင္ ဝကၤပါပတ္လမ္း၊ ဝါး႐ုံေတာေလွ်ာက္လမ္းမ်ားျပဳျပင္ျခင္းႏွင့္ ေရပန္းအလွတပ္ဆင္သည့္လုပ္ငန္း‌မ်ား၊ ဆိပ္ခံေဗာတံတားအနီး ေသာင္တူးေဖာ္သည့္လုပ္ငန္းမ်ားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါလုပ္ငန္းမ်ားကို ျပည္ေထာင္စုခြင့္ျပဳရန္ပုံေငြ၊ ေငြလုံးေငြရင္းအသုံးစရိတ္မ်ားျဖင့္ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ႏိုင္ငံသားလုပ္ငန္းရွင္မ်ားကို တင္ဒါဖိတ္ေခၚထားေၾကာင္းသိရသည္။

တင္ဒါအဆိုျပဳလႊာမ်ားကို ျပည္ေထာင္စုတိုင္းရင္းသားေက်း႐ြာတြင္ ဇြန္လ ၁၂ ရက္မွစတင္ကာေရာင္းခ်ေပးေနၿပီး ဇြန္လ ၂၇ ရက္ ေနာက္ဆုံးထားကာ ျပန္လည္ေပးပို႔တင္သြင္းရမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိအခ်ိန္၌ ျပည္ေထာင္စုတိုင္းရင္းသားေက်း႐ြာသို႔ အပတ္စဥ္႐ုံးဖြင့္ရက္မ်ားတြင္ လူဦးေရ ၄ဝဝ မွ ၅ဝဝ အထိလာေရာက္လည္ပတ္ၾကၿပီး ႐ုံးပိတ္ရက္မ်ားတြင္ လူဦးေရ ၂ဝဝဝ ဝန္းက်င္အထိ လာေရာက္ၾကေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.