မိုခါမုန်တိုင်းဒဏ်သင့်ဒေသများအတွက် ရန်ပုံငွေဘောလုံးပြိုင်ပွဲ ကျင်းပမည်

798

ယွန်း (NP News) - ဇွန် ၁၃
မိုခါမုန်တိုင်းဒဏ်သင့်ဒေသများအတွက် ရန်ပုံငွေဘောလုံးပြိုင်ပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း နစကထံမှ သိရသည်။
ရန်ပုံငွေဘောလုံးပြိုင်ပွဲကို ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏအားကစားကွင်းတွင် ကျင်းပမည်ဖြစ်ပြီး ရုပ်ရှင်ဘောလုံးအသင်း အပါအဝင် ဂီတဘောလုံးအသင်း၊ Forever FC ဘောလုံးအသင်းနှင့် ညွန့်ပေါင်းအသင်းတို့မှ ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
လာမည့် ဇွန်လ(၁၆)ရက်၊ ညနေ(၃)နာရီအချိန်တွင် ရုပ်ရှင်ဘောလုံးအသင်းနှင့် Forever FC ဘောလုံးအသင်းတို့က ယှဥ်ပြိုင်ကစားမည်ဖြစ်ပြီး ညနေ(၅)နာရီတွင် ညွန့်ပေါင်းအသင်းနှင့် ဂီတဘောလုံးအသင်းတို့မှ ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရန်ပုံငွေဘောလုံးပြိုင်ပွဲတွင် နိုင်ငံကျော်အနုပညာရှင်များက ပါဝင်ယှဥ်ပြိုင်ကြမည်ဖြစ်ပြီး ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲ ကျင်းပမည့် ဇွန်လ(၁၇)ရက်၊ (၂)နာရီအချိန်တွင် အနုပညာရှင်များက တေးသီချင်းများ သီဆိုဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းရန်ပုံငွေပွဲအတွက် ဘောလုံးပွဲလက်မှတ်များအား တစ်စောင်လျှင် ငွေကျပ်(၃ဝဝဝ)နှုန်းဖြင့် သုဝဏ္ဏအားကစားကွင်း၊ ဂိတ်အမှတ် (၅)တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရန်ပုံငွေဘောလုံးပြိုင်ပွဲမှ ရရှိသော ရန်ပုံငွေများအား မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
မိုခါမုန္တိုင္းဒဏ္သင့္ေဒသမ်ားအတြက္ ရန္ပုံေငြေဘာလုံးၿပိဳင္ပြဲ က်င္းပမည္
ယြန္း (NP News) - ဇြန္ ၁၃
မိုခါမုန္တိုင္းဒဏ္သင့္ေဒသမ်ားအတြက္ ရန္ပုံေငြေဘာလုံးၿပိဳင္ပြဲကို ရန္ကုန္ၿမိဳ႕ရွိ သုဝဏၰအားကစားကြင္း၌ က်င္းပသြားမည္ျဖစ္ေၾကာင္း နစကထံမွ သိရသည္။
ရန္ပုံေငြေဘာလုံးၿပိဳင္ပြဲကို ရန္ကုန္ၿမိဳ႕၊ သကၤန္းကြၽန္းၿမိဳ႕နယ္ရွိ သုဝဏၰအားကစားကြင္းတြင္ က်င္းပမည္ျဖစ္ၿပီး ႐ုပ္ရွင္ေဘာလုံးအသင္း အပါအဝင္ ဂီတေဘာလုံးအသင္း၊ Forever FC ေဘာလုံးအသင္းႏွင့္ ၫြန႔္ေပါင္းအသင္းတို႔မွ ပါဝင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
လာမည့္ ဇြန္လ(၁၆)ရက္၊ ညေန(၃)နာရီအခ်ိန္တြင္ ႐ုပ္ရွင္ေဘာလုံးအသင္းႏွင့္ Forever FC ေဘာလုံးအသင္းတို႔က ယွဥ္ၿပိဳင္ကစားမည္ျဖစ္ၿပီး ညေန(၅)နာရီတြင္ ၫြန႔္ေပါင္းအသင္းႏွင့္ ဂီတေဘာလုံးအသင္းတို႔မွ ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ရန္ပုံေငြေဘာလုံးၿပိဳင္ပြဲတြင္ ႏိုင္ငံေက်ာ္အႏုပညာရွင္မ်ားက ပါဝင္ယွဥ္ၿပိဳင္ၾကမည္ျဖစ္ၿပီး ဗိုလ္လုပြဲႏွင့္ တတိယေနရာလုပြဲ က်င္းပမည့္ ဇြန္လ(၁၇)ရက္၊ (၂)နာရီအခ်ိန္တြင္ အႏုပညာရွင္မ်ားက ေတးသီခ်င္းမ်ား သီဆိုေဖ်ာ္ေျဖေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
၎ရန္ပုံေငြပြဲအတြက္ ေဘာလုံးပြဲလက္မွတ္မ်ားအား တစ္ေစာင္လွ်င္ ေငြက်ပ္(၃ဝဝဝ)ႏႈန္းျဖင့္ သုဝဏၰအားကစားကြင္း၊ ဂိတ္အမွတ္ (၅)တြင္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ရန္ပုံေငြေဘာလုံးၿပိဳင္ပြဲမွ ရရွိေသာ ရန္ပုံေငြမ်ားအား မိုခါမုန္တိုင္းဒဏ္သင့္ေဒသမ်ား ျပန္လည္ ထူေထာင္ေရးလုပ္ငန္းမ်ားအတြက္ လႉဒါန္းသြားမည္ျဖစ္ေၾကာင္း သိရသည္။