အာဆီယံ ဒေသတွင်းက ခါးပတ်လမ်းစီမံကိန်းများနဲ့ အနောက်တိုင်းမီဒီယာ (ဘာသာပြန်ဆောင်းပါး)

 1123

ပရမတ္တကိုမောင်ဘ (NP News) - ဇွန် ၁၄

အရှေ့တောင်အာရှဒေသဟာ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာအရှိဆုံးဒေသတစ်ခုပါ။ ဒါပေမယ့် ဒီဒေသမှာ သယ်ယူပို့ဆောင်ရေးကွန်ယက်အားနည်းတာ၊ လျှပ်စစ်ဂရစ်လိုင်းတွေနေရာအနှံ့မရှိတာနဲ့ ဒီဂျစ်တယ် အခြေခံအဆောက်အအုံတွေ မလုံလောက်တာတွေက ခေတ်မီကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးဆုံချက် နေရာတစ်ခု ဖြစ်လာဖို့ အားနည်းချက်ဖြစ်နေပါသေးတယ်။ ၂ဝ၁၅ ကနေ ၂ဝ၃ဝ ခုနှစ်အတွင်း ဒီ‌ဒေသတွင်းက အခြေခံ အဆောက် အအုံလိုအပ်ချက်တွေဖြည့်ဆည်းဖို့ အမေရိကန်ဒေါ်လာ (၃ ဒသမ ၁)ထရီလျံ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်လိမ့် မယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က တွက်ချက်ခန့်မှန်းပါတယ်။ ဒီလိုအပ်တဲ့ ငွေကြေးပမာဏကို ကူညီဖြည့်ဆည်း‌ ပေးနိုင်တာ ကမ္ဘာမှာ နှစ်နိုင်ငံပဲရှိပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံပါ။ ဒီနှစ်နိုင်ငံအနက် ဘယ်နိုင်ငံက သူတို့ အတွက် အကူအညီအပေးဆုံး မဟာမိတ်နိုင်ငံဖြစ်လာမလဲ လေ့လာကြည့်ကြပါစို့။

တရုတ်နိုင်ငံက ၂ဝ၁၃ ခုနှစ်ကတည်းက ခါးပတ်လမ်း စီမံကိန်း BRI- Belt and Road initiative ကို စတင်ခဲ့ပါ တယ်။ ခါးပတ်လမ်း စီမံကိန်းဟာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေအတွက်ရော အာဆီယံနိုင်ငံတွေအတွင်းက လိုအပ် နေတဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အခွင့်အလမ်းတစ်ရပ်ပါ။ တရုတ်နိုင်ငံကတော့ လွန်ခဲ့ တဲ့ ဆယ်စုနှစ် နှစ်ခုကာလကပဲ၊ ခေတ်မီတဲ့ သယ်ယူပို့ဆောင်ဆက်သွယ်ရေး၊ စွမ်းအင်အလုံအလောက်ရရှိရေးနဲ့ ဒစ်ဂျစ်တယ်နေထိုင်မှုဘဝသို့ ကူးပြောင်းရေးစတာတွေကို အောင်အောင်မြင်မြင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ၂ဝဝ၉ ခုနှစ်လောက်ကတည်းက တရုတ်ဟာ အာဆီယံရဲ့ အရေးအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာသလို လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကတည်းက အာဆီယံကွန်ယက်ဟာ တရုတ်ရဲ့ ထိပ်တန်း ကုန်သွယ်ဖက် ဖြစ်လာပါတယ်။ ၂ဝ၂၂ ခုနှစ်အောက်တိုဘာလစာရင်းတွေအရ အာဆီယံနဲ့ တရုတ်အကြားက အပြန်အလှန်ကုန်သွယ်ရေး ပမာဏ ဟာ တရုတ်ငွေ (၅ ဒသမ ၂) ထရီလျံယွမ် အထိရောက်ရှိခဲ့ပါပြီ။ ဒါဟာ တရုတ်ပို့ကုန်သွင်းကုန် အားလုံးရဲ့ (၁၅ ဒသမ ၂) ရာခိုင်နှုန်း ရှိပါတယ်။

မလေးရှားနိုင်ငံဆိုရင် ခါးပတ်လမ်းစီမံကိန်းရဲ့ ရင်းနှီးမြှုပ်နှံမှုစတင်ဝင်လာပြီး (၃)နှစ်အကြာမှာ တရုတ်ရင်းနှီး မြှုပ်နှံမှုက ရာခိုင်နှုန်း (၁ဝဝဝ) အထိထိုးတက်သွားပါတယ်။ ဒီပမာဏက လွန်ခဲ့တဲ့ (၁ဝ) နှစ်ကာလမှာ အာဆီယံ နိုင်ငံတွေအတွင်း အများဆုံးပမာဏပါ။ ဒါတင်မကသေးပါဘူး။ မလေးရှားက ခါးပတ်လမ်းစီမံကိန်းတွေဟာ အာဆီယံဒေသထဲမှာ နယ်ပယ်အတိုင်းအတာအရ အကျယ်ပြန့်ဆုံး၊ ပမာဏအရ အကြီးဆုံးနဲ့ အမြန်ဆုံး အကောင် အထည်ဖော်ဆောင်မှုတစ်ချို့ထဲမှာ အပါအဝင်ဖြစ်ပါတယ်။ နမူနာအဖြစ်ပြောရရင် East Coast Rail Link- ECRL အရှေ့ဖက်ကမ်းရိုးတန်း ရထားလိုင်း (အီးစီအာအယ်လ်) စီမံကိန်းဆိုတာ (၂၇) ဘီလျံဒေါ်လာတန် မီဂါပရောဂျက် တစ်ခုပါ။ ဒီဧရာမ ပရောဂျက်ကို တရုတ် ဆက်သွယ်ရေးတည်ဆောက်ရေးကုမ္ပဏီက (China communication construction company) တာဝန်ယူတည်ဆောက်နေတာပါ။ ဒီရထားလိုင်းက မလေးရှားရဲ့ အရှေ့ပိုင်းနဲ့ အနောက် ပိုင်းကမ်းရိုးတန်းတွေကို ဆက်သွယ်ပေးပြီး ကီလိုမီတာ (၇ဝဝ) ရှည်ပါလိမ့်မယ်။ ဒီစီမံကိန်းမှာ အလုပ်သမားပေါင်း (၂၃ဝဝဝ)ပါဝင်ပြီး (၇ဝ)ရာခိုင်နှုန်းက ဒေသခံတွေဖြစ်ကြပါတယ်။ ဒီစီမံကိန်း လုပ်နေဆဲကာလမှာ ဒေသခံတွေ အလုပ်အကိုင်တွေရကြသလို စီမံကိန်းပြီးသွားတဲ့အခါမှာလည်း မလေးရှားနိုင်ငံတွင်း ကုန်စည်ကူးသန်းမှုနဲ့ သွားလာ ရေးတွေ ပိုမိုများပြားလာပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် တွန်းအားဖြစ်စေပါလိမ့်မယ်။ ဒါဟာ မလေးရှား နိုင်ငံရဲ့ အကြီးမားဆုံး အခြေခံအဆောက်အအုံ ပရောဂျက်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီမှာ အငြင်းပွား စရာကိစ္စမရှိတာတော့မဟုတ်ပါ။ ကမ္ဘာသမိုင်းမှာ အကြီးမားဆုံး ဘဏ္ဍာရေးအရ အပုပ်နံ့ထွက်တဲ့ အရှုပ်တော်ပုံ တစ်ခုနဲ့ ပတ်သက်နေပါတယ်။ အဲဒီအရှုပ်တော်ပုံက ဝန်ကြီးချုပ်ဟောင်း Najib Razak နဂျစ်ရဇတ် ပါဝင်ပတ် သက်တဲ့ 1MDB scandal ပါ။ အဲဒီအရှုပ်တော်ပုံအကြောင်း နောက်တော့ ပြောကြတာပေါ့။

အခုကတော့ တရုတ်ကျောထောက်နောက်ခံပြုခဲ့တဲ့ အအောင်မြင်ဆုံး ပရောဂျက်တွေအကြောင်း ပြောကြစို့။ အဲဒါက Malaysia - China kuantan Industrial Park စီမံကိန်းပါ။ အဲဒီစက်မှုဇုန်က ဧက ၃၅ဝဝ ကျယ်ပါတယ်။ တရုတ်နိုင်ငံ ကွမ်ရှီးမှာ တည်ဆောက်ထားပြီးဖြစ်တဲ့ China-Malaysia Qinzhou Industrial Park စက်မှုဇုန်နဲ့ လက်တွဲဖို့ ပထမဆုံးသော ညီအစ်မစက်မှုဇုန်များ အဖြစ် ဒီစက်မှုဇုန်ကို မလေးရှားနိုင်ငံ အရှေ့ဖက် ကမ်းရိုးတန်းမှာ တည်ဆောက်ခဲ့တာပါ။

ဒီစက်မှုဇုန်တည်ဆောက်ပြီးတဲ့အချိန်ကစလို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုပုံစံသစ်ရဲ့ စဦးတီထွင်သူ အဖြစ်နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြီးတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါ့ပြင် နိုင်ငံတကာ ကုန်သွယ်ရေးတွေကို တွန်းအားဖြစ်စေပြီး ရင်းနှီးမြှုပ်နှံမှု တန်ဖိုး (၂၅)ဘီလျံဒေါ်လာ‌ကျော်ရှိတဲ့ ပရောဂျက်ပေါင်း (၂ဝဝ) ကျော်နဲ့ စာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။ ဒါကြောင့် ဒေသခံပြည်သူ ထောင်သောင်းများစွာ အလုပ်တွေရရှိကြပါတယ်။ ဒီလိုကြီးမားတဲ့ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို အခြားအာဆီယံနိုင်ငံတွေမှာလည်း တွေ့နိုင်ပါတယ်။

အရှေ့တောင်အာရှရဲ့ လူဦးရေအများဆုံးတိုင်းပြည်တစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာလည်း တရုတ်က အမေရိကန်ဒေါ်လာ (၈)ဘီလျံ ကုန်ကျမယ့် ဂျကာတာ-ဘန်ဒေါင်း အမြန်ရထားလမ်းတစ်ခု တည်ဆောက်နေ ပါတယ်။ ဒီရထားလမ်းဟာ (၁၄၂) ကီလိုမီတာရှည်လျားပြီး အင်ဒိုနီးရှားနိုင်ငံမှာ လူဦးရေအများဆုံးနေထိုင်တဲ့ မြို့ကြီးနှစ်မြို့ကို ဆက်သွယ်ပေးထားပါတယ်။ ရထားလမ်းသစ်ကြောင့် မြို့ကြီးနှစ်မြို့အကြား ခရီးသွားချိန် တိုသွားပါလိမ့်မယ်။ မူလက (၃)နာရီခွဲခရီးကို (၃၆)မိနစ်ကြာဘဲသွားရတော့မှာပါ။ ဒီပရောဂျက်က အင်ဒိုနီးရှားနိုင်ငံ မှာလုပ်တဲ့ ခါးပတ်လမ်းစီမံကိန်းရဲ့ ရှေ့ဆောင်ပရောဂျက်တစ်ခုပါ။ ဒီပရောဂျက်က ဒေသခံ ၂ဝဝဝ လောက်ကို အလုပ်အကိုင်ဖန်တီးပေးခဲ့ပြီး ဒီနှစ်ထဲမှာပြီးစီးပါလိမ့်မယ်။ ဒီလမ်းက အရှေ့တောင်အာရှရဲ့ ပထမဦးဆုံးသော တစ်နာရီ ကီလိုမီတာ ၂၅ဝ အထက်မောင်းနှင်နိုင်တဲ့ အမြန်ရထားလမ်းဖြစ်လာပါလိမ့်မယ်။ ဒါ့ပြင် အင်ဒိုနီးရှားဟာ၊ အာရှမှာတရုတ်ကတည်ဆောက်တဲ့ နိုင်ငံရပ်ခြားစက်မှုဇုန် (၈) ခုထဲက တစ်ဝက်လောက်ကို အိမ်ရှင်အဖြစ် လက်ခံတည်ဆောက်ခဲ့ပါတယ်။ အင်ဒိုနီးရှားရဲ့ မိုရိုဝါလီ စက်မှုဇုန် (Indonesia Morowali Industrial Park) ဆိုရင် အလုပ်သမားပေါင်း (၄၃ဝဝဝ)ကို အလုပ်ပေးနိုင်ပြီး အဲဒီအထဲက (၉ဝ) ရာခိုင်နှုန်းလောက်ဟာ ဒေသခံတွေပါ။ အင်ဒိုနီးရှားနိုင်ငံဟာ အခြေခံအဆောက်အအုံတွေ လိုအပ်နေတဲ့ အာဆီယံနိုင်ငံတွေနဲ့ ခါးပတ်လမ်းစီမံကိန်းတို့ အကြား အပြည့်အဝဟန်ချက်ညီ ပေါင်းစပ်အသုံးချနိုင်တဲ့ စံပြနိုင်ငံတစ်ခုလို့ဆိုရမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ အခြေခံအဆောက်အအုံညံ့ဖျင်းတာ၊ လူသားအရင်းအမြစ် နိမ့်ကျတာနဲ့ ဥပဒေလုပ်ထုံးလုပ်နည်းစနစ်တွေက မပြည့်မစုံ- ညံ့ဖျင်းတာ စတာတွေရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ယှဉ်ပြိုင်နှိုင်စွမ်းမရှိဖြစ်နေတာ ကြာပြီဖြစ်လို့ ကမ္ဘာ့ ကုန်သွယ်မှုဆုံချက်နေရာတစ်ခုဖြစ်ဖို့ အသာထား၊ ဒေသတွင်းကုန်သွယ်မှု ဆုံချက်ဖြစ်ဖို့တောင်မှ အတားအဆီးဖြစ် နေပါတယ်။ အမှန်စင်စစ်မှာ အင်ဒိုနီးရှားနိုင်ငံရဲ့ ကမ္ဘာ့ကုန်သွယ်ရေးမှာပါဝင်တဲ့ ပမာဏက၊ သူ့ထက်ငယ်တဲ့ အိမ်နီးချင်းမလေးရှားတို့၊ ထိုင်းတို့အပြင် စင်္ကာပူနိုင်ငံ ထက်တောင်သေးငယ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ အင်ဒိုပစိဖိတ်ဒေသတွင်းက မဟာဗျူဟာကျတဲ့တည်နေရာ၊ အရှေ့တောင်အာရှမှာ အကြီး ဆုံး စီးပွားရေးဖြစ်နေတာ၊ ကမ္ဘာမှာ စတုတ္ထမြောက် လူဦးရေအများဆုံး နိုင်ငံကြီးဖြစ်နေတာတွေကြောင့် အင်ဒိုနီး ရှားဟာ သူ့ရဲ့အခြေခံအဆောက်အအုံတိုးတက်ကောင်းမွန်ရေးကို ပြင်းပြင်းထန်ထန် ကြိုးစားရှာဖွေရပါတယ်။ သူ့ရဲ့ များပြားလှတဲ့ကျွန်းတွေအကြား ကူးသန်းဆက်သွယ်ရေးတိုးတက်ကောင်းမွန်အောင်နဲ့ သူ့ရဲ့စီးပွားရး ခေတ်မီ အောင်လုပ်ဖို့လိုပါတယ်။ ဒါတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအကြားမှာ ယေဘူယျကြုံတွေနေကျဖြစ်ပေမဲ့၊ ဒီလို ကျယ် ပြန့် ကြီးမားတဲ့ ကုန်ကျစားရိတ်များကို အင်ဒိုနီးရှားကမတတ်နှိုင်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ တရုတ်ရဲ့ BRI စီမံ ကိန်းရောက်လာလေတော့ အင်ဒိုနီးရှားအတွက် “ရေငတ်နေသူ ရေတွင်းထဲကျ” ဆိုသလိုဖြစ်သွားပါတော့တယ်။

လွန်ခဲ့တဲ့ ၁ဝ နှစ်အတွင်း တရုတ်နိုင်ငံဟာ အင်ဒိုနီးရှားရဲ့ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်လာသလို၊ တပြိုင် နက်ထဲမှာ အကြီးဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံသူ ဖြစ်လာတာ ၂ဝ၁၉ ခုနှစ်ကတည်းကပါ။ သမ္မတ ဂျိုကို ဝီဒိုဒိုက ခါးပတ်လမ်းစီမံကိန်းနဲ့ပတ်သက်ပြီး “ဒါက ဆွေးနွေးပြောဆိုရုံ သက်သက်မျှမဟုတ်ပါဘူး။ ဒါကတစ်ခုခုကို တကယ်တည်ဆောက်နေတာပါ။ လေဆိပ်တွေ၊ ရထားလမ်းတွေ၊ ဒါတွေဟာ ကုန်ထုတ်လုပ်ငန်းတွေ၊ ကျွန်တော်တို့ မြင်နိုင်ထိတွေ့ကိုင်တွယ်နိုင်တဲ့ အရာတွေပါ။ ဒါတွေဟာ ကမ္ဘာက အခုချက်ခြင်းလိုအပ်နေတဲ့၊ သူရသတ္တိတစ်မျိုးနဲ့ တကယ့် လုပ်ဆောင်ချက်တွေပါ”လို့ပြောသွားပါတယ်။ ဒါကြောင့် ဒါဟာ နိုင်ငံတစ်နိုင်ငံရဲ့လိုအပ်ချက်တွေ၊ ရည်မှန်း ချက်တွေနဲ့ BRI က ကမ်းလှမ်းပေးအပ်နိုင်တာတွေအကြား ပြည့်စုံတဲ့ ညှိနှိုင်းပေါင်းစပ်မှုအကျိုးလို့ ဆိုနိုင်ပါတယ်။ ဒီရလဒ်တွေကို အရှေ့တောင်အာရှတလွှား နေရာအနှံ့မှာ တွေ့နိုင်ပါတယ်။ တကယ်တော့ အရှေ့တောင်အာရှဒေသ တစ်ခုထဲမှာတင်မကပါဘူး။ ကမ္ဘာတလွှားက နေရာအနှံ့အပြားမှာ တရုတ် ခါးပတ်လမ်းစီမံကိန်း BRI ရဲ့ စီမံကိန်းတွေ တည်ဆောက်နေတာ ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။ အမြန်ရထားလမ်းတွေ၊ အမြန်ကားလမ်းနဲ့ မြစ်ကူးတံတားကြီးတွေ၊ စက်မှုဇုန်တွေ၊ စီပွားရေးစင်တာတွေနဲ့ တခြားဧရာမ စီမံကိန်းတွေစတဲ့ သက်ဆိုင်ရာတိုင်းပြည်ရဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေးကို တိုးတက်ကောင်းမွန်စေပြီး အလုပ်အကိုင်အခွင့် အလမ်းပေါင်းများစွာဖန်တီးပေးမယ့် အခြေခံအဆောက်အအုံတည်ဆောက်ရေးတွေ လုပ်ဆောင်နေတာကို တွေ့နေ မြင်နေရပါတယ်။

ဒါပေမယ့် အနောက်တိုင်းမီဒီယာတွေမှာက တရုတ်ပြည်ကို အသိအမှတ်ပြုရမယ့် အောင်မြင်မှုတွေကို မဖော်ပြလိုကြပါဘူး။ လူ (၂) သန်းလောက်ကြည့်ရှုခဲ့တဲ့ မေလ ၁၈ ရက် ရိုက်တာသတင်းတစ်ပုဒ်မှာ တရုတ်ပြည် နဲ့ပတ်သက်ပြီး ဘယ်လောက်တောင်ဆိုးဆိုးရွားရွားပြောထားသလဲဆိုတာ အတော်အံ့သြဖို့ကောင်းပါတယ်။

“ကိုဗစ် 19 ကပ်ရောဂါရဲ့ ဇာတိမြေတရုတ်နိုင်ငံက နောက်ထပ်ကမ္ဘာလုံးဆိုင်ရာ ရောဂန္တရကပ်ဆိုက်အောင် လမ်းခင်းနေ” လို့ခေါင်းစဉ်တပ်ပြီး လာအိုနိုင်ငံကို ဖြတ်ပြီးဖောက်လုပ်ထားတဲ့ အမြန်မီးရထားလမ်းအကြောင်းရေး သားဖေါ် ပြရာမှာ မဟုတ်မမှန်ရေးသားခဲ့ပါတယ်။

ရိုက်တာရဲ့ ဒီလိုရေးသားဖော်ပြမှုက တော်တော့်ကို အံ့သြဖို့ကောင်းလွန်းလို့ မယုံနှိုင်အောင်ဖြစ်ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ၂ဝ၂ဝ ခုနှစ် ဇွန်လ ၂၆ ရက်က တင်ခဲ့တဲ့ ရိုက်တာသတင်းတပုဒ်မှာဘဲ “ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုးကို ၂ဝ၁၉ ခုနှစ်မတ်လအတွင်းက စုဆောင်းခဲ့တဲ့ အညစ်အကြေးနမူနာများထဲမှာ ခြေရာခံရရှိလို့ စပိန် လေ့လာချက်များကပြော” ဆိုတဲ့ သတင်းကိုဖော်ပြခဲ့ပါသေးတယ်။ အဲဒီအချိန်ဟာ တရုတ်ပြည်မှာ ကိုဗစ် 19 ရောဂါပိုးလို့ သိရှိခဲ့တဲ့ အချိန်ထက် (၉)လစောပါတယ်လို့ ဘာစီလိုနာ တက္ကသိုလ်က ပြောခဲ့တာကိုလည်း ဖော်ပြ ထားပါတယ်။ ဒီသတင်းအရဆိုရင် ကိုဗစ် 19 ‌ရောဂါပိုးဟာ တရုတ်ပြည်မှာ မတွေ့ခင်ကတည်းက ဘာစီလိုနားမှာ တွေ့ခဲ့ပြီးဖြစ်တယ်လို့ဆိုရမှာပါ။

ဒါကြောင့်လည်း လာအိုလူထုက လိုတမျိုး မလိုတမျိုးရေးတဲ့ သမရိုးကျ အနောက်တိုင်းမီဒီယာတွေအပေါ်မှာ အယုံအကြည် နည်းပါးလာပါတယ်။
တကယ်က လာအိုနိုင်ငံဟာ သမိုင်းမှာ အပြင်းထန်ဆုံးဗုံးကြဲတိုက်ခိုက်တာခံခဲ့ရဘူးတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ၁၉၆၄ ခုနှစ်‌ကနေ ၁၉၇၃ ခုနှစ်အတွင်း အရှေ့တောင်အာရှက ကုန်းတွင်းပိတ်နိုင်ငံငယ်ကလေး လာအိုကို အမေရိကန် နယ်ချဲ့တွေက ဗုံးတန်ချိန် (၂)သန်းလောက်ကြဲချခဲ့တာပါ။ ၁၉၇၅ အထိ လာအိုပြည်သူ ၁ဝ ပုံတပုံ ( ဦးရေအားဖြင့် ၂ဝဝဝဝဝ) လောက်သေဆုံးပြီး ၄ဝဝဝဝဝ လောက်က ဒဏ်ရာအနာတရဖြစ်ခဲ့ကြပါတယ်။

ဒီလို ပြင်းထန်တဲ့ စစ်ပွဲဒဏ်ခံခဲ့ရပြီး ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် ကုန်သွယ်‌ရေးမှာ ယှဉ်ပြိုင် နိုင်စွမ်းမရှိတဲ့ လာအိုဟာ၊ တရုတ်တည်ဆောက်ပေးတဲ့ ရထားလမ်းသစ်ကျေးဇူးကြောင့် အိမ်နီးချင်း အရှေ့တောင် အာရှနိုင်ငံတွေနဲ့ ကုန်ကူးသန်းရောင်းဝယ်တာတွေ၊ ပင်လယ်ရေကြောင်းကနေ ကုန်ပစ္စည်းတင်ပို့တာတွေကို လုပ် နိုင်တော့မှာဖြစ်ပါတယ်။ ဒီရထားလမ်းဟာ လာအိုနိုင်ငံအတွက် တကယ့်မဟာဗျူဟာကျတဲ့ အလှည့်အပြောင်း ဖြစ်ပေါ်တိုးတက်မှု တစ်ခုပါ။

တကယ်တန်းမှာတော့ လာအိုနိုင်ငံတွင်း အမြန်မီးရထားလမ်းပေါက်သွားတဲ့ကိစ္စမှာ ဘာရောဂန္တရကပ်ဆိုးနဲ့မှ ပတ်သက်မှုမရှိပါဘူး။ ရိုက်တာသတင်းဌာနအနေနဲ့ တရုတ်နိုင်ငံအပေါ် မလိုတမာစိတ်နဲ့ ဒီလိုရေးသားဖော်ပြ ချက်က သူတို့ရဲ့ သဘောထားယုတ်ညံ့မှုကို အရှင်းသားဖော်ပြနေတာသာဖြစ်ပါကြောင်း။

ကိုးကား- Why Southeast Asia Chose China (You Won't Believe What USA Did)
- Why Laos Has Been Bombed More Than Any Other Country
- 1Malaysia Development Berhad scandal

zawgyi version
အာဆီယံ ေဒသတြင္းက ခါးပတ္လမ္းစီမံကိန္းမ်ားနဲ႔ အေနာက္တိုင္းမီဒီယာ (ဘာသာျပန္ေဆာင္းပါး)
ပရမတၱကိုေမာင္ဘ (NP News) - ဇြန္ ၁၄

အေရွ႕ေတာင္အာရွေဒသဟာ ကမာၻေပၚမွာ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ အလားအလာအရွိဆုံးေဒသတစ္ခုပါ။ ဒါေပမယ့္ ဒီေဒသမွာ သယ္ယူပို႔ေဆာင္ေရးကြန္ယက္အားနည္းတာ၊ လွ်ပ္စစ္ဂရစ္လိုင္းေတြေနရာအႏွံ႔မရွိတာနဲ႔ ဒီဂ်စ္တယ္ အေျခခံအေဆာက္အအုံေတြ မလုံေလာက္တာေတြက ေခတ္မီကမာၻလုံးဆိုင္ရာ ကုန္သြယ္ေရးဆုံခ်က္ ေနရာတစ္ခု ျဖစ္လာဖို႔ အားနည္းခ်က္ျဖစ္ေနပါေသးတယ္။ ၂ဝ၁၅ ကေန ၂ဝ၃ဝ ခုႏွစ္အတြင္း ဒီ‌ေဒသတြင္းက အေျခခံ အေဆာက္ အအုံလိုအပ္ခ်က္ေတြျဖည့္ဆည္းဖို႔ အေမရိကန္ေဒၚလာ (၃ ဒသမ ၁)ထရီလ်ံ ရင္းႏွီးျမႇဳပ္ႏွံဖို႔ လိုအပ္လိမ့္ မယ္လို႔ အာရွဖြံ႕ၿဖိဳးေရးဘဏ္က တြက္ခ်က္ခန႔္မွန္းပါတယ္။ ဒီလိုအပ္တဲ့ ေငြေၾကးပမာဏကို ကူညီျဖည့္ဆည္း‌ ေပးႏိုင္တာ ကမာၻမွာ ႏွစ္ႏိုင္ငံပဲရွိပါတယ္။ အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံပါ။ ဒီႏွစ္ႏိုင္ငံအနက္ ဘယ္ႏိုင္ငံက သူတို႔ အတြက္ အကူအညီအေပးဆုံး မဟာမိတ္ႏိုင္ငံျဖစ္လာမလဲ ေလ့လာၾကည့္ၾကပါစို႔။

တ႐ုတ္ႏိုင္ငံက ၂ဝ၁၃ ခုႏွစ္ကတည္းက ခါးပတ္လမ္း စီမံကိန္း BRI- Belt and Road initiative ကို စတင္ခဲ့ပါ တယ္။ ခါးပတ္လမ္း စီမံကိန္းဟာ တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈေတြအတြက္ေရာ အာဆီယံႏိုင္ငံေတြအတြင္းက လိုအပ္ ေနတဲ့ အေျခခံအေဆာက္အအုံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ပါ အခြင့္အလမ္းတစ္ရပ္ပါ။ တ႐ုတ္ႏိုင္ငံကေတာ့ လြန္ခဲ့ တဲ့ ဆယ္စုႏွစ္ ႏွစ္ခုကာလကပဲ၊ ေခတ္မီတဲ့ သယ္ယူပို႔ေဆာင္ဆက္သြယ္ေရး၊ စြမ္းအင္အလုံအေလာက္ရရွိေရးနဲ႔ ဒစ္ဂ်စ္တယ္ေနထိုင္မႈဘဝသို႔ ကူးေျပာင္းေရးစတာေတြကို ေအာင္ေအာင္ျမင္ျမင္ ေဆာင္႐ြက္ခဲ့ၿပီးျဖစ္ပါတယ္။ ၂ဝဝ၉ ခုႏွစ္ေလာက္ကတည္းက တ႐ုတ္ဟာ အာဆီယံရဲ႕ အေရးအႀကီးဆုံးကုန္သြယ္ဖက္ႏိုင္ငံ ျဖစ္လာသလို လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေက်ာ္ကတည္းက အာဆီယံကြန္ယက္ဟာ တ႐ုတ္ရဲ႕ ထိပ္တန္း ကုန္သြယ္ဖက္ ျဖစ္လာပါတယ္။ ၂ဝ၂၂ ခုႏွစ္ေအာက္တိုဘာလစာရင္းေတြအရ အာဆီယံနဲ႔ တ႐ုတ္အၾကားက အျပန္အလွန္ကုန္သြယ္ေရး ပမာဏ ဟာ တ႐ုတ္ေငြ (၅ ဒသမ ၂) ထရီလ်ံယြမ္ အထိေရာက္ရွိခဲ့ပါၿပီ။ ဒါဟာ တ႐ုတ္ပို႔ကုန္သြင္းကုန္ အားလုံးရဲ႕ (၁၅ ဒသမ ၂) ရာခိုင္ႏႈန္း ရွိပါတယ္။

မေလးရွားႏိုင္ငံဆိုရင္ ခါးပတ္လမ္းစီမံကိန္းရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈစတင္ဝင္လာၿပီး (၃)ႏွစ္အၾကာမွာ တ႐ုတ္ရင္းႏွီး ျမႇဳပ္ႏွံမႈက ရာခိုင္ႏႈန္း (၁ဝဝဝ) အထိထိုးတက္သြားပါတယ္။ ဒီပမာဏက လြန္ခဲ့တဲ့ (၁ဝ) ႏွစ္ကာလမွာ အာဆီယံ ႏိုင္ငံေတြအတြင္း အမ်ားဆုံးပမာဏပါ။ ဒါတင္မကေသးပါဘူး။ မေလးရွားက ခါးပတ္လမ္းစီမံကိန္းေတြဟာ အာဆီယံေဒသထဲမွာ နယ္ပယ္အတိုင္းအတာအရ အက်ယ္ျပန႔္ဆုံး၊ ပမာဏအရ အႀကီးဆုံးနဲ႔ အျမန္ဆုံး အေကာင္ အထည္ေဖာ္ေဆာင္မႈတစ္ခ်ိဳ႕ထဲမွာ အပါအဝင္ျဖစ္ပါတယ္။ နမူနာအျဖစ္ေျပာရရင္ East Coast Rail Link- ECRL အေရွ႕ဖက္ကမ္း႐ိုးတန္း ရထားလိုင္း (အီးစီအာအယ္လ္) စီမံကိန္းဆိုတာ (၂၇) ဘီလ်ံေဒၚလာတန္ မီဂါပေရာဂ်က္ တစ္ခုပါ။ ဒီဧရာမ ပေရာဂ်က္ကို တ႐ုတ္ ဆက္သြယ္ေရးတည္ေဆာက္ေရးကုမၸဏီက (China communication construction company) တာဝန္ယူတည္ေဆာက္ေနတာပါ။ ဒီရထားလိုင္းက မေလးရွားရဲ႕ အေရွ႕ပိုင္းနဲ႔ အေနာက္ ပိုင္းကမ္း႐ိုးတန္းေတြကို ဆက္သြယ္ေပးၿပီး ကီလိုမီတာ (၇ဝဝ) ရွည္ပါလိမ့္မယ္။ ဒီစီမံကိန္းမွာ အလုပ္သမားေပါင္း (၂၃ဝဝဝ)ပါဝင္ၿပီး (၇ဝ)ရာခိုင္ႏႈန္းက ေဒသခံေတြျဖစ္ၾကပါတယ္။ ဒီစီမံကိန္း လုပ္ေနဆဲကာလမွာ ေဒသခံေတြ အလုပ္အကိုင္ေတြရၾကသလို စီမံကိန္းၿပီးသြားတဲ့အခါမွာလည္း မေလးရွားႏိုင္ငံတြင္း ကုန္စည္ကူးသန္းမႈနဲ႔ သြားလာ ေရးေတြ ပိုမိုမ်ားျပားလာၿပီး စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ တြန္းအားျဖစ္ေစပါလိမ့္မယ္။ ဒါဟာ မေလးရွား ႏိုင္ငံရဲ႕ အႀကီးမားဆုံး အေျခခံအေဆာက္အအုံ ပေရာဂ်က္တစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ ဒီမွာ အျငင္းပြား စရာကိစၥမရွိတာေတာ့မဟုတ္ပါ။ ကမာၻသမိုင္းမွာ အႀကီးမားဆုံး ဘ႑ာေရးအရ အပုပ္နံ႔ထြက္တဲ့ အရႈပ္ေတာ္ပုံ တစ္ခုနဲ႔ ပတ္သက္ေနပါတယ္။ အဲဒီအရႈပ္ေတာ္ပုံက ဝန္ႀကီးခ်ဳပ္ေဟာင္း Najib Razak နဂ်စ္ရဇတ္ ပါဝင္ပတ္ သက္တဲ့ 1MDB scandal ပါ။ အဲဒီအရႈပ္ေတာ္ပုံအေၾကာင္း ေနာက္ေတာ့ ေျပာၾကတာေပါ့။

အခုကေတာ့ တ႐ုတ္ေက်ာေထာက္ေနာက္ခံျပဳခဲ့တဲ့ အေအာင္ျမင္ဆုံး ပေရာဂ်က္ေတြအေၾကာင္း ေျပာၾကစို႔။ အဲဒါက Malaysia - China kuantan Industrial Park စီမံကိန္းပါ။ အဲဒီစက္မႈဇုန္က ဧက ၃၅ဝဝ က်ယ္ပါတယ္။ တ႐ုတ္ႏိုင္ငံ ကြမ္ရွီးမွာ တည္ေဆာက္ထားၿပီးျဖစ္တဲ့ China-Malaysia Qinzhou Industrial Park စက္မႈဇုန္နဲ႔ လက္တြဲဖို႔ ပထမဆုံးေသာ ညီအစ္မစက္မႈဇုန္မ်ား အျဖစ္ ဒီစက္မႈဇုန္ကို မေလးရွားႏိုင္ငံ အေရွ႕ဖက္ ကမ္း႐ိုးတန္းမွာ တည္ေဆာက္ခဲ့တာပါ။

ဒီစက္မႈဇုန္တည္ေဆာက္ၿပီးတဲ့အခ်ိန္ကစလို႔ ႏိုင္ငံတကာ ပူးေပါင္းေဆာင္႐ြက္မႈပုံစံသစ္ရဲ႕ စဦးတီထြင္သူ အျဖစ္နဲ႔ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈႀကီးေတြကို ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။ ဒါ့ျပင္ ႏိုင္ငံတကာ ကုန္သြယ္ေရးေတြကို တြန္းအားျဖစ္ေစၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈ တန္ဖိုး (၂၅)ဘီလ်ံေဒၚလာ‌ေက်ာ္ရွိတဲ့ ပေရာဂ်က္ေပါင္း (၂ဝဝ) ေက်ာ္နဲ႔ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၾကပါတယ္။ ဒါေၾကာင့္ ေဒသခံျပည္သူ ေထာင္ေသာင္းမ်ားစြာ အလုပ္ေတြရရွိၾကပါတယ္။ ဒီလိုႀကီးမားတဲ့ တ႐ုတ္နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈစီမံကိန္းမ်ားကို အျခားအာဆီယံႏိုင္ငံေတြမွာလည္း ေတြ႕ႏိုင္ပါတယ္။

အေရွ႕ေတာင္အာရွရဲ႕ လူဦးေရအမ်ားဆုံးတိုင္းျပည္တစ္ခုျဖစ္တဲ့ အင္ဒိုနီးရွားႏိုင္ငံမွာလည္း တ႐ုတ္က အေမရိကန္ေဒၚလာ (၈)ဘီလ်ံ ကုန္က်မယ့္ ဂ်ကာတာ-ဘန္ေဒါင္း အျမန္ရထားလမ္းတစ္ခု တည္ေဆာက္ေန ပါတယ္။ ဒီရထားလမ္းဟာ (၁၄၂) ကီလိုမီတာရွည္လ်ားၿပီး အင္ဒိုနီးရွားႏိုင္ငံမွာ လူဦးေရအမ်ားဆုံးေနထိုင္တဲ့ ၿမိဳ႕ႀကီးႏွစ္ၿမိဳ႕ကို ဆက္သြယ္ေပးထားပါတယ္။ ရထားလမ္းသစ္ေၾကာင့္ ၿမိဳ႕ႀကီးႏွစ္ၿမိဳ႕အၾကား ခရီးသြားခ်ိန္ တိုသြားပါလိမ့္မယ္။ မူလက (၃)နာရီခြဲခရီးကို (၃၆)မိနစ္ၾကာဘဲသြားရေတာ့မွာပါ။ ဒီပေရာဂ်က္က အင္ဒိုနီးရွားႏိုင္ငံ မွာလုပ္တဲ့ ခါးပတ္လမ္းစီမံကိန္းရဲ႕ ေရွ႕ေဆာင္ပေရာဂ်က္တစ္ခုပါ။ ဒီပေရာဂ်က္က ေဒသခံ ၂ဝဝဝ ေလာက္ကို အလုပ္အကိုင္ဖန္တီးေပးခဲ့ၿပီး ဒီႏွစ္ထဲမွာၿပီးစီးပါလိမ့္မယ္။ ဒီလမ္းက အေရွ႕ေတာင္အာရွရဲ႕ ပထမဦးဆုံးေသာ တစ္နာရီ ကီလိုမီတာ ၂၅ဝ အထက္ေမာင္းႏွင္ႏိုင္တဲ့ အျမန္ရထားလမ္းျဖစ္လာပါလိမ့္မယ္။ ဒါ့ျပင္ အင္ဒိုနီးရွားဟာ၊ အာရွမွာတ႐ုတ္ကတည္ေဆာက္တဲ့ ႏိုင္ငံရပ္ျခားစက္မႈဇုန္ (၈) ခုထဲက တစ္ဝက္ေလာက္ကို အိမ္ရွင္အျဖစ္ လက္ခံတည္ေဆာက္ခဲ့ပါတယ္။ အင္ဒိုနီးရွားရဲ႕ မို႐ိုဝါလီ စက္မႈဇုန္ (Indonesia Morowali Industrial Park) ဆိုရင္ အလုပ္သမားေပါင္း (၄၃ဝဝဝ)ကို အလုပ္ေပးႏိုင္ၿပီး အဲဒီအထဲက (၉ဝ) ရာခိုင္ႏႈန္းေလာက္ဟာ ေဒသခံေတြပါ။ အင္ဒိုနီးရွားႏိုင္ငံဟာ အေျခခံအေဆာက္အအုံေတြ လိုအပ္ေနတဲ့ အာဆီယံႏိုင္ငံေတြနဲ႔ ခါးပတ္လမ္းစီမံကိန္းတို႔ အၾကား အျပည့္အဝဟန္ခ်က္ညီ ေပါင္းစပ္အသုံးခ်ႏိုင္တဲ့ စံျပႏိုင္ငံတစ္ခုလို႔ဆိုရမွာပါ။ ဘာျဖစ္လို႔လည္းဆိုေတာ့ အေျခခံအေဆာက္အအုံညံ့ဖ်င္းတာ၊ လူသားအရင္းအျမစ္ နိမ့္က်တာနဲ႔ ဥပေဒလုပ္ထုံးလုပ္နည္းစနစ္ေတြက မျပည့္မစုံ- ညံ့ဖ်င္းတာ စတာေတြရွိေနတဲ့ အင္ဒိုနီးရွားႏိုင္ငံဟာ ယွဥ္ၿပိဳင္ႏႈိင္စြမ္းမရွိျဖစ္ေနတာ ၾကာၿပီျဖစ္လို႔ ကမာၻ႔ ကုန္သြယ္မႈဆုံခ်က္ေနရာတစ္ခုျဖစ္ဖို႔ အသာထား၊ ေဒသတြင္းကုန္သြယ္မႈ ဆုံခ်က္ျဖစ္ဖို႔ေတာင္မွ အတားအဆီးျဖစ္ ေနပါတယ္။ အမွန္စင္စစ္မွာ အင္ဒိုနီးရွားႏိုင္ငံရဲ႕ ကမာၻ႔ကုန္သြယ္ေရးမွာပါဝင္တဲ့ ပမာဏက၊ သူ႔ထက္ငယ္တဲ့ အိမ္နီးခ်င္းမေလးရွားတို႔၊ ထိုင္းတို႔အျပင္ စကၤာပူႏိုင္ငံ ထက္ေတာင္ေသးငယ္ပါတယ္။

အင္ဒိုနီးရွားႏိုင္ငံရဲ႕ အင္ဒိုပစိဖိတ္ေဒသတြင္းက မဟာဗ်ဴဟာက်တဲ့တည္ေနရာ၊ အေရွ႕ေတာင္အာရွမွာ အႀကီး ဆုံး စီးပြားေရးျဖစ္ေနတာ၊ ကမာၻမွာ စတုတၳေျမာက္ လူဦးေရအမ်ားဆုံး ႏိုင္ငံႀကီးျဖစ္ေနတာေတြေၾကာင့္ အင္ဒိုနီး ရွားဟာ သူ႔ရဲ႕အေျခခံအေဆာက္အအုံတိုးတက္ေကာင္းမြန္ေရးကို ျပင္းျပင္းထန္ထန္ ႀကိဳးစားရွာေဖြရပါတယ္။ သူ႔ရဲ႕ မ်ားျပားလွတဲ့ကြၽန္းေတြအၾကား ကူးသန္းဆက္သြယ္ေရးတိုးတက္ေကာင္းမြန္ေအာင္နဲ႔ သူ႔ရဲ႕စီးပြားရး ေခတ္မီ ေအာင္လုပ္ဖို႔လိုပါတယ္။ ဒါေတြဟာ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြအၾကားမွာ ေယဘူယ်ႀကဳံေတြေနက်ျဖစ္ေပမဲ့၊ ဒီလို က်ယ္ ျပန္႔ ႀကီးမားတဲ့ ကုန္က်စားရိတ္မ်ားကို အင္ဒိုနီးရွားကမတတ္ႏႈိင္ပါဘူး။ ဒီလိုအေျခအေနမ်ိဳးမွာ တ႐ုတ္ရဲ႕ BRI စီမံ ကိန္းေရာက္လာေလေတာ့ အင္ဒိုနီးရွားအတြက္ “ေရငတ္ေနသူ ေရတြင္းထဲက်” ဆိုသလိုျဖစ္သြားပါေတာ့တယ္။

လြန္ခဲ့တဲ့ ၁ဝ ႏွစ္အတြင္း တ႐ုတ္ႏိုင္ငံဟာ အင္ဒိုနီးရွားရဲ႕ အႀကီးဆုံး ကုန္သြယ္ဖက္ ႏိုင္ငံျဖစ္လာသလို၊ တၿပိဳင္ နက္ထဲမွာ အႀကီးဆုံးႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူ ျဖစ္လာတာ ၂ဝ၁၉ ခုႏွစ္ကတည္းကပါ။ သမၼတ ဂ်ိဳကို ဝီဒိုဒိုက ခါးပတ္လမ္းစီမံကိန္းနဲ႔ပတ္သက္ၿပီး “ဒါက ေဆြးေႏြးေျပာဆို႐ုံ သက္သက္မွ်မဟုတ္ပါဘူး။ ဒါကတစ္ခုခုကို တကယ္တည္ေဆာက္ေနတာပါ။ ေလဆိပ္ေတြ၊ ရထားလမ္းေတြ၊ ဒါေတြဟာ ကုန္ထုတ္လုပ္ငန္းေတြ၊ ကြၽန္ေတာ္တို႔ ျမင္ႏိုင္ထိေတြ႕ကိုင္တြယ္ႏိုင္တဲ့ အရာေတြပါ။ ဒါေတြဟာ ကမာၻက အခုခ်က္ျခင္းလိုအပ္ေနတဲ့၊ သူရသတၱိတစ္မ်ိဳးနဲ႔ တကယ့္ လုပ္ေဆာင္ခ်က္ေတြပါ”လို႔ေျပာသြားပါတယ္။ ဒါေၾကာင့္ ဒါဟာ ႏိုင္ငံတစ္ႏိုင္ငံရဲ႕လိုအပ္ခ်က္ေတြ၊ ရည္မွန္း ခ်က္ေတြနဲ႔ BRI က ကမ္းလွမ္းေပးအပ္ႏိုင္တာေတြအၾကား ျပည့္စုံတဲ့ ညႇိႏႈိင္းေပါင္းစပ္မႈအက်ိဳးလို႔ ဆိုႏိုင္ပါတယ္။ ဒီရလဒ္ေတြကို အေရွ႕ေတာင္အာရွတလႊား ေနရာအႏွံ႔မွာ ေတြ႕ႏိုင္ပါတယ္။ တကယ္ေတာ့ အေရွ႕ေတာင္အာရွေဒသ တစ္ခုထဲမွာတင္မကပါဘူး။ ကမာၻတလႊားက ေနရာအႏွံ႔အျပားမွာ တ႐ုတ္ ခါးပတ္လမ္းစီမံကိန္း BRI ရဲ႕ စီမံကိန္းေတြ တည္ေဆာက္ေနတာ ထင္ထင္ရွားရွားေတြ႕ျမင္ႏိုင္ပါတယ္။ အျမန္ရထားလမ္းေတြ၊ အျမန္ကားလမ္းနဲ႔ ျမစ္ကူးတံတားႀကီးေတြ၊ စက္မႈဇုန္ေတြ၊ စီပြားေရးစင္တာေတြနဲ႔ တျခားဧရာမ စီမံကိန္းေတြစတဲ့ သက္ဆိုင္ရာတိုင္းျပည္ရဲ႕ ကုန္သြယ္ေရးနဲ႔ စီးပြားေရးကို တိုးတက္ေကာင္းမြန္ေစၿပီး အလုပ္အကိုင္အခြင့္ အလမ္းေပါင္းမ်ားစြာဖန္တီးေပးမယ့္ အေျခခံအေဆာက္အအုံတည္ေဆာက္ေရးေတြ လုပ္ေဆာင္ေနတာကို ေတြ႕ေန ျမင္ေနရပါတယ္။

ဒါေပမယ့္ အေနာက္တိုင္းမီဒီယာေတြမွာက တ႐ုတ္ျပည္ကို အသိအမွတ္ျပဳရမယ့္ ေအာင္ျမင္မႈေတြကို မေဖာ္ျပလိုၾကပါဘူး။ လူ (၂) သန္းေလာက္ၾကည့္ရႈခဲ့တဲ့ ေမလ ၁၈ ရက္ ႐ိုက္တာသတင္းတစ္ပုဒ္မွာ တ႐ုတ္ျပည္ နဲ႔ပတ္သက္ၿပီး ဘယ္ေလာက္ေတာင္ဆိုးဆိုး႐ြား႐ြားေျပာထားသလဲဆိုတာ အေတာ္အံ့ၾသဖို႔ေကာင္းပါတယ္။

“ကိုဗစ္ 19 ကပ္ေရာဂါရဲ႕ ဇာတိေျမတ႐ုတ္ႏိုင္ငံက ေနာက္ထပ္ကမာၻလုံးဆိုင္ရာ ေရာဂႏၲရကပ္ဆိုက္ေအာင္ လမ္းခင္းေန” လို႔ေခါင္းစဥ္တပ္ၿပီး လာအိုႏိုင္ငံကို ျဖတ္ၿပီးေဖာက္လုပ္ထားတဲ့ အျမန္မီးရထားလမ္းအေၾကာင္းေရး သားေဖၚ ျပရာမွာ မဟုတ္မမွန္ေရးသားခဲ့ပါတယ္။

႐ိုက္တာရဲ႕ ဒီလိုေရးသားေဖာ္ျပမႈက ေတာ္ေတာ့္ကို အံ့ၾသဖို႔ေကာင္းလြန္းလို႔ မယုံႏႈိင္ေအာင္ျဖစ္ရပါတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ ၂ဝ၂ဝ ခုႏွစ္ ဇြန္လ ၂၆ ရက္က တင္ခဲ့တဲ့ ႐ိုက္တာသတင္းတပုဒ္မွာဘဲ “ ကို႐ိုနာ ဗိုင္းရပ္စ္ေရာဂါပိုးကို ၂ဝ၁၉ ခုႏွစ္မတ္လအတြင္းက စုေဆာင္းခဲ့တဲ့ အညစ္အေၾကးနမူနာမ်ားထဲမွာ ေျခရာခံရရွိလို႔ စပိန္ ေလ့လာခ်က္မ်ားကေျပာ” ဆိုတဲ့ သတင္းကိုေဖာ္ျပခဲ့ပါေသးတယ္။ အဲဒီအခ်ိန္ဟာ တ႐ုတ္ျပည္မွာ ကိုဗစ္ 19 ေရာဂါပိုးလို႔ သိရွိခဲ့တဲ့ အခ်ိန္ထက္ (၉)လေစာပါတယ္လို႔ ဘာစီလိုနာ တကၠသိုလ္က ေျပာခဲ့တာကိုလည္း ေဖာ္ျပ ထားပါတယ္။ ဒီသတင္းအရဆိုရင္ ကိုဗစ္ 19 ‌ေရာဂါပိုးဟာ တ႐ုတ္ျပည္မွာ မေတြ႕ခင္ကတည္းက ဘာစီလိုနားမွာ ေတြ႕ခဲ့ၿပီးျဖစ္တယ္လို႔ဆိုရမွာပါ။

ဒါေၾကာင့္လည္း လာအိုလူထုက လိုတမ်ိဳး မလိုတမ်ိဳးေရးတဲ့ သမ႐ိုးက် အေနာက္တိုင္းမီဒီယာေတြအေပၚမွာ အယုံအၾကည္ နည္းပါးလာပါတယ္။
တကယ္က လာအိုႏိုင္ငံဟာ သမိုင္းမွာ အျပင္းထန္ဆုံးဗုံးႀကဲတိုက္ခိုက္တာခံခဲ့ရဘူးတဲ့ ႏိုင္ငံတစ္ႏိုင္ငံပါ။ ၁၉၆၄ ခုႏွစ္‌ကေန ၁၉၇၃ ခုႏွစ္အတြင္း အေရွ႕ေတာင္အာရွက ကုန္းတြင္းပိတ္ႏိုင္ငံငယ္ကေလး လာအိုကို အေမရိကန္ နယ္ခ်ဲ႕ေတြက ဗုံးတန္ခ်ိန္ (၂)သန္းေလာက္ႀကဲခ်ခဲ့တာပါ။ ၁၉၇၅ အထိ လာအိုျပည္သူ ၁ဝ ပုံတပုံ ( ဦးေရအားျဖင့္ ၂ဝဝဝဝဝ) ေလာက္ေသဆုံးၿပီး ၄ဝဝဝဝဝ ေလာက္က ဒဏ္ရာအနာတရျဖစ္ခဲ့ၾကပါတယ္။

ဒီလို ျပင္းထန္တဲ့ စစ္ပြဲဒဏ္ခံခဲ့ရၿပီး ကုန္းတြင္းပိတ္ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့အတြက္ ကုန္သြယ္‌ေရးမွာ ယွဥ္ၿပိဳင္ ႏိုင္စြမ္းမရွိတဲ့ လာအိုဟာ၊ တ႐ုတ္တည္ေဆာက္ေပးတဲ့ ရထားလမ္းသစ္ေက်းဇူးေၾကာင့္ အိမ္နီးခ်င္း အေရွ႕ေတာင္ အာရွႏိုင္ငံေတြနဲ႔ ကုန္ကူးသန္းေရာင္းဝယ္တာေတြ၊ ပင္လယ္ေရေၾကာင္းကေန ကုန္ပစၥည္းတင္ပို႔တာေတြကို လုပ္ ႏိုင္ေတာ့မွာျဖစ္ပါတယ္။ ဒီရထားလမ္းဟာ လာအိုႏိုင္ငံအတြက္ တကယ့္မဟာဗ်ဴဟာက်တဲ့ အလွည့္အေျပာင္း ျဖစ္ေပၚတိုးတက္မႈ တစ္ခုပါ။

တကယ္တန္းမွာေတာ့ လာအိုႏိုင္ငံတြင္း အျမန္မီးရထားလမ္းေပါက္သြားတဲ့ကိစၥမွာ ဘာေရာဂႏၲရကပ္ဆိုးနဲ႔မွ ပတ္သက္မႈမရွိပါဘူး။ ႐ိုက္တာသတင္းဌာနအေနနဲ႔ တ႐ုတ္ႏိုင္ငံအေပၚ မလိုတမာစိတ္နဲ႔ ဒီလိုေရးသားေဖာ္ျပ ခ်က္က သူတို႔ရဲ႕ သေဘာထားယုတ္ညံ့မႈကို အရွင္းသားေဖာ္ျပေနတာသာျဖစ္ပါေၾကာင္း။

ကိုးကား- Why Southeast Asia Chose China (You Won't Believe What USA Did)
- Why Laos Has Been Bombed More Than Any Other Country
- 1Malaysia Development Berhad scandal

Related news

© 2021. All rights reserved.