စက်ရုံလုံခြုံရေးဝန်ထမ်းအား သတ်၍ စက်ရုံအတွင်းမှ ဝါယာကြိုးများခိုးယူမှု တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွား

7466
Pearl (NP News) - ဇွန် ၁၄
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် စက်ရုံလုံခြုံရေးဝန်ထမ်းအား သတ်၍ စက်ရုံအတွင်းမှ ဝါယာကြိုးများ ခိုးယူမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၁၄ ရက်) ၊ နံနက် (၉) နာရီ အချိန်ခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)၊ စက်မှုဇုန် ၁ ၊ စစ်တွေလမ်းနှင့် ထားဝယ်လမ်းထောင့်ရှိ စက်ရုံတစ်ခုတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ စက်ရုံရှိ လုံခြုံရေးဝန်ထမ်းအမျိုးသားတစ်ဦးအား လည်ပင်းကိုကြိုးဖြင့်ညှစ်၍ သတ်ခဲ့ပြီးနောက် စက်ရုံအတွင်းရှိ ကြေးနန်း နှင့် ဝါယာကြိုးများ ခိုးယူသွားခဲ့ကြောင်း သိရသည်။
"အလောင်းရှိတယ်ဆိုလို့ လှမ်းခေါ်လို့ ကျွန်တော်တို့သွားတာ။ ပြီးတော့ Dead Body ကောက်ပြီး ဆေးရုံပို့ပေးလိုက်တာ။ သတ်သွားတဲ့လူကိုတော့ မိလား၊မမိလား ကျွန်တော်တို့ မသိပါဘူး"ဟု ရှင်သန်ခွင့် လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ဖြစ်စဉ်ကြောင့် အသက် (၅၇)နှစ် အရွယ်ရှိ စက်ရုံလုံခြုံရေးဝန်ထမ်းအမျိုးသား သေဆုံးသွားခဲ့ပြီး လက်ရှိတွင် ၎င်းရုပ်အလောင်းအား စံပြဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

zawgyi version
စက္႐ုံလုံၿခဳံေရးဝန္ထမ္းအား သတ္၍ စက္႐ုံအတြင္းမွ ဝါယာႀကိဳးမ်ားခိုးယူမႈ ေတာင္ဒဂုံၿမိဳ႕နယ္တြင္ ျဖစ္ပြား
Pearl (NP News) - ဇြန္ ၁၄
ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)တြင္ စက္႐ုံလုံၿခဳံေရးဝန္ထမ္းအား သတ္၍ စက္႐ုံအတြင္းမွ ဝါယာႀကိဳးမ်ား ခိုးယူမႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (ဇြန္လ ၁၄ ရက္) ၊ နံနက္ (၉) နာရီ အခ်ိန္ခန႔္တြင္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)၊ စက္မႈဇုန္ ၁ ၊ စစ္ေတြလမ္းႏွင့္ ထားဝယ္လမ္းေထာင့္ရွိ စက္႐ုံတစ္ခုတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ စက္႐ုံရွိ လုံၿခဳံေရးဝန္ထမ္းအမ်ိဳးသားတစ္ဦးအား လည္ပင္းကိုႀကိဳးျဖင့္ညႇစ္၍ သတ္ခဲ့ၿပီးေနာက္ စက္႐ုံအတြင္းရွိ ေၾကးနန္း ႏွင့္ ဝါယာႀကိဳးမ်ား ခိုးယူသြားခဲ့ေၾကာင္း သိရသည္။
"အေလာင္းရွိတယ္ဆိုလို႔ လွမ္းေခၚလို႔ ကြၽန္ေတာ္တို႔သြားတာ။ ၿပီးေတာ့ Dead Body ေကာက္ၿပီး ေဆး႐ုံပို႔ေပးလိုက္တာ။ သတ္သြားတဲ့လူကိုေတာ့ မိလား၊မမိလား ကြၽန္ေတာ္တို႔ မသိပါဘူး"ဟု ရွင္သန္ခြင့္ လူမႈကူညီေရးအသင္း၏ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ျဖစ္စဥ္ေၾကာင့္ အသက္ (၅၇)ႏွစ္ အ႐ြယ္ရွိ စက္႐ုံလုံၿခဳံေရးဝန္ထမ္းအမ်ိဳးသား ေသဆုံးသြားခဲ့ၿပီး လက္ရွိတြင္ ၎႐ုပ္အေလာင္းအား စံျပေဆး႐ုံ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။