လက်ကိုင်ဖုန်း ကတဆင့် QR Code နှင့် ယာဉ်စီးခ ပေးချေသည့်စနစ် ယခုနှစ်ကုန်ပိုင်းတွင် စတင်အသုံးပြုနိုင်ရန် စီစဉ်နေ

1753

NP News ဇွန် ၁၅
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်များတွင် ဖုန်းမှတဆင့် Mobile Application အသုံးပြု၍ QR Code နှင့် ယာဉ်စီးခ ပေးချေနိုင်သည့်စနစ်ကို ယခု ၂ဝ၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်အသုံးပြုနိုင်ရန် စီစဥ်နေ ကြောင်း သိရသည်။
လက်ရှိ YBS ယာဉ်အများစုကို Yangon Payment Services (YPS) ကတ်စနစ် အသုံးပြု၍ ယာဉ်စီးခ ကောက်ခံသည့်စနစ်ကို ကျင့်သုံးနေရာမှ ယခုအခါမှာတော့ Mobile Application ကိုပါ အသုံးပြု၍ QR Code ဖြင့် ယာဉ်စီးခပေးချေတာ၊ ငွေဖြည့်သွင်းခြင်း နှင့် ငွေလက်ကျန် စစ်ဆေးခြင်းများကို ဆောင်ရွက်နိုင်ဖို့ စီစဉ်နေကြောင်း Yangon Payment Services (YPS) စနစ်လုပ်ပိုင်ခွင့်ရရှိထားသည့် Asia Starmar Transport Intelligent Co.Ltd မှ တာဝန်ရှိတစ်ဦးမှ ပြောကြားသည်။
"Application ကို ယခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ စတင်အသုံးပြုဝန်ဆောင်မှုပေးနိုင်ဖို့ ရည်မှန်းထားပါတယ်။ ခရီးသည်တွေအတွက် ငွေရေးကြေးရေးဆိုင်ရာ လုံခြုံစိတ်ချရအောင် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ YPS ကတ်စနစ် နည်းတူ Application ကို အသုံးပြုခြင်းဖြင့် ယာဉ်စီးခ ပိုမိုပေးချေရတာ၊ ငွေအကြွေ ဆောင်ထားရတာ စတဲ့ အခက်အခဲတွေလည်း လျော့နည်းသွားမှာဖြစ်တဲ့အတွက် အဲဒီစနစ်ကို အမြန်ဆုံး စတင်အသုံးပြုနိုင်ဖို့ ကျွန်တော်တို့ကုမ္ပဏီနဲ့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)တို့ ပူးပေါင်းဆောင်ရွက်နေပါတယ်" လို့ ၎င်းကုမ္ပဏီရဲ့ Chief Operating Officer ဦးကျော်သိန်း က ပြောပါသည်။
ယင်းစနစ်ကို အကောင်အထည်ဖော်နိုင်ပါက ဝိုင်ဘီအက်စ် ယာဉ်စီးနင်းသည့် ခရီးသည်များအနေဖြင့် အလွယ်တကူ အသုံးပြုနိုင်ရန် App Store များမှ Download ဆွဲပြီး လုပ်ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း သိရသည်။
"ဖုန်းနဲ့ QR Code ဖတ်ပြီး ငွေချေနိုင်တဲ့စနစ်က ယာဉ်စီးခ ကောက်ခံတာထက်စာရင် ပိုပြီး မြန်မယ်ထင်ပါတယ်။ YPS ကတ်စနစ်ကျတော့လည်း ငွေပေးချေနေမှုအပေါ်မှာ အဆင်ပြေပေမယ့် ယာဉ်အားလုံးကိုတော့ ငွေပေးချေလို့ မရပြန်ဘူး။ တစ်ချို့ YBS ယာဉ်တွေက စက်ရှိပေမယ့် စက်ပိတ်ထားပြီး ယာဉ်မောင်း ကောက်ခံတာတို့၊ နောက်ပြီး ယာဉ်နောက်လိုက်က ယာဉ်မောင်းဆန့်ကျင်ဘက် အရှေ့ဆုံးခုံမှာ ထိုင်ပြီး ယာဉ်စီးခ ကောက်ခံတာတွေ ရှိနေဆဲဖြစ်တယ်။ အဲဒါအပြင်ကို တစ်ချို့ YBS ယာဉ်ငယ်တွေဆိုရင် အရင် မ.ထ.သ အတိုင်းတောင် ပြန်ဖြစ်လာ တယ်။ သတ်မှတ်ယာဉ်စီးခထက် ပိုတောင်းတာ၊ ခရီးသည်ကို ရိုင်းစိုင်းစွာ ပြောဆိုတာတွေ ရှိနေတယ်" လို့ YBS စီးနင်းတဲ့ ပြည်သူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။
လက်ရှိမှာလည်း YPS ကတ်စနစ်တပ်ဆင်ထားတဲ့ YBS ယာဉ်အစီးရေ ၃,ဝဝဝ ခန့်ရှိပြီး ရောင်းချပြီးသား YPS ကတ်အရေတွက်မှာလည်း ၂ သိန်းခန့်ရှိနေကာ နေ့စဉ်အသုံးပြုနေသည့် ကတ်အရေအတွက်မှာ ၁၃ဝဝဝဝ ကျော် ရှိနေကြောင်း သိရသည်။

Zawgyi Version;
လက္ကိုင္ဖုန္း ကတဆင့္ QR Code ႏွင့္ ယာဥ္စီးခ ေပးေခ်သည့္စနစ္ ယခုႏွစ္ကုန္ပိုင္းတြင္ စတင္အသုံးျပဳႏိုင္ရန္ စီစဥ္ေန
NP News ဇြန္ ၁၅
ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲေနေသာ YBS ခရီးသည္တင္ယာဥ္မ်ားတြင္ ဖုန္းမွတဆင့္ Mobile Application အသုံးျပဳ၍ QR Code ႏွင့္ ယာဥ္စီးခ ေပးေခ်ႏိုင္သည့္စနစ္ကို ယခု ၂ဝ၂၃ ခုႏွစ္ ႏွစ္ကုန္ပိုင္းမွာ စတင္အသုံးျပဳႏိုင္ရန္ စီစဥ္ေန ေၾကာင္း သိရသည္။
လက္ရွိ YBS ယာဥ္အမ်ားစုကို Yangon Payment Services (YPS) ကတ္စနစ္ အသုံးျပဳ၍ ယာဥ္စီးခ ေကာက္ခံသည့္စနစ္ကို က်င့္သုံးေနရာမွ ယခုအခါမွာေတာ့ Mobile Application ကိုပါ အသုံးျပဳ၍ QR Code ျဖင့္ ယာဥ္စီးခေပးေခ်တာ၊ ေငြျဖည့္သြင္းျခင္း ႏွင့္ ေငြလက္က်န္ စစ္ေဆးျခင္းမ်ားကို ေဆာင္႐ြက္ႏိုင္ဖို႔ စီစဥ္ေနေၾကာင္း Yangon Payment Services (YPS) စနစ္လုပ္ပိုင္ခြင့္ရရွိထားသည့္ Asia Starmar Transport Intelligent Co.Ltd မွ တာဝန္ရွိတစ္ဦးမွ ေျပာၾကားသည္။
"Application ကို ယခုႏွစ္ ႏွစ္ကုန္ပိုင္းေလာက္မွာ စတင္အသုံးျပဳဝန္ေဆာင္မႈေပးႏိုင္ဖို႔ ရည္မွန္းထားပါတယ္။ ခရီးသည္ေတြအတြက္ ေငြေရးေၾကးေရးဆိုင္ရာ လုံၿခဳံစိတ္ခ်ရေအာင္ စီစဥ္ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ YPS ကတ္စနစ္ နည္းတူ Application ကို အသုံးျပဳျခင္းျဖင့္ ယာဥ္စီးခ ပိုမိုေပးေခ်ရတာ၊ ေငြအေႂကြ ေဆာင္ထားရတာ စတဲ့ အခက္အခဲေတြလည္း ေလ်ာ့နည္းသြားမွာျဖစ္တဲ့အတြက္ အဲဒီစနစ္ကို အျမန္ဆုံး စတင္အသုံးျပဳႏိုင္ဖို႔ ကြၽန္ေတာ္တို႔ကုမၸဏီနဲ႔ ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိက သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ (YRTC)တို႔ ပူးေပါင္းေဆာင္႐ြက္ေနပါတယ္" လို႔ ၎ကုမၸဏီရဲ႕ Chief Operating Officer ဦးေက်ာ္သိန္း က ေျပာပါသည္။
ယင္းစနစ္ကို အေကာင္အထည္ေဖာ္ႏိုင္ပါက ဝိုင္ဘီအက္စ္ ယာဥ္စီးနင္းသည့္ ခရီးသည္မ်ားအေနျဖင့္ အလြယ္တကူ အသုံးျပဳႏိုင္ရန္ App Store မ်ားမွ Download ဆြဲၿပီး လုပ္ေဆာင္ႏိုင္ရန္ စီစဥ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း လည္း သိရသည္။
"ဖုန္းနဲ႔ QR Code ဖတ္ၿပီး ေငြေခ်ႏိုင္တဲ့စနစ္က ယာဥ္စီးခ ေကာက္ခံတာထက္စာရင္ ပိုၿပီး ျမန္မယ္ထင္ပါတယ္။ YPS ကတ္စနစ္က်ေတာ့လည္း ေငြေပးေခ်ေနမႈအေပၚမွာ အဆင္ေျပေပမယ့္ ယာဥ္အားလုံးကိုေတာ့ ေငြေပးေခ်လို႔ မရျပန္ဘူး။ တစ္ခ်ိဳ႕ YBS ယာဥ္ေတြက စက္ရွိေပမယ့္ စက္ပိတ္ထားၿပီး ယာဥ္ေမာင္း ေကာက္ခံတာတို႔၊ ေနာက္ၿပီး ယာဥ္ေနာက္လိုက္က ယာဥ္ေမာင္းဆန႔္က်င္ဘက္ အေရွ႕ဆုံးခုံမွာ ထိုင္ၿပီး ယာဥ္စီးခ ေကာက္ခံတာေတြ ရွိေနဆဲျဖစ္တယ္။ အဲဒါအျပင္ကို တစ္ခ်ိဳ႕ YBS ယာဥ္ငယ္ေတြဆိုရင္ အရင္ မ.ထ.သ အတိုင္းေတာင္ ျပန္ျဖစ္လာ တယ္။ သတ္မွတ္ယာဥ္စီးခထက္ ပိုေတာင္းတာ၊ ခရီးသည္ကို ႐ိုင္းစိုင္းစြာ ေျပာဆိုတာေတြ ရွိေနတယ္" လို႔ YBS စီးနင္းတဲ့ ျပည္သူတစ္ဦးက မွတ္ခ်က္ျပဳထားပါတယ္။
လက္ရွိမွာလည္း YPS ကတ္စနစ္တပ္ဆင္ထားတဲ့ YBS ယာဥ္အစီးေရ ၃,ဝဝဝ ခန႔္ရွိၿပီး ေရာင္းခ်ၿပီးသား YPS ကတ္အေရတြက္မွာလည္း ၂ သိန္းခန႔္ရွိေနကာ ေန႔စဥ္အသုံးျပဳေနသည့္ ကတ္အေရအတြက္မွာ ၁၃ဝဝဝဝ ေက်ာ္ ရွိေနေၾကာင္း သိရသည္။