ဆင်းရဲနွမ်းပါးမှုနှင့် ကပ်ဘေးများကြောင့် မြန်မာနိုင်ငံရှိ ကလေး(၁)သန်းကျော်သည် ကလေးလုပ်သားများ ဖြစ်နေရကြောင်း ILO ပြော

536

ယွန်း (NP News) - ဇွန် ၁၅
ဆင်းရဲနွမ်းပါးမှုနှင့် ကပ်ဘေးများကြောင့် မြန်မာနိုင်ငံရှိ ကလေး(၁)သန်းကျော်သည် ကလေးလုပ်သားများဖြစ်နေရ ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO) က ဆိုထားသည်။
ILO က ပြီးခဲ့သည့် ရက်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးပြောဆိုထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အသက် (၅)နှစ်နှင့် (၁၇)နှစ်ကြားရှိ ကလေး (၁)သန်းကျော်သည် ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေရကြောင်း ILO က ဆိုသည်။
ထို့ပြင် ၎င်းတို့အနက်မှ ထက်ဝက်ကျော်ခန့်သည် ကျန်းမာရေး၊ လုံခြုံရေးနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများကို တိုက်ရိုက်ထိခိုက်နစ်နာစေနိုင်သော ဘေးအန္တရာယ်ရှိသည့် အလုပ်များကို လုပ်ကိုင်နေရပြီး ကလေးများကို လုပ်ငန်းခွင်သို့ တွန်းပို့သည့် အဓိက အကြောင်းတရားများမှာ ဆင်းရဲနွမ်းပါးမှုနှင့် ကပ်ဘေးများကြောင့် ဖြစ်ကြောင်း သိရသည်။
“လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားလျက်ရှိတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး အကျပ်အတည်းတွေက အိမ်ထောင် မိသားစုတွေရဲ့ ထိခိုက်လွယ်တဲ့အခြေအနေကို ပိုမိုဆိုးရွားလာစေပြီး ကလေးအလုပ်သမားကို အားကိုးအားထားပြု ရတဲ့အခြေအနေကို ဆိုက်ရောက်စေပါ တယ်။ အထူးသဖြင့် အဆင်းရဲဆုံး မိသားစုတွေမှာရှိတဲ့ ကလေးတွေအပေါ် သက်ရောက်မှုက အဆိုးရွားဆုံးဖြစ်ပါတယ်” ဟု ILO ၏ မြန်မာ နိုင်ငံဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ/ ဌာနေကိုယ်စားလှယ် Mr Donglin Li က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။
ထို့ကြောင့် သင့်တော်ကောင်းမွန်သည့်အလုပ်အကိုင်နှင့် လူမှုတရားမျှတမှုကသာလျှင် ကလေး အလုပ်သမားဖြစ်ရ သည့်အကြောင်းတရားများကို ကူညီဖြေရှင်းပေးနိုင်ပြီး ကလေးများ အလုပ်လုပ်ကိုင်ရခြင်းမှ ကင်းဝေးစေရန် ပံပိုး ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ILO က အသိပေးပြောဆိုထားသည်။
ILO အနေဖြင့် မြန်မာနိုင်ငံ၌ ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးအတွက် ဆောင်ရွက်ရာတွင် အလုပ်သမားအားလုံးအတွက် သင့်တော်ကောင်းမွန်သော အလုပ်အကိုင်ရရှိရေးနှင့် တရားမျှတမှုရရှိရေးကို မြှင့်တင်ဆောင်ရွက်ပြီး ကလေး အလုပ်သမားဆိုင်ရာ စီမံချက်များကို ဆောင်ရွက်လုပ်ကိုင်နေကြောင်း သိရသည်။

Zawgyi Version;
ဆင္းရဲႏြမ္းပါးမႈႏွင့္ ကပ္ေဘးမ်ားေၾကာင့္ ျမန္မာႏိုင္ငံရွိ ကေလး(၁)သန္းေက်ာ္သည္ ကေလးလုပ္သားမ်ား ျဖစ္ေနရ ေၾကာင္း ILO ေျပာ
ယြန္း (NP News) - ဇြန္ ၁၅
ဆင္းရဲႏြမ္းပါးမႈႏွင့္ ကပ္ေဘးမ်ားေၾကာင့္ ျမန္မာႏိုင္ငံရွိ ကေလး(၁)သန္းေက်ာ္သည္ ကေလးလုပ္သားမ်ားျဖစ္ေနရ ေၾကာင္း အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာအဖြဲ႕(ILO) က ဆိုထားသည္။
ILO က ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးေျပာဆိုထားျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ အသက္ (၅)ႏွစ္ႏွင့္ (၁၇)ႏွစ္ၾကားရွိ ကေလး (၁)သန္းေက်ာ္သည္ ကေလးအလုပ္သမားအျဖစ္ လုပ္ကိုင္ေနရေၾကာင္း ILO က ဆိုသည္။
ထို႔ျပင္ ၎တို႔အနက္မွ ထက္ဝက္ေက်ာ္ခန႔္သည္ က်န္းမာေရး၊ လုံၿခဳံေရးႏွင့္ စိတ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးမႈမ်ားကို တိုက္႐ိုက္ထိခိုက္နစ္နာေစႏိုင္ေသာ ေဘးအႏၲရာယ္ရွိသည့္ အလုပ္မ်ားကို လုပ္ကိုင္ေနရၿပီး ကေလးမ်ားကို လုပ္ငန္းခြင္သို႔ တြန္းပို႔သည့္ အဓိက အေၾကာင္းတရားမ်ားမွာ ဆင္းရဲႏြမ္းပါးမႈႏွင့္ ကပ္ေဘးမ်ားေၾကာင့္ ျဖစ္ေၾကာင္း သိရသည္။
“လက္ရွိ ျမန္မာႏိုင္ငံမွာ ျဖစ္ပြားလ်က္ရွိတဲ့ လူမႈေရး၊ စီးပြားေရးနဲ႔ ႏိုင္ငံေရး အက်ပ္အတည္းေတြက အိမ္ေထာင္ မိသားစုေတြရဲ႕ ထိခိုက္လြယ္တဲ့အေျခအေနကို ပိုမိုဆိုး႐ြားလာေစၿပီး ကေလးအလုပ္သမားကို အားကိုးအားထားျပဳ ရတဲ့အေျခအေနကို ဆိုက္ေရာက္ေစပါ တယ္။ အထူးသျဖင့္ အဆင္းရဲဆုံး မိသားစုေတြမွာရွိတဲ့ ကေလးေတြအေပၚ သက္ေရာက္မႈက အဆိုး႐ြားဆုံးျဖစ္ပါတယ္” ဟု ILO ၏ ျမန္မာ ႏိုင္ငံဆိုင္ရာ ဆက္သြယ္ညႇိႏႈိင္းေရးအရာရွိ/ ဌာေနကိုယ္စားလွယ္ Mr Donglin Li က ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေျပာၾကားထားသည္။
ထို႔ေၾကာင့္ သင့္ေတာ္ေကာင္းမြန္သည့္အလုပ္အကိုင္ႏွင့္ လူမႈတရားမွ်တမႈကသာလွ်င္ ကေလး အလုပ္သမားျဖစ္ရ သည့္အေၾကာင္းတရားမ်ားကို ကူညီေျဖရွင္းေပးႏိုင္ၿပီး ကေလးမ်ား အလုပ္လုပ္ကိုင္ရျခင္းမွ ကင္းေဝးေစရန္ ပံပိုး ေဆာင္႐ြက္ေပးႏိုင္မည္ျဖစ္ေၾကာင္း ILO က အသိေပးေျပာဆိုထားသည္။
ILO အေနျဖင့္ ျမန္မာႏိုင္ငံ၌ ကေလးအလုပ္သမား ဆန႔္က်င္တိုက္ဖ်က္ေရးအတြက္ ေဆာင္႐ြက္ရာတြင္ အလုပ္သမားအားလုံးအတြက္ သင့္ေတာ္ေကာင္းမြန္ေသာ အလုပ္အကိုင္ရရွိေရးႏွင့္ တရားမွ်တမႈရရွိေရးကို ျမႇင့္တင္ေဆာင္႐ြက္ၿပီး ကေလး အလုပ္သမားဆိုင္ရာ စီမံခ်က္မ်ားကို ေဆာင္႐ြက္လုပ္ကိုင္ေနေၾကာင္း သိရသည္။