ရွှေပြည်သာရှိ Gainway အထည်ချုပ်စက်ရုံ၌ တစ်ရက်လုပ်ခ (၅၆ဝဝ)ကျပ်တိုးပေးရန် အလုပ်သမားများစုပေါင်းတောင်းဆိုမှုအောင်မြင်

2407

NP News - ဇွန် ၁၅
ရွှေပြည်သာမြို့နယ် ၊ သာဓုကန် စက်မှုဇုန်ရှိ Gainway International (Myanmar) Garment အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် တစ်ရက် လုပ်အားခ (၈) နာရီအတွက် အနိမ့်ဆုံး လုပ်ခ (၅၆ဝဝ) ကျပ်နှုန်းတိုးပေးရန်အတွက် စက်ရုံတွင်း ဆန္ဒပြတောင်းဆိုခဲ့ရာ ဇွန်လ ၁၂ ရက်တွင် ဆွေးနွေးညှိနှိုင်းမှု ပြေလည်ပြီး တောင်းဆိုချက်တွေကို ရရှိခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။
"Gainway အထည်ချုပ်စက်ရုံဝန်ထမ်းများအားလုံး စုပေါင်းတောင်းဆိုခဲ့တာကြောင့် ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်ကစပြီး ဒေးကြေး ( ၈ နာရီ အတွက် အနိမ့်ဆုံး လုပ်ခ ) ၅၆ဝဝ ကျပ် ၊ အိုတီ (အချိန်ပိုလုပ်ခ) တစ်နာရီ ၁၄ဝဝ ကျပ်ရရှိပါမယ်"ဟု အလုပ်သမားတစ်ဦးကပြောသည်။
စက်ရုံအလုပ်သမားများသည် တစ်ရက် (၈)နာရီအတွက် အနိမ့်ဆုံးလုပ်အားခကို တိုးမြှင့်ပေးရန်အတွက် စုပေါင်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။
Gain Way စက်ရုံရှိ အလုပ်သမား (၉ဝဝ) ကျော်အနက် ၊ အလုပ်သမား (၈ဝဝ)ကျော်က (၅၆ဝဝ)ကျပ် တိုးပေးရန် သဘောတူ ဝိုင်းဝန်းလက်မှတ်ထိုးကာ စာဖြင့်တင်ပြတောင်းဆိုခဲ့ပြီး တုံ့ပြန်မှုမရှိခြင်းကြောင့် ဇွန်လ ၉ ရက်တွင် လုပ်ငန်းခွင်သို့ မဝင်ရောက်ဘဲ စက်ရုံအတွင်း တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
စက်ရုံတွင်း စာဖြင့်တင်ပြတောင်းဆိုခြင်း၊ WCC မှတစ်ဆင့် တောင်းဆိုခြင်းတို့ ပြုလုပ်ရာ ဇွန်လ ၁ဝ ရက်တွင် စူပါလီဒါများ ထပ်တိုး ပါဝင်လာခြင်းကြောင့် တောင်းဆိုသူပိုများလာခဲ့ကြောင်းသိရသည်။ ယင်းနောက် ဇွန်လ ၁၂ ရက်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် စက်ရုံဘက်မှ လိုက်လျောလိုက်ပြီး ဇူလိုင်လမှစတင်ကာ ဒေးကြေး ၅၆ဝဝ ကျပ် ၊ အိုတီတစ်နာရီ ၁၄ဝဝ ကျပ် ပေးရန် ပြေလည်မှုရရှိခဲ့ခြင်းဖြစ်သည် ။
“အလုပ်သမားတွေအနေနဲ့ လုပ်ခမလုံလောက်တာကြာပြီ။ အစိုးရရဲ့တရားဝင်သတ်မှတ်ချက်ကမတိုးရင် စုပေါင်းတောင်းဆိုတာတွေဘဲပေါ်လာလိမ့်မယ်”ဟု ဝါရင့်အလုပ်သမားရေးရာကျွမ်းကျင်သူ ဦးရဲနိုင်ဝင်းကသုံးသပ်ပြောဆိုသည်။
ယင်း စက်ရုံသည် H&M အမှတ်တံဆိပ် အမျိုးသမီး အတွင်းခံ အဝတ်အထည်များ ချုပ်လုပ်နေခြင်းဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ထည်ထောင်ထားခြင်းဖြစ်ကြောင်း DICA အချက်အလက်များအရ သိရသည်။
zawgyi version
ေ႐ႊျပည္သာရွိ Gainway အထည္ခ်ဳပ္စက္႐ုံ၌ တစ္ရက္လုပ္ခ (၅၆ဝဝ)က်ပ္တိုးေပးရန္ အလုပ္သမားမ်ားစုေပါင္းေတာင္းဆိုမႈေအာင္ျမင္
NP News - ဇြန္ ၁၅
ေ႐ႊျပည္သာၿမိဳ႕နယ္ ၊ သာဓုကန္ စက္မႈဇုန္ရွိ Gainway International (Myanmar) Garment အထည္ခ်ဳပ္စက္႐ုံမွ အလုပ္သမားမ်ားသည္ တစ္ရက္ လုပ္အားခ (၈) နာရီအတြက္ အနိမ့္ဆုံး လုပ္ခ (၅၆ဝဝ) က်ပ္ႏႈန္းတိုးေပးရန္အတြက္ စက္႐ုံတြင္း ဆႏၵျပေတာင္းဆိုခဲ့ရာ ဇြန္လ ၁၂ ရက္တြင္ ေဆြးေႏြးညႇိႏႈိင္းမႈ ေျပလည္ၿပီး ေတာင္းဆိုခ်က္ေတြကို ရရွိခဲ့ေၾကာင္း အလုပ္သမားမ်ားထံမွ သိရသည္။
"Gainway အထည္ခ်ဳပ္စက္႐ုံဝန္ထမ္းမ်ားအားလုံး စုေပါင္းေတာင္းဆိုခဲ့တာေၾကာင့္ ၂ဝ၂၃ ခုႏွစ္ ဇူလိုင္လ ၁ ရက္ကစၿပီး ေဒးေၾကး ( ၈ နာရီ အတြက္ အနိမ့္ဆုံး လုပ္ခ ) ၅၆ဝဝ က်ပ္ ၊ အိုတီ (အခ်ိန္ပိုလုပ္ခ) တစ္နာရီ ၁၄ဝဝ က်ပ္ရရွိပါမယ္"ဟု အလုပ္သမားတစ္ဦးကေျပာသည္။
စက္႐ုံအလုပ္သမားမ်ားသည္ တစ္ရက္ (၈)နာရီအတြက္ အနိမ့္ဆုံးလုပ္အားခကို တိုးျမႇင့္ေပးရန္အတြက္ စုေပါင္းေတာင္းဆိုခဲ့ျခင္းျဖစ္သည္။
Gain Way စက္႐ုံရွိ အလုပ္သမား (၉ဝဝ) ေက်ာ္အနက္ ၊ အလုပ္သမား (၈ဝဝ)ေက်ာ္က (၅၆ဝဝ)က်ပ္ တိုးေပးရန္ သေဘာတူ ဝိုင္းဝန္းလက္မွတ္ထိုးကာ စာျဖင့္တင္ျပေတာင္းဆိုခဲ့ၿပီး တုံ႔ျပန္မႈမရွိျခင္းေၾကာင့္ ဇြန္လ ၉ ရက္တြင္ လုပ္ငန္းခြင္သို႔ မဝင္ေရာက္ဘဲ စက္႐ုံအတြင္း ေတာင္းဆိုခဲ့ၾကျခင္းျဖစ္သည္။
စက္႐ုံတြင္း စာျဖင့္တင္ျပေတာင္းဆိုျခင္း၊ WCC မွတစ္ဆင့္ ေတာင္းဆိုျခင္းတို႔ ျပဳလုပ္ရာ ဇြန္လ ၁ဝ ရက္တြင္ စူပါလီဒါမ်ား ထပ္တိုး ပါဝင္လာျခင္းေၾကာင့္ ေတာင္းဆိုသူပိုမ်ားလာခဲ့ေၾကာင္းသိရသည္။ ယင္းေနာက္ ဇြန္လ ၁၂ ရက္တြင္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ စက္႐ုံဘက္မွ လိုက္ေလ်ာလိုက္ၿပီး ဇူလိုင္လမွစတင္ကာ ေဒးေၾကး ၅၆ဝဝ က်ပ္ ၊ အိုတီတစ္နာရီ ၁၄ဝဝ က်ပ္ ေပးရန္ ေျပလည္မႈရရွိခဲ့ျခင္းျဖစ္သည္ ။
“အလုပ္သမားေတြအေနနဲ႔ လုပ္ခမလုံေလာက္တာၾကာၿပီ။ အစိုးရရဲ႕တရားဝင္သတ္မွတ္ခ်က္ကမတိုးရင္ စုေပါင္းေတာင္းဆိုတာေတြဘဲေပၚလာလိမ့္မယ္”ဟု ဝါရင့္အလုပ္သမားေရးရာကြၽမ္းက်င္သူ ဦးရဲႏိုင္ဝင္းကသုံးသပ္ေျပာဆိုသည္။
ယင္း စက္႐ုံသည္ H&M အမွတ္တံဆိပ္ အမ်ိဳးသမီး အတြင္းခံ အဝတ္အထည္မ်ား ခ်ဳပ္လုပ္ေနျခင္းျဖစ္ၿပီး ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈျဖင့္ ထည္ေထာင္ထားျခင္းျဖစ္ေၾကာင္း DICA အခ်က္အလက္မ်ားအရ သိရသည္။