မြန်မာနိုင်ငံ နဲ့ ရုရှားနိုင်ငံကြား လေကြောင်းတိုက်ရိုက်ပျံသန်းမှုများကို ဇူလိုင်လအတွင်း စတင်ဖွယ်ရှိနေ

1166

ဂျန်ဇက် (NP News) - ဇွန် ၁၆
ရုရှားနိုင်ငံ နဲ့ မြန်မာနိုင်ငံကြား ပထမဆုံးအကြိမ်လေကြောင်းတိုက်ရိုက်ပျံသန်းမှုတွေကို လာမယ့် ဇူလိုင်လအတွင်း လုပ်ဆောင်သွားမည်ဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးကံဇော် က ရုရှားနိုင်ငံမှာကျင်းပနေတဲ့ SPIEF-2023 အမည်ရှိ နိုင်ငံတကာစီးပွားရေးဖိုရမ် တက်ရောက်လာချိန်အတွင်း ပြောဆိုလိုက်ပါတယ်။
ဝန်ကြီးဦးကံဇော်က "ရုရှားနဲ့ မြန်မာနိုင်ငံကြား ပထမဆုံးအကြိမ် လေကြောင်းတိုက်ရိုက်ပျံသန်းမှုတွေကို လာမယ့် လမှာ စတင်နိုင်ဖွယ်ရှိနေပါတယ်။ Myanmar Airways International လေကြောင်းလိုင်းက ပျံသန်းပြေးဆွဲမှာ ဖြစ်တယ်။ ရန်ကုန်၊ မန္တလေးမြို့များကနေ ရုရှားနိုင်ငံ မော်စကိုမြို့ နဲ့ Novosibirsk မြို့တို့ကို တစ်ပတ်ကို တစ်ကြိမ် နှုန်းနဲ့ ပျံသန်းဖွယ်ရှိနေပါတယ်။ ရုရှားဟာ မြန်မာနိုင်ငံနဲ့လေကြောင်းပျံသန်းပြေးဆွဲမှာကို စိတ်အားထက်သန်နေ တယ်။ ကျွန်တော်တို့ ခရီးသွားဝန်ကြီးဌာနက စီစဉ်မယ့် “Russia Friendship Program” အစီအစဉ်ကိုမကြာခင် စတော့မှာဖြစ်ပါတယ်။ အဲဒီအစီအစဉ်တွေထဲမှာ ရုရှားကနေ မြန်မာနိုင်ငံကိုလာရောက်မယ့် ခရီးသွားလုပ်ငန်း အစီအစဉ်တွေလည်း ပါဝင်မှာဖြစ်တယ်" လို့ပြောပါတယ်။
ရုရှားအစိုးရဟာ မြန်မာနိုင်ငံသားများအတွက် ဗီဇာကန့်သတ်ချက်များကို ပယ်ဖျက်သွားဖို့မျှော်လင့်ထားကြောင်း ဝန်ကြီးဦးကံဇော် က ပြောပါတယ်။ မြန်မာနိုင်ငံဟာ ၂ဝ၂၂ ခုနှစ်တည်းက ရုရှားနိုင်ငံသားများအပေါ် ဗီဇာကန့်သတ် ထားခြင်းများ ဖျက်သိမ်းခဲ့ကြောင်း သိရပါတယ်။
ရုရှားနိုင်ငံ စိန့်ပီတာဘရက်မြို့မှာ နိုင်ငံတကာစီးပွားရေးဖိုရမ် (SPIEF) ကျင်းပနေပြီး ဇွန်လ ၁၄ ရက်ကနေ ဇွန်လ ၁၇ ရက်အထိ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ(SPIEF) စီးပွားရေးဖိုရမ်ကို မြန်မာအပါအဝင် နိုင်ငံပေါင်း ၁ဝဝ ကျော်က ကိုယ်စားလှယ်ပေါင်းထောင်ချီ တက်ရောက်ဖွယ်ရှိနေပြီး စီးပွားရေးလုပ်ငန်းများနဲ့ ပတ်သက်ပြီး အဓိကထားဆွေးနွေးဖွယ်ရှိနေပါတယ်။

Zawgyi Version;
ျမန္မာႏိုင္ငံ နဲ႔ ႐ုရွားႏိုင္ငံၾကား ေလေၾကာင္းတိုက္႐ိုက္ပ်ံသန္းမႈမ်ားကို ဇူလိုင္လအတြင္း စတင္ဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ဇြန္ ၁၆
႐ုရွားႏိုင္ငံ နဲ႔ ျမန္မာႏိုင္ငံၾကား ပထမဆုံးအႀကိမ္ေလေၾကာင္းတိုက္႐ိုက္ပ်ံသန္းမႈေတြကို လာမယ့္ ဇူလိုင္လအတြင္း လုပ္ေဆာင္သြားမည္ျဖစ္တယ္လို႔ ရင္းႏွီးျမႇဳပ္ႏွံမႈ ႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ဝန္ႀကီး ဦးကံေဇာ္ က ႐ုရွားႏိုင္ငံမွာက်င္းပေနတဲ့ SPIEF-2023 အမည္ရွိ ႏိုင္ငံတကာစီးပြားေရးဖိုရမ္ တက္ေရာက္လာခ်ိန္အတြင္း ေျပာဆိုလိုက္ပါတယ္။
ဝန္ႀကီးဦးကံေဇာ္က "႐ုရွားနဲ႔ ျမန္မာႏိုင္ငံၾကား ပထမဆုံးအႀကိမ္ ေလေၾကာင္းတိုက္႐ိုက္ပ်ံသန္းမႈေတြကို လာမယ့္ လမွာ စတင္ႏိုင္ဖြယ္ရွိေနပါတယ္။ Myanmar Airways International ေလေၾကာင္းလိုင္းက ပ်ံသန္းေျပးဆြဲမွာ ျဖစ္တယ္။ ရန္ကုန္၊ မႏၲေလးၿမိဳ႕မ်ားကေန ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕ နဲ႔ Novosibirsk ၿမိဳ႕တို႔ကို တစ္ပတ္ကို တစ္ႀကိမ္ ႏႈန္းနဲ႔ ပ်ံသန္းဖြယ္ရွိေနပါတယ္။ ႐ုရွားဟာ ျမန္မာႏိုင္ငံနဲ႔ေလေၾကာင္းပ်ံသန္းေျပးဆြဲမွာကို စိတ္အားထက္သန္ေန တယ္။ ကြၽန္ေတာ္တို႔ ခရီးသြားဝန္ႀကီးဌာနက စီစဥ္မယ့္ “Russia Friendship Program” အစီအစဥ္ကိုမၾကာခင္ စေတာ့မွာျဖစ္ပါတယ္။ အဲဒီအစီအစဥ္ေတြထဲမွာ ႐ုရွားကေန ျမန္မာႏိုင္ငံကိုလာေရာက္မယ့္ ခရီးသြားလုပ္ငန္း အစီအစဥ္ေတြလည္း ပါဝင္မွာျဖစ္တယ္" လို႔ေျပာပါတယ္။
႐ုရွားအစိုးရဟာ ျမန္မာႏိုင္ငံသားမ်ားအတြက္ ဗီဇာကန႔္သတ္ခ်က္မ်ားကို ပယ္ဖ်က္သြားဖို႔ေမွ်ာ္လင့္ထားေၾကာင္း ဝန္ႀကီးဦးကံေဇာ္ က ေျပာပါတယ္။ ျမန္မာႏိုင္ငံဟာ ၂ဝ၂၂ ခုႏွစ္တည္းက ႐ုရွားႏိုင္ငံသားမ်ားအေပၚ ဗီဇာကန႔္သတ္ ထားျခင္းမ်ား ဖ်က္သိမ္းခဲ့ေၾကာင္း သိရပါတယ္။
႐ုရွားႏိုင္ငံ စိန႔္ပီတာဘရက္ၿမိဳ႕မွာ ႏိုင္ငံတကာစီးပြားေရးဖိုရမ္ (SPIEF) က်င္းပေနၿပီး ဇြန္လ ၁၄ ရက္ကေန ဇြန္လ ၁၇ ရက္အထိ က်င္းပသြားမွာျဖစ္ေၾကာင္း သိရပါတယ္။ အဆိုပါ(SPIEF) စီးပြားေရးဖိုရမ္ကို ျမန္မာအပါအဝင္ ႏိုင္ငံေပါင္း ၁ဝဝ ေက်ာ္က ကိုယ္စားလွယ္ေပါင္းေထာင္ခ်ီ တက္ေရာက္ဖြယ္ရွိေနၿပီး စီးပြားေရးလုပ္ငန္းမ်ားနဲ႔ ပတ္သက္ၿပီး အဓိကထားေဆြးေႏြးဖြယ္ရွိေနပါတယ္။