သံသတ္တုရိုင်းမှ သံစိမ်းထုတ်လုပ်ပေးမည့် သံမဏိစက်ရုံ(ပင်းပက်) ပြန်လည်လည်ပတ်နိုင်ရေးအတွက် လုပ်ငန်းများ ကို အမြန်ဆောင်ရွက်ရန် နစကဝန်ကြီး တိုက်တွန်း

889

ယွန်း (NP News) - ဇွန် ၁၆
သံသတ္တုရိုင်းမှ သံစိမ်းထုတ်လုပ်ပေးမည့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) ပြန်လည်လည်ပတ်နိုင်ရေးအတွက် လုပ်ငန်းများကို အမြန်ပြီးစီးအောင်ဆောင်ရွက်ရန် နစကဝန်ကြီးက တိုက်တွန်းပြောဆိုထားသည်။
စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဇွန်လ(၁၅)ရက်တွင် နေပြည်တော်ရှိ စက်မှု ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သော အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ သံနှင့် သံမဏိ လိုအပ်ချက်သည် နှစ်စဉ်တန်ချိန် (၂ ဒသမ ၅) သန်းမှ သုံးသန်းခန့်ရှိပြီး ပြည်တွင်းတွင် တန်ချိန်(၁)သန်းသာ ထုတ်လုပ်နိုင်သည့်အတွက် လိုအပ်သောတန်ချိန် (၂)သန်းခန့်ကို နှစ်စဉ်ပြည်ပမှ တင်သွင်းနေ ရခြင်းကြောင့် နိုင်ငံခြားငွေ (၁)ဘီလျံကျော်ခန့် သုံးစွဲနေရကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံတော်အတွက် လိုအပ်သော သံမဏိများကို ရေရှည်ထုတ်လုပ်နိုင်ရန် သံသတ္တုရိုင်းမှ သံစိမ်းများကို ထုတ်လုပ်ပေးမည့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)ကို ပြန်လည် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ သည့်လုပ်ငန်းများကို အမြန်ပြီးစီးအောင် ဆောင်ရွက်ရန် စက်မှုဝန်ကြီးက တိုက်တွန်းပြောဆိုထားခဲ့သည်။
အလားတူ လုပ်ငန်းဆောင်ရွက်နေစဥ်အတွင်း လုပ်ငန်းပြီးစီးရမည့် ပမာဏ၊ ပြီးစီးရမည့်အချိန်တို့ကိုလည်း တွက်ချက်ဆောင်ရွက်ရန် ၎င်းက ဆက်လက်ပြောဆိုထားသည်။
ထို့ပြင် ပြည်ပကျွမ်းကျင်ပညာရှင်များ လာရောက်ချိန်၌ ကျန်ရှိနေသည့် စီမံကိန်းများကို ဆက်လက်ဆောင်ရွက်မည် ဖြစ်ပြီး လုပ်ငန်းပြီးမြောက်ရေးကိုသာ ဦးတည်ပြီးပြောဆိုဆက်ဆံရန် ၎င်းက ဆက်လက်ပြောဆိုထားသည်။
အဆိုပါ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)စီမံကိန်းကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tyazhpromexport (TPE) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ပူးပေါင်း၍ ၂ဝဝ၆ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်တွင် စတင်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်တွင် စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်း၍ ဆက်လက်အကောင် အထည်ဖော်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများအား ၂ဝ၁၇ ခုနှစ်၊ မတ်လ(၁၅)ရက်တွင် ယာယီရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သည် အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာနအောက်ရှိ အစိုးရလက်အောက်ခံစက်ရုံဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင်ရှိကြောင်း သိရသည်။
အဆိုပါ သံနှင့် သံမဏိစက်ရုံအား (၂ဝ၂၃ - ၂ဝ၂၄) ခုနှစ်ဘဏ္ဍာရေးနှစ်တွင် စတင်လည် ပတ်ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

Zawgyi Version;
သံသတၱဳ႐ိုင္းမွ သံစိမ္းထုတ္လုပ္ေပးမည့္ သံမဏိစက္႐ုံ(ပင္းပက္) ျပန္လည္လည္ပတ္ႏိုင္ေရးအတြက္ လုပ္ငန္းမ်ား ကို အျမန္ေဆာင္႐ြက္ရန္ နစကဝန္ႀကီး တိုက္တြန္း
ယြန္း (NP News) - ဇြန္ ၁၆
သံသတၱဳ႐ိုင္းမွ သံစိမ္းထုတ္လုပ္ေပးမည့္ အမွတ္(၂) သံမဏိစက္႐ုံ(ပင္းပက္) ျပန္လည္လည္ပတ္ႏိုင္ေရးအတြက္ လုပ္ငန္းမ်ားကို အျမန္ၿပီးစီးေအာင္ေဆာင္႐ြက္ရန္ နစကဝန္ႀကီးက တိုက္တြန္းေျပာဆိုထားသည္။
စက္မႈဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းက ဇြန္လ(၁၅)ရက္တြင္ ေနျပည္ေတာ္ရွိ စက္မႈ ဝန္ႀကီးဌာနအစည္းအေဝးခန္းမ၌ က်င္းပခဲ့ေသာ အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံ၏ သံႏွင့္ သံမဏိ လိုအပ္ခ်က္သည္ ႏွစ္စဥ္တန္ခ်ိန္ (၂ ဒသမ ၅) သန္းမွ သုံးသန္းခန႔္ရွိၿပီး ျပည္တြင္းတြင္ တန္ခ်ိန္(၁)သန္းသာ ထုတ္လုပ္ႏိုင္သည့္အတြက္ လိုအပ္ေသာတန္ခ်ိန္ (၂)သန္းခန႔္ကို ႏွစ္စဥ္ျပည္ပမွ တင္သြင္းေန ရျခင္းေၾကာင့္ ႏိုင္ငံျခားေငြ (၁)ဘီလ်ံေက်ာ္ခန႔္ သုံးစြဲေနရေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ႏိုင္ငံေတာ္အတြက္ လိုအပ္ေသာ သံမဏိမ်ားကို ေရရွည္ထုတ္လုပ္ႏိုင္ရန္ သံသတၱဳ႐ိုင္းမွ သံစိမ္းမ်ားကို ထုတ္လုပ္ေပးမည့္ အမွတ္(၂) သံမဏိစက္႐ုံ(ပင္းပက္)ကို ျပန္လည္ လည္ပတ္ႏိုင္ေရးအတြက္ ေဆာင္႐ြက္လ်က္ရွိ သည့္လုပ္ငန္းမ်ားကို အျမန္ၿပီးစီးေအာင္ ေဆာင္႐ြက္ရန္ စက္မႈဝန္ႀကီးက တိုက္တြန္းေျပာဆိုထားခဲ့သည္။
အလားတူ လုပ္ငန္းေဆာင္႐ြက္ေနစဥ္အတြင္း လုပ္ငန္းၿပီးစီးရမည့္ ပမာဏ၊ ၿပီးစီးရမည့္အခ်ိန္တို႔ကိုလည္း တြက္ခ်က္ေဆာင္႐ြက္ရန္ ၎က ဆက္လက္ေျပာဆိုထားသည္။
ထို႔ျပင္ ျပည္ပကြၽမ္းက်င္ပညာရွင္မ်ား လာေရာက္ခ်ိန္၌ က်န္ရွိေနသည့္ စီမံကိန္းမ်ားကို ဆက္လက္ေဆာင္႐ြက္မည္ ျဖစ္ၿပီး လုပ္ငန္းၿပီးေျမာက္ေရးကိုသာ ဦးတည္ၿပီးေျပာဆိုဆက္ဆံရန္ ၎က ဆက္လက္ေျပာဆိုထားသည္။
အဆိုပါ အမွတ္(၂)သံမဏိစက္႐ုံ (ပင္းပက္)စီမံကိန္းကို ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ Tyazhpromexport (TPE) ႏွင့္ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္းတို႔ပူးေပါင္း၍ ၂ဝဝ၆ ခုႏွစ္၊ စက္တင္ဘာလ(၅)ရက္တြင္ စတင္အေကာင္အထည္ ေဖာ္ခဲ့ျခင္းျဖစ္သည္။
ထို႔ေနာက္ ၂ဝ၁၂ ခုႏွစ္၊ ေအာက္တိုဘာလ(၁)ရက္တြင္ စက္မႈဝန္ႀကီးဌာနသို႔ လႊဲေျပာင္း၍ ဆက္လက္အေကာင္ အထည္ေဖာ္ခဲ့ၿပီး စီမံကိန္းလုပ္ငန္းမ်ားအား ၂ဝ၁၇ ခုႏွစ္၊ မတ္လ(၁၅)ရက္တြင္ ယာယီရပ္ဆိုင္းခဲ့ေၾကာင္း သိရသည္။
အမွတ္ (၂) သံမဏိစက္႐ုံ (ပင္းပက္) သည္ အမွတ္ (၁) အႀကီးစားစက္မႈလုပ္ငန္း၊ စက္မႈဝန္ႀကီးဌာနေအာက္ရွိ အစိုးရလက္ေအာက္ခံစက္႐ုံျဖစ္ၿပီး ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕နယ္တြင္ရွိေၾကာင္း သိရသည္။
အဆိုပါ သံႏွင့္ သံမဏိစက္႐ုံအား (၂ဝ၂၃ - ၂ဝ၂၄) ခုႏွစ္ဘ႑ာေရးႏွစ္တြင္ စတင္လည္ ပတ္ထုတ္လုပ္ႏိုင္ရန္ ရည္မွန္းထားေၾကာင္း သိရသည္။