ရွှေပေါက်ကံမြို့သစ်ရှိ ဒန်အရည်ကြိုလုပ်ငန်းတစ်ခု၌ ဘလောက်တုံးများ အပူလွန်ကာ ပေါက်ကွဲမှုဖြစ်ပွား

 1199

NP News - ဇွန် ၁၇

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်ရှိ ဒန်အရည်ကြိုလုပ်ငန်းတစ်ခုတွင် ဘလောက်တုံးများ အပူလွန်ကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ယနေ့(ဇွန်လ ၁၇ ရက်)၊ နံနက်(၁၁)နာရီခွဲအချိန်ခန့်တွင် ရွှေပေါက်ကံ၊ မြို့သစ်ရပ်ကွက်၊ မက္ခ ရာမင်းသားကြီးလမ်း၊ အမှတ် (၂၃၂/ဃ)ရှိ UTA ဒန်အရည်ကြိုလုပ်ငန်းတွင် ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာအနီးတွင် နေထိုင်သူတစ်ဦးထံမှ သိရသည်။

အဆိုပါ ဒန်ရည်ကြိုလုပ်ငန်းတွင် ပိုင်ရှင် အပါအဝင် အလုပ်သမား(၇)ဦးသည် ဘီယာဗူးခွံများ ဖိ၍ပြုလုပ်ထားသည့် ဘလောက်တုံးများအား အရည်ကြိုနေစဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ၎င်းမှဆိုသည်။

ပေါက်ကွဲမှုကြောင့် အဆိုပါလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသည့် ဦးအောင်ရွှေဦးဆိုသူတွင် ခန္ဓာကိုယ်၌ အပူလောင်ဒဏ်ရာများ ရရှိခဲ့ပြီး စိုးရိမ်ရအခြေအနေရှိကြောင်း သိရသည်။

လက်ရှိတွင် ၎င်းအား မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်မှ ဆက်လက်ပြောဆိုထားသည်။

zawgyi version
ေ႐ႊေပါက္ကံၿမိဳ႕သစ္ရွိ ဒန္အရည္ႀကိဳလုပ္ငန္းတစ္ခု၌ ဘေလာက္တုံးမ်ား အပူလြန္ကာ ေပါက္ကြဲမႈျဖစ္ပြား

NP News - ဇြန္ ၁၇

ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေ႐ႊေပါက္ကံၿမိဳ႕သစ္ရွိ ဒန္အရည္ႀကိဳလုပ္ငန္းတစ္ခုတြင္ ဘေလာက္တုံးမ်ား အပူလြန္ကာ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ဇြန္လ ၁၇ ရက္)၊ နံနက္(၁၁)နာရီခြဲအခ်ိန္ခန႔္တြင္ ေ႐ႊေပါက္ကံ၊ ၿမိဳ႕သစ္ရပ္ကြက္၊ မကၡ ရာမင္းသားႀကီးလမ္း၊ အမွတ္ (၂၃၂/ဃ)ရွိ UTA ဒန္အရည္ႀကိဳလုပ္ငန္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း အခင္းျဖစ္ပြားရာေနရာအနီးတြင္ ေနထိုင္သူတစ္ဦးထံမွ သိရသည္။

အဆိုပါ ဒန္ရည္ႀကိဳလုပ္ငန္းတြင္ ပိုင္ရွင္ အပါအဝင္ အလုပ္သမား(၇)ဦးသည္ ဘီယာဗူးခြံမ်ား ဖိ၍ျပဳလုပ္ထားသည့္ ဘေလာက္တုံးမ်ားအား အရည္ႀကိဳေနစဥ္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ၎မွဆိုသည္။

ေပါက္ကြဲမႈေၾကာင့္ အဆိုပါလုပ္ငန္းတြင္ အလုပ္လုပ္ကိုင္ေနသည့္ ဦးေအာင္ေ႐ႊဦးဆိုသူတြင္ ခႏၶာကိုယ္၌ အပူေလာင္ဒဏ္ရာမ်ား ရရွိခဲ့ၿပီး စိုးရိမ္ရအေျခအေနရွိေၾကာင္း သိရသည္။

လက္ရွိတြင္ ၎အား ေျမာက္ဥကၠလာပေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္မွ ဆက္လက္ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.