ကွန်ဒိုဥပဒေနှင့်အညီ ဆောက်လုပ်ထားသည့် ကွန်ဒိုတိုက်ခန်းများကို နိုင်ငံခြားသားများဝယ်ယူခွင့်ရရှိမည်

 1303

NP News - ဇွန် ၁၈

နိုင်ငံခြားသားများအနေဖြင့် ကွန်ဒိုဥပဒေနှင့်အညီ ဆောက်လုပ်ထားသည့် ကွန်ဒိုတိုက်ခန်းများကို တရားဝင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းများထံမှ သိရသည်။

ယခင်က ကွန်ဒိုတိုက်ခန်းများကို နိုင်ငံခြားသားများအနေဖြင့် တရားဝင်ဝယ်ယူနိုင်ခွင့်မရှိခြင်းကြောင့် နိုင်ငံခြားသားဝယ်ယူမှုသည် ရာခိုင်နှုန်းမရှိခဲ့ကြောင်း သိရသည်။

“နိုင်ငံခြားသားက ဝယ်တာအားနည်းတာမဟုတ်ဘူး။ ပြောရရင် ယနေ့အထိကို တရားဝင်ဝယ်ခွင့်ကို မရသေးတာ။ ကွန်ဒို law နဲ့ အကောင်အထည်ဖော်တဲ့ ကွန်ဒိုဆိုတာ အခုမှ မြေအပ်တဲ့အဆင့်ပြီးတာ (၂)ခုပဲရှိသေးတယ်။ နိုင်ငံခြားသားက အခုမှ စဝယ်လို့ရတာပေါ့” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက NP News ကိုပြောသည်။

လက်ရှိတွင် ကွန်ဒိုဥပဒေနှင့်အညီ အကောင်အထည်ဖော်နေသည့် ကွန်ဒိုများအနက် မြေအပ်သည့်အဆင့်ပြီးမြောက်သည့် ကွန်ဒိုအနေဖြင့် (၂)ခုသာရှိပြီး ကွန်ဒို law နှင့်အညီ နိုင်ငံခြားသားများ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဝယ်ယူရာတွင်လည်း ပြည်တွင်းနေ နိုင်ငံခြားသားများနှင့် ပြည်ပမှ ဝယ်ယူသောနိုင်ငံခြားသားများ ဟူ၍ (၂)မျိုးရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

ပြည်တွင်းနေ နိုင်ငံခြားသားများအနေဖြင့် ကွန်ဒိုတိုက်ခန်းများကို local ပိုက်ဆံဖြင့် ဝယ်ယူခွင့်ရှိသည်ဟု ဖော်ပြထားကြောင်းသိရပြီး နိုင်ငံခြားမှ ကွန်ဒိုဝယ်ယူသူများအနေဖြင့် တရားဝင်ငွေလွှဲ၍သာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်း၌ ကွန်ဒိုဥပဒေနှင့်အညီ ကွန်ဒိုများဆောက်လုပ်ရန် လျှောက်ထားမှုများရှိနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာမှုများရှိနေကြောင်း သိရသည်။

ထို့ပြင် လတ်တလောကာလ၌ ကွန်ဒိုမီနီယမ်ရောင်းချမှုများ ပြန်လည်မြင့်တက်လာပြီး ရန်ကုန်နှင့် မန္တလေးတို့၌ ဝယ်ယူမှုမြင့်တက်လာကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များမှ ဆိုထားသည်။

သို့သော် ဒေါ်လာဈေးမြင့်တက်လာမှုကြောင့် ဆောက်လုပ်ရေးပစ္စည်းများ ဈေးနှုန်းမြင့်တက်လာခဲ့ပြီး ဆောက်လုပ်ရေးကဏ္ဍကိုရပ်တန့်ခဲ့သူများလည်း ရှိနေကြောင်း သိရသည်။

zawgyi version
ကြန္ဒိုဥပေဒႏွင့္အညီ ေဆာက္လုပ္ထားသည့္ ကြန္ဒိုတိုက္ခန္းမ်ားကို ႏိုင္ငံျခားသားမ်ားဝယ္ယူခြင့္ရရွိမည္

NP News - ဇြန္ ၁၈

ႏိုင္ငံျခားသားမ်ားအေနျဖင့္ ကြန္ဒိုဥပေဒႏွင့္အညီ ေဆာက္လုပ္ထားသည့္ ကြန္ဒိုတိုက္ခန္းမ်ားကို တရားဝင္ ဝယ္ယူႏိုင္မည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္ အသိုင္းအဝိုင္းမ်ားထံမွ သိရသည္။

ယခင္က ကြန္ဒိုတိုက္ခန္းမ်ားကို ႏိုင္ငံျခားသားမ်ားအေနျဖင့္ တရားဝင္ဝယ္ယူႏိုင္ခြင့္မရွိျခင္းေၾကာင့္ ႏိုင္ငံျခားသားဝယ္ယူမႈသည္ ရာခိုင္ႏႈန္းမရွိခဲ့ေၾကာင္း သိရသည္။

“ႏိုင္ငံျခားသားက ဝယ္တာအားနည္းတာမဟုတ္ဘူး။ ေျပာရရင္ ယေန႔အထိကို တရားဝင္ဝယ္ခြင့္ကို မရေသးတာ။ ကြန္ဒို law နဲ႔ အေကာင္အထည္ေဖာ္တဲ့ ကြန္ဒိုဆိုတာ အခုမွ ေျမအပ္တဲ့အဆင့္ၿပီးတာ (၂)ခုပဲရွိေသးတယ္။ ႏိုင္ငံျခားသားက အခုမွ စဝယ္လို႔ရတာေပါ့” ဟု ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးက NP News ကိုေျပာသည္။

လက္ရွိတြင္ ကြန္ဒိုဥပေဒႏွင့္အညီ အေကာင္အထည္ေဖာ္ေနသည့္ ကြန္ဒိုမ်ားအနက္ ေျမအပ္သည့္အဆင့္ၿပီးေျမာက္သည့္ ကြန္ဒိုအေနျဖင့္ (၂)ခုသာရွိၿပီး ကြန္ဒို law ႏွင့္အညီ ႏိုင္ငံျခားသားမ်ား ဝယ္ယူႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ဝယ္ယူရာတြင္လည္း ျပည္တြင္းေန ႏိုင္ငံျခားသားမ်ားႏွင့္ ျပည္ပမွ ဝယ္ယူေသာႏိုင္ငံျခားသားမ်ား ဟူ၍ (၂)မ်ိဳးရွိေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။

ျပည္တြင္းေန ႏိုင္ငံျခားသားမ်ားအေနျဖင့္ ကြန္ဒိုတိုက္ခန္းမ်ားကို local ပိုက္ဆံျဖင့္ ဝယ္ယူခြင့္ရွိသည္ဟု ေဖာ္ျပထားေၾကာင္းသိရၿပီး ႏိုင္ငံျခားမွ ကြန္ဒိုဝယ္ယူသူမ်ားအေနျဖင့္ တရားဝင္ေငြလႊဲ၍သာ ဝယ္ယူႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ျပည္တြင္း၌ ကြန္ဒိုဥပေဒႏွင့္အညီ ကြန္ဒိုမ်ားေဆာက္လုပ္ရန္ ေလွ်ာက္ထားမႈမ်ားရွိေနေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ၾကန႔္ၾကာမႈမ်ားရွိေနေၾကာင္း သိရသည္။

ထို႔ျပင္ လတ္တေလာကာလ၌ ကြန္ဒိုမီနီယမ္ေရာင္းခ်မႈမ်ား ျပန္လည္ျမင့္တက္လာၿပီး ရန္ကုန္ႏွင့္ မႏၲေလးတို႔၌ ဝယ္ယူမႈျမင့္တက္လာေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားမွ ဆိုထားသည္။

သို႔ေသာ္ ေဒၚလာေဈးျမင့္တက္လာမႈေၾကာင့္ ေဆာက္လုပ္ေရးပစၥည္းမ်ား ေဈးႏႈန္းျမင့္တက္လာခဲ့ၿပီး ေဆာက္လုပ္ေရးက႑ကိုရပ္တန႔္ခဲ့သူမ်ားလည္း ရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.