အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီထံ UEC ဥက္ကဋ္ဌ လာရောက်ခြင်းသည် မိဘက သားသမီးများထံ လာရောက်စောင့်ရှောက်ပေးခြင်းမျိုးဖြစ်ဟုပြော

 632

မျိုးကြီး (NP News) - ဇွန် ၁၈

အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီထံ UEC ဥက္ကဋ္ဌ လာရောက်ခြင်းသည် မိဘက သားသမီးများထံ လာရောက်စောင့်ရှောက်ပေးခြင်းမျိုးဖြစ်ကြောင်း ၎င်းပါတီမှ အထွေထွေအတွင်းရေးမှူး ဦးအားလယ်က NP News ကို ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့ဝင်များသည် ယမန်နေ့(ဇွန်လ ၁၇ ရက်) တွင် ရှမ်းပြည်နယ်( အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ပါတီ၏ နာယကဖြစ်သူ ဦးမင်းညို၊ ဥက္ကဋ္ဌဖြစ်သူ ဦးထွန်းအောင် အပါအဝင်အဖွဲ့ဝင်များအား တွေ့ဆုံခဲ့ကြောင်း သိရသည်။

အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှုများကို ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

UEC ဥက္ကဋ္ဌနှင့် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ တွေ့ဆုံမှုနှင့်ပတ်သက်၍ NP News က အထွေထွေအတွင်း ရေးမှူးဖြစ်သူ ဦးအားလယ်ကို မေးမြန်းရာတွင် “UEC နဲ့ ကျွန်တော်တို့ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက မိဘက သားသမီးတွေကို လာရောက်ပြီးတော့ စောင့်ရှောက်သလိုပါပဲ။ မြေပြင်မှာ ကျွန်တော်တို့ပါတီတွေရဲ့ အခြေအနေတွေကို မိဘဖြစ်တဲ့ UEC က မြေပြင်မှာလာရောက် စောင့်ရှောက်ပေးခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ယခု ၂ဝ၂၃ ခုနှစ် မေလ ၈ ရက်တွင် မှတ်ပုံတင်ခွင့်ရရှိထားပြီးဖြစ်သည့် ပါတီတစ်ရပ်ဖြစ်ကြောင်း သိရသည်။

“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ကျင်းပမယ်၊ မကျင်းပဘူးမပြောဘူး။ ဒါပေမယ့် ရွေးကောက်ပွဲကျင်း ပသည်ရှိခဲ့သော် ကျွန်တော်တို့ နိုင်ငံသားကတ်ကိုင်ထားသူများသာလျှင် မဲထည့်ရမယ်ဆိုတာ ပြောသွားပါတယ်” ဟု အာခါအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးအားလယ်က ဆက် လက်ပြောဆိုထားသည်။

ယင်းပါတီအနေဖြင့် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း (၉ဝ)အတွင်း သတ်မှတ်ထားသော ပါတီဝင်အင်အား (၁ဝဝဝ)ပြည့်မီရေး၊ ရက်ပေါင်း (၁၈ဝ)အတွင်း ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံး၏ အနည်းဆုံး(၅)မြို့နယ်၌ ပါတီရုံးခန်း ဖွင့်လှစ်နိုင်ရေးတို့ကို ဆောင်ရွက်သွားရန် ဥက္ကဋ္ဌ ဦးသိန်းစိုးက ထည့်သွင်းပြောဆိုခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အချိုးကျကိုယ်စားပြုစနစ်(PR)ဖြင့် ကျင်းပမည့်ရွေးကောက်ပွဲများ၌ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်းခံရပြီး ပြည်နယ်ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပါဝင်ခွင့်ရရှိရေး ကြိုးစားဆောင်ရွက်သွားရန် UEC ဥက္ကဋ္ဌက ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။

UEC ဥက္ကဋ္ဌဦးသိန်းစိုးသည် ပြီးခဲ့သောလပိုင်းများအတွင်းကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ရုံးချုပ်များသို့ သွားရောက်ကာ စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

zawgyi version
အာခါအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီထံ UEC ဥကၠ႒ လာေရာက္ျခင္းသည္ မိဘက သားသမီးမ်ားထံ လာေရာက္ေစာင့္ေရွာက္ေပးျခင္းမ်ိဳးျဖစ္ဟုေျပာ

မ်ိဳးႀကီး (NP News) - ဇြန္ ၁၈

အာခါအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီထံ UEC ဥကၠ႒ လာေရာက္ျခင္းသည္ မိဘက သားသမီးမ်ားထံ လာေရာက္ေစာင့္ေရွာက္ေပးျခင္းမ်ိဳးျဖစ္ေၾကာင္း ၎ပါတီမွ အေထြေထြအတြင္းေရးမႉး ဦးအားလယ္က NP News ကို ေျပာသည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးသိန္းစိုးႏွင့္အဖြဲ႕ဝင္မ်ားသည္ ယမန္ေန႔(ဇြန္လ ၁၇ ရက္) တြင္ ရွမ္းျပည္နယ္( အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕၌ ပါတီ၏ နာယကျဖစ္သူ ဦးမင္းညိဳ၊ ဥကၠ႒ျဖစ္သူ ဦးထြန္းေအာင္ အပါအဝင္အဖြဲ႕ဝင္မ်ားအား ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

အာခါအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ၏ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ၊ နည္းဥပေဒမ်ားႏွင့္အညီ ေဆာင္႐ြက္ထားရွိမႈမ်ားကို ေကာ္မရွင္ဥကၠ႒ ဦးသိန္းစိုးက ၾကည့္ရႈစစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

UEC ဥကၠ႒ႏွင့္ အာခါအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီတို႔ ေတြ႕ဆုံမႈႏွင့္ပတ္သက္၍ NP News က အေထြေထြအတြင္း ေရးမႉးျဖစ္သူ ဦးအားလယ္ကို ေမးျမန္းရာတြင္ “UEC နဲ႔ ကြၽန္ေတာ္တို႔ အာခါအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီက မိဘက သားသမီးေတြကို လာေရာက္ၿပီးေတာ့ ေစာင့္ေရွာက္သလိုပါပဲ။ ေျမျပင္မွာ ကြၽန္ေတာ္တို႔ပါတီေတြရဲ႕ အေျခအေနေတြကို မိဘျဖစ္တဲ့ UEC က ေျမျပင္မွာလာေရာက္ ေစာင့္ေရွာက္ေပးျခင္းျဖစ္ပါတယ္” ဟု ေျပာသည္။

အာခါအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီသည္ ယခု ၂ဝ၂၃ ခုႏွစ္ ေမလ ၈ ရက္တြင္ မွတ္ပုံတင္ခြင့္ရရွိထားၿပီးျဖစ္သည့္ ပါတီတစ္ရပ္ျဖစ္ေၾကာင္း သိရသည္။

“ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီးေတာ့ က်င္းပမယ္၊ မက်င္းပဘူးမေျပာဘူး။ ဒါေပမယ့္ ေ႐ြးေကာက္ပြဲက်င္း ပသည္ရွိခဲ့ေသာ္ ကြၽန္ေတာ္တို႔ ႏိုင္ငံသားကတ္ကိုင္ထားသူမ်ားသာလွ်င္ မဲထည့္ရမယ္ဆိုတာ ေျပာသြားပါတယ္” ဟု အာခါအမ်ိဳးသားဖြံ႕ၿဖိဳး တိုးတက္ေရးပါတီမွ အေထြေထြအတြင္းေရးမႉး ဦးအားလယ္က ဆက္ လက္ေျပာဆိုထားသည္။

ယင္းပါတီအေနျဖင့္ မွတ္ပုံတင္ခြင့္ျပဳသည့္ေန႔မွစ၍ ရက္ေပါင္း (၉ဝ)အတြင္း သတ္မွတ္ထားေသာ ပါတီဝင္အင္အား (၁ဝဝဝ)ျပည့္မီေရး၊ ရက္ေပါင္း (၁၈ဝ)အတြင္း ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္အားလုံး၏ အနည္းဆုံး(၅)ၿမိဳ႕နယ္၌ ပါတီ႐ုံးခန္း ဖြင့္လွစ္ႏိုင္ေရးတို႔ကို ေဆာင္႐ြက္သြားရန္ ဥကၠ႒ ဦးသိန္းစိုးက ထည့္သြင္းေျပာဆိုခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ အခ်ိဳးက်ကိုယ္စားျပဳစနစ္(PR)ျဖင့္ က်င္းပမည့္ေ႐ြးေကာက္ပြဲမ်ား၌ ပါတီကိုယ္စားျပဳ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေ႐ြးေကာက္တင္ေျမႇာက္ျခင္းခံရၿပီး ျပည္နယ္ဥပေဒျပဳေရးႏွင့္ အုပ္ခ်ဳပ္ေရးက႑မ်ားတြင္ ပါဝင္ခြင့္ရရွိေရး ႀကိဳးစားေဆာင္႐ြက္သြားရန္ UEC ဥကၠ႒က ထည့္သြင္းေျပာဆိုခဲ့ေၾကာင္း သိရသည္။

UEC ဥကၠ႒ဦးသိန္းစိုးသည္ ၿပီးခဲ့ေသာလပိုင္းမ်ားအတြင္းကလည္း ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၊ တိုင္းရင္းသား စည္းလုံးညီၫြတ္ေရးပါတီ ႐ုံးခ်ဳပ္မ်ားသို႔ သြားေရာက္ကာ စစ္ေဆးၾကည့္ရႈခဲ့ေၾကာင္း သိရသည္။

Picture

thit sar

18/06/2023 17:14

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့တွေ့ဆုံဆွေးပွဲကို ,တရုတ်ရဲ့ဖိအားနဲ့ ပြုလုပ်ခဲ့တဲ့ အဓအကြောင်းရင်းထဲမှာ ရွေးကောက်ပွဲကိစ္စက ပိုပြီး အဓိကကျမယ်ထင်ပါတယ်။စစ်အုပ်ချုပ်ရေးသက်တန်းကိစ္စက pdfတွေထက်ပိုပြီး ကာချုပ်အတွက် အတော်အကျပ်ရိုက်‌နေစေပုံပါဘဲ။!?

Picture

thit sar

18/06/2023 17:16

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့တွေ့ဆုံဆွေးပွဲကို ,တရုတ်ရဲ့ဖိအားနဲ့ ပြုလုပ်ခဲ့တဲ့ အကြောင်းရင်းထဲမှာ ရွေးကောက်ပွဲကိစ္စက ပိုပြီး အဓိကကျမယ်ထင်ပါတယ်။စစ်အုပ်ချုပ်ရေးသက်တန်းကိစ္စက pdfတွေထက်ပိုပြီး ကာချုပ်အတွက် အတော်အကျပ်ရိုက်‌နေစေပုံပါဘဲ။!?

Related news

© 2021. All rights reserved.