မြန်အောင်မြို့နယ်ရှိ ဘုန်းကြီးကျောင်း၌ ခြင်ဆေးခွေမီးမှတဆင့် မီးလောင်မှုဖြစ်ပွား

 318

Pearl (NP News) - ဇွန် ၁၈

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်ရှိ ဘုန်းကြီးကျောင်း၌ ခြင်ဆေးခွေမီးမှတဆင့် မီးလောင်မှုဖြစ်ပွား
ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၁၈ ရက်) ၊ နံနက် (၉)နာရီခွဲအချိန်ခန့်တွင် မြန်အောင်မြို့နယ်၊ အင်ပင်မြို့၊ ရှားဖြူကုန်းကျေးရွာ၊ ရှားဖြူကုန်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းဝန်းအတွင်းရှိ လောကမာရဇိန်ကျောင်းဆောင်တွင် ခြင်ဆေးခွေထွန်းထားရာမှ အနီးရှိ စာအုပ်ပုံပေါ်သို့ကျကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ခြင်ဆေးခွေက အနီးရှိ စာအုပ်ပုံပေါ်ကိုကျပြီး မီးလောင်တာ ၊ ၂ ထပ်ကျောင်းဆောင်တစ်ဆောင် မီးလောင်ပျက်ဆီးဆုံးရှုံးပါတယ်။ လူထိခိုက်တာ မရှိပါဘူး"ဟု မြန်‌အောင်မြို့နယ် မီးသတ်စခန်း၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

မီးလောင်မှုအား မြန်အောင်မြို့နယ်၊ အင်းပင်မြို့နယ်၊ ထူးကြီးနယ်၊ ကြာနီကန်အရန်မီးသတ်စခန်း၊ ပါရမီလူမှုကူညီရေးအသင်းတို့မှ မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ မီးငြှိမ်းသတ်ခဲ့ရာ မိနစ် (၄ဝ)ခန့် ကြာပြီးနောက် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါ ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

zawgyi version
ျမန္ေအာင္ၿမိဳ႕နယ္ရွိ ဘုန္းႀကီးေက်ာင္း၌ ျခင္ေဆးေခြမီးမွတဆင့္ မီးေလာင္မႈျဖစ္ပြား
Pearl (NP News) - ဇြန္ ၁၈

ဧရာဝတီတိုင္း၊ ျမန္ေအာင္ၿမိဳ႕နယ္ရွိ ဘုန္းႀကီးေက်ာင္း၌ ျခင္ေဆးေခြမီးမွတဆင့္ မီးေလာင္မႈျဖစ္ပြား
ခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ဇြန္လ ၁၈ ရက္) ၊ နံနက္ (၉)နာရီခြဲအခ်ိန္ခန႔္တြင္ ျမန္ေအာင္ၿမိဳ႕နယ္၊ အင္ပင္ၿမိဳ႕၊ ရွားျဖဴကုန္းေက်း႐ြာ၊ ရွားျဖဴကုန္းဘုန္းေတာ္ႀကီးေက်ာင္းဝန္းအတြင္း၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေက်ာင္းဝန္းအတြင္းရွိ ေလာကမာရဇိန္ေက်ာင္းေဆာင္တြင္ ျခင္ေဆးေခြထြန္းထားရာမွ အနီးရွိ စာအုပ္ပုံေပၚသို႔က်ကာ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"ျခင္ေဆးေခြက အနီးရွိ စာအုပ္ပုံေပၚကိုက်ၿပီး မီးေလာင္တာ ၊ ၂ ထပ္ေက်ာင္းေဆာင္တစ္ေဆာင္ မီးေလာင္ပ်က္ဆီးဆုံးရႈံးပါတယ္။ လူထိခိုက္တာ မရွိပါဘူး"ဟု ျမန္‌ေအာင္ၿမိဳ႕နယ္ မီးသတ္စခန္း၏ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

မီးေလာင္မႈအား ျမန္ေအာင္ၿမိဳ႕နယ္၊ အင္းပင္ၿမိဳ႕နယ္၊ ထူးႀကီးနယ္၊ ၾကာနီကန္အရန္မီးသတ္စခန္း၊ ပါရမီလူမႈကူညီေရးအသင္းတို႔မွ မီးျငႇိမ္းသတ္ယာဥ္မ်ား၊ ေရသယ္ယာဥ္မ်ားျဖင့္ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ား သြားေရာက္ျငႇိမ္းသတ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ မီးျငႇိမ္းသတ္ခဲ့ရာ မိနစ္ (၄ဝ)ခန႔္ ၾကာၿပီးေနာက္ မီးၿငိမ္းသြားခဲ့ၿပီး မီးေလာင္မႈေၾကာင့္ အဆိုပါ ေက်ာင္းေဆာင္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.