မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင်၌ လူ(၃)ဦးက သေနတ်(၁ဝ)ချက်ထက် မနည်းပစ်ဖောက်ကာ ဓားပြတိုက်မှုဖြစ်

 6188

Pearl (NP News) - ဇွန် ၁၈

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မြတ်မောင်ရွှေဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သော သတင်းအရင်းအမြစ်ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၁၈ ရက်) ၊ ညနေ (၄)နာရီခွဲအချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (စျ)ရပ် ကွက်၊ (စျ)စျေးအနီးရှိ မြတ်မောင်ရွှေဆိုင်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါရွှေဆိုင်၌ ပိုင်ရှင်ဖြစ်သူ အပါအဝင် အရောင်းဝန်ထမ်း (၁၁)ဦး နှင့် လုံခြုံရေးဝန်ထမ်း(၅)ဦးတို့ ရှိနေစဉ်အချိန်၌ အကြမ်းဖက်သမား (၃)ဦးက ဆိုင်အတွင်း ဝင်ရောက်လာကာ သေနတ်အား မိုးပေါ်ထောင်ဖောက်ကာ ခြိမ်းခြောက်ဓားပြတိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက်သမား (၃)ဦးသည် လုံခြုံရေးဝန်ထမ်း (၂)ဦးအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် အသင့်ယူဆောင်လာသည့် တူများဖြင့် ရွှေဆိုင်၏ မှန်ကောင်တာများအား ရိုက်ခွဲကာ စိန်ရွှေလက်ဝတ်ရတနာ ပစ္စည်းမျိုးစုံကို ယူဆောင်ထွက်ပြေးသွားကြောင်းသိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် လုံခြုံရေးဝန်ထမ်းကိုအောင်အောင်နှင့် ကိုလှမိုးတို့တွင်ကျည်ဖောက်ဝင်ဒဏ်ရာတို့ရရှိခဲ့ပြီး လက်တလော၌ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း အထက်ပါ သတင်းအရင်းအမြစ်က ဆိုသည်။

အထက်ပါ ဓားပြတိုက်မှုဖြစ်စဉ်အတွင်း သေနတ်ပစ်ခတ်မှု (၁ဝ)ကြိမ်ထက်မနည်းရှိခဲ့ကြောင်းသိရပြီး အခင်းဖြစ်ပွားသည့်နေရာအနီးမှ ကျည်ခွံများလည်း တွေ့ရှိခဲ့ရကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။

လက်ရှိ နစက အစိုးရလက်ထက်တွင် ရန်ကုန် နှင့် မန္တလေးမြို့တို့ရှိ ရွှေထည်လက်ဝတ်ရတနာဆိုင်များဓားပြတိုက်လုယက်ခံရသည့်ဖြစ်စဉ်များ မကြာခဏဖြစ်ပွားလျက်ရှိနေသည်ကိုလည်း တွေ့ရသည်။

zawgyi version
ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ေ႐ႊဆိုင္တစ္ဆိုင္၌ လူ(၃)ဦးက ေသနတ္(၁ဝ)ခ်က္ထက္ မနည္းပစ္ေဖာက္ကာ ဓားျပတိုက္မှုဖြစ်
Pearl (NP News) - ဇြန္ ၁၈

ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ျမတ္ေမာင္ေ႐ႊဆိုင္ ဓားျပတိုက္ခံရမႈျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္ နီးစပ္ေသာ သတင္းအရင္းအျမစ္ထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (ဇြန္လ ၁၈ ရက္) ၊ ညေန (၄)နာရီခြဲအခ်ိန္ခန႔္တြင္ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (စ်)ရပ္ ကြက္၊ (စ်)ေစ်းအနီးရွိ ျမတ္ေမာင္ေ႐ႊဆိုင္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါေ႐ႊဆိုင္၌ ပိုင္ရွင္ျဖစ္သူ အပါအဝင္ အေရာင္းဝန္ထမ္း (၁၁)ဦး ႏွင့္ လုံၿခဳံေရးဝန္ထမ္း(၅)ဦးတို႔ ရွိေနစဥ္အခ်ိန္၌ အၾကမ္းဖက္သမား (၃)ဦးက ဆိုင္အတြင္း ဝင္ေရာက္လာကာ ေသနတ္အား မိုးေပၚေထာင္ေဖာက္ကာ ၿခိမ္းေျခာက္ဓားျပတိုက္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ အၾကမ္းဖက္သမား (၃)ဦးသည္ လုံၿခဳံေရးဝန္ထမ္း (၂)ဦးအား ေသနတ္ျဖင့္ပစ္ခတ္ခဲ့ၿပီးေနာက္ အသင့္ယူေဆာင္လာသည့္ တူမ်ားျဖင့္ ေ႐ႊဆိုင္၏ မွန္ေကာင္တာမ်ားအား ႐ိုက္ခြဲကာ စိန္ေ႐ႊလက္ဝတ္ရတနာ ပစၥည္းမ်ိဳးစုံကို ယူေဆာင္ထြက္ေျပးသြားေၾကာင္းသိရသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ လုံၿခဳံေရးဝန္ထမ္းကိုေအာင္ေအာင္ႏွင့္ ကိုလွမိုးတို႔တြင္က်ည္ေဖာက္ဝင္ဒဏ္ရာတို႔ရရွိခဲ့ၿပီး လက္တေလာ၌ ေျမာက္ဥကၠလာပျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း အထက္ပါ သတင္းအရင္းအျမစ္က ဆိုသည္။

အထက္ပါ ဓားျပတိုက္မႈျဖစ္စဥ္အတြင္း ေသနတ္ပစ္ခတ္မႈ (၁ဝ)ႀကိမ္ထက္မနည္းရွိခဲ့ေၾကာင္းသိရၿပီး အခင္းျဖစ္ပြားသည့္ေနရာအနီးမွ က်ည္ခြံမ်ားလည္း ေတြ႕ရွိခဲ့ရေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။

လက္ရွိ နစက အစိုးရလက္ထက္တြင္ ရန္ကုန္ ႏွင့္ မႏၲေလးၿမိဳ႕တို႔ရွိ ေ႐ႊထည္လက္ဝတ္ရတနာဆိုင္မ်ားဓားျပတိုက္လုယက္ခံရသည့္ျဖစ္စဥ္မ်ား မၾကာခဏျဖစ္ပြားလ်က္ရွိေနသည္ကိုလည္း ေတြ႕ရသည္။

Related news

© 2021. All rights reserved.