ဘုရင့်နောင် ပွဲရုံတန်း မြေငှါးကာလကုန်ဆုံးပြီဖြစ်၍ ခွင့်ပြုမိန့်ထပ်မံရရှိရန် စောင့်ဆိုင်းနေရ

 2190

NP News - ဇွန် ၁၉

ရန်ကုန်မြို့ မရမ်းကုန်မြို့နယ်ရှိ ဘုရင့်နောင်ပွဲရုံတန်းသည် သက်ဆိုင်ရာကခွင့်ပြုပေးထားသည့် မြေငှားရမ်းကာလကုန်ဆုံးသွားခဲ့ပြီဖြစ်ခြင်းကြောင့် ခွင့်ပြုမိန့်အသစ်ရရှိရန် လျှောက်ထားဆောင်ရွက်နေကြောင်းဘုရင့်နောင်ပွဲရုံ ရပ်မိရပ်ဖများထံမှ သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဈေးများဌာနနှင့်အကျိုးတူ မြေငှားရမ်းသုံးစွဲခွင့် ရရှိထားသည့် ဘုရင့်နောင်ပွဲရုံသည် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလ ကတည်းက မြေငှားသက်တမ်းကုန်ဆုံးနေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“အရင်အစိုးရလက်ထက်ကတည်းက မြေငှါးသက်တမ်းတိုးပေးဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကိုတင်ပြပြီးပါပြီ။ ကြားထဲမှာအပြောင်းအလဲတွေဖြစ်ကုန်ပြီးကြန့်ကြာသွားတာပါ။ အခုသက်ဆိုင်ရာကိုပြန်လည်တင်ပြထားတာ ခုနှစ်လလောက်တော့ရှိနေပြီ”ဟု ဘုရင့်နောင်ပွဲရုံတန်း စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌဟောင်း ဦးခင်ဟန်ကပြောသည်။

မူရင်းမြေပိုင်ရှင်သည် ကာကွယ်ရေးဝန်ကြီးဌာနဖြစ်ပြီး ၁၉၉ဝ ခုနှစ်တွင် မြေနေရာချပေးခဲ့ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဈေးများဌာနနှင့်အကျိုးတူ မြေငှားရမ်းသုံးစွဲခွင့်ရရှိထားသည့်အပြင် စည်ပင်မှတဆင့် ဆောက်လုပ်သူများအား (၂၅)နှစ် သက်တမ်းဖြင့် ပြန်လည်ချပေးထားခြင်းဖြစ်ကြောင်းသိရသည်။

ဘုရင့်နောင်ပွဲရုံ၏ မြေငှားသက်တမ်း (၂၅)နှစ်သည် လွန်ခဲ့သည့် ၂ဝ၁၈ ခုနှစ်က ပြည့်ခဲ့ပြီး စည်ပင်အနေ ဖြင့် (၃)နှစ် ထပ်မံသက်တမ်းတိုးပေးခဲ့ရာ လက်ရှိတွင် သက်တမ်းပြည့်သွားပြီဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံအထက်ပိုင်းနဲ့အောက်ပိုင်းချိတ်ဆက်ပြီး ကုန်စည်တွေနေ့စဉ်ရောင်းဝယ်နေတာကြောင့်အခုလိုစီးပွါးရေးမကောင်းတဲ့ကာလမှာတခြားတစ်နေရာပြောင်းဖို့ချက်ခြင်းလုပ်ရင်တော့အဆင်ပြေမှာမဟုတ်ဘူး။ ဒါကိုလဲသက်ဆိုင်ရာက တာဝန်ရှိသူတွေ သဘောပေါက်နားလည်မယ်လို့ထင်ပါတယ်”ဟု ဦးခင်ဟန်ကပြောသည်။

ဘုရင့်နောင်ပွဲရုံသည် (၇၅)ဧကဝန်းကျင်ပေါ်တွင် ဘုရင့်နောင်လမ်းမကြီးနှင့် ကပ်လျက် အပြိုင်လမ်း (၉)လမ်း၊ ဘုရင့်နောင်လမ်းမကြီး တည်ပေါက်လမ်း (၄)လမ်းတို့ရှိပြီး စားသောက်ကုန်မျိုးစုံပါဝင်သည့်ကုန်စည်ပွဲရုံပေါင်း(၁၂ဝဝ)ခန့်အရောင်းအဝယ်ပြုလုပ်နေသည့် သက်တမ်းကြာပွဲရုံကြီး တစ်ခုလည်းဖြစ်သည်။

zawgyi version
ဘုရင့္ေနာင္ ပြဲ႐ုံတန္း ေျမငွါးကာလကုန္ဆုံးၿပီျဖစ္၍ ခြင့္ျပဳမိန႔္ထပ္မံရရွိရန္ ေစာင့္ဆိုင္းေနရ

NP News - ဇြန္ ၁၉

ရန္ကုန္ၿမိဳ႕ မရမ္းကုန္ၿမိဳ႕နယ္ရွိ ဘုရင့္ေနာင္ပြဲ႐ုံတန္းသည္ သက္ဆိုင္ရာကခြင့္ျပဳေပးထားသည့္ ေျမငွားရမ္းကာလကုန္ဆုံးသြားခဲ့ၿပီျဖစ္ျခင္းေၾကာင့္ ခြင့္ျပဳမိန႔္အသစ္ရရွိရန္ ေလွ်ာက္ထားေဆာင္႐ြက္ေနေၾကာင္းဘုရင့္ေနာင္ပြဲ႐ုံ ရပ္မိရပ္ဖမ်ားထံမွ သိရသည္။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီေဈးမ်ားဌာနႏွင့္အက်ိဳးတူ ေျမငွားရမ္းသုံးစြဲခြင့္ ရရွိထားသည့္ ဘုရင့္ေနာင္ပြဲ႐ုံသည္ ၿပီးခဲ့သည့္ ၂ဝ၂၁ ခုႏွစ္ ဇန္နဝါရီလ ကတည္းက ေျမငွားသက္တမ္းကုန္ဆုံးေနခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

“အရင္အစိုးရလက္ထက္ကတည္းက ေျမငွါးသက္တမ္းတိုးေပးဖို႔ သက္ဆိုင္ရာတာဝန္ရွိသူေတြကိုတင္ျပၿပီးပါၿပီ။ ၾကားထဲမွာအေျပာင္းအလဲေတြျဖစ္ကုန္ၿပီးၾကန္႔ၾကာသြားတာပါ။ အခုသက္ဆိုင္ရာကိုျပန္လည္တင္ျပထားတာ ခုႏွစ္လေလာက္ေတာ့ရွိေနၿပီ”ဟု ဘုရင့္ေနာင္ပြဲ႐ုံတန္း စီမံခန္႔ခြဲေရးေကာ္မတီဥကၠ႒ေဟာင္း ဦးခင္ဟန္ကေျပာသည္။

မူရင္းေျမပိုင္ရွင္သည္ ကာကြယ္ေရးဝန္ႀကီးဌာနျဖစ္ၿပီး ၁၉၉ဝ ခုႏွစ္တြင္ ေျမေနရာခ်ေပးခဲ့ရာ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီေဈးမ်ားဌာနႏွင့္အက်ိဳးတူ ေျမငွားရမ္းသုံးစြဲခြင့္ရရွိထားသည့္အျပင္ စည္ပင္မွတဆင့္ ေဆာက္လုပ္သူမ်ားအား (၂၅)ႏွစ္ သက္တမ္းျဖင့္ ျပန္လည္ခ်ေပးထားျခင္းျဖစ္ေၾကာင္းသိရသည္။

ဘုရင့္ေနာင္ပြဲ႐ုံ၏ ေျမငွားသက္တမ္း (၂၅)ႏွစ္သည္ လြန္ခဲ့သည့္ ၂ဝ၁၈ ခုႏွစ္က ျပည့္ခဲ့ၿပီး စည္ပင္အေန ျဖင့္ (၃)ႏွစ္ ထပ္မံသက္တမ္းတိုးေပးခဲ့ရာ လက္ရွိတြင္ သက္တမ္းျပည့္သြားၿပီျဖစ္ေၾကာင္း သိရသည္။

“ျမန္မာႏိုင္ငံအထက္ပိုင္းနဲ႔ေအာက္ပိုင္းခ်ိတ္ဆက္ၿပီး ကုန္စည္ေတြေန႔စဥ္ေရာင္းဝယ္ေနတာေၾကာင့္အခုလိုစီးပြါးေရးမေကာင္းတဲ့ကာလမွာတျခားတစ္ေနရာေျပာင္းဖို႔ခ်က္ျခင္းလုပ္ရင္ေတာ့အဆင္ေျပမွာမဟုတ္ဘူး။ ဒါကိုလဲသက္ဆိုင္ရာက တာဝန္ရွိသူေတြ သေဘာေပါက္နားလည္မယ္လို႔ထင္ပါတယ္”ဟု ဦးခင္ဟန္ကေျပာသည္။

ဘုရင့္ေနာင္ပြဲ႐ုံသည္ (၇၅)ဧကဝန္းက်င္ေပၚတြင္ ဘုရင့္ေနာင္လမ္းမႀကီးႏွင့္ ကပ္လ်က္ အၿပိဳင္လမ္း (၉)လမ္း၊ ဘုရင့္ေနာင္လမ္းမႀကီး တည္ေပါက္လမ္း (၄)လမ္းတို႔ရွိၿပီး စားေသာက္ကုန္မ်ိဳးစုံပါဝင္သည့္ကုန္စည္ပြဲ႐ုံေပါင္း(၁၂ဝဝ)ခန႔္အေရာင္းအဝယ္ျပဳလုပ္ေနသည့္ သက္တမ္းၾကာပြဲ႐ုံႀကီး တစ္ခုလည္းျဖစ္သည္။

Picture

L Mone

19/06/2023 21:58

စီးပွားရေးသမားကြီးတွေရဲ့ ဝင်ငွေကို အစွမ်းကုန်ထောက်လှမ်းရမှာပါ....အစိုးရမလုပ်တတ်ကြဘူး....စစ်ရေးနိုင်ငံရေးပဲ ခွတွန်းနေကြတာ....။ကြောက်ခမန်းလိလိ ငွေတွေကို ပြည်ပပို့ထားကြတယ်...ရွှေအနေနဲ့ ကျောက်မျက်အနေနဲ့ သို့မဟုတ်..ဒေါ်လာ ယွမ် ဘတ် ပုံစံအမျိူးမျိူးနဲ့ပေါ့...အိမ်ခြံမြေ ကအစ သတိမထားသော အစိုးရအဆက်ဆက်ကို ပြောပါရစေ.(..သတိမထားတော့ အသိုး..ရ) အစိုးမရပဲ...အသိုးပဲ ရနေကြတော့၏။

Picture

L Mone

19/06/2023 22:03

စျေးတွေကိုလည်း စိစစ်ကြပါ...အကောက်အခွံတဲ့...သူများ လုပ်ငန်းပိုင်ရှင်တွေရဲ့ ဖိနပ်ဖိုး နာရီဖိုး လောက်ပဲ ကောက်နေကြတာ...အစိုးရ...မဟုတ်တဲ့...အသိုးရ...အဆက်ဆက်...အသိုး​ရစည်ပင်...ဆေးဖက်ဝင်....ဖြစ်ဖို့မလွယ် ....ရဲရဲလုပ်ရမဲ့နေရာ..တွန့်နေကြတယ်...ဝန်ထမ်းအကြီးပိုင်းအမျိူးတွေ...သူဌေးဖြစ်ရင် သေချာစစ်ကြပါ.....လို့ပဲ...အကြံပြုပါရစေ.....ပိုင်ဆိုင်မှူ့ ပြဿနာ.. ခင်ဗျားတို့ လျော့မတွက်နဲ့ ဗျ...

Related news

© 2021. All rights reserved.