ပြည်ကြီးတံခွန်မြို့ရှိ ဆိုင်ကယ်အပိုပစ္စည်းများ သိုလှောင်သည့် နေအိမ်၌ မီးလောင်မှု နှစ်ရက်ဆက်တိုက်ဖြစ်ပွား

 790

စော (NP News) - ဇွန် ၁၉

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်ရှိ ဆိုင်ကယ်အပိုပစ္စည်းများ သိုလှောင်ထားသည့် နေအိမ်တွင် မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ (ဇ)ရပ်ကွက်၊ (၆၃)(A)လမ်း (၁၃၂)လမ်းထောင့်ရှိ နေအိမ်သည် ယမန်နေ့ (ဇွန်လ ၁၈ ရက်)၊ ည (၈)နာရီခွဲဝန်းကျင်အချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး(ဗဟို)ထံမှ သိရသည်။

ဆိုင်ကယ်အပိုပစ္စည်းများ သိုလှောင်ထားသည့် နေအိမ်အပေါ်ထပ်ရှိ ဝါယာကြိုးများ ပေါက်ပြဲရာမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး (၂)နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထို့ပြင် အဆိုပါ နေအိမ်သည် ယနေ့(ဇွန်လ ၁၉ ရက်)၌ကျန်ရှိနေသည့် မီးကြွင်းမီးကျန်များကြောင့် မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနေ့ညကစလောင်တာက ဆိုင်ကယ်အပို ပစ္စည်းဂျပ်ဖာတွေကိုထားရင်းနဲ့ ဝါယာကြိုးကိုဖိမိတာ။ ဖိမိတော့ ကြိုးတွေကပေါက်ပြီး လောင်တာပါ။ ဒီနေ့က မီးကြွင်းမီးကျန်ကနေ မီးခိုးထွက်ပြီး မီးလန့်တာပါ”ဟု မန္တလေးတိုင်းဒေသကြီး မီသတ်ဦးစီးမှူးရုံး (ဗဟို)မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

၎င်းနေအိမ်သည် ယနေ့ မွန်းလွဲ(၁)နာရီဝန်းကျင်အချိန်တွင် ထပ်မံလောင်ကျွမ်းခဲ့ပြီး မွန်းလွဲ(၂)နာရီခွဲဝန်းကျင်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။

zawgyi version
ျပည္ႀကီးတံခြန္ၿမိဳ႕ရွိ ဆိုင္ကယ္အပိုပစၥည္းမ်ား သိုေလွာင္သည့္ ေနအိမ္၌ မီးေလာင္မႈ ႏွစ္ရက္ဆက္တိုက္ျဖစ္ပြား

ေစာ (NP News) - ဇြန္ ၁၉

မႏၲေလးတိုင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (ဇ)ရပ္ကြက္ရွိ ဆိုင္ကယ္အပိုပစၥည္းမ်ား သိုေလွာင္ထားသည့္ ေနအိမ္တြင္ မီးႂကြင္းမီးက်န္မွ တစ္ဆင့္ မီးေလာင္မႈ ထပ္မံျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ (ဇ)ရပ္ကြက္၊ (၆၃)(A)လမ္း (၁၃၂)လမ္းေထာင့္ရွိ ေနအိမ္သည္ ယမန္ေန႔ (ဇြန္လ ၁၈ ရက္)၊ ည (၈)နာရီခြဲဝန္းက်င္အခ်ိန္၌ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး မီးသတ္ဦးစီးမႉး႐ုံး(ဗဟို)ထံမွ သိရသည္။

ဆိုင္ကယ္အပိုပစၥည္းမ်ား သိုေလွာင္ထားသည့္ ေနအိမ္အေပၚထပ္ရွိ ဝါယာႀကိဳးမ်ား ေပါက္ၿပဲရာမွ တစ္ဆင့္ မီးေလာင္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး (၂)နာရီေက်ာ္ၾကာ မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

ထို႔ျပင္ အဆိုပါ ေနအိမ္သည္ ယေန႔(ဇြန္လ ၁၉ ရက္)၌က်န္ရွိေနသည့္ မီးႂကြင္းမီးက်န္မ်ားေၾကာင့္ မီးေလာင္မႈ ထပ္မံျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“မေန႔ညကစေလာင္တာက ဆိုင္ကယ္အပို ပစၥည္းဂ်ပ္ဖာေတြကိုထားရင္းနဲ႔ ဝါယာႀကိဳးကိုဖိမိတာ။ ဖိမိေတာ့ ႀကိဳးေတြကေပါက္ၿပီး ေလာင္တာပါ။ ဒီေန႔က မီးႂကြင္းမီးက်န္ကေန မီးခိုးထြက္ၿပီး မီးလန႔္တာပါ”ဟု မႏၲေလးတိုင္းေဒသႀကီး မီသတ္ဦးစီးမႉး႐ုံး (ဗဟို)မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

၎ေနအိမ္သည္ ယေန႔ မြန္းလြဲ(၁)နာရီဝန္းက်င္အခ်ိန္တြင္ ထပ္မံေလာင္ကြၽမ္းခဲ့ၿပီး မြန္းလြဲ(၂)နာရီခြဲဝန္းက်င္တြင္ မီးျငႇိမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါမီးေလာင္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမရွိေၾကာင္း ၎ကဆက္လက္ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.