မြောက်ဥက္ကလာပမြို့ရှိ မြတ်မောင်ရွှေဆိုင်အား ဓါးပြတိုက်မှုတွင်ပါဝင်သူ(၉)ဦးကို လက်နက်ခဲယမ်းအများအပြားနှင့်အတူ (၅)နာရီအတွင်း ဖမ်းဆီးရမိ

4240

NP News - ဇွန် ၂ဝ
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မြတ်မောင်ရွှေဆိုင်အား ဓါးပြတိုက်မှုတွင် ပါဝင်သူ(၉)ဦးကို လက်နက်ခဲယမ်းအများအပြားနှင့်အတူ (၅)နာရီအတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
မြတ်မောင်ရွှေဆိုင် ဓါးပြတိုက်ခံရမှုနှင့်ပတ်သက်၍ ဖမ်းဆီးရမိအခြေအနေအား နစကမှ ယမန်နေ့(ဇွန်လ ၁၉ ရက်) ညပိုင်းက အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၁၈ ရက် ညနေပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဒါဝီလမ်းရှိ မြတ်မောင်စိန်ရွှေရတနာဆိုင်သို့ အကြမ်းဖက်သမား(၃)ဦးက ပစ္စတို (၂)လက်ကိုင်ဆောင်ကာ မော်တော်ဆိုင် ကယ်ဖြင့် ရောက်ရှိလာပြီးနောက် သေနတ်ပစ်ဖောက်ဓါးပြတိုက်ခဲ့ခြင်းဖြစ်သည်။
၎င်းအကြမ်းဖက်သမား(၃)ဦးသည် မြတ်မောင်စိန်ရွှေရတနာဆိုင်မှ ငွေကျပ်သိန်း (၁၆၆ဝဝ)ခန့် တန်ဖိုးရှိ သည့် ရွှေထည်ပစ္စည်းမျိုးစုံကို ဓါးပြတိုက်လုယက်ယူဆောင်သွားခဲ့ကြောင်း နစကမှ ဆိုသည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဓါးပြတိုက်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ရာ၌ ပြည်သူများ၏ မျက်မြင်သတင်းပေးပို့ချက်များနှင့် မြေပြင်သတင်းစုံစမ်းမှုများအရ ဇွန်လ ၁၈ ရက်ညပိုင်းတွင် ဓါးပြတိုက်လုယက်မှုတွင်ပါဝင်သည့် ကိုကိုအောင်နှင့် ၎င်းနှင့်တရားမဝင်ပေါင်းသင်းနေသူ ပပလှိုင်တို့ကို ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရားအနောက်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်းရှိ အကယ်ဒမီဟိုတယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရမိသည့် ကိုကိုအောင်၏ ထွက်ဆိုချက်အရ ရွှေဆိုင်ဓါးပြတိုက်မှုတွင် ပါဝင်ခဲ့သည့် ကောင်းထက်စံ(ခ)တရုတ်ကြီးကို မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ(၂)ရပ်ကွက်၊ နဝရတ်လမ်းရှိ ၎င်း၏ နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆက်လက်ပြီး ဓါးပြတိုက်မှုတွင် ပါဝင်ခဲ့သော ကျော်ဇင်လတ်၊ ကောင်းမြတ်(ခ) Blank၊ ဖြိုးကိုကိုနှင့် ကျော်ဇင်ဝေတို့ကိုလည်း မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ (၅)ရပ်ကွက်၊ ဗြဟ္မစိုရ်လမ်း၊ တိုက်အမှတ် (၁ဝ၁)၌ M4A1 သေနတ် (၂)လက်၊ Sig Sauer ပစ္စတို (၂) လက်၊ ကျည်အိမ်မျိုးစုံ (၈) ခု၊ 91 လက်ပစ်ဗုံး (၂) လုံး၊ ၅.၅၆ ကျည် (၃၄ဝ)တောင့်၊ 9 MM Luger ကျည် (၂၁ဝ)တောင့်၊ ဓားပြတိုက်လုယက်ရာမှ ယူဆောင်သွားခဲ့သော ရွှေထည်ပစ္စည်းများနှင့်အတူ ထပ်မံဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းအပြင် ဖမ်းဆီးရမိသည့် ကိုကိုအောင်၏ ထွက်ဆိုချက်အရ ရွှေဆိုင်ဓါးပြတိုက်ရာတွင် ပါဝင်ခဲ့သော စောဂျိုးဇက်(ခ)ချိုတိုး နှင့် ထွန်းထွန်းနိုင်တို့ကိုလည်း ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ခနောင်အုပ်စု၊ ကျွဲလန်းကျေးရွာ၌ M-16 သေနတ် (၁)လက်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုသည်။
ထို့ကြောင့် မြတ်မောင်ရွှေဆိုင် ဓါးပြတိုက်ခံရမှုဖြစ်စဉ်အတွင်း အမျိုးသား(၈)ဦးနှင့် အမျိုးသမီး(၁)ဦး စုစု ပေါင်း (၉)ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ရွှေထည်ပစ္စည်းများကို အခင်းဖြစ်ပွားပြီး (၅)နာရီအတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၌ ဓါးပြတိုက်ခံရသည့် စိန်ရွှေလက်ဝတ်ရတနာဆိုင်အများအပြားရှိနေမှုနှင့်အတူ နစက၏ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအပေါ်တွင်လည်း မေးခွန်းထုတ်ဝေဖန်မှုများ ရှိနေသည်ကို တွေ့ရှိရသည်။

zawgyi version
ေျမာက္ဥကၠလာပၿမိဳ႕ရွိ ျမတ္ေမာင္ေ႐ႊဆိုင္အား ဓါးျပတိုက္မႈတြင္ ပါဝင္သူ(၉)ဦးကို လက္နက္ခဲယမ္းအမ်ားအျပားႏွင့္အတူ (၅)နာရီအတြင္း ဖမ္းဆီးရမိ
NP News - ဇြန္ ၂ဝ
ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ျမတ္ေမာင္ေ႐ႊဆိုင္အား ဓါးျပတိုက္မႈတြင္ ပါဝင္သူ(၉)ဦးကို လက္နက္ခဲယမ္းအမ်ားအျပားႏွင့္အတူ (၅)နာရီအတြင္း ျပန္လည္ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။
ျမတ္ေမာင္ေ႐ႊဆိုင္ ဓါးျပတိုက္ခံရမႈႏွင့္ပတ္သက္၍ ဖမ္းဆီးရမိအေျခအေနအား နစကမွ ယမန္ေန႔(ဇြန္လ ၁၉ ရက္) ညပိုင္းက အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ ဇြန္လ ၁၈ ရက္ ညေနပိုင္းတြင္ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (ဈ)ရပ္ကြက္၊ ေမဒါဝီလမ္းရွိ ျမတ္ေမာင္စိန္ေ႐ႊရတနာဆိုင္သို႔ အၾကမ္းဖက္သမား(၃)ဦးက ပစၥတို (၂)လက္ကိုင္ေဆာင္ကာ ေမာ္ေတာ္ဆိုင္ ကယ္ျဖင့္ ေရာက္ရွိလာၿပီးေနာက္ ေသနတ္ပစ္ေဖာက္ဓါးျပတိုက္ခဲ့ျခင္းျဖစ္သည္။
၎အၾကမ္းဖက္သမား(၃)ဦးသည္ ျမတ္ေမာင္စိန္ေ႐ႊရတနာဆိုင္မွ ေငြက်ပ္သိန္း (၁၆၆ဝဝ)ခန႔္ တန္ဖိုးရွိ သည့္ ေ႐ႊထည္ပစၥည္းမ်ိဳးစုံကို ဓါးျပတိုက္လုယက္ယူေဆာင္သြားခဲ့ေၾကာင္း နစကမွ ဆိုသည္။
ထို႔ေနာက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ဓါးျပတိုက္မႈက်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိေရးအတြက္ ေဆာင္႐ြက္ရာ၌ ျပည္သူမ်ား၏ မ်က္ျမင္သတင္းေပးပို႔ခ်က္မ်ားႏွင့္ ေျမျပင္သတင္းစုံစမ္းမႈမ်ားအရ ဇြန္လ ၁၈ ရက္ညပိုင္းတြင္ ဓါးျပတိုက္လုယက္မႈတြင္ပါဝင္သည့္ ကိုကိုေအာင္ႏွင့္ ၎ႏွင့္တရားမဝင္ေပါင္းသင္းေနသူ ပပလႈိင္တို႔ကို ဗဟန္းၿမိဳ႕နယ္၊ ငါးထပ္ႀကီးဘုရားအေနာက္ရပ္ကြက္၊ ေ႐ႊဂုံတိုင္လမ္းရွိ အကယ္ဒမီဟိုတယ္၌ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ဖမ္းဆီးရမိသည့္ ကိုကိုေအာင္၏ ထြက္ဆိုခ်က္အရ ေ႐ႊဆိုင္ဓါးျပတိုက္မႈတြင္ ပါဝင္ခဲ့သည့္ ေကာင္းထက္စံ(ခ)တ႐ုတ္ႀကီးကို ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေဝဘာဂီ(၂)ရပ္ကြက္၊ နဝရတ္လမ္းရွိ ၎၏ ေနအိမ္၌ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ဆက္လက္ၿပီး ဓါးျပတိုက္မႈတြင္ ပါဝင္ခဲ့ေသာ ေက်ာ္ဇင္လတ္၊ ေကာင္းျမတ္(ခ) Blank၊ ၿဖိဳးကိုကိုႏွင့္ ေက်ာ္ဇင္ေဝတို႔ကိုလည္း ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေဝဘာဂီ (၅)ရပ္ကြက္၊ ျဗဟၼစိုရ္လမ္း၊ တိုက္အမွတ္ (၁ဝ၁)၌ M4A1 ေသနတ္ (၂)လက္၊ Sig Sauer ပစၥတို (၂) လက္၊ က်ည္အိမ္မ်ိဳးစုံ (၈) ခု၊ 91 လက္ပစ္ဗုံး (၂) လုံး၊ ၅.၅၆ က်ည္ (၃၄ဝ)ေတာင့္၊ 9 MM Luger က်ည္ (၂၁ဝ)ေတာင့္၊ ဓားျပတိုက္လုယက္ရာမွ ယူေဆာင္သြားခဲ့ေသာ ေ႐ႊထည္ပစၥည္းမ်ားႏွင့္အတူ ထပ္မံဆီးရမိခဲ့ေၾကာင္း သိရသည္။
၎အျပင္ ဖမ္းဆီးရမိသည့္ ကိုကိုေအာင္၏ ထြက္ဆိုခ်က္အရ ေ႐ႊဆိုင္ဓါးျပတိုက္ရာတြင္ ပါဝင္ခဲ့ေသာ ေစာဂ်ိဳးဇက္(ခ)ခ်ိဳတိုး ႏွင့္ ထြန္းထြန္းႏိုင္တို႔ကိုလည္း ဧရာဝတီတိုင္း၊ မအူပင္ၿမိဳ႕နယ္၊ ခေနာင္အုပ္စု၊ ကြၽဲလန္းေက်း႐ြာ၌ M-16 ေသနတ္ (၁)လက္ႏွင့္အတူ ဆက္လက္ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ဆိုသည္။
ထို႔ေၾကာင့္ ျမတ္ေမာင္ေ႐ႊဆိုင္ ဓါးျပတိုက္ခံရမႈျဖစ္စဥ္အတြင္း အမ်ိဳးသား(၈)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦး စုစု ေပါင္း (၉)ဦးအား လက္နက္ခဲယမ္းမ်ားႏွင့္အတူ ေ႐ႊထည္ပစၥည္းမ်ားကို အခင္းျဖစ္ပြားၿပီး (၅)နာရီအတြင္း ျပန္လည္ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွထုတ္ျပန္ထားသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံအတြင္းရွိ ၿမိဳ႕ႀကီးမ်ား၌ ဓါးျပတိုက္ခံရသည့္ စိန္ေ႐ႊလက္ဝတ္ရတနာဆိုင္အမ်ားအျပားရွိေနမႈႏွင့္အတူ နစက၏ တရားဥပေဒစိုးမိုးေရးလုပ္ငန္းမ်ားအေပၚတြင္လည္း ေမးခြန္းထုတ္ေဝဖန္မႈမ်ား ရွိေနသည္ကို ေတြ႕ရွိရသည္။