စလင်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းပေါ်ရှိ တံတား(၁)စင်းအား PDF အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခဲ့ဟု ရဲတပ်ဖွဲ့ဆို

 778

သန့်ဇင် (NP News) - ဇွန် ၂၁

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းပေါ်ရှိ တံတား(၁)စင်းအား PDF အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် (ဇွန်လ ၁၈ ရက်)၊ နေ့လည် ၁ နာရီအချိန်တွင် မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကုန်းကြားကျေးရွာမြောက်ဘက် (၁)မိုင်ခန့်အကွာ ပုသိမ်-မုံရွာသွားကားလမ်းပေါ်၌ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အဆိုပါကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၂၉၅)မိုင်၊ ၄ ဖာလုံ နှင့် ၅ ဖာလုံကြား တံတားအမှတ် (၃/၂၉၆) ကုန်းကြားတံတား(ခ)ကျူံးတံတားကို PDF အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ထိုသို့ ပေါက်ကွဲမှုကြောင့် အရှည်(၁၃ဝ)ပေ၊ အကျယ်(၂၄)ပေခန့်ရှိ သံကူကွန်ကရစ်တံတားသည် ကုန်းကြားကျေးရွာဘက်ခြမ်းမှ (၆)ပေခန့် ပေါက်ကွဲပျက်စီးသွားခဲ့ကြောင်းလည်းသိရသည်။

အထက်ပါဖြစ်စဉ်မှ ပျက်ဆီးသွားခဲ့သည့် တံတားအား ပြန်လည်ပြုပြင်နိုင်ရေးနှင့် အများပြည်သူများအသုံးပြုလျက်ရှိသည့် တံတားအား မိုင်းထောင်ဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆိုသည်။

လက်ရှိတွင် အဆိုပါဖောက်ခွဲခံရသည့် တံတားကို ဆက်လက်အသုံးပြု၍ မရသေးကြောင်းလည်း သိရသည်။

zawgyi version
စလင္းၿမိဳ႕နယ္၊ ပုသိမ္-မုံ႐ြာကားလမ္းေပၚရွိ တံတား(၁)စင္းအား PDF အဖြဲ႕မွ မိုင္းေထာင္ေဖာက္ခြဲခဲ့ဟု ရဲတပ္ဖြဲ႕ဆို

သန႔္ဇင္ (NP News) - ဇြန္ ၂၁

မေကြးတိုင္းေဒသႀကီး၊ စလင္းၿမိဳ႕နယ္၊ ပုသိမ္-မုံ႐ြာကားလမ္းေပၚရွိ တံတား(၁)စင္းအား PDF အဖြဲ႕မွ မိုင္းေထာင္ေဖာက္ခြဲခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ (ဇြန္လ ၁၈ ရက္)၊ ေန႔လည္ ၁ နာရီအခ်ိန္တြင္ မေကြးတိုင္း၊ စလင္းၿမိဳ႕နယ္၊ ကုန္းၾကားေက်း႐ြာေျမာက္ဘက္ (၁)မိုင္ခန႔္အကြာ ပုသိမ္-မုံ႐ြာသြားကားလမ္းေပၚ၌ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ အဆိုပါကားလမ္းေပၚရွိ မိုင္တိုင္အမွတ္ (၂၉၅)မိုင္၊ ၄ ဖာလုံ ႏွင့္ ၅ ဖာလုံၾကား တံတားအမွတ္ (၃/၂၉၆) ကုန္းၾကားတံတား(ခ)က်ဴံးတံတားကို PDF အဖြဲ႕က မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

ထိုသို႔ ေပါက္ကြဲမႈေၾကာင့္ အရွည္(၁၃ဝ)ေပ၊ အက်ယ္(၂၄)ေပခန႔္ရွိ သံကူကြန္ကရစ္တံတားသည္ ကုန္းၾကားေက်း႐ြာဘက္ျခမ္းမွ (၆)ေပခန႔္ ေပါက္ကြဲပ်က္စီးသြားခဲ့ေၾကာင္းလည္းသိရသည္။

အထက္ပါျဖစ္စဥ္မွ ပ်က္ဆီးသြားခဲ့သည့္ တံတားအား ျပန္လည္ျပဳျပင္ႏိုင္ေရးႏွင့္ အမ်ားျပည္သူမ်ားအသုံးျပဳလ်က္ရွိသည့္ တံတားအား မိုင္းေထာင္ေဖာက္ခြဲခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ဖမ္းဆီးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ဆိုသည္။

လက္ရွိတြင္ အဆိုပါေဖာက္ခြဲခံရသည့္ တံတားကို ဆက္လက္အသုံးျပဳ၍ မရေသးေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.