လူထုဦးလှနှင့် လူထုဒေါ်အမာတို့၏ အငယ်ဆုံးသားဖြစ်သူ စာရေးဆရာညီပုလေး ကွယ်လွန်

 771

NP News - ဇွန် ၂၁

လူထုဦးလှနှင့် လူထုဒေါ်အမာတို့၏ အငယ်ဆုံးသားဖြစ်သူ စာရေးဆရာညီပုလေး ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

စာရေးဆရာညီပုလေးသည် ယနေ့(ဇွန်လ ၂၁ ရက်)၊ နံနက် ၁ဝ နာရီအချိန်ခန့်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ဆုံးပါးသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏မိသားစုဝင်များက အသိပေးပြောဆိုထားသည်။

“စာရေးဆရာညီပုလေး ကွယ်လွန်သွားပါတယ်လို့ မိသားစုဝင်များထံမှ အတည်ပြုချက် ရရှိပါတယ်။ စာရေးဆရာညီပုလေးဟာ စာရေးဆရာ လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ရဲ့သားအငယ်ဆုံး ဖြစ်ပါတယ်။ ဆရာ ညီပုလေး ကွယ်လွန်သွားတဲ့ ဆုံးရှုံးမှုအတွက် လွန်စွာမှ စိတ်ထိခိုက်ကြေကွဲ မ်းနည်းဖြစ်ရပါတယ်” ဟု တိုးမြစ်စာအုပ်တိုက်မိသားစုက အသိပေးပြောဆိုထားသည်။

လက်ရှိတွင် စာရေးဆရာညီပုလေး ကွယ်လွန်ဆုံးပါးသွားမှုအပေါ် ၎င်း၏ ပရိတ်သတ်များနှင့် မိတ်ဆွေများက ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ဖော်ပြောဆိုနေလျက်ရှိသည်။

စာရေးဆရာညီပုလေးကို မန္တလေးမြို့၌ စာရေးဆရာလူထုဦးလှနှင့် လူထုဒေါ်အမာတို့က မွေးဖွားခဲ့ခြင်းဖြစ်ပြီး မွေးချင်း(၅) ဦးအနက် အငယ်ဆုံးသားဖြစ်ကြောင်း သိရသည်။

ထို့ပြင် စာရေးဆရာညီပုလေးသည် “ထက်မြက်သော ဓားသွားပေါ်က ချိုမြမြပျားရည်စက်” စာအုပ်ဖြင့် ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်အတွင်း၌ အမျိုးသားစာပေဆု ရရှိခဲ့သူတစ်ဦးလည်း ဖြစ်သည်။

စာရေးဆရာညီပုလေး၏ လူအ အိပ်မက်၊ လမင်းရဲ့ ချိုသာတဲ့ လက်ခုပ်သံ၊ ချစ်ကြပါတဲ့ ညီပုလေး စသော ဝတ္တုများသည် လူသိများထင်းရှားသည့် စာပေးများ ဖြစ်သည်။

စာရေးဆရာညီပုလေးသည် ကွယ်လွန်ဆုံးပါးချိန်၌ အသက်(၇၁)နှစ်အရွယ်ရှိပြီဖြစ်ကြောင်း သိရသည်။

zawgyi version
လူထုဦးလွႏွင့္ လူထုေဒၚအမာတို႔၏ အငယ္ဆုံးသားျဖစ္သူ စာေရးဆရာညီပုေလး ကြယ္လြန္

NP News - ဇြန္ ၂၁

လူထုဦးလွႏွင့္ လူထုေဒၚအမာတို႔၏ အငယ္ဆုံးသားျဖစ္သူ စာေရးဆရာညီပုေလး ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။

စာေရးဆရာညီပုေလးသည္ ယေန႔(ဇြန္လ ၂၁ ရက္)၊ နံနက္ ၁ဝ နာရီအခ်ိန္ခန႔္တြင္ ႏွလုံးေရာဂါျဖင့္ ကြယ္လြန္ဆုံးပါးသြားခဲ့ျခင္းျဖစ္ေၾကာင္း ၎၏မိသားစုဝင္မ်ားက အသိေပးေျပာဆိုထားသည္။

“စာေရးဆရာညီပုေလး ကြယ္လြန္သြားပါတယ္လို႔ မိသားစုဝင္မ်ားထံမွ အတည္ျပဳခ်က္ ရရွိပါတယ္။ စာေရးဆရာညီပုေလးဟာ စာေရးဆရာ လူထုဦးလွနဲ႔ လူထုေဒၚအမာတို႔ရဲ႕သားအငယ္ဆုံး ျဖစ္ပါတယ္။ ဆရာ ညီပုေလး ကြယ္လြန္သြားတဲ့ ဆုံးရႈံးမႈအတြက္ လြန္စြာမွ စိတ္ထိခိုက္ေၾကကြဲ မ္းနည္းျဖစ္ရပါတယ္” ဟု တိုးျမစ္စာအုပ္တိုက္မိသားစုက အသိေပးေျပာဆိုထားသည္။

လက္ရွိတြင္ စာေရးဆရာညီပုေလး ကြယ္လြန္ဆုံးပါးသြားမႈအေပၚ ၎၏ ပရိတ္သတ္မ်ားႏွင့္ မိတ္ေဆြမ်ားက ဝမ္းနည္းေၾကကြဲရေၾကာင္း ထုတ္ေဖာ္ေျပာဆိုေနလ်က္ရွိသည္။

စာေရးဆရာညီပုေလးကို မႏၲေလးၿမိဳ႕၌ စာေရးဆရာလူထုဦးလွႏွင့္ လူထုေဒၚအမာတို႔က ေမြးဖြားခဲ့ျခင္းျဖစ္ၿပီး ေမြးခ်င္း(၅) ဦးအနက္ အငယ္ဆုံးသားျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ စာေရးဆရာညီပုေလးသည္ “ထက္ျမက္ေသာ ဓားသြားေပၚက ခ်ိဳျမျမပ်ားရည္စက္” စာအုပ္ျဖင့္ ၿပီးခဲ့သည့္ ၂ဝ၁၆ ခုႏွစ္အတြင္း၌ အမ်ိဳးသားစာေပဆု ရရွိခဲ့သူတစ္ဦးလည္း ျဖစ္သည္။

စာေရးဆရာညီပုေလး၏ လူအ အိပ္မက္၊ လမင္းရဲ႕ ခ်ိဳသာတဲ့ လက္ခုပ္သံ၊ ခ်စ္ၾကပါတဲ့ ညီပုေလး စေသာ ဝတၱဳမ်ားသည္ လူသိမ်ားထင္းရွားသည့္ စာေပးမ်ား ျဖစ္သည္။

စာေရးဆရာညီပုေလးသည္ ကြယ္လြန္ဆုံးပါးခ်ိန္၌ အသက္(၇၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.