ချမ်းမြသာစည်မြို့နယ်ရှိ အ-ထ-က(ခွဲ)ကျောင်းတစ်ခုအတွင်း လူငယ်တစ်ဦးဝင်ရောက်ကာ ကျောင်းသား/သူများအား ပေါက်ပြားဖြင့် လိုက်လံခုတ်မှုဖြစ်ပွား

17808

ရဲပြည့် (NP News) - ဇွန် ၂၁
မန္တလေးတိုင်း ၊ ချမ်းမြသာစည်မြိုနယ်ရှိ အ-ထ-က ခွဲ(၁၈)ကျောင်းအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား လူငယ်တစ်ဦးက ပေါက်ပြားဖြင့်လိုက်လံခုတ်ပြီး ကျောင်းဆောင်များနှင့် ကျောင်းစျေးတန်းကိုပါ ဖျက်ဆီးခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲဝင်များနှင့်နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၉ ရက်၊ နံနက် ၁ဝ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၉ နှစ်အရွယ်အမျိုးသားတစ်ဦးမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြိုနယ်၊ သံတောင်ရပ်ကွက်ရှိ အထကခွဲ(၁၈)ကျောင်းအတွင်းသို့ မျိုးမင်းသူ (၁၉)နှစ်က ပေါက်ပြားကိုင်ကာ ဝင်ရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ပေါက်ပြားဖြင့် လိုက်လံခုတ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများသည် ထွက်ပြေးခဲ့ရကြောင်း သတင်းအရင်းမြစ်က ပြောသည်။
ယင်းနောက် ၎င်းသည် ကစ္စပနဒီကျောင်းဆောင်နှင့် မေခကျောင်းဆောင်တို့မှ တံခါးမကြီးရှိ အလျား ၂၂ လက်မခန့်၊ အနံ ၁၈ လက်မခန့်ရှိ မှန် (၆)ချပ်နှင့် ကျောင်းဈေးတန်းရှိ ဈေးဆိုင်အား ရိုက်ချိုးဖျက်ဆီးခြင်းများပြုလုပ်သွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ဖမ်းဆီးရာ တရားခံမျိုးမင်းသူအား ဖမ်းဆီးရမိခဲ့ကြောင်း၎င်းမှ ဆက်လက်ပြောသည်။
၎င်းသည် အရက်ကြောင် ကြောင်နေခြင်းကြောင့် ပြုလုပ်ခဲ့သည်ဟု ကနဦးသိရှိရပြီး ၎င်းအား အမှတ် (၁ဝ)မြို့မရဲစခန်းမှ ဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းလည်း သိရသည်။

zawgyi version
ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ အ-ထ-က(ခြဲ)ေက်ာင္းတစ္ခုအတြင္း လူငယ္တစ္ဦးဝင္ေရာက္ကာ ေက်ာင္းသား/သူမ်ားအား ေပါက္ျပားျဖင့္ လိုက္လံခုတ္မႈျဖစ္ပြား
ရဲျပည့္ (NP News) - ဇြန္ ၂၁
မႏၲေလးတိုင္း ၊ ခ်မ္းျမသာစည္ၿမိဳနယ္ရွိ အ-ထ-က ခြဲ(၁၈)ေက်ာင္းအတြင္းရှိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား လူငယ္တစ္ဦးက ေပါက္ျပားျဖင့္လိုက္လံခုတ္ၿပီး ေက်ာင္းေဆာင္မ်ားႏွင့္ ေက်ာင္းေစ်းတန္းကိုပါ ဖ်က္ဆီးခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲဝင္မ်ားႏွင့္နီးစပ္သည့္ သတင္းရင္းျမစ္ထံမွ သိရသည္။
ျဖစ္စဥ္မွာ ဇြန္လ ၁၉ ရက္၊ နံနက္ ၁ဝ နာရီ ၁၅ မိနစ္ခန႔္က ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး အသက္ ၁၉ ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးမွ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳနယ္၊ သံေတာင္ရပ္ကြက္ရွိ အထကခြဲ(၁၈)ေက်ာင္းအတြင္းသို႔ မ်ိဳးမင္းသူ (၁၉)ႏွစ္က ေပါက္ျပားကိုင္ကာ ဝင္ေရာက္၍ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ေပါက္ျပားျဖင့္ လိုက္လံခုတ္ခဲ့ျခင္းျဖစ္ၿပီး ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ ထြက္ေျပးခဲ့ရေၾကာင္း သတင္းအရင္းျမစ္က ေျပာသည္။
ယင္းေနာက္ ၎သည္ ကစၥပနဒီေက်ာင္းေဆာင္ႏွင့္ ေမခေက်ာင္းေဆာင္တို႔မွ တံခါးမႀကီးရွိ အလ်ား ၂၂ လက္မခန႔္၊ အနံ ၁၈ လက္မခန႔္ရွိ မွန္ (၆)ခ်ပ္ႏွင့္ ေက်ာင္းေဈးတန္းရွိ ေဈးဆိုင္အား ႐ိုက္ခ်ိဳးဖ်က္ဆီးျခင္းမ်ားျပဳလုပ္သြားခဲ့သျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ သြားေရာက္ဖမ္းဆီးရာ တရားခံမ်ိဳးမင္းသူအား ဖမ္းဆီးရမိခဲ့ေၾကာင္း၎မွ ဆက္လက္ေျပာသည္။
၎သည္ အရက္ေၾကာင္ ေၾကာင္ေနျခင္းေၾကာင့္ ျပဳလုပ္ခဲ့သည္ဟု ကနဦးသိရွိရၿပီး ၎အား အမွတ္ (၁ဝ)ၿမိဳ႕မရဲစခန္းမွ ဥပေဒအရ အမႈဖြင့္အေရးယူေဆာင္႐ြက္ထားေၾကာင္းလည္း သိရသည္။