စင်ကာပူမှာ ကလေးမွေးဖွားမှုကို အားပေးတဲ့အနေနဲ့ ဇူလိုင်လမှစ၍ သတ်မှတ်အရည်အချင်းများပြည့်မီတဲ့မိဘတွေကို စင်ကာပူဒေါ်လာ ၃ဝဝဝ စီ ထပ်မံထောက်ပံ့မည်

2292

ရောင်နီ (NP News) - ဇွန် ၂၁
စင်ကာပူနိုင်ငံမှာ ကလေးမွေးဖွားမှုနှုန်း တိုးမြှင့်ဖို့ အစီအစဉ် တစ်စိတ်တစ်ပိုင်း အနေနဲ့ ဇူလိုင်လမှစတင်ပြီးကလေးသူငယ်ထောက်ပံ့ကြေး Baby Support Grant (BSG) အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ပြည့်မီတဲ့ မိဘ ၁၃ဝဝဝ ခန့်ကို စင်ကာပူဒေါ်လာ ၃ဝဝဝ စီ ထပ်တိုး ထောက်ပံ့ပေးသွားမယ်လို့ ဝန်ကြီးချုပ် အင်ဒရာနီးရာဂျက် က ဗုဒ္ဓဟူးနေ့(ဇွန်လ ၂၁ ရက်) မှာ ပြောကြားခဲ့ပါတယ်။
စင်ကာပူမှာ စုစုပေါင်းကလေးမွေးဖွားနှုန်းဟာ အိမ်ထောင်ပြုမှု၊ ကလေးမွေးဖွားမှု နည်းပါးခြင်းကြောင့် ၂ဝ၂ဝ ပြည့်နှစ် မှ ၂ဝ၂၂ ခုနှစ်အတွင်း တစ်ဟုန်ထိုး ကျဆင်းသွားခဲ့ပါတယ်။ အဲဒီအတွက် ဇနီးမောင်နှံတွေကို ကလေးယူဖို့ အားပေးတဲ့အနေနဲ့ ကလေးသူငယ်ထောက်ပံ့ကြေး Baby Bonus Cash Gift ကို Covid-19 ကာလအတွင်းက ပထမဆုံးမိတ်ဆက်ခဲ့ပါတယ်။
၎င်းဟာ ၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၂ဝ၂၂ ခုနှစ်၊ စက်တင်ဘာလ ၃ဝ ရက်အထိ ပေးချေမှုတွေပြုလုပ်ခဲ့ပြီး အခု ၂ဝ၂၃ ခုနှစ်မှာတော့ အဆိုပါ ဘတ်ဂျက်ကိုပဲ ၂ဝ၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်ကြား ကလေးမွေးဖွားသူတွေအတွက် ဒေါ်လာ ၃ဝဝဝ ထပ်ပြီး တိုးမြှင့်ပေးခဲ့ပါတယ်။
ဒီအတွက် အရည်အချင်းပြည့်မီတဲ့ မိဘတွေဟာ မကြာခင် အကြောင်းကြားစာတွေ လက်ခံရရှိလိမ့်မယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂ဝ၂၃ ခုနှစ်ဘတ်ဂျက်အတွက် နောက်ထပ်ထုတ်ပြန်ခဲ့တဲ့ အစီအမံအသစ် တစ်စိတ်တစ်ပိုင်း မှာ ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက် ဒါမှမဟုတ် ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နောက်ပိုင်း ကလေးမွေးဖွားတဲ့ စင်ကာပူနိုင်ငံသား မိဘတွေအတွက် သီးခြား Baby Bonus Cash Gift ပုံစံနဲ့ ဒေါ်လာ ၃ဝဝဝ ထပ်မံထောက်ပံ့ပေးသွားဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်မီမယ်ဆိုရင် စင်ကာပူနိုင်ငံသား မိဘတွေဟာ သားဦးနဲ့ ဒုတိယကလေးမွေးချိန်မှာ ဒေါ်လာ ၈ဝဝဝ မှ ဒေါ်လာ ၁၁ဝဝဝ ကြားထိ ရရှိနိုင်မှာဖြစ်ပြီး တတိယမြောက်ကလေးမွေးချိန်မှာတော့ ဒေါ်လာ ၁၀၀၀၀ မှ ၁၃ဝဝဝ ထိ တိုးမြှင့်ရရှိနိုင်မှာ ဖြစ်ပါတယ်။
Baby Bonus Cash Gift ထောက်ပံ့ကြေးကို ကလေးအသက် ၆ နှစ်ထိ ထောက်ပံ့ဖို့ ရည်ရွယ်ထားပေမယ့် လက်ရှိမှာတော့ ကလေးရဲ့ ပထမ ၁၈ လအတွက်သာ အရစ်ကျနဲ့ ထုတ်ပေးထားနိုင်ပါတယ်။ ဒါပေမယ့် အဆိုပါထောက်ပံ့ကြေးဟာ နို့စို့အရွယ် ကလေးပြုစုပျိုးထောင်မှုကုန်ကျစရိတ်တွေကို ပြေလျော့စေနိုင်တယ်လို့ သိရပါတယ်။

Zawgyi Version;
စင္ကာပူမွာ ကေလးေမြးဖြားမႈကို အားေပးတဲ့အေနနဲ႔ ဇူလိုင္လမွစ၍ သတ္မွတ္အရည္အခ်င္းမ်ားျပည့္မီတဲ့မိဘေတြကို စင္ကာပူေဒၚလာ ၃ဝဝဝ စီ ထပ္မံေထာက္ပံ့မည္
ေရာင္နီ (NP News) - ဇြန္ ၂၁
စင္ကာပူႏိုင္ငံမွာ ကေလးေမြးဖြားမႈႏႈန္း တိုးျမႇင့္ဖို႔ အစီအစဥ္ တစ္စိတ္တစ္ပိုင္း အေနနဲ႔ ဇူလိုင္လမွစတင္ၿပီးကေလးသူငယ္ေထာက္ပံ့ေၾကး Baby Support Grant (BSG) အတြက္ သတ္မွတ္ထားတဲ့ အရည္အခ်င္းနဲ႔ျပည့္မီတဲ့ မိဘ ၁၃ဝဝဝ ခန႔္ကို စင္ကာပူေဒၚလာ ၃ဝဝဝ စီ ထပ္တိုး ေထာက္ပံ့ေပးသြားမယ္လို႔ ဝန္ႀကီးခ်ဳပ္ အင္ဒရာနီးရာဂ်က္ က ဗုဒၶဟူးေန႔(ဇြန္လ ၂၁ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။
စင္ကာပူမွာ စုစုေပါင္းကေလးေမြးဖြားႏႈန္းဟာ အိမ္ေထာင္ျပဳမႈ၊ ကေလးေမြးဖြားမႈ နည္းပါးျခင္းေၾကာင့္ ၂ဝ၂ဝ ျပည့္ႏွစ္ မွ ၂ဝ၂၂ ခုႏွစ္အတြင္း တစ္ဟုန္ထိုး က်ဆင္းသြားခဲ့ပါတယ္။ အဲဒီအတြက္ ဇနီးေမာင္ႏွံေတြကို ကေလးယူဖို႔ အားေပးတဲ့အေနနဲ႔ ကေလးသူငယ္ေထာက္ပံ့ေၾကး Baby Bonus Cash Gift ကို Covid-19 ကာလအတြင္းက ပထမဆုံးမိတ္ဆက္ခဲ့ပါတယ္။
၎ဟာ ၂ဝ၂ဝ ျပည့္ႏွစ္၊ ေအာက္တိုဘာလ ၁ ရက္မွ ၂ဝ၂၂ ခုႏွစ္၊ စက္တင္ဘာလ ၃ဝ ရက္အထိ ေပးေခ်မႈေတြျပဳလုပ္ခဲ့ၿပီး အခု ၂ဝ၂၃ ခုႏွစ္မွာေတာ့ အဆိုပါ ဘတ္ဂ်က္ကိုပဲ ၂ဝ၂၂ ခုႏွစ္ ေအာက္တိုဘာလ ၁ ရက္မွ ၂ဝ၂၃ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၃ ရက္ၾကား ကေလးေမြးဖြားသူေတြအတြက္ ေဒၚလာ ၃ဝဝဝ ထပ္ၿပီး တိုးျမႇင့္ေပးခဲ့ပါတယ္။
ဒီအတြက္ အရည္အခ်င္းျပည့္မီတဲ့ မိဘေတြဟာ မၾကာခင္ အေၾကာင္းၾကားစာေတြ လက္ခံရရွိလိမ့္မယ္လို႔ သိရပါတယ္။
ဒါ့အျပင္ ၂ဝ၂၃ ခုႏွစ္ဘတ္ဂ်က္အတြက္ ေနာက္ထပ္ထုတ္ျပန္ခဲ့တဲ့ အစီအမံအသစ္ တစ္စိတ္တစ္ပိုင္း မွာ ၂ဝ၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၄ ရက္ ဒါမွမဟုတ္ ၂ဝ၂၃ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၄ ရက္ေနာက္ပိုင္း ကေလးေမြးဖြားတဲ့ စင္ကာပူႏိုင္ငံသား မိဘေတြအတြက္ သီးျခား Baby Bonus Cash Gift ပုံစံနဲ႔ ေဒၚလာ ၃ဝဝဝ ထပ္မံေထာက္ပံ့ေပးသြားဦးမွာ ျဖစ္တယ္လို႔ သိရပါတယ္။
ဒါေၾကာင့္ သတ္မွတ္ထားတဲ့ အရည္အခ်င္းနဲ႔ ျပည့္မီမယ္ဆိုရင္ စင္ကာပူႏိုင္ငံသား မိဘေတြဟာ သားဦးနဲ႔ ဒုတိယကေလးေမြးခ်ိန္မွာ ေဒၚလာ ၈ဝဝဝ မွ ေဒၚလာ ၁၁ဝဝဝ ၾကားထိ ရရွိႏိုင္မွာျဖစ္ၿပီး တတိယေျမာက္ကေလးေမြးခ်ိန္မွာေတာ့ ေဒၚလာ ၁၀၀၀၀ မွ ၁၃ဝဝဝ ထိ တိုးျမႇင့္ရရွိႏိုင္မွာ ျဖစ္ပါတယ္။
Baby Bonus Cash Gift ေထာက္ပံ့ေၾကးကို ကေလးအသက္ ၆ ႏွစ္ထိ ေထာက္ပံ့ဖို႔ ရည္႐ြယ္ထားေပမယ့္ လက္ရွိမွာေတာ့ ကေလးရဲ႕ ပထမ ၁၈ လအတြက္သာ အရစ္က်နဲ႔ ထုတ္ေပးထားႏိုင္ပါတယ္။ ဒါေပမယ့္ အဆိုပါေထာက္ပံ့ေၾကးဟာ ႏို႔စို႔အ႐ြယ္ ကေလးျပဳစုပ်ိဳးေထာင္မႈကုန္က်စရိတ္ေတြကို ေျပေလ်ာ့ေစႏိုင္တယ္လို႔ သိရပါတယ္။