ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ (၆)ခုကို လုပ်ငန်းလိုင်စင် ယာယီပိတ်သိမ်း

 2076

NP News - ဇွန် ၂၂

နိုင်ငံခြားသို့ ပြည်တွင်းမှ အလုပ်သမားများ ပို့ဆောင်ပေးနေသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ (၆)ခုကို လုပ်ငန်းလိုင်စင် ယာယီပိတ်သိမ်းကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန(အလည)၏ ထုတ်ပြန်ချက်အရ သိရသည်။

လုပ်ငန်းလိုင်စင် ပိတ်သိမ်းခံခဲ့ရသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ (၆)ခုသည် ထိုင်းနိုင်ငံသို့ ပြည်တွင်းမှ အလုပ်သမားများ ပို့ဆောင်ပေးနေသည့် အေဂျင်စီများဖြစ်ကြပြီး အေဂျင်စီ (၃)ခုကို (၆)လနှင့် အေဂျင်စီ (၃)ခုကို (၁)နှစ် ယာယီလိုင်စင်ပိတ်သိမ်းခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံရပ်ခြားသို့ ပြည်တွင်းမှ အလုပ်သမား ပို့ဆောင်ပေးနေသည့် အေဂျင်စီပေါင်း (၁၅၇)ခုရှိသည့်အနက် (၆)ခုကို ယာယီပိတ်သိမ်းကြောင်း ယနေ့ (ဇွန်လ ၂၁ ရက်)တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုပ်ငန်းလိုင်စင် ယာယီပိတ်သိမ်းခံခဲ့ရသည့် အေဂျင်စီ (၆) ခုသည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ 'ရွှေမန္တာလာမေ'၊ မရမ်းကုန်းမြို့နယ်ရှိ 'မြင့်မြတ်တံခွန်'၊ အင်းစိန်မြို့နယ်ရှိ 'ပိုးပိုးနှင့် ဖြိုးသန္တာထွန်း'၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ 'Top Choice Man Power'၊ မြောက်ဒဂုံမြို့နယ်ရှိ 'ရွှေဖြိုးသာ'နှင့် လှိုင်မြို့နယ်ရှိ 'ဖြူစင်မေ'တို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါပြည်ပအလုပ်အကိုင်အေဂျင်စီ (၆)ခုကို မည်သည့်အကြောင်းကြောင့် လုပ်ငန်းလိုင်စင်များ ယာယီပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း မသိရသေးဘဲ ရွှေမန္တလာမေ‌အေဂျင်စီ၊ မြင့်မြတ်တံခွန်‌အေဂျင်စီ၊ ပိုးပိုးနှင့် ဖြိုးသန္တာထွန်းအေဂျင်စီတို့ကို (၆) လစီနှင့် Top Choice Man Power အေဂျင်စီ၊ ရွှေဖြိုးသာအေဂျင်စီ၊ ဖြူစင်မေအေဂျင်စီတို့ကို (၁)နှစ်စီ အသီးသီးလိုင်စင်ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ပနိုင်ငံများသို့ သွားရောက်ရန်အတွက် သက်ဆိုင်ရာသင်တန်း တက်ရောက်ပြီးသူများကို အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ အချိန်မီစေလွှတ်ခြင်းမရှိသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီများကို လိုင်စင်ပိတ်သိမ်း အရေးယူသွားမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန (အလည)မှ ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်ကလည်း ထုတ်ပြန်ထားခဲ့ပြီးဖြစ်သည်။

zawgyi version
ျပည္ပအလုပ္အကိုင္ရွာေဖြေရး ေအဂ်င္စီ (၆)ခုကို လုပ္ငန္းလိုင္စင္ ယာယီပိတ္သိမ္း

NP News - ဇြန္ ၂၂

ႏိုင္ငံျခားသို႔ ျပည္တြင္းမွ အလုပ္သမားမ်ား ပို႔ေဆာင္ေပးေနသည့္ ျပည္ပအလုပ္အကိုင္ေအဂ်င္စီ (၆)ခုကို လုပ္ငန္းလိုင္စင္ ယာယီပိတ္သိမ္းေၾကာင္း အလုပ္သမားၫႊန္ၾကားမႈဦးစီးဌာန(အလည)၏ ထုတ္ျပန္ခ်က္အရ သိရသည္။

လုပ္ငန္းလိုင္စင္ ပိတ္သိမ္းခံခဲ့ရသည့္ ျပည္ပအလုပ္အကိုင္ေအဂ်င္စီ (၆)ခုသည္ ထိုင္းႏိုင္ငံသို႔ ျပည္တြင္းမွ အလုပ္သမားမ်ား ပို႔ေဆာင္ေပးေနသည့္ ေအဂ်င္စီမ်ားျဖစ္ၾကၿပီး ေအဂ်င္စီ (၃)ခုကို (၆)လႏွင့္ ေအဂ်င္စီ (၃)ခုကို (၁)ႏွစ္ ယာယီလိုင္စင္ပိတ္သိမ္းျခင္းျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံရပ္ျခားသို႔ ျပည္တြင္းမွ အလုပ္သမား ပို႔ေဆာင္ေပးေနသည့္ ေအဂ်င္စီေပါင္း (၁၅၇)ခုရွိသည့္အနက္ (၆)ခုကို ယာယီပိတ္သိမ္းေၾကာင္း ယေန႔ (ဇြန္လ ၂၁ ရက္)တြင္ ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လုပ္ငန္းလိုင္စင္ ယာယီပိတ္သိမ္းခံခဲ့ရသည့္ ေအဂ်င္စီ (၆) ခုသည္ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ရွိ 'ေ႐ႊမႏၲာလာေမ'၊ မရမ္းကုန္းၿမိဳ႕နယ္ရွိ 'ျမင့္ျမတ္တံခြန္'၊ အင္းစိန္ၿမိဳ႕နယ္ရွိ 'ပိုးပိုးႏွင့္ ၿဖိဳးသႏၲာထြန္း'၊ သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ 'Top Choice Man Power'၊ ေျမာက္ဒဂုံၿမိဳ႕နယ္ရွိ 'ေ႐ႊၿဖိဳးသာ'ႏွင့္ လႈိင္ၿမိဳ႕နယ္ရွိ 'ျဖဴစင္ေမ'တို႔ ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

အဆိုပါျပည္ပအလုပ္အကိုင္ေအဂ်င္စီ (၆)ခုကို မည္သည့္အေၾကာင္းေၾကာင့္ လုပ္ငန္းလိုင္စင္မ်ား ယာယီပိတ္သိမ္းခဲ့ျခင္းျဖစ္ေၾကာင္း မသိရေသးဘဲ ေ႐ႊမႏၲလာေမ‌ေအဂ်င္စီ၊ ျမင့္ျမတ္တံခြန္‌ေအဂ်င္စီ၊ ပိုးပိုးႏွင့္ ၿဖိဳးသႏၲာထြန္းေအဂ်င္စီတို႔ကို (၆) လစီႏွင့္ Top Choice Man Power ေအဂ်င္စီ၊ ေ႐ႊၿဖိဳးသာေအဂ်င္စီ၊ ျဖဴစင္ေမေအဂ်င္စီတို႔ကို (၁)ႏွစ္စီ အသီးသီးလိုင္စင္ပိတ္သိမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျပည္ပႏိုင္ငံမ်ားသို႔ သြားေရာက္ရန္အတြက္ သက္ဆိုင္ရာသင္တန္း တက္ေရာက္ၿပီးသူမ်ားကို အေၾကာင္းျပခ်က္ ခိုင္လုံမႈမရွိဘဲ အခ်ိန္မီေစလႊတ္ျခင္းမရွိသည့္ ျပည္ပအလုပ္အကိုင္ေအဂ်င္စီမ်ားကို လိုင္စင္ပိတ္သိမ္း အေရးယူသြားမည္ျဖစ္ေၾကာင္း အလုပ္သမားၫႊန္ၾကားမႈဦးစီးဌာန (အလည)မွ ၿပီးခဲ့သည့္ ဇြန္လ ၁၈ ရက္ကလည္း ထုတ္ျပန္ထားခဲ့ၿပီးျဖစ္သည္။

Related news

© 2021. All rights reserved.