ဂန္တဝင်တေးသံရှင် အဆိုတော် စိမ်းမို့မို့ ကွယ်လွန်

 1848

NP News - ဇွန် ၂၃

နိုင်ငံကျော် ဂန္တ‌ဝင်တေးသံရှင်အဆိုတော် စိမ်းမို့မို့ ကွယ်လွန်သွားပြီဖြစ်ကြောင်း အနုပညာအသိုင်းအဝိုင်းထံမှ သတင်းရရှိသည်။

အဆိုတော်စိမ်းမို့မို့ သည် ယနေ့(ဇွန်လ ၂၃ ရက်) နေ့လည်(၁၂)နာရီ (၂ဝ)မိနစ် အချိန်ခန့်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းကွယ်လွန်မှုနှင့် ပတ်သက်၍ နိုင်ငံကျော်တေးသံရှင်တင်ဇာမော် က “ချစ်ရတဲ့ မမို့(စိမ်းမို့မို့) သံသရာတစ်ကွေ့မှာ ခဏလေးဆုံတွေ့ခဲ့ကြရတယ်။ ချစ်ချစ်ခင်ခင်ရှိခဲ့ကြတဲ့အချိန်တွေအပေါ် အမြဲတန်ဖိုးထားပါတယ်။ မမြဲတဲ့ နှိပ်စက် တတ်တဲ့ ခန္ဓာရခြင်းမှ လွတ်မြောက်ရာသို့ ရောက်ရှိစံစားနိုင်ပါစေ” ဟု သူမ၏ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသား ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံကျော်အဆိုတော်ယုဇန ကလည်း “ချစ်ခင်လေးစားရပါသော အန်တီမို့(စိမ်းမို့မို့) ဆုံးပါးသွားတဲ့အတွက် များစွာစိတ်မကောင်း ဖြစ်ရပါတယ်။ သီချင်းတွေ အတူဆိုခဲ့ကြဖူး တယ်။ ဆုံးမစကားတွေလည်း နားထောင်ခဲ့ဖူး တယ်။ အန်တီမို့ သီချင်းဆိုလိုက်တိုင်း အသံအားကောင်းကောင်းနဲ့ နားထောင်ကောင်းလွန်းလို့ အားကျခဲ့ရပါတယ်။ အမြဲအပြုံးချိုချိုလေးနဲ့ စိတ်သဘောလှတဲ့အန်တီမို့ အေးချမ်းတဲ့ ဘုံဘဝသို့ ရောက်ရှိပါစေ” ဟု သူမ၏ လူမှုကွန် ရက်စာမျက်နှာပေါ်တွင် ဝမ်းနည်းကြောင်း ရေးသားဖော်ပြထားသည်။

တေးသံရှင် စိမ်းမို့မို့ သည် (၁၉၉ဝ)ပြည့်နှစ်နောက်ပိုင်း ကာလများတွင် The Aces နဲ့ ရွှေသံစဉ်တေးဂီတအဖွဲ့တွေမှာ ပင်တိုင် ဆိုလေ့ရှိခဲ့သည်။

စိမ်းမို့မို့သည် “စတော်ဘယ်ရီ ချစ်သည်းရှင်” သီချင်းဖြင့် ပရိသတ်အများအပြား ရရှိလာခဲ့သူတစ်ဦးဖြစ်ပြီး သူမ သီဆိုထားခဲ့သော မျက်ဝန်းစကား၊ အပြုံးကို အပြီးငှားခဲ့၊ ရွှေမိုးညို သီချင်းများသည်လည်း ယနေ့ထက်တိုင် လူကြိုက်များနေသော သီချင်းများ ဖြစ်သည်။

Zawgyi Version;
ဂႏၲဝင္ေတးသံရွင္အဆိုေတာ္ စိမ္းမို႔မို႔ ကြယ္လြန္
NP News - ဇြန္ ၂၃

ႏိုင္ငံေက်ာ္ ဂႏၲ‌ဝင္ေတးသံရွင္အဆိုေတာ္ စိမ္းမို႔မို႔ ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း အႏုပညာအသိုင္းအဝိုင္းထံမွ သတင္းရရွိသည္။

အဆိုေတာ္စိမ္းမို႔မို႔ သည္ ယေန႔(ဇြန္လ ၂၃ ရက္) ေန႔လည္(၁၂)နာရီ (၂ဝ)မိနစ္ အခ်ိန္ခန္႔တြင္ ကင္ဆာေရာဂါျဖင့္ ကြယ္လြန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎ကြယ္လြန္မႈႏွင့္ ပတ္သက္၍ ႏိုင္ငံေက်ာ္ေတးသံရွင္တင္ဇာေမာ္ က “ခ်စ္ရတဲ့ မမို႔(စိမ္းမို႔မို႔) သံသရာတစ္ေကြ႕မွာ ခဏေလးဆုံေတြ႕ခဲ့ၾကရတယ္။ ခ်စ္ခ်စ္ခင္ခင္ရွိခဲ့ၾကတဲ့အခ်ိန္ေတြအေပၚ အၿမဲတန္ဖိုးထားပါတယ္။ မၿမဲတဲ့ ႏွိပ္စက္ တတ္တဲ့ ခႏၶာရျခင္းမွ လြတ္ေျမာက္ရာသို႔ ေရာက္ရွိစံစားႏိုင္ပါေစ” ဟု သူမ၏ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသား ေဖာ္ျပထားသည္။

ထို႔ျပင္ ႏိုင္ငံေက်ာ္အဆိုေတာ္ယုဇန ကလည္း “ခ်စ္ခင္ေလးစားရပါေသာ အန္တီမို႔(စိမ္းမို႔မို႔) ဆုံးပါးသြားတဲ့အတြက္ မ်ားစြာစိတ္မေကာင္း ျဖစ္ရပါတယ္။ သီခ်င္းေတြ အတူဆိုခဲ့ၾကဖူး တယ္။ ဆုံးမစကားေတြလည္း နားေထာင္ခဲ့ဖူး တယ္။ အန္တီမို႔ သီခ်င္းဆိုလိုက္တိုင္း အသံအားေကာင္းေကာင္းနဲ႔ နားေထာင္ေကာင္းလြန္းလို႔ အားက်ခဲ့ရပါတယ္။ အၿမဲအၿပဳံးခ်ိဳခ်ိဳေလးနဲ႔ စိတ္သေဘာလွတဲ့အန္တီမို႔ ေအးခ်မ္းတဲ့ ဘုံဘဝသို႔ ေရာက္ရွိပါေစ” ဟု သူမ၏ လူမႈကြန္ ရက္စာမ်က္ႏွာေပၚတြင္ ဝမ္းနည္းေၾကာင္း ေရးသားေဖာ္ျပထားသည္။

ေတးသံရွင္ စိမ္းမို႔မို႔ သည္ (၁၉၉ဝ)ျပည့္ႏွစ္ေနာက္ပိုင္း ကာလမ်ားတြင္ The Aces နဲ႔ ေ႐ႊသံစဥ္ေတးဂီတအဖြဲ႕ေတြမွာ ပင္တိုင္ ဆိုေလ့ရွိခဲ့သည္။

စိမ္းမို႔မို႔သည္ “စေတာ္ဘယ္ရီ ခ်စ္သည္းရွင္” သီခ်င္းျဖင့္ ပရိသတ္အမ်ားအျပား ရရွိလာခဲ့သူတစ္ဦးျဖစ္ၿပီး သူမ သီဆိုထားခဲ့ေသာ မ်က္ဝန္းစကား၊ အၿပဳံးကို အၿပီးငွားခဲ့၊ ေ႐ႊမိုးညိဳ သီခ်င္းမ်ားသည္လည္း ယေန႔ထက္တိုင္ လူႀကိဳက္မ်ားေနေသာ သီခ်င္းမ်ားျဖစ္သည္။

Related news

© 2021. All rights reserved.