ရန်ကုန်ဆိပ်ကမ်းမှာ ပထမဆုံးအဖြစ် တန်ချိန် သုံးသောင်းခန့်ရှိသော ကုန်သေတ္တာ သင်္ဘောကြီး ဆိုက်ကပ်

 4178

NP News ဇွန် ၂၃

ယမန်နေ့က ရန်ကုန်ဆိပ်ကမ်း Asia World Port Terminal ဆိပ်ကမ်းတံတားသို့ ဟောင်ကောင်အခြေစိုက် SITC Shipping Line မှ LOA ၁၈၅.၉၉ မီတာ၊ Beam ၃၅.၂၅ မီတာ၊ GRT ၂၉,၂၃၂ တန်နှင့် ကုန်သေတ္တာ ၂,၆၉၈ TEU တင်ဆောင်နိုင်သည့် MV SITC Zhaoming ကုန်သေတ္တာသင်္ဘောကြီးသည် ပထမဆုံးခရီးစဉ်အဖြစ် ဝင်ရောက် ဆိုက်ကပ်ခဲ့ကြောင်းသိရသည်။

ဇွန်လ ၂၂ ရက် နံနက်ပိုင်းက Zhaoming ကုန်သေတ္တာသင်္ဘောကြီး ဆိုက်ကပ်ခဲ့ရာ ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ် ခဲ့သမျှ ကုန်သေတ္တာသင်္ဘောများတွင် စံချိန်တင် အကြီးဆုံးသင်္ဘောဖြစ်ကြောင်း မြန်မာဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။

ရေလမ်းကြောင်းတိုးတက်ကောင်းမွန်လာသည်နှင့်အမျှ ရန်ကုန်အတွင်းဆိပ်ကမ်းဧရိယာရှိ ဆိပ်ကမ်းတံတားများမှ အရွယ်အစားကြီးမားသော ကုန်သေတ္တာသင်္ဘောကြီးများကို လက်ခံဝန်ဆောင်မှုပေးလာနိုင်ကြောင်း သိရသည်။

ရန်ကုန်အတွင်း ဆိပ်ကမ်းဒေသသို့ နေ့/ညမရွေး ဝင်/ထွက်သွားလာနိုင်သည့် ရေလမ်းကြောင်းသစ် Kings Bank Channel အား ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး ရေလမ်းကြောင်းတိုးတက်ကောင်းမွန်ရေးအတွက် သောင်တူးဖော် ထိန်းသိမ်းခြင်းများ ပြုလုပ်နိုင်ခဲ့သောကြောင့် သင်္ဘောကြီးများ ဆိုက်ကပ်နိုင်ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ထုတ်ပြန်သည်။

Zawgyi Version;
NP News ဇွန် ၂၃





Related news

© 2021. All rights reserved.