ဧရာဝတီမြစ်အတွင်း နဂါးသိုက်ပွဲ ရေမျှောရာမှ အမျိုးသားတစ်ဦး ‌ရေနစ်ပျောက်ဆုံးမှု ပြည်မြို့၌ ဖြစ်ပွား

 1906

Pearl (NP News) - ဇွန် ၂၄

ပဲခူးတိုင်း (အနောက်ပိုင်း)၊ ပြည်မြို့ ၌ ဧရာဝတီမြစ်အတွင်း နဂါးသိုက်ပွဲ ရေမျှောရာမှ အမျိုးသားတစ်ဦး ‌ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၂၄ ရက်) ၊ နံနက် (၁၁)နာရီ အချိန်ခန့်တွင် ပြည်မြို့ ၊ ကမ်းနားပန်းခြံအနီး ၊ ဧရာဝတီမြစ်အတွင်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

အသက် (၅၄) နှစ်အရွယ်အမျိုးသားတစ်ဦးသည် ဧရာဝတီမြစ်အတွင်း နဂါးသိုက်ပွဲ ရေမျှောရာမှ ရေနောက်ပါ၍ နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။

"အစအဆုံးမမြင်ရပေမယ့် အဲဒီနားက မျက်မြင်တွေ ပြောတာတော့ သူက နဂါးသိုက်ပွဲမျှောတာပေါ့၊ နွားနို့၊ ပေါက်ပေါက်တို့ မျှောရင်း ရေနောက်ပါပြီး ရေနစ်တာ"ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) - ပါရမီ၏ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

လက်ရှိတွင် ၎င်းအား ကူညီကယ်ဆယ်ရေးအသင်းများမှ ရှာဖွေရေးလုပ်ငန်းများဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ဧရာဝတီျမစ္အတြင္း နဂါးသိုက္ပြဲ ေရေမွ်ာရာမွ အမ်ိဳးသားတစ္ဦး ‌ေရနစ္ေပ်ာက္ဆုံးမႈ ျပည္ၿမိဳ႕၌ ျဖစ္ပြား
Pearl (NP News) - ဇြန္ ၂၄

ပဲခူးတိုင္း (အေနာက္ပိုင္း)၊ ျပည္ၿမိဳ႕ ၌ ဧရာဝတီျမစ္အတြင္း နဂါးသိုက္ပြဲ ေရေမွ်ာရာမွ အမ်ိဳးသားတစ္ဦး ‌ေရနစ္ေပ်ာက္ဆုံးေနေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ဇြန္လ ၂၄ ရက္) ၊ နံနက္ (၁၁)နာရီ အခ်ိန္ခန႔္တြင္ ျပည္ၿမိဳ႕ ၊ ကမ္းနားပန္းၿခံအနီး ၊ ဧရာဝတီျမစ္အတြင္းျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အသက္ (၅၄) ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးသည္ ဧရာဝတီျမစ္အတြင္း နဂါးသိုက္ပြဲ ေရေမွ်ာရာမွ ေရေနာက္ပါ၍ နစ္ျမဳပ္သြားခဲ့ေၾကာင္း သိရသည္။

"အစအဆုံးမျမင္ရေပမယ့္ အဲဒီနားက မ်က္ျမင္ေတြ ေျပာတာေတာ့ သူက နဂါးသိုက္ပြဲေမွ်ာတာေပါ့၊ ႏြားႏို႔၊ ေပါက္ေပါက္တို႔ ေမွ်ာရင္း ေရေနာက္ပါၿပီး ေရနစ္တာ"ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (ျပည္) - ပါရမီ၏ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

လက္ရွိတြင္ ၎အား ကူညီကယ္ဆယ္ေရးအသင္းမ်ားမွ ရွာေဖြေရးလုပ္ငန္းမ်ားဆက္လက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.