မောင်းမကန်ရဲစခန်းမှ လှည့်ကင်းကားကို PDF အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် (၂)ဦး သေဆုံး

 992

NP News - ဇွန် ၂၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းမှ လှည့်ကင်းကားကို PDF အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်(၂)ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၂၃ ရက်) ၊ နံနက် ၁ဝ နာရီခွဲအချိန်ခန့်တွင် မောင်းမကန်ရဲစခန်းအနီး အရောက်၌ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို ပြောသည်။

“ဖြစ်စဉ်က မှန်ပါတယ်။ မနေ့က ၁ဝ နာရီခွဲလောက်မှာ ကင်းလှည့်သွားပြီးတော့အပြန် မောင်မကန်ရဲစခန်းအနား အရောက် အလစ်အငိုက်မှာ အပစ်ခံရတာပေါ့။ ဒုရဲအုပ်တစ်ယောက်နဲ့ ရဲတပ်ကြပ်တစ်ယောက် ဆုံးသွားတယ်”ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဒုရဲအုပ်အောင်သူထွန်းနှင့် ရဲတပ်ကြပ်ရဲညွန့်တို့သည် နေရာ၌ပင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး အခြားထိခိုက်ဒဏ်ရာရရှိခဲ့သူများလည်း ရှိကြောင်း သိရသည်။

zawgyi version
ေမာင္းမကန္ရဲစခန္းမွ လွည့္ကင္းကားကို PDF အဖြဲ႕မွ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ရဲတပ္ဖြဲ႕ဝင္ (၂)ဦး ေသဆုံး

NP News - ဇြန္ ၂၄

တနသၤာရီတိုင္း၊ ေလာင္းလုံးၿမိဳ႕နယ္၊ ေမာင္းမကန္ရဲစခန္းမွ လွည့္ကင္းကားကို PDF အဖြဲ႕မွ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ရဲတပ္ဖြဲ႕ဝင္(၂)ဦး ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဇြန္လ ၂၃ ရက္) ၊ နံနက္ ၁ဝ နာရီခြဲအခ်ိန္ခန႔္တြင္ ေမာင္းမကန္ရဲစခန္းအနီး အေရာက္၌ ပစ္ခတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း တနသၤာရီတိုင္းအစိုးရအဖြဲ႕ႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္က NP News ကို ေျပာသည္။

“ျဖစ္စဥ္က မွန္ပါတယ္။ မေန႔က ၁ဝ နာရီခြဲေလာက္မွာ ကင္းလွည့္သြားၿပီးေတာ့အျပန္ ေမာင္မကန္ရဲစခန္းအနား အေရာက္ အလစ္အငိုက္မွာ အပစ္ခံရတာေပါ့။ ဒုရဲအုပ္တစ္ေယာက္နဲ႔ ရဲတပ္ၾကပ္တစ္ေယာက္ ဆုံးသြားတယ္”ဟု အထက္ပါသတင္းအရင္းအျမစ္က ေျပာသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ဒုရဲအုပ္ေအာင္သူထြန္းႏွင့္ ရဲတပ္ၾကပ္ရဲၫြန႔္တို႔သည္ ေနရာ၌ပင္ က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားျဖင့္ ေသဆုံးသြားခဲ့ၿပီး အျခားထိခိုက္ဒဏ္ရာရရွိခဲ့သူမ်ားလည္း ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.