ပြိုင်ဘက်ကို အနိုင်ရပြီးနောက် ကမ္ဘာကျော် UFC တိုက်ခိုက်ရေးပွဲစဉ်တွေမှာ တွေ့မြင်ရတော့မယ့် မြန်မာပြည်ဖွား တိုက်ခိုက်ရေးသမား

 3510

ဂျန်ဇက် (NP News) - ဇွန် ၂၅

မြန်မာပြည်ဖွား ချင်းတိုင်းရင်းသားတိုက်ခိုက်ရေးသမားတစ်ဦးဖြစ်တဲ့ ဂျော့ရူအာဗန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်နိုင်ငံ ယှဉ်ပြိုင်တဲ့ ကမ္ဘာကျော် UFC တိုက်ခိုက်ရေးပြိုင်ပွဲရဲ့ ဖလိုင်းဝိတ်တန်းပွဲစဉ်မှာ ပြိုင်ဘက် Zhalgas Zhumagulov ကို အနိုင်ရခဲ့ပြီးနောက် UFC နဲ့ စာချုပ်များချုပ်ဆိုကာ တိုက်ခိုက်ရေးပွဲစဉ်များကို ပါဝင် ယှဉ်ပြိုင်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။

The Fearless လို့ ချစ်စနိုး နာမည်ပြောင်ခေါ်ဆိုခံရတဲ့ ဂျော့ရူအာဗန်ဟာ ငါးမိနစ် သုံးချီယှဉ်ပြိုင်ရတဲ့ UFC ပြိုင်ပွဲ ပွဲဦးထွက်ပွဲစဉ်မှာ ပြိုင်ဘက်ကို ဒိုင်ဆုံးဖြတ်ချက်နဲ့ အနိုင်ရခဲ့တာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံသားခံယူထားတဲ့ ဂျော့ရူအာဗန်ဟာ ပရော်ဖက်ရှင်နယ်တိုက်ခိုက်ရေးပွဲစဉ်ပေါင်း ၁ဝ မှာ တစ်ပွဲသာ ရှုံးနိမ့်ထားပြီး ၉ ပွဲ အနိုင်ရထားကြောင်း သိရပါတယ်။

၎င်းက "ကျွန်တော်ဟာ လာမယ့် သြဂုတ်လမှာ ကျင်းပမယ့် UFC ရဲ့ The Contender Series ပွဲစဉ်တွေ ထပ်မံ ယှဉ်ပြိုင်ရဦးမှာပါ။ ကျွန်တော်ဟာ ဘဝကို ပုံမှန်အတိုင်းသာဖြတ်သန်းနေထိုင်တယ်။ ကျွန်တော်ရဲ့မန်နေဂျာဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ ကျွန်တော့်ကိုအကြောင်းကြားခဲ့တယ်။ နှစ်ရက် သုံးရက်အတွင်း ဝိတ်ချနိုင်မလားလို့ မေးခဲ့တယ်။ တစ်ပတ်အတွင်း တိုက်ခိုက်ရေးပွဲစဉ်ယှဉ်ပြိုင်ရမယ့်အကြောင်းပြောခဲ့တယ်။ ကျွန်တော်ဟာ ယှဉ်ပြိုင်ရမယ့်ပြိုင်ဘက်အကြောင်း၊ ပြိုင်ဘက်အမည်ကို မမေးခဲ့ဘူး။ ကျွန်တော်အနေနဲ့ ယှဉ်ပြိုင်ရမယ့်ပြိုင်ဘက် အကြောင်း မစဉ်းစားဘူး၊ ပွဲစီစဉ်သူတွေ၊ မန်နေဂျာတွေက ကျွန်တော်ကို ပွဲကမ်းလှမ်းလာရင် လက်ခံလိုက်တာပါပဲ" လို့ ပြောပါတယ်။

တိုက်ခိုက်ရေးပွဲစဉ်တွေ ယှဉ်ပြိုင်လိုတဲ့အတွက် အမေရိကန်နိုင်ငံကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ကျွန်တော် အနေနဲ့ UFC ပွဲဦးထွက်ပွဲစဉ်အဖြစ် Zhumagulov နဲ့ ယှဉ်ပြိုင်ရမယ်ဆိုတာကို ပြိုင်ပွဲရောက်ခါနီးမှသာ သိခဲ့ရတယ်" လို့ ပြောပါတယ်။ ဗန်ဟာ ၎င်းရဲ့ UFC ပွဲဦးထွက်ပွဲစဉ်အတွက် ပြင်ဆင်လေ့ကျင့်ချိန်ရက်အနည်းငယ်သာ ရရှိခဲ့ပေမယ့် ပြိုင်ဘက်အပေါ် စိတ်ဓါတ်ပိုင်းဆိုင်ရာအသာစီးရယူနိုင်တဲ့အတွက် ပွဲဦးထွက်ပွဲစဉ်မှာ အနိုင်ရခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။

Zawgyi Version;
ၿပိဳင္ဘက္ကို အႏိုင္ရၿပီးေနာက္ ကမာၻေက်ာ္ UFC တိုက္ခိုက္ေရးပြဲစဥ္ေတြမွာ ေတြ႕ျမင္ရေတာ့မယ့္ ျမန္မာျပည္ဖြား တိုက္ခိုက္ေရးသမား
ဂ်န္ဇက္ (NP News) - ဇြန္ ၂၅

ျမန္မာျပည္ဖြား ခ်င္းတိုင္းရင္းသားတိုက္ခိုက္ေရးသမားတစ္ဦးျဖစ္တဲ့ ေဂ်ာ့႐ူအာဗန္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက အေမရိကန္ႏိုင္ငံ ယွဥ္ၿပိဳင္တဲ့ ကမာၻေက်ာ္ UFC တိုက္ခိုက္ေရးၿပိဳင္ပြဲရဲ႕ ဖလိုင္းဝိတ္တန္းပြဲစဥ္မွာ ၿပိဳင္ဘက္ Zhalgas Zhumagulov ကို အႏိုင္ရခဲ့ၿပီးေနာက္ UFC နဲ႔ စာခ်ဳပ္မ်ားခ်ဳပ္ဆိုကာ တိုက္ခိုက္ေရးပြဲစဥ္မ်ားကို ပါဝင္ ယွဥ္ၿပိဳင္သြားဖို႔ စီစဥ္ေနေၾကာင္း သိရပါတယ္။

The Fearless လို႔ ခ်စ္စႏိုး နာမည္ေျပာင္ေခၚဆိုခံရတဲ့ ေဂ်ာ့႐ူအာဗန္ဟာ ငါးမိနစ္ သုံးခ်ီယွဥ္ၿပိဳင္ရတဲ့ UFC ၿပိဳင္ပြဲ ပြဲဦးထြက္ပြဲစဥ္မွာ ၿပိဳင္ဘက္ကို ဒိုင္ဆုံးျဖတ္ခ်က္နဲ႔ အႏိုင္ရခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ လက္ရွိအခ်ိန္မွာ အေမရိကန္ႏိုင္ငံသားခံယူထားတဲ့ ေဂ်ာ့႐ူအာဗန္ဟာ ပေရာ္ဖက္ရွင္နယ္တိုက္ခိုက္ေရးပြဲစဥ္ေပါင္း ၁ဝ မွာ တစ္ပြဲသာ ရႈံးနိမ့္ထားၿပီး ၉ ပြဲ အႏိုင္ရထားေၾကာင္း သိရပါတယ္။

၎က "ကြၽန္ေတာ္ဟာ လာမယ့္ ၾသဂုတ္လမွာ က်င္းပမယ့္ UFC ရဲ႕ The Contender Series ပြဲစဥ္ေတြ ထပ္မံ ယွဥ္ၿပိဳင္ရဦးမွာပါ။ ကြၽန္ေတာ္ဟာ ဘဝကို ပုံမွန္အတိုင္းသာျဖတ္သန္းေနထိုင္တယ္။ ကြၽန္ေတာ္ရဲ႕မန္ေနဂ်ာဟာ ၿပီးခဲ့တဲ့သီတင္းပတ္မွာ ကြၽန္ေတာ့္ကိုအေၾကာင္းၾကားခဲ့တယ္။ ႏွစ္ရက္ သုံးရက္အတြင္း ဝိတ္ခ်ႏိုင္မလားလို႔ ေမးခဲ့တယ္။ တစ္ပတ္အတြင္း တိုက္ခိုက္ေရးပြဲစဥ္ယွဥ္ၿပိဳင္ရမယ့္အေၾကာင္းေျပာခဲ့တယ္။ ကြၽန္ေတာ္ဟာ ယွဥ္ၿပိဳင္ရမယ့္ၿပိဳင္ဘက္အေၾကာင္း၊ ၿပိဳင္ဘက္အမည္ကို မေမးခဲ့ဘူး။ ကြၽန္ေတာ္အေနနဲ႔ ယွဥ္ၿပိဳင္ရမယ့္ၿပိဳင္ဘက္ အေၾကာင္း မစဥ္းစားဘူး၊ ပြဲစီစဥ္သူေတြ၊ မန္ေနဂ်ာေတြက ကြၽန္ေတာ္ကို ပြဲကမ္းလွမ္းလာရင္ လက္ခံလိုက္တာပါပဲ" လို႔ ေျပာပါတယ္။

တိုက္ခိုက္ေရးပြဲစဥ္ေတြ ယွဥ္ၿပိဳင္လိုတဲ့အတြက္ အေမရိကန္ႏိုင္ငံကို ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ ကြၽန္ေတာ္ အေနနဲ႔ UFC ပြဲဦးထြက္ပြဲစဥ္အျဖစ္ Zhumagulov နဲ႔ ယွဥ္ၿပိဳင္ရမယ္ဆိုတာကို ၿပိဳင္ပြဲေရာက္ခါနီးမွသာ သိခဲ့ရတယ္" လို႔ ေျပာပါတယ္။ ဗန္ဟာ ၎ရဲ႕ UFC ပြဲဦးထြက္ပြဲစဥ္အတြက္ ျပင္ဆင္ေလ့က်င့္ခ်ိန္ရက္အနည္းငယ္သာ ရရွိခဲ့ေပမယ့္ ၿပိဳင္ဘက္အေပၚ စိတ္ဓါတ္ပိုင္းဆိုင္ရာအသာစီးရယူႏိုင္တဲ့အတြက္ ပြဲဦးထြက္ပြဲစဥ္မွာ အႏိုင္ရခဲ့တာျဖစ္ေၾကာင္း ဆိုပါတယ္။

Related news

© 2021. All rights reserved.