2023 MIECF သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ဟုဆို

 731

စော (NP News) - ဇွန် ၂၅

2023 Macao International Environment Co-opeartion Forum and Exhibition (2023 MIECF) မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ယမန်နေ့(ဇွန်လ ၂၄ ရက်)တွင် အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။

မကာအိုအထူးအုပ်ချုပ်ရေးဒေသရှိ Venetian ၌ 2023 Macao International Environment Co-opeartion Forum and Exhibition ကို ဩဂုတ်လ (၁၇)ရက်မှ (၂ဝ)ရက်အထိ Hybrid စနစ်ဖြင့် ကျင်းပမည်ဖြစ်၍ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ရန် ဖိတ်ကြားထားကြောင်း သိရသည်။

၎င်းပြပွဲတွင် ပြသမည့် အစိုးရအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအတွက် (၁၈)စတုရန်းမီတာရှိ Special Booth သို့မဟုတ် Standard Booth တစ်ခုအတွက် ကျသင့်ငွေ ကင်းလွတ်ခွင့်စသည်တို့မှ အကျိုးခံစားခွင့် တစ်မျိုးကို ခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြခန်းပြသမည့် လုပ်ငန်းတစ်ခုအတွက် ဩဂုတ်လ (၁၆)ရက်မှ (၂ဝ)ရက်အထိ သတ်မှတ်ထားသည့် ဟိုတယ်၌ လေးညတာ အခမဲ့တည်းခိုနေထိုင်ခွင့်နှင့် ဖိုရမ်သို့ တက်ရောက်မည့် ကိုယ်စားလှယ်လေးဦးအတွက်လည်း ဟိုတယ်၌ လေးညတာအခမဲ့တည်းခိုနိုင်ရန် စီစဉ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် 2022 MIECFတွင် နိုင်ငံတကာမှ လုပ်ငန်းရှင်များ၊ ပညာရေးကဏ္ဍမှ ပတ်ဝန်းကျင်နှင့်ပတ်သတ်သည့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးမိတ်ဖက်များနှင့် ကျွမ်းကျင်နည်းပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

zawgyi version
2023 MIECF သို႔ ျမန္မာႏိုင္ငံမွ လုပ္ငန္းရွင္မ်ား ပါဝင္တက္ေရာက္ႏိုင္ဟုဆို

ေစာ (NP News) - ဇြန္ ၂၅

2023 Macao International Environment Co-opeartion Forum and Exhibition (2023 MIECF) ျမန္မာႏိုင္ငံမွ လုပ္ငန္းရွင္မ်ား ပါဝင္တက္ေရာက္ႏိုင္ေၾကာင္း သိရသည္။

စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ယမန္ေန႔(ဇြန္လ ၂၄ ရက္)တြင္ အထက္ပါကဲ့သို႔ ေၾကညာထားျခင္းျဖစ္သည္။

မကာအိုအထူးအုပ္ခ်ဳပ္ေရးေဒသရွိ Venetian ၌ 2023 Macao International Environment Co-opeartion Forum and Exhibition ကို ဩဂုတ္လ (၁၇)ရက္မွ (၂ဝ)ရက္အထိ Hybrid စနစ္ျဖင့္ က်င္းပမည္ျဖစ္၍ ျမန္မာႏိုင္ငံမွ လုပ္ငန္းရွင္မ်ား ပါဝင္တက္ေရာက္ရန္ ဖိတ္ၾကားထားေၾကာင္း သိရသည္။

၎ျပပြဲတြင္ ျပသမည့္ အစိုးရအဖြဲ႕အစည္းမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ အဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ားအတြက္ (၁၈)စတုရန္းမီတာရွိ Special Booth သို႔မဟုတ္ Standard Booth တစ္ခုအတြက္ က်သင့္ေငြ ကင္းလြတ္ခြင့္စသည္တို႔မွ အက်ိဳးခံစားခြင့္ တစ္မ်ိဳးကို ခံစားႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ျပခန္းျပသမည့္ လုပ္ငန္းတစ္ခုအတြက္ ဩဂုတ္လ (၁၆)ရက္မွ (၂ဝ)ရက္အထိ သတ္မွတ္ထားသည့္ ဟိုတယ္၌ ေလးညတာ အခမဲ့တည္းခိုေနထိုင္ခြင့္ႏွင့္ ဖိုရမ္သို႔ တက္ေရာက္မည့္ ကိုယ္စားလွယ္ေလးဦးအတြက္လည္း ဟိုတယ္၌ ေလးညတာအခမဲ့တည္းခိုႏိုင္ရန္ စီစဥ္ေပးထားမည္ျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ 2022 MIECFတြင္ ႏိုင္ငံတကာမွ လုပ္ငန္းရွင္မ်ား၊ ပညာေရးက႑မွ ပတ္ဝန္းက်င္ႏွင့္ပတ္သတ္သည့္ သက္ဆိုင္ရာတာဝန္ရွိသူမ်ား၊ စီးပြားေရးမိတ္ဖက္မ်ားႏွင့္ ကြၽမ္းက်င္နည္းပညာရွင္မ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.